စေတြ႕ေတြ႕ခ်င္း လူတစ္ေယာက္နဲ႔ ခ်က္ခ်င္းကို ရင္းႏွီးသြားေအာင္ ဘယ္လို လုပ္ၾကမလဲ?

တံုဏွိဘာေဝေတာ့ ေနလို႔မရတာ သိတယ္ဟုတ္? 

မ်က္နွာျမင္ခ်စ္ခင္ပါေစ အသံၾကားသနားပါေစ ဘာညာသာရကာေတြက ပုံျပင္ထဲမွာပဲရွိေတာ့တာပါေယာင္းေရ.. တကယ့္လက္ေတြ႕မွာက စေတြ႕ေတြ႕ခ်င္း ခ်စ္ခင္စိတ္ျဖစ္တယ္ဆိုတာမ်ိဳးက မရွိသေလာက္ကို ရွားပါတယ္။ တစ္ႀကိမ္တစ္ခါမွ မေတြ႕မျမင္ဖူးတဲ့ သူစိမ္းႏွစ္ေယာက္တို႕ေတြ႕ဆုံၾကၿပီဆိုတာနဲ႕ အျပန္အလွန္အကဲခတ္မႈေတြနဲ႔ သူကဘာလဲ ဘယ္လိုလူမ်ိဳးလဲဆိုတာကို ဦးစြာပထမ ေကာက္ခ်က္ခ်တတ္တာပါ။ ဒီေတာ့ စစေတြ႕တဲ့အခ်ိန္အခါမွာ ရင္းႏွီးခင္မင္မႈေတြရရွိလာေအာင္ ဘယ္လိုေတြျပဳမူရမလဲဆိုတဲ့ နည္းလမ္းေကာင္းေလးေတြကို မင္မင္ကေဝမ်ွေပးမယ္ေနာ္။

အျပံဳးနဲ႕စတင္လိုက္ပါ။

ကိုယ္နဲ႕ပတ္သက္ဆက္ႏြယ္ရမယ့္လူတစ္ေယာက္ကို  စေတြ႕ေတြ႕ခ်င္း ရုပ္တည္ႀကီးနဲ႕ ခပ္ေခ်ေခ်ေနရင္ေတာ့ ေယာင္းကိုခင္မင္လာပါလိမ့္မယ္ အားႀကီးႀကီး ဟုတ္တယ္ဟုတ္? ဒါေၾကာင့္ ေယာင္းအေနနဲ႕ သူနဲ႕ေတြ႕ဆုံရတာကို လိုလားေၾကာင္းကို ျပတဲ့အေနနဲ႔ ျပံဳးၿပီး ႏႈတ္ဆက္ပါ။ ေယာင္းဘက္ကၿပဳံးျပလိုက္ရင္ေတာ့ တစ္ဖက္လူက ျပန္မၿပဳံးဘဲေတာ့ မေနပါဘူး။ ေယာင္းတို႕အျပန္အလွန္ၿပဳံးျပရင္း တစ္ေယာက္နဲ႕တစ္ေယာက္ ျမင္ဖူးသြားၿပီ သိသြားၿပီဆိုတဲ့ အဓိပၸာယ္သက္ေရာက္သြားၿပီမို႔ ေယာင္းတို႕ခင္မင္ဖို႕ လမ္းစပြင့္သြားပါၿပီ။

Related article>>>ရိုးရိုးခင္တတ္တဲ့လူနဲ႔ အီစီကလီလုပ္တတ္တဲ့လူၾကားက ကြာျခားခ်က္

ရင္းႏွီးေႏြးေထြးတဲ့ မိတ္ဆက္မႈမ်ိဳးျပဳလုပ္ပါ။

ေယာင္းတို႕အလုပ္နဲ႕ပဲျဖစ္ျဖစ္ အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ပဲျဖစ္ျဖစ္ ဆုံေတြ႕တဲ့အခါမ်ိဳးမွာ တစ္ေယာက္အေၾကာင္းတစ္ေယာက္ေတာ့ အျပန္အလွန္ မိတ္ဆက္ရမွာပဲေလ။ ဒီလိုမိတ္ဆက္တဲ့အခါမ်ိဳးမွာ ကၽြန္မကေတာ့ ဘယ္ကဘယ္သူဆိုတာမ်ိဳးေတြထက္ ကၽြန္မကိုေတာ့ ရင္းရင္းႏွီးႏွီး ဒီလို နာမည္အတိုနဲ႕ ေခၚလို႕ရပါတယ္၊ က်ြန္မကေတာ့ လက္ရွ္ိဒါေတြလုပ္ေနတာဆိုေတာ့ ဆက္စပ္ၿပီး အကူအညီလိုရင္ ေျပာလို႕ရနိုင္ပါတယ္ဆိုတဲ့ ႀကိဳဆိုတဲ့စကားလုံးေတြကို သုံးနႈန္းေပးသင့္ပါတယ္။

အာရုံစူးစိုက္ၿပီး ေလးစားသမွႈရွိပါ။

ေယာင္းတို႕စေတြ႕တဲ့ တစ္ဖက္လူက ေယာင္းထက္အသက္ငယ္တာပဲျဖစ္ေစ၊ ႀကီးတာပဲျဖစ္ေစ၊ ေယာင္းအေနနဲ႕ အျပန္အလွန္ေလးစားမႈကိုေတာ့ ျပသေပးဖို႕လိုအပ္ပါတယ္ေနာ္။ အိုဗာတင္းေတြလုပ္ျပဖို႕ေျပာတာမဟုတ္ပါဘူး ေယာင္းေရ။ တစ္ဖက္လူေျပာတာကို ေလးေလးနက္နက္အာရုံစိုက္ နားေထာင္ေပးၿပီး ျပန္လည္ေဆြးေႏြးေပးရမွာပါ။ ကိုယ့္ကိုအေလးထားတဲ့လူဆိုရင္ေတာ့ လူတိုင္းလိုလိုသေဘာက်တတ္တာမို႕ ဒီအခ်က္ေလးက ေယာင္းတို႕ရင္းနွီးကၽြမ္းဝင္ဖို႕ ခ်က္ေကာင္းတစ္ခုပါပဲ။

Related artilce>>>သူငယ္ခ်င္းမ်ား ရည္းစားရၿပီးေနာက္ ျဖစ္သြားတတ္ေသာ အခ်ိဳး(၅)မ်ိဳး

ကိုယ့္ဘက္ကအရင္ေပးဆပ္ပါ။

စေတြ႕ေတြ႕ခ်င္း သူ႕ဘက္ကေတာ့ ငါဘာေတြရနိုင္တယ္ဆိုတာမ်ိဳးနဲ႕ အစပ်ိဳးမယ္ဆိုရင္ ဘယ္ေကာင္းမလဲေနာ္… ေယာင္းဘက္က အရင္ေပးႏုိင္တာမ်ိဳးေတြနဲ႕ အစျပဳတာက ေယာင္းအတြက္ impression ေကာင္းေကာင္းရနိုင္ပါတယ္။ ေပးဆပ္ပါဆိုလို႕ ႀကီးႀကီးက်ယ္က်ယ္ႀကီးေတြကို ဆိုလိုခ်င္တာမဟုတ္ပါဘူး ေယာင္းေရ… စေတြ႕ခ်ိန္မုန္႕စားလို႕ ေယာင္းဘက္က ဦးေအာင္ရွင္းေပးလိုက္တာမ်ိဳး ။ သူ႕ဘက္ကေတာ့ ဘယ္လိုဆိုတာမ်ိဳး ေတြးမေနဘဲ ေယာင္းဘက္ကေန ဘာေတြကိုေတာ့ ကူညီေပးနိုင္တယ္ဆိုၿပီး လမ္းခင္းေပးမယ္ဆိုရင္ ေယာင္းတို႕အခ်င္းခ်င္းခင္မင္ရင္းနွီးမႈေတြ ရရွိလာနိုင္မွာျဖစ္ပါတယ္။

ကဲ… ဒီအခ်က္ေလးေတြအတိုင္း က်င့္သုံးမယ္ဆိုရင္ေတာ့ ေယာင္းကခင္မင္လြယ္တဲ့ လူမႈဆက္ဆံေရးေကာင္းမြန္သူတစ္ေယာက္ျဖစ္လာနုိုင္မွာပါေယာင္းေရ။ သူစိမ္းတစ္ေယာက္နဲ႕ ရင္းႏွီးကၽြမ္းဝင္ဖို႕လိုအပ္လာတိုင္း ဒီအခ်က္ေလးေတြကို သတိရမယ္ဆိုရင္ေတာ့ျဖင့္ ေယာင္းတို႔ ေပါင္းသင္းဆက္ဆံေရးဟာ ေကာင္းသည္ထက္ကို ေကာင္းလာေတာ့မွာ က်ိန္းေသပါပဲ။

DiDi (For Her Myanmar)

<<< Unicode >>>

တုံဏှိဘာဝေတော့ နေလို့မရတာ သိတယ်ဟုတ်? 

မျက်နှာမြင်ချစ်ခင်ပါစေ အသံကြားသနားပါစေ ဘာညာသာရကာတွေက ပုံပြင်ထဲမှာပဲရှိတော့တာပါယောင်းရေ.. တကယ့်လက်တွေ့မှာက စတွေ့တွေ့ချင်း ချစ်ခင်စိတ်ဖြစ်တယ်ဆိုတာမျိုးက မရှိသလောက်ကို ရှားပါတယ်။ တစ်ကြိမ်တစ်ခါမှ မတွေ့မမြင်ဖူးတဲ့ သူစိမ်းနှစ်ယောက်တို့တွေ့ဆုံကြပြီဆိုတာနဲ့ အပြန်အလှန်အကဲခတ်မှုတွေနဲ့ သူကဘာလဲ ဘယ်လိုလူမျိုးလဲဆိုတာကို ဦးစွာပထမ ကောက်ချက်ချတတ်တာပါ။ ဒီတော့ စစတွေ့တဲ့အချိန်အခါမှာ ရင်းနှီးခင်မင်မှုတွေရရှိလာအောင် ဘယ်လိုတွေပြုမူရမလဲဆိုတဲ့ နည်းလမ်းကောင်းလေးတွေကို မင်မင်ကဝေမျှပေးမယ်နော်။

အပြုံးနဲ့စတင်လိုက်ပါ။ 

ကိုယ်နဲ့ပတ်သက်ဆက်နွယ်ရမယ့်လူတစ်ယောက်ကို  စတွေ့တွေ့ချင်း ရုပ်တည်ကြီးနဲ့ ခပ်ချေချေနေရင်တော့ ယောင်းကိုခင်မင်လာပါလိမ့်မယ် အားကြီးကြီး ဟုတ်တယ်ဟုတ်? ဒါကြောင့် ယောင်းအနေနဲ့ သူနဲ့တွေ့ဆုံရတာကို လိုလားကြောင်းကို ပြတဲ့အနေနဲ့ ပြုံးပြီး နှုတ်ဆက်ပါ။ ယောင်းဘက်ကပြုံးပြလိုက်ရင်တော့ တစ်ဖက်လူက ပြန်မပြုံးဘဲတော့ မနေပါဘူး။ ယောင်းတို့အပြန်အလှန်ပြုံးပြရင်း တစ်ယောက်နဲ့တစ်ယောက် မြင်ဖူးသွားပြီ သိသွားပြီဆိုတဲ့ အဓိပ္ပာယ်သက်ရောက်သွားပြီမို့ ယောင်းတို့ခင်မင်ဖို့ လမ်းစပွင့်သွားပါပြီ။

Related article>>>ရိုးရိုးခင်တတ်တဲ့လူနဲ့ အီစီကလီလုပ်တတ်တဲ့လူကြားက ကွာခြားချက်

ရင်းနှီးနွေးထွေးတဲ့ မိတ်ဆက်မှုမျိုးပြုလုပ်ပါ။

ယောင်းတို့အလုပ်နဲ့ပဲဖြစ်ဖြစ် အကြောင်းအမျိုးမျိုးကြောင့်ပဲဖြစ်ဖြစ် ဆုံတွေ့တဲ့အခါမျိုးမှာ တစ်ယောက်အကြောင်းတစ်ယောက်တော့ အပြန်အလှန် မိတ်ဆက်ရမှာပဲလေ။ ဒီလိုမိတ်ဆက်တဲ့အခါမျိုးမှာ ကျွန်မကတော့ ဘယ်ကဘယ်သူဆိုတာမျိုးတွေထက် ကျွန်မကိုတော့ ရင်းရင်းနှီးနှီး ဒီလို နာမည်အတိုနဲ့ ခေါ်လို့ရပါတယ်၊ ကျွန်မကတော့ လက်ရှိဒါတွေလုပ်နေတာဆိုတော့ ဆက်စပ်ပြီး အကူအညီလိုရင် ပြောလို့ရနိုင်ပါတယ်ဆိုတဲ့ ကြိုဆိုတဲ့စကားလုံးတွေကို သုံးနှုန်းပေးသင့်ပါတယ်။

အာရုံစူးစိုက်ပြီး လေးစားသမှှုရှိပါ။

ယောင်းတို့စတွေ့တဲ့ တစ်ဖက်လူက ယောင်းထက်အသက်ငယ်တာပဲဖြစ်စေ၊ ကြီးတာပဲဖြစ်စေ၊ ယောင်းအနေနဲ့ အပြန်အလှန်လေးစားမှုကိုတော့ ပြသပေးဖို့လိုအပ်ပါတယ်နော်။ အိုဗာတင်းတွေလုပ်ပြဖို့ပြောတာမဟုတ်ပါဘူး ယောင်းရေ။ တစ်ဖက်လူပြောတာကို လေးလေးနက်နက်အာရုံစိုက် နားထောင်ပေးပြီး ပြန်လည်ဆွေးနွေးပေးရမှာပါ။ ကိုယ့်ကိုအလေးထားတဲ့လူဆိုရင်တော့ လူတိုင်းလိုလိုသဘောကျတတ်တာမို့ ဒီအချက်လေးက ယောင်းတို့ရင်းနှီးကျွမ်းဝင်ဖို့ ချက်ကောင်းတစ်ခုပါပဲ။

Related artilce>>>သူငယ်ချင်းများ ရည်းစားရပြီးနောက် ဖြစ်သွားတတ်သော အချိုး(၅)မျိုး

ကိုယ့်ဘက်ကအရင်ပေးဆပ်ပါ။

စတွေ့တွေ့ချင်း သူ့ဘက်ကတော့ ငါဘာတွေရနိုင်တယ်ဆိုတာမျိုးနဲ့ အစပျိုးမယ်ဆိုရင် ဘယ်ကောင်းမလဲနော်… ယောင်းဘက်က အရင်ပေးနိုင်တာမျိုးတွေနဲ့ အစပြုတာက ယောင်းအတွက် impression ကောင်းကောင်းရနိုင်ပါတယ်။ ပေးဆပ်ပါဆိုလို့ ကြီးကြီးကျယ်ကျယ်ကြီးတွေကို ဆိုလိုချင်တာမဟုတ်ပါဘူး ယောင်းရေ… စတွေ့ချိန်မုန့်စားလို့ ယောင်းဘက်က ဦးအောင်ရှင်းပေးလိုက်တာမျိုး ။ သူ့ဘက်ကတော့ ဘယ်လိုဆိုတာမျိုး တွေးမနေဘဲ ယောင်းဘက်ကနေ ဘာတွေကိုတော့ ကူညီပေးနိုင်တယ်ဆိုပြီး လမ်းခင်းပေးမယ်ဆိုရင် ယောင်းတို့အချင်းချင်းခင်မင်ရင်းနှီးမှုတွေ ရရှိလာနိုင်မှာဖြစ်ပါတယ်။

ကဲ… ဒီအချက်လေးတွေအတိုင်း ကျင့်သုံးမယ်ဆိုရင်တော့ ယောင်းကခင်မင်လွယ်တဲ့ လူမှုဆက်ဆံရေးကောင်းမွန်သူတစ်ယောက်ဖြစ်လာနိုင်မှာပါယောင်းရေ။ သူစိမ်းတစ်ယောက်နဲ့ ရင်းနှီးကျွမ်းဝင်ဖို့လိုအပ်လာတိုင်း ဒီအချက်လေးတွေကို သတိရမယ်ဆိုရင်တော့ဖြင့် ယောင်းတို့ ပေါင်းသင်းဆက်ဆံရေးဟာ ကောင်းသည်ထက်ကို ကောင်းလာတော့မှာ ကျိန်းသေပါပဲ။

DiDi (For Her Myanmar)

No Comments Yet

Comments are closed