Friendship Love

ရည္းစားနဲ႔ သူငယ္ခ်င္းေတြကို တန္းတူအခ်ိန္ေပးႏိုင္ေအာင္…

ႏွစ္ကိုယ္ခြဲခ်င္စိတ္ေတြ ေပါက္ေနၿပီမလား၊ မညာခ်င္စမ္းပါနဲ႔ ခ်ိမရယ္ 😛

ကိုယ္သိပ္ခ်စ္ရတဲ့ခ်စ္သူနဲ႔ ျဖဳန္းရတဲ့အခ်ိန္ေတြက ကမာၻေပၚမွာ အတိုေတာင္းဆံုး အခ်ိန္ေတြပါတဲ့။ သိပ္ခ်စ္လြန္းေတာ့ မခြဲႏိုင္မခြာရက္နဲ႔ ကိုယ့္ရဲ႕အခ်ိန္ေတာ္ေတာ္မ်ားမ်ားကို သူ႔အတြက္ပဲ၊ သူ႔တစ္ေယာက္တည္းအတြက္ပဲ ေပးခ်င္တတ္တာေတာ့ သဘာဝပါပဲ။ ဒီလိုနဲ႔ ကိုယ့္သူငယ္ခ်င္းေတြကို အခ်ိန္ေပးဖို႔ ေမ့လာရင္းနဲ႔ ေနာက္ဆံုးေဝးမွန္းမသိ ေဝးသြားရင္း ကိုယ့္ရဲ႕ ကမာၻက်ဥ္းလာတတ္ပါတယ္။ ဒါေၾကာင့္ ကိုယ့္ခ်စ္သူနဲ႔ သူငယ္ခ်င္းေတြကို တန္းတူအခ်ိန္ေပးႏိုင္ေအာင္ ဒီလိုအခ်က္ေလးေတြကို သတိထားၿပီးလုပ္ေပးဖို႔ေတာ့ လိုအပ္ပါတယ္…

ခ်စ္သူမ်က္ႏွာ တစ္ကမာၻလို႔ထင္တတ္တဲ့ ေယာင္းရဲ႕အက်င့္ကိုေဖ်ာက္ပါ။

ဒါအေရးႀကီးဆံုးနဲ႔ အလိုအပ္ဆံုးပါပဲ။ ဘာလို႔လဲဆိုေတာ့ မေျပာေကာင္းမဆိုေကာင္း ဖူးစာမပါလို႔ ျပတ္သြားတဲ့အခ်ိန္က်ရင္ သူငယ္ခ်င္းအပါအဝင္ ကိုယ့္ေဘးနားပတ္ဝန္းက်င္က လူေတြရဲ႕ တန္ဖိုးကို ေကာင္းေကာင္း နားလည္ပါလိမ့္မယ္။ ဒါေပမဲ့ ကိုယ္လိုအပ္တဲ့အခ်ိန္က်မွ ငိုဟယ္၊ ယိုဟယ္နဲ႔ သြားအကူအညီေတာင္းရင္ေတာ့ ဘယ္သူကမွ ေကာင္းေကာင္းမြန္မြန္ ျပန္ကူညီခ်င္မွာမဟုတ္ဘူးေလ။ ဒါေၾကာင့္ ကိုယ့္ရဲ႕ အတြင္းစိတ္ထဲမွာ ကိုယ့္သူငယ္ခ်င္းေတြကိုလည္း မျဖစ္မေန အခ်ိန္ကို ရေအာင္ ဖဲ့ေပးရမယ္ဆိုတဲ့ စိတ္မ်ိဳးကို စြဲေနေအာင္ မွတ္ထားပါ။

သူတို႔အတြက္ သီးသန္႔အခ်ိန္ကို ဇယားဆြဲသတ္မွတ္ထားပါ။

ႏွစ္ရွည္လမ်ား ေပါင္းလာတဲ့ ဒီမ်က္ႏွာေတြကေတာ့ ကိုယ့္ခ်စ္သူမ်က္ႏွာလို ၾကည့္ရတာ မတင့္တယ္ႏိုင္ေပမဲ့ ဒီမ်က္ႏွာေတြကို ေတြ႔ရဖို႔အတြက္ေတာ့ သီးသန္႔အခ််ိန္ဇယားေလး ထားေပးရပါမယ္။ (ဥပမာ ကိုယ္ကခါတိုင္း ရုပ္ရွင္ရံုကို ကိုယ့္ခ်စ္သူနဲ႔ပဲ သြားတတ္ေပမဲ့ တစ္ခါတေလမွာ သူငယ္ခ်င္းနဲ႔ သီးသန္႔အခ်ိန္ေပးၿပီး သြားၾကည့္တာမ်ိဳးေပါ့။ ကိုယ့္ရည္းစားမအားမွ ေတြ႔ကရာ ၾကံဳကရာလူကို ဆြဲေခၚသြားတဲ့ ပံုစံမ်ိဳးေတာ့ မျဖစ္ပါေစနဲ႔ေနာ္။) ရည္းစားရသြားလည္း သူ႔အေပၚမွာ အရင္အတိုင္းပဲ ခင္ပါေသးတယ္ ဆိုတဲ့ စိတ္မ်ိဳးျဖစ္ေအာင္ေပါ့။

Related Article >>> ကိုယ့္ခ်စ္သူကို အခ်စ္ဆံုးသူငယ္ခ်င္းက မုနး္တီးေနရင္ ဘာလုပ္သင့္လဲ?

သူတို႔နဲ႔ ခ်ိန္းထားရင္ မဖ်က္ပါနဲ႔။

ကိုယ္ကေတာ့ ဘယ္ေန႔ေတြ႔မယ္၊ ဘယ္မွာေတြ႔မယ္ ဘာေတြလုပ္ၾကမယ္နဲ႔ အစီအစဥ္ေတြကို ဦးေဆာင္ဆြဲၿပီး ခ်ိန္းဟယ္၊ ခ်က္ဟယ္ လုပ္ထားၿပီး အနားနီးေတာ့မွ ကိုယ့္ခ်စ္သူနဲ႔ပတ္သက္ၿပီး အေၾကာင္းကိစၥတစ္ခုခု ေပၚလာတဲ့အခါ ေသေရးရွင္ေရးမွမဟုတ္ရင္ မဖ်က္ပါနဲ႔။ ဘာလို႔လဲဆိုေတာ့ ဒီလို တစ္ခါဖ်က္လိုက္တာနဲ႔ ေနာက္ဆိုလည္း ဖ်က္မွာပဲ ဆိုတဲ့ စိတ္မ်ိဳးျဖစ္သြားၿပီး ေနာက္ကိုယ္ခ်ိန္းလည္း မလာေတာ့ဘူးဆိုတာမ်ိဳး ျဖစ္သြားတတ္ပါတယ္။ ဒါေၾကာင့္ ခ်ိန္းေတာ့မယ္ဆိုရင္ အေျခအေနအရပ္ရပ္ကို တြက္ဆၿပီးမွ ခ်ိန္းပါ။ ၿပီးရင္ မဖ်က္ပါနဲ႔။

သူတို႔နဲ႔ေတြ႔တဲ့အခ်ိန္မွာ ဖုန္းကိုခ်ထားပါ။

စိတ္မခ်လို႔ဆိုတဲ့ အေၾကာင္းျပခ်က္နဲ႔ ကိုယ့္ရည္းစားကို အစစအရာရာ သံေတာ္ဦးတင္ အၿမဲဖုန္းနဲ႔ မ်က္လံုးကို မခြာဘဲ စကားေျပာေနရၿပီဆိုရင္ေတာ့ သိပ္အဆင္မေျပပါဘူးေနာ္။ ဒါေၾကာင့္ သူတို႔နဲ႔ ေတြ႔တဲ့အခါမွာ ကိုယ္ဖုန္းကို အခ်ိန္ျပည့္ ကိုင္မေနႏိုင္ဘူးဆိုတဲ့ အေၾကာင္းကို ကိုယ့္ခ်စ္သူကို ေသခ်ာရွင္းျပထားပါ။ (စိတ္မခ်ရင္ ဖုန္းဆက္လိုက္ပါလို႔.. တစ္ခ်ိန္လံုးေတာ့ ခ်တ္မေနႏိုင္ပါဘူးလို႔ေနာ္..)

Related Article >>> မေတြ႕ခ်င္ဘူးေျပာတာ မခင္လုိ႔မဟုတ္ပါဘူး သူငယ္ခ်င္း

သူတုိ႔ကလည္း ကိုယ့္ဘဝထဲမွာ ဘယ္ေလာက္ အေရးႀကီးတယ္ဆိုတဲ့အေၾကာင္း သူတို႔သိေအာင္ေျပာျပပါ။

တကယ္တမ္းတစ္သက္လံုး ေပါင္းသင္းရမွာက ကိုယ့္ခ်စ္သူနဲ႔ဆိုေပမဲ့ သူငယ္ခ်င္းကလည္း ကိုယ္အခက္အခဲႀကံဳရတဲ့အခါ ကိုယ့္အတြက္ အားေပးေဖာ္ အားေပးဖက္ပါပဲေနာ္။ ဒါေၾကာင့္ သူကလည္း ကိုယ့္ရဲ႕ ဘဝတစ္စိတ္တစ္ပိုင္းထဲမွာ ပါဝင္ၿပီး ဘယ္လိုအေရးႀကီးတယ္ဆိုတဲ့အေၾကာင္း သူသိေအာင္ေသခ်ာ ေျပာျပပါ။ (လူဆိုတာ ကိုယ့္ကို လိုအပ္ေနမွလည္း အနားေနခ်င္တတ္တဲ့ သဘာဝရွိတာကိုး)

ကဲ ဒီေလာက္ဆိုရင္ေတာ့ ေယာင္းတို႔လည္း ခ်စ္သူနဲ႔ သူငယ္ခ်င္းၾကားမွာ ဗ်ာမမ်ားေလာက္ေတာ့ပါဘူးေနာ္႔။ ၿပီးေတာ့ ကိုယ့္ခ်စ္သူေလးကိုလည္း နားလည္ေအာင္ ေသခ်ာေအးေအးေဆးေဆး ရွင္းျပၿပီး သူ႔သူငယ္ခ်င္းေတြအတြက္လည္း သီးသန္႔အခ်ိန္ေလး ေပးခိုင္းလိုက္ပါဦးလို႔။

Hnin Ei Oo (For Her Myanmar)

<<< Unicode >>>

နှစ်ကိုယ်ခွဲချင်စိတ်တွေ ပေါက်နေပြီမလား၊ မညာချင်စမ်းပါနဲ့ ချိမရယ် 😛

ကိုယ်သိပ်ချစ်ရတဲ့ချစ်သူနဲ့ ဖြုန်းရတဲ့အချိန်တွေက ကမ္ဘာပေါ်မှာ အတိုတောင်းဆုံး အချိန်တွေပါတဲ့။ သိပ်ချစ်လွန်းတော့ မခွဲနိုင်မခွာရက်နဲ့ ကိုယ့်ရဲ့အချိန်တော်တော်များများကို သူ့အတွက်ပဲ၊ သူ့တစ်ယောက်တည်းအတွက်ပဲ ပေးချင်တတ်တာတော့ သဘာဝပါပဲ။ ဒီလိုနဲ့ ကိုယ့်သူငယ်ချင်းတွေကို အချိန်ပေးဖို့ မေ့လာရင်းနဲ့ နောက်ဆုံးဝေးမှန်းမသိ ဝေးသွားရင်း ကိုယ့်ရဲ့ ကမ္ဘာကျဉ်းလာတတ်ပါတယ်။ ဒါကြောင့် ကိုယ့်ချစ်သူနဲ့ သူငယ်ချင်းတွေကို တန်းတူအချိန်ပေးနိုင်အောင် ဒီလိုအချက်လေးတွေကို သတိထားပြီးလုပ်ပေးဖို့တော့ လိုအပ်ပါတယ်…

ချစ်သူမျက်နှာ တစ်ကမ္ဘာလို့ထင်တတ်တဲ့ ယောင်းရဲ့အကျင့်ကိုဖျောက်ပါ။

ဒါအရေးကြီးဆုံးနဲ့ အလိုအပ်ဆုံးပါပဲ။ ဘာလို့လဲဆိုတော့ မပြောကောင်းမဆိုကောင်း ဖူးစာမပါလို့ ပြတ်သွားတဲ့အချိန်ကျရင် သူငယ်ချင်းအပါအဝင် ကိုယ့်ဘေးနားပတ်ဝန်းကျင်က လူတွေရဲ့ တန်ဖိုးကို ကောင်းကောင်း နားလည်ပါလိမ့်မယ်။ ဒါပေမဲ့ ကိုယ်လိုအပ်တဲ့အချိန်ကျမှ ငိုဟယ်၊ ယိုဟယ်နဲ့ သွားအကူအညီတောင်းရင်တော့ ဘယ်သူကမှ ကောင်းကောင်းမွန်မွန် ပြန်ကူညီချင်မှာမဟုတ်ဘူးလေ။ ဒါကြောင့် ကိုယ့်ရဲ့ အတွင်းစိတ်ထဲမှာ ကိုယ့်သူငယ်ချင်းတွေကိုလည်း မဖြစ်မနေ အချိန်ကို ရအောင် ဖဲ့ပေးရမယ်ဆိုတဲ့ စိတ်မျိုးကို စွဲနေအောင် မှတ်ထားပါ။

သူတို့အတွက် သီးသန့်အချိန်ကို ဇယားဆွဲသတ်မှတ်ထားပါ။

နှစ်ရှည်လများ ပေါင်းလာတဲ့ ဒီမျက်နှာတွေကတော့ ကိုယ့်ချစ်သူမျက်နှာလို ကြည့်ရတာ မတင့်တယ်နိုင်ပေမဲ့ ဒီမျက်နှာတွေကို တွေ့ရဖို့အတွက်တော့ သီးသန့်အချျိန်ဇယားလေး ထားပေးရပါမယ်။ (ဥပမာ ကိုယ်ကခါတိုင်း ရုပ်ရှင်ရုံကို ကိုယ့်ချစ်သူနဲ့ပဲ သွားတတ်ပေမဲ့ တစ်ခါတလေမှာ သူငယ်ချင်းနဲ့ သီးသန့်အချိန်ပေးပြီး သွားကြည့်တာမျိုးပေါ့။ ကိုယ့်ရည်းစားမအားမှ တွေ့ကရာ ကြုံကရာလူကို ဆွဲခေါ်သွားတဲ့ ပုံစံမျိုးတော့ မဖြစ်ပါစေနဲ့နော်။) ရည်းစားရသွားလည်း သူ့အပေါ်မှာ အရင်အတိုင်းပဲ ခင်ပါသေးတယ် ဆိုတဲ့ စိတ်မျိုးဖြစ်အောင်ပေါ့။

Related Article >>> ကိုယ့်ချစ်သူကို အချစ်ဆုံးသူငယ်ချင်းက မုန်းတီးနေရင် ဘာလုပ်သင့်လဲ?

သူတို့နဲ့ ချိန်းထားရင် မဖျက်ပါနဲ့။

ကိုယ်ကတော့ ဘယ်နေ့တွေ့မယ်၊ ဘယ်မှာတွေ့မယ် ဘာတွေလုပ်ကြမယ်နဲ့ အစီအစဉ်တွေကို ဦးဆောင်ဆွဲပြီး ချိန်းဟယ်၊ ချက်ဟယ် လုပ်ထားပြီး အနားနီးတော့မှ ကိုယ့်ချစ်သူနဲ့ပတ်သက်ပြီး အကြောင်းကိစ္စတစ်ခုခု ပေါ်လာတဲ့အခါ သေရေးရှင်ရေးမှမဟုတ်ရင် မဖျက်ပါနဲ့။ ဘာလို့လဲဆိုတော့ ဒီလို တစ်ခါဖျက်လိုက်တာနဲ့ နောက်ဆိုလည်း ဖျက်မှာပဲ ဆိုတဲ့ စိတ်မျိုးဖြစ်သွားပြီး နောက်ကိုယ်ချိန်းလည်း မလာတော့ဘူးဆိုတာမျိုး ဖြစ်သွားတတ်ပါတယ်။ ဒါကြောင့် ချိန်းတော့မယ်ဆိုရင် အခြေအနေအရပ်ရပ်ကို တွက်ဆပြီးမှ ချိန်းပါ။ ပြီးရင် မဖျက်ပါနဲ့။

သူတို့နဲ့တွေ့တဲ့အချိန်မှာ ဖုန်းကိုချထားပါ။

စိတ်မချလို့ဆိုတဲ့ အကြောင်းပြချက်နဲ့ ကိုယ့်ရည်းစားကို အစစအရာရာ သံတော်ဦးတင် အမြဲဖုန်းနဲ့ မျက်လုံးကို မခွာဘဲ စကားပြောနေရပြီဆိုရင်တော့ သိပ်အဆင်မပြေပါဘူးနော်။ ဒါကြောင့် သူတို့နဲ့ တွေ့တဲ့အခါမှာ ကိုယ်ဖုန်းကို အချိန်ပြည့် ကိုင်မနေနိုင်ဘူးဆိုတဲ့ အကြောင်းကို ကိုယ့်ချစ်သူကို သေချာရှင်းပြထားပါ။ (စိတ်မချရင် ဖုန်းဆက်လိုက်ပါလို့.. တစ်ချိန်လုံးတော့ ချတ်မနေနိုင်ပါဘူးလို့နော်..)

Related Article >>> မတွေ့ချင်ဘူးပြောတာ မခင်လို့မဟုတ်ပါဘူး သူငယ်ချင်း

သူတို့ကလည်း ကိုယ့်ဘဝထဲမှာ ဘယ်လောက် အရေးကြီးတယ်ဆိုတဲ့အကြောင်း သူတို့သိအောင်ပြောပြပါ။

တကယ်တမ်းတစ်သက်လုံး ပေါင်းသင်းရမှာက ကိုယ့်ချစ်သူနဲ့ဆိုပေမဲ့ သူငယ်ချင်းကလည်း ကိုယ်အခက်အခဲကြုံရတဲ့အခါ ကိုယ့်အတွက် အားပေးဖော် အားပေးဖက်ပါပဲနော်။ ဒါကြောင့် သူကလည်း ကိုယ့်ရဲ့ ဘဝတစ်စိတ်တစ်ပိုင်းထဲမှာ ပါဝင်ပြီး ဘယ်လိုအရေးကြီးတယ်ဆိုတဲ့အကြောင်း သူသိအောင်သေချာ ပြောပြပါ။ (လူဆိုတာ ကိုယ့်ကို လိုအပ်နေမှလည်း အနားနေချင်တတ်တဲ့ သဘာဝရှိတာကိုး)

ကဲ ဒီလောက်ဆိုရင်တော့ ယောင်းတို့လည်း ချစ်သူနဲ့ သူငယ်ချင်းကြားမှာ ဗျာမများလောက်တော့ပါဘူးနော့်။ ပြီးတော့ ကိုယ့်ချစ်သူလေးကိုလည်း နားလည်အောင် သေချာအေးအေးဆေးဆေး ရှင်းပြပြီး သူ့သူငယ်ချင်းတွေအတွက်လည်း သီးသန့်အချိန်လေး ပေးခိုင်းလိုက်ပါဦးလို့။

Hnin Ei Oo (For Her Myanmar)

Hnin Ei Oo
Hnin Ei Oo
အလွအပ၊ ဖက္ရွင္၊ gym နဲ႔ပတ္သက္တဲ့ ဗဟုသုတေတြ၊ အခ်စ္ေရး စတဲ့က႑ေတြကို အဓိကထားေရးတဲ့ စာေရးသူေပါက္စေလး ေတ်ာက္ပါ 😁 အခြီနဲ႔ စိတ္ဓာတ္ခြန္အားေပးစာေတြကိုလည္း ဒဲ့တိုးေတြ ေရးတတ္ပါေသးတယ္ 😛

Leave a Reply

Your email address will not be published. Required fields are marked *