Friendship Letters From the Heart

Gayသူငယ်ချင်းရှိတဲ့ ယောင်းတွေသာ သိနိုင်မယ့် အချက် (၅)ချက်

ယောင်းတို့ ဘော်ဒါတွေထဲမှာ လိင်တူချစ်သူ သူငယ်ချင်းတစ်ယောက်ရှိလား။ ဒါဆိုယောင်းတို့ ဒီအချက်တွေ သိမှာကျိန်းသေပဲ။

ယောင်းတို့ရေ BFFရဲ့ အဓိပ္ပါယ်ကို သိတယ်ဟုတ်?
Best Friend Forever (ထာဝရသူငယ်ချင်းကောင်း)
Rinက စကားလုံးတစ်ခုထပ်ပေးမယ် GBF။
ဘာဖြစ်မယ်ထင်လဲ……
GBFရဲ့ အရှည်ကောက်က Gay Best Friendပါ။
လိင်တူချစ်သူ သူငယ်ချင်းကောင်းပေါ့။
ယောင်းတို့မှာရော GBFရှိလား?
Rinမှာတော့ ရှိတယ်။ မတည့်အတူနေပေါ့။

သုတေသီတွေရဲ့လေ့လာမှုတွေမှာလည်း အမျိုးသမီးတွေနဲ့ အဆင်ပြေဆုံး အပေါင်းအဖော်က Gay (လိင်တူချစ်သူ) တွေဖြစ်ပါတယ်။ LGBT ထောက်ခံသူတစ်ယောက်ဖြစ်တဲ့ Rinကတော့ ဒီအချက်ကို လုံးဝသဘောတူတယ်။
ဒီတော့ ထူးထူးခြားခြား ဖြစ်သွားအောင် LGBT သူငယ်ချင်းရှိတဲ့ မိန်းကလေးတွေရဲ့ အားသာချက်ကို ပြောပြမယ်။ ယောင်းတို့မှာလည်း Rinလိုမျိုး LGBT သူငယ်ချင်းရှိရင် Rinပြောပြတဲ့အချက်တွေနဲ့ တိုက်ဆိုင်နေမှာ။

(၁)ယောက်ျားလေးတွေအကြောင်း “က” ကနေ “အ” အထိအကုန်သိနိုင်မယ်။

Rinတို့မိန်းကလေးတွေကလည်း ကိုယ့်ရဲ့ဆန့်ကျင်ဘက် လိင်အကြောင်းကို သိပ်သိချင်။ ဒီတော့ ကောင်လေးတွေအကြောင်းကို ခရေစေ့တွင်းကျသိတဲ့ ကိုယ့်သူငယ်ချင်းကိုပဲ အားကိုးရတာပေါ့။ တစ်ခါတလေ သူပြောပြတဲ့ အရာတွေက မယုံနိုင်စရာ ကောင်းလို့ WTF လို့တောင်အော်ရတယ်။ Rinဆိုယောက်ျားလေးတွေအကြောင်း သိရလွန်းလို့ ခုထိ FAဖြစ်နေတာသာကြည့်တော့။
(ယောက်ျားတွေက မလွယ်ဘူးရှင့် ငိငိ)

(၂)သူငယ်ချင်းနှစ်ယောက်တစ်ပြိုင်တည်းရမယ်။

ယောင်းတို့အတွက် မိန်းကလေးသူငယ်ချင်းရော ယောက်ျားလေးသူငယ်ချင်းပါ နှစ်မျိုးစလုံးတစ်ခါတည်း ဖြစ်ပေးနိုင်တယ်။ ကိုယ့်သူငယ်ချင်းကို မိန်းကလေးလိုပေါင်းလို့ရသလို ယောက်ျားလေးတစ်ယောက်လိုလည်း သဘောထားလို့ရတယ်။ အပြင်တွေသွားတဲ့အခါ ယောက်ျားလေး သူငယ်ချင်းတစ်ယောက်ပါတော့ ဘယ်သူမှမထိရဲဘူးပေါ့။

(၃)ပွင့်ပွင့်လင်းလင်းရင်ဖွင့်လို့ရမယ်။

တစ်ချို့ မိန်းကလေးသူငယ်ချင်းတွေကို ပြောပြလို့ အထင်သေးခံရမယ့် ကိစ္စတွေဆို သူ့ကိုရင်ဖွင့်လို့ရတယ်။
ငါ့ကိုအထင်သေးသွားမလား ကွယ်ရာမှာငါ့အကြောင်းတွေ ပြန်ပြောမလားဆိုတာစိတ်ပူစရာမလိုဘူး။
မကျေနပ်တဲ့သူရှိရင်လည်း သူငယ်ချင်းနှစ်ယောက် အတင်းတုပ်ရင်း ပေါက်ကွဲလို့ရတယ်။

(၄)အလှအပအတွက် အကြံပေးဖော်ရမယ်။

အလှအပနဲ့ပတ်သတ်လာရင် မိန်းကလေးတစ်ယောက်ကို အကြံပေးနိုင်ဆုံးသူ။
သာမန်ယောက်ျားလေးတစ်ယောက်ကို ဘယ်နှုတ်ခမ်းနီ အရောင်လှလဲ မေးရင် အနီနဲ့ပန်းရောင်ကလွဲရင် မဖြေတက်ပေမယ့် ကိုယ့်စိတ်တိုင်းကျ လိုက်ဖက်တဲ့အရောင်ကို အကြံပေးနိုင်တဲ့သူက GBF။
မိန်းကလေးတစ်ယောက်လို တွေးပေးနိုင်သလို ယောက်ျားလေးတစ်ယောက်ရဲ့ ရှု့ထောင့်ကနေလည်း အကြံပေးနိုင်တယ်။

(၅)တစ်ချိန်လုံးရယ်နေရမယ်။

ဘေးနားမှာ တစ်ချိန်လုံးရယ်စရာတွေပြောနေမယ့် သူငယ်ချင်းတစ်ယောက်ပေါ့။ လိင်တူချစ်သူတွေက သာမန်လူတွေထက် စကားပြောကောင်းပြီး ဟာသဥာဏ်ရွှင်တယ်။ Rinဆို Rinသူငယ်ချင်းမျက်နှာကို မြင်လိုက်တာနဲ့ မရယ်ဘဲမနေနိုင်ဘူး။ သူပဲကြံကြံဖန်ဖန် ပြောတက်တယ်။ သူ့ရယ်စရာနားထောင်မိရင် အဲ့နေ့တစ်နေ့လုံး ဗိုက်ကိုဆေးလိမ်းယူရပြီသာမှတ်။

ကဲ…ခုဆို GBF လိင်တူချစ်သူ သူငယ်ချင်းကောင်းရှိတဲ့ မိန်းကလေးတစ်ယောက်ရဲ့ အားသာချက်တွေကို သိရပြီဟုတ်
Rinကတော့ Rinသူငယ်ချင်းစိတ်ပုပ်မ စိတ်ကောက်နေလို့ ချော့ရအုံးမယ်ရှင့်။
For my BFFS
With love Rin

Stay Pretty!
Rin (For Her Myanmar)

Rin
Rinကစာရေးရတာဝါသနာပါပါတယ်။ အထူးသဖြင့် ရင်တွင်းဖြစ်တွေ ရေးရတာကို ပိုခုံမင်ပါတယ်။ ဒါကြောင့် ရင်ထဲကခံစားချက်တွေကို စကားလုံးတွေအဖြစ်ပြောင်းလဲပြီး ချစ်ရတဲ့ ယောင်းတို့ဆီကိုယူဆောင်ပေးတက်ပါတယ်။ Rinက အပြင်မှာစကားပြောအလွန်မြန်ပြီး စကားအရမ်းများပါတယ်။ ကာတွန်းကားမကြည့်ရရင် ထမင်းစားမဝင်တဲ့ ကလေးလူကြီးတစ်ယောက်ပါ။ A leo but sometimes a moody kitty!
http://162.144.75.152/~forhermy

Leave a Reply

Your email address will not be published. Required fields are marked *