အမြင်ကတ်သောသူနှင့် ဆက်ဆံနည်း

ကိုယ်ကအမြင်ကတ်နေပေမယ့်လည်း သူက အလိုက်ကန်းဆိုးမ သိပဲ ကိုယ့်ကိုစကားလာပြောပြီဆိုရင်တော့ ဒီအချက်တွေလိုက်နာသင့်ပါပြီ။

အမြင်ကတ်တယ်ဆိုတာလူ့သဘာဝပါ။  မိန်းကလေးတွေ ပိုတောင်ဆိုးသေး။ ကိုယ့်ရှေ့မျက်စိနောက်တာ တစ်ခုခုလုပ်မိပြီဆိုရင်တော့ အဲ့ဒီ့လူဟာ သူ့အလိုလို အမြင်ကတ်စာရင်းဝင်ပါပြီ။ တစ်ခါတစ်လေ တခြားသူတောင်မဟုတ်ပဲ ကိုယ့်သူငယ်ချင်း အရင်းခေါက်ခေါက်လည်း ဖြစ်နေနိုင်ပါတယ်။ အဲ့ဒီ့အခါ အခန့်မသင့်ရင် စိတ်ထဲက အလိုလိုမုန်းတီးသွားမှာကြောင့် အချိန်တန်ကတည်းက ဖြေရှင်းသင့်ပါပြီ။ ဒါဆိုဘယ်လိုဖြေရှင်းကြမလဲဆိုတာ ဆက်ကြည့်ကြတာပေါ့။

၁။ ပါးစပ်ထိန်းပါ။

သင်ဟာ အော်ရင်ဂျီနယ် စွာကျယ် ဆိုရင်တော့ သတိထားဖို့လိုပါတယ်။ အမြင်ကတ်သူက စကားပြောလာရင် တတ်နိုင်သလောက် အကောင်းပဲပြောပါ။ အကယ်၍ အမြင်ကတ်နှုန်းတက်လာမယ်ဆိုရင်တော့ “သွားစရာရှိတယ်”ဆိုပြီး ပတ်ပြေးပါ။ မဟုတ်ရင် အော်မိမယ်လေ။

Image result for close your mouth

၂။အကောင်းမြင်ပေးပါ။

အမြင်ကတ်တယ်ဆိုတာ မုန်းတီးတာနဲ့မတူပါဘူး။ မုန်းတီးတာဟာ တစ်သက်လုံးဖြစ်သွားပေမယ့် အမြင်ကတ်တာက ခဏတာပါပဲ။ ဒါပေမယ့် သူ့အပေါ်လည်း မူတည်တယ်နော်။ အကယ်၍အဲ့ဒီလူက ကိုယ်နဲ့ ရင်းနှီးတဲ့လူဆိုရင်တော့ တတ်နိုင်သလောက်အကောင်းမြင်ပေးပါ။ဒါမှသာ အမြင်မကတ်တော့မှာ။

Image result for positive thinking
၃။ကိုယ့်ကိုယ်ကို မေးခွန်းမေးပါ။

တစ်ခါတစ်လေ တစ်ဖက်လူကဘာမှမလုပ်ပဲ ကိုယ့်သူငယ်ချင်အမြင်ကတ်တိုင်း လိုက်ကတ်တဲ့ “ယောင်ချာကတ်”တွေရှိပါတယ်။ ကိုယ်ကယောင်ချာကတ်ဖြစ်နေပြီဆိုရင်တော့ သူ့အပေါ်အမြင်ကြည်ပေးလိုက်ပါ။

Image result for asking yourself

၎။ပွင့်ပွင့်လင်းလင်းပြောပါ။

သူကအမြင်ကတ်စရာတွေဆက်တိုက်လုပ်နေတယ်ဆိုရင်တော့ သူနဲ့တွေတဲ့အခါ ပွင့်ပွင့်လင်းလင်းပြောခြင်းက ပိုထိရောက်ပါလိမ့်မယ်။ ဘယ်အရာကြောင့်သူ့ကိုအမြင်ကတ်နေရသလဲ ဆိုတာပြောလိုက်ရင် သူလည်းအဲ့ဒီ့လုပ်ရပ်တွေကိုရှောင်ရှားပါလိမ့်မယ်။ Image result for smiling another girl

၅။ချက်ချင်းတုံ့ပြန်ပါ။

ပထမတစ်ခါ ကိုယ့်မကြိုက်တဲ့လုပ်ရပ်ကိုလုပ်မိပြီဆိုကတည်းက ချက်ချင်း တုံ့ပြန်ပါ။ စိတ်ထဲစုထားတာများလာရင် “အမြင်ကတ်ခြင်းမှ မုန်းတီးခြင်းသို့”ဖြစ်သွားပါလိမ့်မယ်။

Image result for girls angry

၆။တရားထိုင်ပါ။

ကိုယ်အမြင်ကတ်တဲ့လူ ငါးယောက်ကျော်ပြီဆိုရင်တော့ ကိုယ့်ဘက်က တစ်ခုခုလိုနေပါပြီ။ စိတ်တည်ငြိမ်အောင်တရားထိုင်ပါ။ စာဖတ်ပါ။

Image result for meditate girl

ကဲ..အက်ဒမင်ကိုယ်တိုင် အမြင်ကတ်ဖူးတဲ့သူမို့လို့ ဒီခံစားချက်တွေနားလည်ပေမယ့်လည်း အမြင်ကတ်တယ်ဆိုတာ မကောင်းတဲ့စိတ်မို့ ဖျောက်ဖျက်သင့်ပါတယ်။

Christina (FOR HER MYANMAR)

No Comments Yet

Comments are closed