အိပ္မက္မ်ားကို ဆုပ္ကိုင္ျခင္း

ကိုယ့္အတြက္ကိုယ္ လက္ခုပ္တီး၊ ကိုယ့္ကိုယ္ကိုယ္ အားေပးရင္း ကိုယ့္ေျခေထာက္ေပၚ ကိုယ္ရပ္လိုက္ပါ။

ကိုယ့္ကိုယ္ကိုယ္ဘာလို႔ ကန္႔သတ္ေနရတာလဲ။ ကိုယ္ဒီထက္ပိုေကာင္းေအာင္ လုပ္ႏိုင္တယ္ဆိုတဲ့ ယံုၾကည္ခ်က္ေတြဘာလို႔ နည္းပါးေနရတာလဲ။ ကိုယ့္အိပ္မက္ကို ကိုယ္ ဆုပ္ကိုင္ဖို႔ ေၾကာက္ေနစရာမလိုပါဘူး။

စိတ္ပညာေဗဒမွာသံုးတဲ့ သိပ္လွတဲ့ စာေၾကာင္းတစ္ေၾကာင္းရွိတယ္။ ‘Nurture the Nature.’ – ‘သဘာဝကို ေျမေတာင္ေျမွာက္ေပးပါ’ တဲ့။ သဘာဝဆိုတာ ဘာလဲ။ သဘာဝဆိုတာ ကိုယ့္ရဲ႕ ေမြးရာပါ အရည္အေသြး၊ စိတ္အားထက္သန္မႈနဲ႔ ပါရမီေတြပါ။ ဒါဆိုေျမေတာင္ေျမွာက္ေပးဖို႔ဆိုတာကေရာ? ဒါက်ေတာ့ တစ္ေယာက္တည္း လုပ္ဖို႔မလြယ္ဘူး။ မိသားစု၊ အေပါင္းအသင္း၊ အသိုင္းအဝိုင္း၊ ပတ္ဝန္းက်င္စတာေတြရဲ႕ အားေပးမႈ၊ ေထာက္ခံမႈေတြ လိုပါတယ္။ ဒါေပမဲ့ ခက္တာက လူမႈပတ္ဝန္းက်င္ဆိုတာကလည္း သူမ်ားျဖစ္ေျမာက္တာကို ဝမ္းသာေပးဖို႔ထက္ ေဝဖန္လိုက္မယ္၊ ရႈံ႕ခ်လိုက္မယ္၊ ဆြဲခ်လိုက္မယ္ဆိုတဲ့ဘက္ကို ပိုအားသန္ေနၾကတာပဲ။ အားေပးရမယ့္အစား Hate speech ေတြျဖန္႔ရတာကို ပိုခံုမင္ၾကပါတယ္။ လက္ခံေပးရမယ့္အစား တြန္းထုတ္ၾကတယ္။ ကိုယ္နဲ႔ကြဲျပားတာနဲ႔ပဲ တစ္ဆင့္နိမ့္အျဖစ္ သတ္မွတ္ၿပီး ဆြဲခ်ၾကတယ္။ သိပ္ေၾကာက္ဖို႔ေကာင္းပါတယ္။

ဆိုေတာ့ အမ်ားစုက အဲ့လိုျဖစ္ေနလာၾကတဲ့အခါမွာ ကိုယ့္သဘာဝကို ကိုယ္တိုင္ ေျမေတာင္ေျမွာက္မွပဲ အပင္ေပါက္မယ့္ကိန္း ဆိုက္လာပါၿပီ။ ငါ့ကိုေတာ့ျဖင့္ ဘယ္သူက မပံ့ပိုးဘူး၊ ဘယ္သူက မေထာက္ခံဘူး၊ ဘယ္သူက အားမေပးလို႔ ဆက္မလုပ္ႏုိင္ေတာ့ဘူးဆိုရင္ေတာ့ ႐ံႈးပါၿပီ။ ကိုယ့္ေျမကိုယ့္ေရမွာ သဘာဝအတိုင္း အညြန္႔တလူလူေပါက္ရမယ့္ အပင္ဟာ သူမ်ားေကၽြးတဲ့ ဓါတ္မတည့္ ေျမၾသဇာေတြစားၿပီး ပိန္ပိန္လိန္လိန္နဲ႔ အသီးမေအာင္ဘဲ ရွင္တယ္ဆိုရံုေလာက္နဲ႔ ဆက္သြားရေတာ့မွာပါ။ အဲဒီေတာ့ သူမ်ားလက္ခုပ္တီးေပးတာကို ထိုင္မေစာင့္ပါနဲ႔ေတာ့၊ ကိုယ့္အတြက္ကိုယ္ လက္ခုပ္တီး၊ ကိုယ့္ကိုယ္ကိုယ္ အားေပးရင္း ကိုယ့္ေျခေထာက္ေပၚကိုယ္ရပ္လိုက္ပါ။ အဲဒီအခါ သတၱိနဲ႔အတူ ကိုယ့္ကိုယ္ကိုယ္ ဘယ္လိုခ်စ္ရမလဲဆိုတာကိုပါ သင္ယူလာႏိုင္ပါလိမ့္မယ္။

Related Article >>> ငယ္ငယ္တုန္းက မက္ခဲ့တဲ့ ေလထဲက အိပ္မက္မ်ား

ဒါေပမဲ့ ပထမဆံုး ကိုယ္ဘယ္သူလဲဆိုတာ ဆန္းစစ္ဖို႔လိုလာပါၿပီ။ ကိုယ့္ကိုယ္ကိုယ္ ျပန္ေမးပါ။ ကိုယ္ဘာအတြက္ စိတ္အားထက္သန္လဲ။ ကိုယ္ဘယ္လို နာမည္အတပ္ခံခ်င္လဲ။ တိရိစာၦန္ေလးေတြကို ခ်စ္လြန္းလို႔ သူတို႔အတြက္ ကူကယ္ရာတစ္ခုအျဖစ္ ရွင္သန္ခ်င္တာလား။ ကင္မရာေရွ႕ေရာက္သြားတဲ့အခါ စိတ္လႈပ္ရွားမႈေၾကာင့္ ကိုယ့္ႏွလံုးခုန္သံေတြ ျမန္ေနသလား။ ငယ္ငယ္တည္းက တူရိယာေတြကို တီးမႈတ္ၾကည့္ခ်င္တဲ့ ဝါသနာႀကီးခဲ့သလား။ မိုးေကာင္းကင္ႀကီးကို ေမာ့ၾကည့္တိုင္း ၾကယ္ေတြရဲ႕အလြန္မွာ ဘာေတြမ်ားရွိေနမလဲဆိုၿပီး စူးစမ္းလိုစိတ္ျပင္းေနတာလား။ မျပည့္စံုတဲ့သူေတြကို ျမင္တိုင္း ႏွလံုးသားကိုက္ခဲမႈကို ခံစားရသလား။ လူေတြရဲ႕ အေရးႀကီးဆံုး အမွတ္ရဆံုးေန႔ေတြမွာ အလွဆံုးျဖစ္ေအာင္ ပံ့ပိုးသူအေနနဲ႔ ပါဝင္ခ်င္ခဲ့သလား။ လူ႔ခႏၶာေဗဒနဲ႔ စိတ္အေျခအေနေတြအေၾကာင္း စပ္စုခ်င္စိတ္ျဖစ္မိလား။ ဒါမွမဟုတ္ ကိုယ္ဘာျဖစ္ခ်င္တာလဲဆိုတာကို စဥ္းစားေနတုန္းလား။ ဘယ္လိုပဲျဖစ္ျဖစ္ပါ။ ကိုယ္ဘယ္သူလဲဆိုတဲ့ ေမးခြန္းကစ ဘဝေတြတည္ေဆာက္ရတာပါပဲ။

ကဲ ကိုယ္ဘယ္သူလဲဆိုတာ ကိုယ့္ကိုယ္ကိုယ္ အေျဖထုတ္လို႔ရၿပီဆိုရင္ေတာ့ ကိုယ့္အိပ္မက္ကဘာလဲဆိုတာ ကိုယ့္ကိုယ္ကိုယ္ေမးၾကည့္ပါေတာ့။ တစ္ၿမိဳ႕လံုးကို အေပၚစီးကေနျမင္ေနတဲ့ တန္ဖိုးျမင့္အိမ္ရာတစ္ခုေပၚက ကိုယ္လား။ ကမာၻပတ္ၿပီး သဘာဝရဲ႕ အလွတရားေတြကို ခံစားေနမယ့္ကိုယ္လား။ ကိုယ့္စီးပြားေရးကိုယ္ တည္ေထာင္ၿပီး လက္ေအာက္ငယ္သားေတြကို စီမံခန္႔ခြဲေနမယ့္ ကိုယ္လား။ ဒါမွမဟုတ္ NGO တစ္ခုခုမွာ ကိုယ့္အခ်ိန္ေတြျမွဳပ္ႏွံထားၿပီး လူသားေတြအက်ိဳးျပဳေနရရင္ကို ေပ်ာ္ေနမယ့္ ကိုယ္လား။ ဒါမွမဟုတ္ ရိုးရွင္းတဲ့ ဝန္ထမ္းဘဝမွာ ေပ်ာ္စရာေကာင္းတဲ့ မိသားစုဘဝေလးနဲ႔ ဘဝကို ေအးေအးခ်မ္းခ်မ္း ျဖတ္သန္းမယ့္ ကိုယ္လား။ ကိုယ့္အိပ္မက္ကိုယ္ ေသခ်ာသိၿပီဆိုရင္ေတာ့ အဲဒီကိုေရာက္ေအာင္ သြားပါေတာ့။

အိပ္မက္ဆီ ေရာက္ေအာင္သြားဖို႔ စမ္းတဝါးဝါးေလွ်ာက္ေနလို႔ေတာ့ မျဖစ္ပါဘူး။ တိက်တဲ့ မွတ္တိုင္ေလးေတြ ထားသြားဖို႔ လိုပါလိမ့္မယ္။ ကိုယ့္အိပ္မက္ဆီေရာက္ဖို႔ ဘယ္အဆင့္ေတြကို ေက်ာ္ျဖတ္ရမွာလဲ၊ ဘယ္လိုလိုအပ္ခ်က္မ်ိဳးေတြကို ျပဳျပင္ရမွာလဲ၊ ဘယ္ေလာက္ၾကာမွာလဲ? ခဏေလးနဲ႔ေတာ့ ေရာက္မွာမဟုတ္ဘူးဆိုတာကို ႏွလံုးသြင္းထားရပါမယ္။ သြားတဲ့လမ္းတစ္ေလွ်ာက္ က်႐ံႈးမႈေတြ ရင္ဆိုင္ရပါမယ္၊ ေႏွာင့္ေႏွးစရာကိစၥေတြ ႀကံဳရပါမယ္။ ဒါေၾကာင့္ စိတ္ရွည္ပါ။ ယံုၾကည္ခ်က္ရွိပါ။ ၿပီးေတာ့ ဆက္သြားပါ။ လံု႔လရယ္ ခိုင္မာတဲ့ ဆံုးျဖတ္ခ်က္ရယ္ စိတ္အားထက္သန္မႈရယ္ ယံုၾကည္မႈရယ္က သြားရမယ့္ခရီးအတြက္ ဖိနပ္ေကာင္းတစ္စံုျဖစ္ေစမွာပါ။ ဘဝကိုရင္ဆိုင္ပါ၊ အမွားေတြကေန သင္ခန္းစာယူပါ၊ တိုးတက္မႈကို ဆာေလာင္ပါ၊ စြန္႔စားဖို႔ မေၾကာက္ပါနဲ႔။

Related Article >>> ေမွ်ာ္လင့္ခ်က္ေတြ အမွန္တကယ္ျဖစ္လာဖို႔

အိပ္မက္ဆိုတာ ျဖစ္ခ်င္တဲ့ ဆႏၵတစ္ခုဆိုတာထက္ ပိုပါတယ္။ အိပ္မက္ဆိုတာ ဘဝရဲ႕ အႏွစ္သာရဆီ ေရာက္ေအာင္လွမ္းတဲ့ လမ္းပါ။ စြန္႔စားရင္ စြန္႔စားသေလာက္ ေအာင္ျမင္မႈေတြ၊ စိတ္ေက်နပ္မႈေတြ၊ ေပ်ာ္ရႊင္မႈေတြကို အပိုင္သိမ္းႏိုင္မယ့္ စြန္႔စားခန္းတစ္ခုပါ။ ကိုယ္ဘယ္သူလဲဆိုတာကို ျပန္ဆန္းစစ္ၿပီး အိပ္မက္လမ္းေၾကာင္းေပၚေလွ်ာက္ဖို႔ အသင့္ျပင္လိုက္ပါေတာ့။ ယံုၾကည္မႈကိုပါ တစ္ပါတည္း အိတ္ထဲထည့္သြားဖို႔ မေမ့နဲ႔ေနာ္။

Myat (For Her Myanmar)

<<< Unicode >>>

ကိုယ့်အတွက်ကိုယ် လက်ခုပ်တီး၊ ကိုယ့်ကိုယ်ကိုယ် အားပေးရင်း ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်လိုက်ပါ။

ကိုယ့်ကိုယ်ကိုယ်ဘာလို့ ကန့်သတ်နေရတာလဲ။ ကိုယ်ဒီထက်ပိုကောင်းအောင် လုပ်နိုင်တယ်ဆိုတဲ့ ယုံကြည်ချက်တွေဘာလို့ နည်းပါးနေရတာလဲ။ ကိုယ့်အိပ်မက်ကို ကိုယ် ဆုပ်ကိုင်ဖို့ ကြောက်နေစရာမလိုပါဘူး။

စိတ်ပညာဗေဒမှာသုံးတဲ့ သိပ်လှတဲ့ စာကြောင်းတစ်ကြောင်းရှိတယ်။ ‘Nurture the Nature.’ – ‘သဘာဝကို မြေတောင်မြှောက်ပေးပါ’ တဲ့။ သဘာဝဆိုတာ ဘာလဲ။ သဘာဝဆိုတာ ကိုယ့်ရဲ့ မွေးရာပါ အရည်အသွေး၊ စိတ်အားထက်သန်မှုနဲ့ ပါရမီတွေပါ။ ဒါဆိုမြေတောင်မြှောက်ပေးဖို့ဆိုတာကရော? ဒါကျတော့ တစ်ယောက်တည်း လုပ်ဖို့မလွယ်ဘူး။ မိသားစု၊ အပေါင်းအသင်း၊ အသိုင်းအဝိုင်း၊ ပတ်ဝန်းကျင်စတာတွေရဲ့ အားပေးမှု၊ ထောက်ခံမှုတွေ လိုပါတယ်။ ဒါပေမဲ့ ခက်တာက လူမှုပတ်ဝန်းကျင်ဆိုတာကလည်း သူများဖြစ်မြောက်တာကို ဝမ်းသာပေးဖို့ထက် ဝေဖန်လိုက်မယ်၊ ရှုံ့ချလိုက်မယ်၊ ဆွဲချလိုက်မယ်ဆိုတဲ့ဘက်ကို ပိုအားသန်နေကြတာပဲ။ အားပေးရမယ့်အစား Hate speech တွေဖြန့်ရတာကို ပိုခုံမင်ကြပါတယ်။ လက်ခံပေးရမယ့်အစား တွန်းထုတ်ကြတယ်။ ကိုယ်နဲ့ကွဲပြားတာနဲ့ပဲ တစ်ဆင့်နိမ့်အဖြစ် သတ်မှတ်ပြီး ဆွဲချကြတယ်။ သိပ်ကြောက်ဖို့ကောင်းပါတယ်။

ဆိုတော့ အများစုက အဲ့လိုဖြစ်နေလာကြတဲ့အခါမှာ ကိုယ့်သဘာဝကို ကိုယ်တိုင်  မြေတောင်မြှောက်မှပဲ အပင်ပေါက်မယ့်ကိန်း ဆိုက်လာပါပြီ။ ငါ့ကိုတော့ဖြင့် ဘယ်သူက မပံ့ပိုးဘူး၊ ဘယ်သူက မထောက်ခံဘူး၊ ဘယ်သူက အားမပေးလို့ ဆက်မလုပ်နိုင်တော့ဘူးဆိုရင်တော့ ရှုံးပါပြီ။ ကိုယ့်မြေကိုယ့်ရေမှာ သဘာဝအတိုင်း အညွန့်တလူလူပေါက်ရမယ့် အပင်ဟာ သူများကျွေးတဲ့ ဓါတ်မတည့် မြေသြဇာတွေစားပြီး ပိန်ပိန်လိန်လိန်နဲ့ အသီးမအောင်ဘဲ ရှင်တယ်ဆိုရုံလောက်နဲ့ ဆက်သွားရတော့မှာပါ။ အဲဒီတော့ သူများလက်ခုပ်တီးပေးတာကို ထိုင်မစောင့်ပါနဲ့တော့၊ ကိုယ့်အတွက်ကိုယ် လက်ခုပ်တီး၊ ကိုယ့်ကိုယ်ကိုယ် အားပေးရင်း ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်လိုက်ပါ။ အဲဒီအခါ သတ္တိနဲ့အတူ ကိုယ့်ကိုယ်ကိုယ် ဘယ်လိုချစ်ရမလဲဆိုတာကိုပါ သင်ယူလာနိုင်ပါလိမ့်မယ်။

Related Article >>> ငယ်ငယ်တုန်းက မက်ခဲ့တဲ့ လေထဲက အိပ်မက်များ

ဒါပေမဲ့ ပထမဆုံး ကိုယ်ဘယ်သူလဲဆိုတာ ဆန်းစစ်ဖို့လိုလာပါပြီ။ ကိုယ့်ကိုယ်ကိုယ် ပြန်မေးပါ။ ကိုယ်ဘာအတွက် စိတ်အားထက်သန်လဲ။ ကိုယ်ဘယ်လို နာမည်အတပ်ခံချင်လဲ။ တိရိစ္ဆာန်လေးတွေကို ချစ်လွန်းလို့ သူတို့အတွက် ကူကယ်ရာတစ်ခုအဖြစ် ရှင်သန်ချင်တာလား။ ကင်မရာရှေ့ရောက်သွားတဲ့အခါ စိတ်လှုပ်ရှားမှုကြောင့် ကိုယ့်နှလုံးခုန်သံတွေ မြန်နေသလား။ ငယ်ငယ်တည်းက တူရိယာတွေကို တီးမှုတ်ကြည့်ချင်တဲ့ ဝါသနာကြီးခဲ့သလား။ မိုးကောင်းကင်ကြီးကို မော့ကြည့်တိုင်း ကြယ်တွေရဲ့အလွန်မှာ ဘာတွေများရှိနေမလဲဆိုပြီး စူးစမ်းလိုစိတ်ပြင်းနေတာလား။ မပြည့်စုံတဲ့သူတွေကို မြင်တိုင်း နှလုံးသားကိုက်ခဲမှုကို ခံစားရသလား။ လူတွေရဲ့ အရေးကြီးဆုံး အမှတ်ရဆုံးနေ့တွေမှာ အလှဆုံးဖြစ်အောင် ပံ့ပိုးသူအနေနဲ့ ပါဝင်ချင်ခဲ့သလား။ လူ့ခန္ဓာဗေဒနဲ့ စိတ်အခြေအနေတွေအကြောင်း စပ်စုချင်စိတ်ဖြစ်မိလား။ ဒါမှမဟုတ် ကိုယ်ဘာဖြစ်ချင်တာလဲဆိုတာကို စဉ်းစားနေတုန်းလား။ ဘယ်လိုပဲဖြစ်ဖြစ်ပါ။ ကိုယ်ဘယ်သူလဲဆိုတဲ့ မေးခွန်းကစ ဘဝတွေတည်ဆောက်ရတာပါပဲ။

ကဲ ကိုယ်ဘယ်သူလဲဆိုတာ ကိုယ့်ကိုယ်ကိုယ် အဖြေထုတ်လို့ရပြီဆိုရင်တော့ ကိုယ့်အိပ်မက်ကဘာလဲဆိုတာ ကိုယ့်ကိုယ်ကိုယ်မေးကြည့်ပါတော့။ တစ်မြို့လုံးကို အပေါ်စီးကနေမြင်နေတဲ့ တန်ဖိုးမြင့်အိမ်ရာတစ်ခုပေါ်က ကိုယ်လား။ ကမ္ဘာပတ်ပြီး သဘာဝရဲ့ အလှတရားတွေကို ခံစားနေမယ့်ကိုယ်လား။ ကိုယ့်စီးပွားရေးကိုယ် တည်ထောင်ပြီး လက်အောက်ငယ်သားတွေကို စီမံခန့်ခွဲနေမယ့် ကိုယ်လား။ ဒါမှမဟုတ် NGO တစ်ခုခုမှာ ကိုယ့်အချိန်တွေမြှုပ်နှံထားပြီး လူသားတွေအကျိုးပြုနေရရင်ကို ပျော်နေမယ့် ကိုယ်လား။ ဒါမှမဟုတ် ရိုးရှင်းတဲ့ ဝန်ထမ်းဘဝမှာ ပျော်စရာကောင်းတဲ့ မိသားစုဘဝလေးနဲ့ ဘဝကို အေးအေးချမ်းချမ်း ဖြတ်သန်းမယ့် ကိုယ်လား။ ကိုယ့်အိပ်မက်ကိုယ် သေချာသိပြီဆိုရင်တော့ အဲဒီကိုရောက်အောင် သွားပါတော့။

အိပ်မက်ဆီ ရောက်အောင်သွားဖို့ စမ်းတဝါးဝါးလျှောက်နေလို့တော့ မဖြစ်ပါဘူး။ တိကျတဲ့ မှတ်တိုင်လေးတွေ ထားသွားဖို့ လိုပါလိမ့်မယ်။ ကိုယ့်အိပ်မက်ဆီရောက်ဖို့ ဘယ်အဆင့်တွေကို ကျော်ဖြတ်ရမှာလဲ၊ ဘယ်လိုလိုအပ်ချက်မျိုးတွေကို ပြုပြင်ရမှာလဲ၊ ဘယ်လောက်ကြာမှာလဲ? ခဏလေးနဲ့တော့ ရောက်မှာမဟုတ်ဘူးဆိုတာကို နှလုံးသွင်းထားရပါမယ်။ သွားတဲ့လမ်းတစ်လျှောက် ကျရှုံးမှုတွေ ရင်ဆိုင်ရပါမယ်၊ နှောင့်နှေးစရာကိစ္စတွေ ကြုံရပါမယ်။ ဒါကြောင့် စိတ်ရှည်ပါ။ ယုံကြည်ချက်ရှိပါ။ ပြီးတော့ ဆက်သွားပါ။ လုံ့လရယ် ခိုင်မာတဲ့ ဆုံးဖြတ်ချက်ရယ် စိတ်အားထက်သန်မှုရယ် ယုံကြည်မှုရယ်က သွားရမယ့်ခရီးအတွက် ဖိနပ်ကောင်းတစ်စုံဖြစ်စေမှာပါ။ ဘဝကိုရင်ဆိုင်ပါ၊ အမှားတွေကနေ သင်ခန်းစာယူပါ၊ တိုးတက်မှုကို ဆာလောင်ပါ၊ စွန့်စားဖို့ မကြောက်ပါနဲ့။

Related Article >>> မျှော်လင့်ချက်တွေ အမှန်တကယ်ဖြစ်လာဖို့

အိပ်မက်ဆိုတာ ဖြစ်ချင်တဲ့ ဆန္ဒတစ်ခုဆိုတာထက် ပိုပါတယ်။ အိပ်မက်ဆိုတာ ဘဝရဲ့ အနှစ်သာရဆီ ရောက်အောင်လှမ်းတဲ့ လမ်းပါ။ စွန့်စားရင် စွန့်စားသလောက် အောင်မြင်မှုတွေ၊ စိတ်ကျေနပ်မှုတွေ၊ ပျော်ရွှင်မှုတွေကို အပိုင်သိမ်းနိုင်မယ့် စွန့်စားခန်းတစ်ခုပါ။ ကိုယ်ဘယ်သူလဲဆိုတာကို ပြန်ဆန်းစစ်ပြီး အိပ်မက်လမ်းကြောင်းပေါ်လျှောက်ဖို့ အသင့်ပြင်လိုက်ပါတော့။ ယုံကြည်မှုကိုပါ တစ်ပါတည်း အိတ်ထဲထည့်သွားဖို့ မမေ့နဲ့နော်။

Myat (For Her Myanmar)

No Comments Yet

Comments are closed