ရှက်တတ်တဲ့ကောင်မလေးကို ခွက်ရှ်မိတဲ့အခါ ဘယ်လိုချဉ်းကပ်ရမလဲ?

ဒီတစ်ခါတော့ ရှက်တတ်တဲ့ယောင်းလေးတွေကိုမှ ခွက်ရှ်မိတဲ့ ကိုကိုတို့အတွက်ပါ

ရှက်တတ်တဲ့ယောင်းလေးတွေကို ချဉ်းကပ်ရတာဟာ တော်တော့်ကို မလွယ်တဲ့ကိစ္စတစ်ခုပါ။
ရှက်တတ်တဲ့ယောင်းလေးတွေဟာ ရှောင်ပြေးတတ်ကြပါတယ်။ ဘာလို့ဆို ကိုယ့်မှာ တစ်ခုခုပြောဖို့ကြိုးစားတိုင်း အားယူတိုင်း သူက ရှက်နေတာနဲ့ပဲ လိုရာမရောက်ဖြစ်ရလို့ပါပဲ။ ဒါကြောင့် အဲ့လိုတွေမဖြစ်အောင် ဒီလိုနည်းလမ်းလေးတွေနဲ့ ချဉ်းကပ်ကြည့်ဖို့ အကြံပေးလိုက်ပါရစေ။

ပထမဆုံးတစ်ဆင့် ရှက်တတ်တဲ့ယောင်းနဲ့ စကားပြောဖို့ မကြိုးစားခင်မှာ သူမကိုတွေ့တိုင်းပြုံးပြဖို့ မမေ့ပါနဲ့။
အပြုံးဟာ လူတစ်ယောက်နဲ့တစ်ယောက်ကို ပိုရင်းနှီးစေပါတယ်။

ဒုတိယတစ်ဆင့်ကတော့ ရင်းနှီးမှုပိုရှိအောင် အွန်လိုင်းကနေ စကားများများပြောပေးပါ။  ဒီတစ်ချက်ကိုတော့ မဖြစ်မနေ လုပ်စေချင်တယ်။ သူငယ်ချင်းမျက်မြင်ကိုယ်တွေ့မို့ပါ။ ဂျက်မင်မှာ အရမ်းရှက်တတ်တဲ့ သူငယ်ချင်းမလေးတစ်ယောက်ရှိတယ်။ အပြင်မှာဆို သူ့ဆီက စကားထွက်လာဖို့ မနည်း ညှစ်ထုတ်ရတယ်။
ဖေ့ဘွတ်ဂရုမှာ အုပ်စုလိုက်ချက်ရင်တော့လား သူပြောထားတာချည်းပဲ။ ဒါကြောင့် အပြင်မှာ စကားမပြောခင် အွန်လိုင်းမှာ စကားများများသွားပြောထားပါ။ ဒါမှ အပြင်မှာတွေ့တဲ့အခါ ပိုပြီး သက်တောင့်သက်သာဖြစ်နေမှာပါ။

Related article>>> ခံစားချက်မဖော်ပြတတ်တဲ့ကောင်မလေးအများစုရင်ဆိုင်ရတဲ့ပြဿနာများ

သူမနဲ့ ရင်းနှီးအောင် ကြိုးစားတဲ့အခါ သူမအနား တစ်ယောက်တည်း သွားပါ။

ရှက်တတ်တဲ့ကောင်မလေးတွေက သူတို့အနားမှာ လူတွေအများကြီးရှိနေရင် စိတ်ကျဉ်းကျပ်တတ်ပါတယ်။
ဒါကြောင့် အဲ့လိုယောင်းလေးတွေကို ချဉ်းကပ်တဲ့အခါမှာ သူငယ်ချင်းတွေအများကြီးမခေါ်သွားပါနဲ့။

သူမကို စကားပြောဖို့ကြိုးစားတဲ့အခါ လူရှုပ်တဲ့နေရာတွေကို ရှောင်ပါ။ လူတွေအများကြီးရှေ့မှာ သူမကို စကားသွားပြောရင် ရှက်သွားပါလိမ့်မယ်။

သူမနဲ့စကားပြောတဲ့အခါ ရယ်ရတဲ့စကားလေးတွေနဲ့အစချီပါ။ သူမ အနေကျပ်မယ့်စကားမျိုးတွေမပြောပါနဲ့။ သူမရှက်နေတဲ့အခါ သူမအကြောင်း ဟိုဟိုဒီဒီမေးခွန်းလေးတွေ ပေါ့ပေါ့ပါးပါးမေးပါ။

သူမရဲ့ ယုံကြည်မှုကိုအရယူပါ။ ရှက်တတ်တဲ့ကောင်မလေးတွေဟာ လူတစ်ယောက်ကို လွယ်လွယ်ကူကူမယုံတတ်ပါဘူး။ ဒါကြောင့် သူမယုံကြည်လာအောင် သက်သေပြဖို့လိုပါတယ်။ သူမကို ပေးထားတဲ့ကတိတွေကို တည်အောင်ကြိုးစားပါ။

ဒါကတော့ ချဉ်းကပ်တဲ့ နည်းဗျူဟာတစ်ချို့ပါ။ ကြုံရင်ကြုံသလို နည်းဗျူဟာတွေကို ထပ်ဝေမျှသွားပါဦးမယ်။

ချစ်သူတိုင်း ရွှေလက်တွဲနိုင်ကြပါစေ။

ချစ်ခြင်းများစွာဖြင့်
Jasmine (Forhermyanmar)

No Comments Yet

Comments are closed