အခက္ခဲဆံုးအခ်ိန္ေတြကို ေက်ာ္ျဖတ္ေနရၿပီဆိုရင္

ခက္ခဲတဲ့အခ်ိန္ေတြက ေယာင္းကို ပိုၿပီးစိတ္ဓာတ္သန္မာေစပါတယ္

ေယာင္းတို႔ေရ…လူတိုင္းမွာ အခက္ခဲဆံုးအခ်ိန္ေတြ ကိုယ္စီ ကိုယ္စီ ရွိၾကပါတယ္… တစ္ေယာက္နဲ႔ တစ္ေယာက္ ၾကံဳေတြ႕ေနရတဲ့ အေျခအေနကေတာ့ တူခ်င္မွ တူမွာေပါ့ေနာ္။ စာေမးပြဲက်တာျဖစ္ရင္ ျဖစ္မယ္၊ ကိုယ္ခ်စ္ရတဲ့ လူတစ္ေယာက္ ဆံုးပါးသြားတာ ျဖစ္ရင္ျဖစ္မယ္၊ ခ်စ္သူက ထားသြားတာလည္း ျဖစ္ေကာင္းျဖစ္မယ္ အမ်ိဳးမ်ိဳးေပါ့ေလ…

Related article >>> အသည္းကြဲေဝဒနာေတြ ေလ်ာ့ပါးသြားေစမယ့္ အခ်က္ (၆)ခ်က္

အခက္ခဲဆံုး အေျခအေနေတြကို ၾကံဳေနရၿပီဆိုရင္ ဒါကိုေက်ာ္ျဖတ္ဖို႔ အေကာင္းဆံုးနည္းလမ္းက ရင္ဆိုင္လိုက္တာပါပဲ။ ဒီလိုရင္ဆိုင္ဖို႔ဆိုတာ လြယ္ကူတဲ့ကိစၥေတာ့ မဟုတ္ပါဘူး။ အရင္ဆံုး ပန္းတိုင္တစ္ခုထားလိုက္ပါ။ ပန္းတိုင္တစ္ခုရွိသြားၿပီဆိုရင္ ဒီပန္းတိုင္ကို ဘယ္လိုေရာက္ေအာင္ သြားမလဲဆိုတာကိုပါ ဆက္စဥ္းစားပါ။ ဥပမာ စာေမးပြဲက်တာဆိုရင္ ေနာက္ႏွစ္ထပ္ေျဖမယ္..ၾကားထဲမွာ ဘာသင္တန္းေတြ ဆက္တက္ထားမယ္ ဒါမွမဟုတ္ရင္ အလုပ္တစ္ခုဝင္လုပ္မယ္ စသည္ျဖင့္ေပါ့။

ေနာက္တစ္ခုက အဆိုးထဲက အေကာင္းကို ဆြဲထုတ္ဖို႔ပါ။ ဘယ္လိုအေျခအေနမ်ိဳးပဲ ျဖစ္ေနပါေစ အေကာင္းျမင္တတ္ဖို႔ အင္မတန္ခက္ခဲပါတယ္ ေယာင္းေရ။ အထူးသျဖင့္ အဆိုးဆံုး အေျခအေနေတြမွာေပါ့…ဒီအေျခအေနမ်ိဳးမွာဆိုရင္ ေယာင္းရဲ႕ျပႆနာေတြကိုပဲ အာရုံမစိုက္ဘဲ ကိုယ့္အတြက္ စိတ္ပူစရာမလိုတဲ့ အေျခအေနေတြကို မ်ားမ်ား ပိုေတြးေပးပါေနာ္။

Related article >>> ကိုယ့္ကိုယ္ကိုယ္ နားလည္ႏိုင္ဖို႔ ကိုယ့္အေၾကာင္းကိုယ္ သိလာဖို႔ ဘာေတြကို ျပင္ဆင္ရမလဲ?

ခက္ခဲတဲ့အခ်ိန္ေတြဆိုတာ ေယာင္းအတြက္ သင္ခန္းစာ အရဆံုး အခ်ိန္ေတြပါပဲ။ ဒီအခ်ိန္ေတြေၾကာင့္ပဲ မိတ္ေဆြတု မိတ္ေဆြစစ္ေတြကို ခြဲျခားသိလိုက္ရတယ္။ ကိုယ္ အဆင္မေျပတဲ့အခ်ိန္ေတြက်မွ အနားကေန ေျခစံုကန္ၿပီး ထြက္သြားၾကတဲ့လူေတြလည္း ေတြ႕ခဲ့ရတယ္။ တစ္ခ်ိန္က ခ်စ္လွပါရဲ႕ ခင္လွပါရဲ႕ဆိုသူေတြကလည္း ၾကက္ေပ်ာက္ငွက္ေပ်ာက္ပါပဲ။ ကိုယ္တစ္ေယာက္တည္း ငိုလိုက္၊ ဘာဆက္လုပ္မွာလဲဆိုတဲ့ ေမးခြန္းေတြ အႀကိမ္ႀကိမ္ျပန္ေမးလိုက္နဲ႔ ျဖတ္သန္းခဲ့ရတဲ့ ေန႔ရက္ေတြလည္း မနည္းပါဘူး။

ဒါေပမဲ့ စိတ္မပူပါနဲ႔ မုန္တိုင္းထန္ၿပီးရင္ ေလျပည္လာတယ္ဆိုသလိုပဲ အခ်ိန္တစ္ခုၾကာရင္ အဆင္ေျပသြားမွာပါ။ အခက္ဆံုးအခ်ိန္ေတြကို ျဖတ္ေက်ာ္သြားၿပီးတဲ့အခါမွာ ေနာက္ထပ္ ဘယ္လိုစိန္ေခၚမႈေတြနဲ႔ပဲ ၾကံဳလာပါေစ အၿပံဳးမပ်က္ ရင္ဆိုင္လာႏိုင္တယ္။ ေနာက္ေက်ာကို ထိုးတဲ့ဓါးေတြကိုလည္း ဥေပကၡာျပဳလာႏိုင္တယ္။ အဆင္ေျပသြားတဲ့တစ္ခ်ိန္ ၾကံဳခဲ့ရတဲ့ အခက္အခဲေတြကို ျပန္ၾကည့္လိုက္တဲ့အခါမွာ ေယာင္းဟာ အရင္ကထက္ ပိုၿပီး စိတ္ဓာတ္ၾကံ႕ခိုင္လာတာကို ေတြ႕ရမွာပါ။ ဒါေၾကာင့္ အခက္အခဲေတြ ၾကံဳလာရင္ အေလွ်ာ႔မေပးဘဲ ရဲရဲသာေရွ႕ဆက္ပါလို႔ တိုက္တြန္းလိုက္ပါရေစ ေယာင္းတို႔ေရ…

Stella (For Her Myanmar)

<<< Unicode >>>

ခက်ခဲတဲ့အချိန်တွေက ယောင်းကို ပိုပြီးစိတ်ဓာတ်သန်မာစေပါတယ်

ယောင်းတို့ရေ…လူတိုင်းမှာ အခက်ခဲဆုံးအချိန်တွေ ကိုယ်စီ ကိုယ်စီ ရှိကြပါတယ်… တစ်ယောက်နဲ့ တစ်ယောက် ကြုံတွေ့နေရတဲ့ အခြေအနေကတော့ တူချင်မှ တူမှာပေါ့နော်။ စာမေးပွဲကျတာဖြစ်ရင် ဖြစ်မယ်၊ ကိုယ်ချစ်ရတဲ့ လူတစ်ယောက် ဆုံးပါးသွားတာ ဖြစ်ရင်ဖြစ်မယ်၊ ချစ်သူက ထားသွားတာလည်း ဖြစ်ကောင်းဖြစ်မယ် အမျိုးမျိုးပေါ့လေ…

Related article >>> အသည်းကွဲဝေဒနာတွေ လျော့ပါးသွားစေမယ့် အချက် (၆)ချက်

အခက်ခဲဆုံး အခြေအနေတွေကို ကြုံနေရပြီဆိုရင် ဒါကိုကျော်ဖြတ်ဖို့ အကောင်းဆုံးနည်းလမ်းက ရင်ဆိုင်လိုက်တာပါပဲ။ ဒီလိုရင်ဆိုင်ဖို့ဆိုတာ လွယ်ကူတဲ့ကိစ္စတော့ မဟုတ်ပါဘူး။ အရင်ဆုံး ပန်းတိုင်တစ်ခုထားလိုက်ပါ။ ပန်းတိုင်တစ်ခုရှိသွားပြီဆိုရင် ဒီပန်းတိုင်ကို ဘယ်လိုရောက်အောင် သွားမလဲဆိုတာကိုပါ ဆက်စဉ်းစားပါ။ ဥပမာ စာမေးပွဲကျတာဆိုရင် နောက်နှစ်ထပ်ဖြေမယ်..ကြားထဲမှာ ဘာသင်တန်းတွေ ဆက်တက်ထားမယ် ဒါမှမဟုတ်ရင် အလုပ်တစ်ခုဝင်လုပ်မယ် စသည်ဖြင့်ပေါ့။

နောက်တစ်ခုက အဆိုးထဲက အကောင်းကို ဆွဲထုတ်ဖို့ပါ။ ဘယ်လိုအခြေအနေမျိုးပဲ ဖြစ်နေပါစေ အကောင်းမြင်တတ်ဖို့ အင်မတန်ခက်ခဲပါတယ် ယောင်းရေ။ အထူးသဖြင့် အဆိုးဆုံး အခြေအနေတွေမှာပေါ့…ဒီအခြေအနေမျိုးမှာဆိုရင် ယောင်းရဲ့ပြဿနာတွေကိုပဲ အာရုံမစိုက်ဘဲ ကိုယ့်အတွက် စိတ်ပူစရာမလိုတဲ့ အခြေအနေတွေကို များများ ပိုတွေးပေးပါနော်။

Related article >>> ကိုယ့်ကိုယ်ကိုယ် နားလည်နိုင်ဖို့ ကိုယ့်အကြောင်းကိုယ် သိလာဖို့ ဘာတွေကို ပြင်ဆင်ရမလဲ?

ခက်ခဲတဲ့အချိန်တွေဆိုတာ ယောင်းအတွက် သင်ခန်းစာ အရဆုံး အချိန်တွေပါပဲ။ ဒီအချိန်တွေကြောင့်ပဲ မိတ်ဆွေတု မိတ်ဆွေစစ်တွေကို ခွဲခြားသိလိုက်ရတယ်။ ကိုယ် အဆင်မပြေတဲ့အချိန်တွေကျမှ အနားကနေ ခြေစုံကန်ပြီး ထွက်သွားကြတဲ့လူတွေလည်း တွေ့ခဲ့ရတယ်။ တစ်ချိန်က ချစ်လှပါရဲ့ ခင်လှပါရဲ့ဆိုသူတွေကလည်း ကြက်ပျောက်ငှက်ပျောက်ပါပဲ။ ကိုယ်တစ်ယောက်တည်း ငိုလိုက်၊ ဘာဆက်လုပ်မှာလဲဆိုတဲ့ မေးခွန်းတွေ အကြိမ်ကြိမ်ပြန်မေးလိုက်နဲ့ ဖြတ်သန်းခဲ့ရတဲ့ နေ့ရက်တွေလည်း မနည်းပါဘူး။

ဒါပေမဲ့ စိတ်မပူပါနဲ့ မုန်တိုင်းထန်ပြီးရင် လေပြည်လာတယ်ဆိုသလိုပဲ အချိန်တစ်ခုကြာရင် အဆင်ပြေသွားမှာပါ။ အခက်ဆုံးအချိန်တွေကို ဖြတ်ကျော်သွားပြီးတဲ့အခါမှာ နောက်ထပ် ဘယ်လိုစိန်ခေါ်မှုတွေနဲ့ပဲ ကြုံလာပါစေ အပြုံးမပျက် ရင်ဆိုင်လာနိုင်တယ်။ နောက်ကျောကို ထိုးတဲ့ဓါးတွေကိုလည်း ဥပေက္ခာပြုလာနိုင်တယ်။ အဆင်ပြေသွားတဲ့တစ်ချိန် ကြုံခဲ့ရတဲ့ အခက်အခဲတွေကို ပြန်ကြည့်လိုက်တဲ့အခါမှာ ယောင်းဟာ အရင်ကထက် ပိုပြီး စိတ်ဓာတ်ကြံ့ခိုင်လာတာကို တွေ့ရမှာပါ။ ဒါကြောင့် အခက်အခဲတွေ ကြုံလာရင် အလျှော့မပေးဘဲ ရဲရဲသာရှေ့ဆက်ပါလို့ တိုက်တွန်းလိုက်ပါရစေ ယောင်းတို့ရေ…

Stella (For Her Myanmar)

No Comments Yet

Comments are closed