ဒီအခ်က္ (၇) ခ်က္ ေယာင္း သူငယ္ခ်င္းမွာ ရွိတယ္ဆိုရင္ သူက ေယာင္းရဲ႕ Partner in Crime ပဲ!!!

တိုက္ဆိုင္တာေတြ ရွိရင္ မန္းရွင္းေခၚသြားလိုက္ပါဦး 😛 

ရည္းစားရွိတာ၊ bff ရွိတာဟုတ္ပါၿပီ။ Partner in crime ေရာ ရွိၿပီလားေယာင္းတို႔? Partner in crime ဆိုတာကို အက္ဒ္မင္နားလည္သလို အဓိပၸာယ္ဖြင့္ရရင္ေတာ့ “အၾကံတူ၊ အက်င့္တူ ေမ်ာက္ေလာင္းေတြ”ပါ 😛 … Partners in crime ဆိုတာ သူငယ္ခ်င္းမွ မဟုတ္ဘူးေနာ္။ တခ်ိဳ႕ဆို ခ်စ္သူ ျဖစ္ေနတာမ်ိဳး၊ ေမာင္ႏွမ ျဖစ္ေနတာမ်ိဳးေတြလည္း ရွိပါတယ္။ ဒါဆို ကိုယ့္ Partner in Crime ကို ဘယ္လုိ သိႏုိင္မလဲ? လြယ္ပါတယ္.. သူတို႔မွာ ဒီလကၡဏာေတြ ရွိမရွိ အကဲခတ္လိုက္ပါ။

၁။ စိတ္တူတယ္။

တစ္ေယာက္နဲ႔တစ္ေယာက္ အၾကံခ်င္းတူ၊ စိတ္ခ်င္းတူတာမို႔လည္း Partners in crime ျဖစ္လာတာပါ။ ကိုယ္က မိုးေရထဲ ေရခ်ိဳးရတာႀကိဳက္ရင္ သူလည္းႀကိဳက္တာမ်ိဳး၊ ေဆာင္းတြင္းပိုင္းမွာ ေရခဲေခ်ာင္းစားရတာ ႀကိဳက္တာခ်င္း တူေနတာမ်ိဳး က Partners in crime ေတြၾကားမွာ သာမန္အေျခအေနမ်ိဳးေတြပါ။ ကံမေကာင္းရင္ ခရက္ရွ္ေတာင္ တူေနတတ္ပါတယ္.. (သတိထားၾကဖို႔ 😛 )

၂။ နားလည္ေပးႏုိင္တယ္။

သူ႔မွာလည္း ကိုယ့္အက်င့္ေတြရွိေနတာမို႔ ကိုယ့္အေၾကာင္း ပိုနားလည္ေပးႏုိင္တယ္။ နားလည္ဖို႔ ခက္ခဲတဲ့အေျခအေနမွာ တျခားသူေတြ ကိုယ့္ဘက္မရွိေနေပမဲ့လည္း Partner in Crime ကေတာ့ အၿမဲတမ္းကိုယ့္ဘက္မွာပါပဲ။

Related Article >>> ခရီးသြြားဖို႕ၾကံစည္လိုက္တိုင္း ဂ်င္းထည့္တတ္တဲ့ သူငယ္ခ်င္းကို ဘယ္လိုအပီခ်ဳပ္မလဲ

၃။ ထူးျခားတဲ့ အမွတ္တရေတြရွိတတ္တယ္။

အိမ္ကမသိေအာင္ ခရီး ခိုးထြက္ၾကတာမ်ိဳး၊ ၾကည့္မရတဲ့ လူတစ္ေယာက္ကို ႏွစ္ေယာက္ေပါင္းၿပီး အႏိုင္က်င့္ဖူးတာမ်ိဳး၊ စာေမးပြဲတူတူက်လို႔ ေအာင္ပြဲခံတာမ်ိဳးေတြက ေၾကာင္ေတာင္ေတာင္ဆန္တဲ့လုပ္ရပ္ေတြေပမဲ့ Partners in crime ေတြၾကားမွာေတာ့ ျပန္ေတြးတိုင္း တသသျဖစ္ေနရမယ့္ အမွတ္တရေလးေတြပါ။

၄။ တည့္တာမ်ားတယ္။

ရည္းစားနဲ႔ ရန္ျဖစ္ခ်င္ျဖစ္မယ္၊ သူငယ္ခ်င္းေတြနဲ႔ တည့္ခ်င္မွလည္း တည့္မယ္၊ ဒါေပမဲ့ partners in crime ေတြၾကားမွာ စိတ္ေကာက္တယ္၊ ရန္ျဖစ္တယ္ဆိုတာမ်ိဳးက သိပ္ရွားပါတယ္။ ျဖစ္ခဲ့ရင္လည္း မၾကာဘူးရယ္… ခဏခ်င္း ဟီးဟီးဟားဟား ျဖစ္ၿပီး ျပန္ေျပလည္သြားတာမ်ိဳး..

၅။ ၾကည့္မရတာခ်င္း တူတယ္။

ကိုယ္က လူတစ္ေယာက္ကို ၾကည့္မရဘူးဆို ကိုယ့္partner in crime ကို ေမးၾကည့္။ ေသခ်ာေပါက္သူလည္း ၾကည့္မရပါဘူး။ တစ္ခါတေလ သူက ပိုၿပီး ၾကည့္လုိ႔ မရေနတာမ်ိဳးေတာင္ ျဖစ္တတ္ပါေသးတယ္။ အဲ့ေတာ့လည္း ႏွစ္ေယာက္သား ေခါင္းခ်င္းဆိုင္ၿပီး တြတ္ထိုးလို႔ ရတာေပါ့ 😛

၆။ အျပစ္တူတူလုပ္ၾကတယ္။

တစ္ေယာက္က ေပါက္တတ္ကရ လုပ္ေတာ့မယ္ဆို ေနာက္တစ္ေယာက္ကပါ အလိုတူ၊အလိုပါ လိုက္လုပ္တာမ်ိဳး… ဥပမာ – မိုးရြာထဲထီးမေဆာင္းဘဲ ေလွ်ာက္ေဆာ့တာမ်ိဳး၊ ဌာနမွဴးဆီ ဒရာမာ ခင္းၿပီး ေက်ာင္းအျပင္ထြက္ဖို႔ ခြင့္ယူတာမ်ိဳး (ဒါေတာ့ YUFL ေက်ာင္းသူေတြပဲသိတယ္ :P) ၊ အတြဲခိုးေခ်ာင္းတာ၊ ေကာင္ေလးေတြကို လုိက္စတာ စသျဖင့္ ေပါက္တီးေပါက္ရွာ ကိစၥေတြကို တုိင္ပင္စရာမလုိဘဲ အၾကည့္နဲ႔တင္ သေဘာေပါက္ၾကသူေတြပါ။ ဒါေၾကာင့္လည္း Partners in Crime ဆိုၿပီး ျဖစ္ေနၾကတာေပါ့..

Related Article >>> ၂၀၁၉ မွာ သူငယ္ခ်င္းနဲ႔ အတူလုပ္သင့္ေသာ အရာမ်ား

၇။ လက္တြဲြၿမဲတယ္။ ယံုၾကည္မႈ ခိုင္မာတယ္။

တစ္ေယာက္ကိုတစ္ေယာက္ နားလည္ေပးတာ၊ ကူညီေပးတာေၾကာင့္ ဘယ္လိုအေျခအေနမ်ိဳးမွာမဆို ေမ့သြားတာ၊ ကြဲသြားတာမ်ိဳးမရွိၾကပါဘူး။ အေၾကာင္းတစ္ခုခုေၾကာင့္ အေဝးမွာေရာက္ေနရင္ေတာင္ အင္တာနက္ထက္ျမန္တဲ့ အလ်င္ႏႈန္းထက္ ကိုယ့္အေျခအေနကိုယ္ အခ်င္းခ်င္း အစီရင္ခံေနၿပီးသား ျဖစ္ေနမွာပါ။ ေနာက္ၿပီး တစ္ေယာက္ကို တစ္ေယာက္ ယံုၾကည္မႈကလည္း ၾသခ်စရာပါပဲ… ကိုယ့္ရဲ႕ ႏႈိက္ႏႈိက္ခၽြတ္ခၽြတ္ အတြင္းကိစၥေတြကအစ ဖြင့္ဟ တိုင္ပင္လို႔ရတဲ့ အေနအထားမ်ိဳးထိ ယံုၾကည္ထားၾကတာမ်ိဳးပါ။

ကဲ.. ဘာလုပ္ေနတာလဲ? ကိုယ့္ Partner in Crimes ေလးေတြကို မန္းရွင္းေခၚသြားလိုက္ေတာ့ေလ…

Christina (For Her Myanmar)

<<< Unicode >>>

တိုက်ဆိုင်တာတွေ ရှိရင် မန်းရှင်းခေါ်သွားလိုက်ပါဦး 😛 

ရည်းစားရှိတာ၊ bff ရှိတာဟုတ်ပါပြီ။ Partner in crime ရော ရှိပြီလားယောင်းတို့? Partner in crime ဆိုတာကို အက်ဒ်မင်နားလည်သလို အဓိပ္ပာယ်ဖွင့်ရရင်တော့ “အကြံတူ၊ အကျင့်တူ မျောက်လောင်းတွေ”ပါ 😛 … Partners in crime ဆိုတာ သူငယ်ချင်းမှ မဟုတ်ဘူးနော်။ တချို့ဆို ချစ်သူ ဖြစ်နေတာမျိုး၊ မောင်နှမ ဖြစ်နေတာမျိုးတွေလည်း ရှိပါတယ်။ ဒါဆို ကိုယ့် Partner in Crime ကို ဘယ်လို သိနိုင်မလဲ? လွယ်ပါတယ်.. သူတို့မှာ ဒီလက္ခဏာတွေ ရှိမရှိ အကဲခတ်လိုက်ပါ။

၁။ စိတ်တူတယ်။

တစ်ယောက်နဲ့တစ်ယောက် အကြံချင်းတူ၊ စိတ်ချင်းတူတာမို့လည်း Partners in crime ဖြစ်လာတာပါ။ ကိုယ်က မိုးရေထဲ ရေချိုးရတာကြိုက်ရင် သူလည်းကြိုက်တာမျိုး၊ ဆောင်းတွင်းပိုင်းမှာ ရေခဲချောင်းစားရတာ ကြိုက်တာချင်း တူနေတာမျိုး က Partners in crime တွေကြားမှာ သာမန်အခြေအနေမျိုးတွေပါ။ ကံမကောင်းရင် ခရက်ရှ်တောင် တူနေတတ်ပါတယ်.. (သတိထားကြဖို့ 😛 )

၂။ နားလည်ပေးနိုင်တယ်။

သူ့မှာလည်း ကိုယ့်အကျင့်တွေရှိနေတာမို့ ကိုယ့်အကြောင်း ပိုနားလည်ပေးနိုင်တယ်။ နားလည်ဖို့ ခက်ခဲတဲ့အခြေအနေမှာ တခြားသူတွေ ကိုယ့်ဘက်မရှိနေပေမဲ့လည်း Partner in Crime ကတော့ အမြဲတမ်းကိုယ့်ဘက်မှာပါပဲ။

Related Article >>> ခရီးသွားဖို့ကြံစည်လိုက်တိုင်း ဂျင်းထည့်တတ်တဲ့ သူငယ်ချင်းကို ဘယ်လိုအပီချုပ်မလဲ

၃။ ထူးခြားတဲ့ အမှတ်တရတွေရှိတတ်တယ်။

အိမ်ကမသိအောင် ခရီး ခိုးထွက်ကြတာမျိုး၊ ကြည့်မရတဲ့ လူတစ်ယောက်ကို နှစ်ယောက်ပေါင်းပြီး အနိုင်ကျင့်ဖူးတာမျိုး၊ စာမေးပွဲတူတူကျလို့ အောင်ပွဲခံတာမျိုးတွေက ကြောင်တောင်တောင်ဆန်တဲ့လုပ်ရပ်တွေပေမဲ့ Partners in crime တွေကြားမှာတော့ ပြန်တွေးတိုင်း တသသဖြစ်နေရမယ့် အမှတ်တရလေးတွေပါ။

၄။ တည့်တာများတယ်။

ရည်းစားနဲ့ ရန်ဖြစ်ချင်ဖြစ်မယ်၊ သူငယ်ချင်းတွေနဲ့ တည့်ချင်မှလည်း တည့်မယ်၊ ဒါပေမဲ့ partners in crime တွေကြားမှာ စိတ်ကောက်တယ်၊ ရန်ဖြစ်တယ်ဆိုတာမျိုးက သိပ်ရှားပါတယ်။ ဖြစ်ခဲ့ရင်လည်း မကြာဘူးရယ်… ခဏချင်း ဟီးဟီးဟားဟား ဖြစ်ပြီး ပြန်ပြေလည်သွားတာမျိုး..

၅။ ကြည့်မရတာချင်း တူတယ်။

ကိုယ်က လူတစ်ယောက်ကို ကြည့်မရဘူးဆို ကိုယ့်partner in crime ကို မေးကြည့်။ သေချာပေါက်သူလည်း ကြည့်မရပါဘူး။ တစ်ခါတလေ သူက ပိုပြီး ကြည့်လို့ မရနေတာမျိုးတောင် ဖြစ်တတ်ပါသေးတယ်။ အဲ့တော့လည်း နှစ်ယောက်သား ခေါင်းချင်းဆိုင်ပြီး တွတ်ထိုးလို့ ရတာပေါ့ 😛

၆။ အပြစ်တူတူလုပ်ကြတယ်။

တစ်ယောက်က ပေါက်တတ်ကရ လုပ်တော့မယ်ဆို နောက်တစ်ယောက်ကပါ အလိုတူ၊အလိုပါ လိုက်လုပ်တာမျိုး… ဥပမာ – မိုးရွာထဲထီးမဆောင်းဘဲ လျှောက်ဆော့တာမျိုး၊ ဌာနမှူးဆီ ဒရာမာ ခင်းပြီး ကျောင်းအပြင်ထွက်ဖို့ ခွင့်ယူတာမျိုး (ဒါတော့ YUFL ကျောင်းသူတွေပဲသိတယ် :P) ၊ အတွဲခိုးချောင်းတာ၊ ကောင်လေးတွေကို လိုက်စတာ စသဖြင့် ပေါက်တီးပေါက်ရှာ ကိစ္စတွေကို တိုင်ပင်စရာမလိုဘဲ အကြည့်နဲ့တင် သဘောပေါက်ကြသူတွေပါ။ ဒါကြောင့်လည်း Partners in Crime ဆိုပြီး ဖြစ်နေကြတာပေါ့..

Related Article >>> ၂၀၁၉ မှာ သူငယ်ချင်းနဲ့ အတူလုပ်သင့်သော အရာများ

၇။ လက်တွဲမြဲတယ်။ ယုံကြည်မှု ခိုင်မာတယ်။

တစ်ယောက်ကိုတစ်ယောက် နားလည်ပေးတာ၊ ကူညီပေးတာကြောင့် ဘယ်လိုအခြေအနေမျိုးမှာမဆို မေ့သွားတာ၊ ကွဲသွားတာမျိုးမရှိကြပါဘူး။ အကြောင်းတစ်ခုခုကြောင့် အဝေးမှာရောက်နေရင်တောင် အင်တာနက်ထက်မြန်တဲ့ အလျင်နှုန်းထက် ကိုယ့်အခြေအနေကိုယ် အချင်းချင်း အစီရင်ခံနေပြီးသား ဖြစ်နေမှာပါ။ နောက်ပြီး တစ်ယောက်ကို တစ်ယောက် ယုံကြည်မှုကလည်း သြချစရာပါပဲ… ကိုယ့်ရဲ့ နှိုက်နှိုက်ချွတ်ချွတ် အတွင်းကိစ္စတွေကအစ ဖွင့်ဟ တိုင်ပင်လို့ရတဲ့ အနေအထားမျိုးထိ ယုံကြည်ထားကြတာမျိုးပါ။

ကဲ.. ဘာလုပ်နေတာလဲ? ကိုယ့် Partner in Crimes လေးတွေကို မန်းရှင်းခေါ်သွားလိုက်တော့လေ…

Christina (For Her Myanmar)

No Comments Yet

Comments are closed