Letters From the Heart

ဝေနတယ္လို႔ ခံစားေနရတဲ့ မိန္းကေလးေတြသာ ဒီခံစားခ်က္ကို နားလည္ႏုိင္လိမ့္မယ္။

ဝလည္း အေရးမႀကီးပါဘူး.. ကိုယ့္ကိုယ္ကိုယ္ ယံုၾကည္မႈရွိေနရင္ လွတာပဲတဲ့လား? တကယ့္လက္ေတြ႕မွာ ဒီေလာက္ မလြယ္ပါဘူး.. 

ကၽြန္မတို႔ေတြဟာ အလွအပနဲ႔ပတ္သက္ရင္ တစ္နည္းမဟုတ္ တစ္နည္းနဲ႔ ေလာဘတက္တတ္ၾကပါတယ္။ မိန္းကေလးအမ်ားစုရဲ႕ ကိုယ့္ကိုယ္ကိုယ္ ယံုၾကည္မႈက သူ(မ)ရဲ႕အလွေပၚမွာ တစ္စိတ္တစ္ပိုင္း မူတည္ေနတတ္ပါတယ္လို႔ ေျပာရင္ မဟုတ္ဘူးဆိုတာ သိေနေပမဲ့ ျငင္းရခက္ခက္ပါပဲ။ ကိုယ့္ဆီမွာ လိုအပ္ခ်က္မ်ားတယ္လို႔ခံစားရေလ ကိုယ့္ကိုယ္ကိုယ္ ယံုၾကည္မႈ ေမွးမွိန္လာေလဆိုတာက အေတာ္မ်ားမ်ား ႀကံဳဖူးၾကလိမ့္မယ္ထင္ပါတယ္။

ကၽြန္မလည္း တစ္ႏွစ္အတြင္းမွာ ၁၀ေပါင္တက္လာပါတယ္။ အေၾကာင္းအရင္းကေတာ့ က်န္းမာေရး၊ လူမႈေရးျပႆနာေတြေၾကာင့္ပါ။ အရင္ကေတာ့ ကုိယ့္ခႏၶာကိုယ္နဲ႔ ပတ္သက္ရင္ သိပ္ၿပီး မခံစားတတ္ေပမဲ့ အခုအေျခအေနမွာေတာ့ အရမ္းစိတ္ထိခိုက္လြယ္ေနပါတယ္။

ကၽြန္မတို႔သိထားတာက ကိုယ့္ကိုယ္ကိုယ္ ယံုၾကည္မႈရွိရင္ မိန္းကေလးတိုင္းက လွေနတာပဲလို႔ေလ..  တကယ့္လက္ေတြ႔ဘဝမွာေတာ့ အဲဒီယံုၾကည္မႈတစ္ခု တည္ေဆာက္ဖို႔ အရမ္းခက္ခဲေနပါတယ္။ ဘယ္သူသိမွာလဲ။ ေပါင္ခ်ိန္စက္ေပၚတက္တုိင္း သက္ျပင္းခ်ရတာေတြ၊ တစ္ခုခုစားၿပီးမွ တႏုံ႔ႏု႔ံေနာင္တရေနတာေတြ၊ မွန္ထဲ ကိုယ့္ကိုယ္ကိုယ္ၾကည့္တုိင္း စိတ္အလုိမက်ျဖစ္တာေတြေပါ့။

Related Article >>> ၿပီးျပည့္စံုတဲ့ ခႏၶာကိုယ္ဆိုတာ ပိန္သြယ္ေနမွလား? ကိတ္ေနမွလား?

ဝမွလွတယ္ဆိုတာ တကယ္ေတာ့ က်န္းမာတဲ့ မမဝဝေတြအတြက္ပါပဲ။  ဒါေတာင္မွ အနာဂတ္မွာ ဘယ္လုိျဖစ္လာမလဲဆိုတာ ဘယ္သူမွမသိႏုိင္ေသးဘူးေလ။ ကၽြန္မ ဆရာဝန္ေတြနဲ႔ ေတြ႕ခဲ့တုန္းက နားလည္လာတာကေတာ့ ကိုယ္အေလးခ်ိန္မွန္ေနျခင္းဟာ လူတစ္ေယာက္ကို စိတ္ေရာကိုယ္ပါ က်န္းမာေစဖို႔ အေထာက္အကူျပဳတယ္ ဆိုတာပါပဲ။

က်န္းမာေအာင္ ေနရမယ္ဆိုတာနဲ႔ ပတ္သက္ၿပီး အေျဖရွာတုိင္း ထြက္လာတာကေတာ့ ကိုယ္အေလးခ်ိန္ ေလွ်ာ႔ခ်ရမယ္ဆိုတာပါပဲ။ ဂ်င္ (gym) ေဆာ့တယ္။ ႏွစ္လေလာက္ေနလည္း မထူးျခားလာေတာ့ အေျဖေတြ ထပ္ရွာရျပန္တယ္။ ေနာက္ဆံုးေတာ့ Diet (အစာခ်င့္ခ်ိန္စားျခင္း)က ေနာက္ဆံုးေမွ်ာ္လင့္ခ်က္ျဖစ္လာတယ္။

အစားအေသာက္ခံုမင္သူတစ္ဦးအတြက္ diet လုပ္ဖို႔က စဥ္းစားေလ စိတ္ပ်က္ေလပါပဲ။ ဒါေပမဲ့လည္း ႀကိဳးစားရမွာပါပဲ။ အဝတ္ဘီရုိထဲ “ပိန္မွဝတ္မယ္”ဆိုတဲ့ အကႌ်ေတြ အပံုလိုက္ပြေနတာကို မၾကည့္ခ်င္ေတာ့လို႔။ ေရွာ႔ပင္းထြက္တုိင္း ကိုယ့္ဆိုဒ္ရွာမရတာေတြကို စိတ္ပ်က္ရတာ ပင္ပန္းလာလို႔။ ကိုယ့္ကိုအစ္မ၊ အစ္မလို႔ မွားေခၚေနတဲ့ ဦးေလးႀကီးအရြယ္ေတြကိုျမင္ရင္ ေဒါသထြက္လို႔။ ဒီလုိ လို႔ ေပါင္းမ်ားစြာက တြန္းအားေပါ့။

Related Article >>> အလွအပကို စည္းမၾကပ္ရ

ဘဝတူ မမဝဝေလးေတြ ဒီစာကို ဖတ္မိတယ္ဆိုရင္ နားလည္ေပးၾကမွာ ေသခ်ာပါတယ္။ ဒါေပမဲ့လည္း ပိုအားငယ္သြားေအာင္လုပ္ဖို႔ ဒီစာကို ေရးျဖစ္တာမဟုတ္ပါဘူး။ ဝလာတာနဲ႔ ပတ္သက္ၿပီး “ငါတစ္ေယာက္တည္းမဟုတ္ပါလား”လုိ႔ခံစားမိေစဖို႔၊ ဝရင္ေတာင္ က်န္းမာတဲ့မမဝဝျဖစ္ေအာင္ ႀကိဳးစားဖုိ႔၊ ကိုယ့္ပတ္ဝန္းက်င္က မမဝဝေတြ စိတ္ဓာတ္က်ေနရင္ စိတ္ဓာတ္ခြန္အားေပးဖို႔ ရည္ရြယ္ၿပီး ဖြင့္ဟလိုက္တာပါ။ ဝလည္းလွတယ္ဆိုေပမဲ့ က်န္းမာေရးနဲ႔ ညီညီညြတ္ညြတ္ ျပည့္ေအာင္ ႀကိဳးစားၾကတာကသာ မွန္မယ္ထင္ပါတယ္ ေယာင္းတို႔ေရ… စာေရးသူလည္း ႀကိဳးစားေနပါတယ္။ တို႔ေတြ တူတူ ႀကိဳးစားၾကရေအာင္ေလ…

Christina (For Her Myanmar)

<<< Unicode >>>

ဝလည်း အရေးမကြီးပါဘူး.. ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိနေရင် လှတာပဲတဲ့လား? တကယ့်လက်တွေ့မှာ ဒီလောက် မလွယ်ပါဘူး..

ကျွန်မတို့တွေဟာ အလှအပနဲ့ပတ်သက်ရင် တစ်နည်းမဟုတ် တစ်နည်းနဲ့ လောဘတက်တတ်ကြပါတယ်။ မိန်းကလေးအများစုရဲ့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုက သူ(မ)ရဲ့အလှပေါ်မှာ တစ်စိတ်တစ်ပိုင်း မူတည်နေတတ်ပါတယ်လို့ ပြောရင် မဟုတ်ဘူးဆိုတာ သိနေပေမဲ့ ငြင်းရခက်ခက်ပါပဲ။ ကိုယ့်ဆီမှာ လိုအပ်ချက်များတယ်လို့ခံစားရလေ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု မှေးမှိန်လာလေဆိုတာက အတော်များများ ကြုံဖူးကြလိမ့်မယ်ထင်ပါတယ်။

ကျွန်မလည်း တစ်နှစ်အတွင်းမှာ ၁၀ပေါင်တက်လာပါတယ်။ အကြောင်းအရင်းကတော့ ကျန်းမာရေး၊ လူမှုရေးပြဿနာတွေကြောင့်ပါ။ အရင်ကတော့ ကိုယ့်ခန္ဓာကိုယ်နဲ့ ပတ်သက်ရင် သိပ်ပြီး မခံစားတတ်ပေမဲ့ အခုအခြေအနေမှာတော့ အရမ်းစိတ်ထိခိုက်လွယ်နေပါတယ်။

ကျွန်မတို့သိထားတာက ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိရင် မိန်းကလေးတိုင်းက လှနေတာပဲလို့လေ..  တကယ့်လက်တွေ့ဘဝမှာတော့ အဲဒီယုံကြည်မှုတစ်ခု တည်ဆောက်ဖို့ အရမ်းခက်ခဲနေပါတယ်။ ဘယ်သူသိမှာလဲ။ ပေါင်ချိန်စက်ပေါ်တက်တိုင်း သက်ပြင်းချရတာတွေ၊ တစ်ခုခုစားပြီးမှ တနုံ့နုံ့နောင်တရနေတာတွေ၊ မှန်ထဲ ကိုယ့်ကိုယ်ကိုယ်ကြည့်တိုင်း စိတ်အလိုမကျဖြစ်တာတွေပေါ့။

Related Article >>> ပြီးပြည့်စုံတဲ့ ခန္ဓာကိုယ်ဆိုတာ ပိန်သွယ်နေမှလား? ကိတ်နေမှလား?

ဝမှလှတယ်ဆိုတာ တကယ်တော့ ကျန်းမာတဲ့ မမဝဝတွေအတွက်ပါပဲ။  ဒါတောင်မှ အနာဂတ်မှာ ဘယ်လိုဖြစ်လာမလဲဆိုတာ ဘယ်သူမှမသိနိုင်သေးဘူးလေ။ ကျွန်မ ဆရာဝန်တွေနဲ့ တွေ့ခဲ့တုန်းက နားလည်လာတာကတော့ ကိုယ်အလေးချိန်မှန်နေခြင်းဟာ လူတစ်ယောက်ကို စိတ်ရောကိုယ်ပါ ကျန်းမာစေဖို့ အထောက်အကူပြုတယ် ဆိုတာပါပဲ။

ကျန်းမာအောင် နေရမယ်ဆိုတာနဲ့ ပတ်သက်ပြီး အဖြေရှာတိုင်း ထွက်လာတာကတော့ ကိုယ်အလေးချိန် လျှော့ချရမယ်ဆိုတာပါပဲ။ ဂျင် (gym) ဆော့တယ်။ နှစ်လလောက်နေလည်း မထူးခြားလာတော့ အဖြေတွေ ထပ်ရှာရပြန်တယ်။ နောက်ဆုံးတော့ Diet (အစာချင့်ချိန်စားခြင်း)က နောက်ဆုံးမျှော်လင့်ချက်ဖြစ်လာတယ်။

အစားအသောက်ခုံမင်သူတစ်ဦးအတွက် diet လုပ်ဖို့က စဉ်းစားလေ စိတ်ပျက်လေပါပဲ။ ဒါပေမဲ့လည်း ကြိုးစားရမှာပါပဲ။ အဝတ်ဘီရိုထဲ “ပိန်မှဝတ်မယ်”ဆိုတဲ့ အင်္ကျီတွေ အပုံလိုက်ပွနေတာကို မကြည့်ချင်တော့လို့။ ရှော့ပင်းထွက်တိုင်း ကိုယ့်ဆိုဒ်ရှာမရတာတွေကို စိတ်ပျက်ရတာ ပင်ပန်းလာလို့။ ကိုယ့်ကိုအစ်မ၊ အစ်မလို့ မှားခေါ်နေတဲ့ ဦးလေးကြီးအရွယ်တွေကိုမြင်ရင် ဒေါသထွက်လို့။ ဒီလို လို့ ပေါင်းများစွာက တွန်းအားပေါ့။

Related Article >>> အလှအပကို စည်းမကြပ်ရ

ဘဝတူ မမဝဝလေးတွေ ဒီစာကို ဖတ်မိတယ်ဆိုရင် နားလည်ပေးကြမှာ သေချာပါတယ်။ ဒါပေမဲ့လည်း ပိုအားငယ်သွားအောင်လုပ်ဖို့ ဒီစာကို ရေးဖြစ်တာမဟုတ်ပါဘူး။ ဝလာတာနဲ့ ပတ်သက်ပြီး “ငါတစ်ယောက်တည်းမဟုတ်ပါလား”လို့ခံစားမိစေဖို့၊ ဝရင်တောင် ကျန်းမာတဲ့မမဝဝဖြစ်အောင် ကြိုးစားဖို့၊ ကိုယ့်ပတ်ဝန်းကျင်က မမဝဝတွေ စိတ်ဓာတ်ကျနေရင် စိတ်ဓာတ်ခွန်အားပေးဖို့ ရည်ရွယ်ပြီး ဖွင့်ဟလိုက်တာပါ။ ဝလည်းလှတယ်ဆိုပေမဲ့ ကျန်းမာရေးနဲ့ ညီညီညွတ်ညွတ် ပြည့်အောင် ကြိုးစားကြတာကသာ မှန်မယ်ထင်ပါတယ် ယောင်းတို့ရေ… စာရေးသူလည်း ကြိုးစားနေပါတယ်။ တို့တွေ တူတူ ကြိုးစားကြရအောင်လေ…

Christina (For Her Myanmar)

Christina Rosy
နာမည္ကေတာ့ ခရစၥတီးနားပါ။ အလြတ္တမ္း လက္ေထာက္အယ္ဒီတာေပမယ့္လည္း အသက္ကေတာ့ မႏုမရင့္ ၂၂ေပါ့။ For Her Myanmarမွာ မိတ္ကပ္ကလြဲျပီး စံုစီနဖာ အေၾကာင္းစံုေရးေနတဲ့ အစားတစ္လိုင္းအက္ဒမင္ပါ။ ဒီ့အျပင္ အခ်စ္ဇာတ္လမ္းတိုေတြ၊ စိတ္ထဲ မေက်နပ္တဲ့အေၾကာင္းေတြလည္း ေဆာင္းပါးအျဖစ္ထုတ္လုပ္တတ္တယ္။

Leave a Reply

Your email address will not be published. Required fields are marked *