အိမ္ေထာင္က်ၿပီး ကေလးေတြပါ ရေနၿပီျဖစ္တဲ့ BFF နဲ႕ ခင္မင္မႈ တည္ၿမဲေစမယ့္ လမ္းညႊန္ (၇) ခ်က္

ကိုယ့္ရဲ႕BFF ေတြက အိမ္ေထာင္က်လို႕ ကေလးေတာင္ ရေနခ်ိန္မွာ ကိုယ္ကေတာ့ ခုထိ စင္ဂယ္လ္ပဲ ဆိုတဲ့ ေယာင္းေလးေတြ ရွိလား?

အိမ္ေထာင္က်သြားတဲ့ သူငယ္ခ်င္းေတြကို ေတြ႕တဲ့အခါ တစ္ခါတေလ ေျပာစရာစကားေတြက နည္းပါးသြားသလို ခံစားရတာ အိမြန္တစ္ေယာက္တည္းလား  သူတို႔ကလည္း မိသားစုဘဝတစ္ခုကို ပိုင္ဆိုင္ထားၿပီဆိုေတာ့ ဒီမိသားစု အေရးေတြနဲ႔ အလုပ္ေတြ ရႈပ္ရင္း သူငယ္ခ်င္း အေပါင္းအသင္းဆိုတာေတာင္ ေပ်ာက္လုလုရယ္ေလ… သူငယ္ခ်င္းေတြဘက္က ျပန္ၾကည့္ေတာ့လည္း အရင္တုန္းက စၾကေနာက္ၾက ဆိုေပမဲ့ ဒင္းတို႔က အေမေနရာ အေဖေနရာ ေရာက္သြားၿပီဆိုတဲ့ အသိဝင္သြားေတာ့ စေနာက္ဖို႕ ေတာ္ေတာ္ေလး စဥ္းစားယူရတာ ထံုးစံေပါ့… ေမေမႀကီး ေဖေဖႀကီးေတြ လုပ္ရင္း ရင့္က်က္သြားတဲ့ ပံုစံေပါက္ေနေတာ့ ကိုယ္ကပဲ အံမဝင္ေတာ့သလိုလို 

ဒါဆို ကေလးရသြားတဲ့ ကုိယ့္ရဲ႕ BFF ေတြနဲ႕ ခင္မင္မႈမပ်က္ေအာင္ ဘယ္လို ထိန္းထားမလဲဆိုတာေလး အိမြန္နဲ႔ တူတူ ၾကည့္ၾကရေအာင္…

၁။ အရင္ကလို မဟုတ္ေတာင္မွ အခင္အမင္မပ်က္ဖို႔ ႀကိဳးစားပါ။

BFF နဲ႕ ဆက္ၿပီး အရင္ကလုိပဲ ခင္ေနခ်င္ေသးတယ္ဆိုရင္ေတာ့ ကိုယ့္ဘက္က အဆက္အသြယ္ အၿမဲတမ္း လုပ္ေနဖို႕ လိုပါတယ္။ ကိုယ့္အတြက္ေၾကာင့္ တစ္ဖက္သားက ကေလးတစ္ဖက္နဲ႕ စိတ္ပ်က္သြားေလာက္သည္ထိ အလြန္အကၽြံေတာ့ ဒုကၡမေပးနဲ႕ေပါ့ေနာ္။ သတိရတဲ့အခါ ဖုန္းေလးဆက္ၿပီး အားတဲ့အခ်ိန္မွာ ခဏတစ္ျဖဳတ္ အလည္အပတ္သြားတာမ်ိဳးေလးေတြ လုပ္ေပးရင္ေတာ့ အခင္အမင္ၿမဲမွာပါ။

၂။ ေျပာင္းလဲသြားၿပီဆိုတာကို လက္ခံပါ။

အခင္ဆံုးသူငယ္ခ်င္းက ကေလးအေမျဖစ္သြားလို႔မို႔ မတြဲျဖစ္ေတာ့ဘူး ဆိုတာမ်ိဳး မလုပ္ပါနဲ႕ေနာ္ ေယာင္းေရ။ သူ႕ဘဝနဲ႕သူ ဆိုေပမဲ့ ကိုယ့္ရဲ႕ အခင္ဆံုးသူငယ္ခ်င္း တစ္ေယာက္ကိုေတာ့ အဆံုးရံႈး မခံလိုက္ပါနဲ႕။ သူက အေျပာင္းအလဲတစ္ခုထဲမွာ က်င္လည္ေနၿပီဆိုရင္ သူနဲ႔ေတြ႕တဲ့အခါတိုင္း ကိုယ္လည္း ေရလိုက္ငါးလိုက္ေလး ေနသြားရင္၊ နားလည္ေပးလိုက္ႏိုင္ရင္ ဒီသံေယာဇဥ္ေတြ မပ်က္ေတာ့ဘူးေပါ့..

Related Article >>> အရင္းႏွီးဆံုး သူငယ္ခ်င္းရဲ႕ သစၥာေဖာက္ျခင္း ခံရတဲ့အခါ ဘယ္လိုမ်ိဳး တံု႕ျပန္မလဲ?

၃။ သူ႕ဘက္ကေန ျဖည့္ေတြးေပးပါ။

တစ္ခါတေလ ဘယ္ေလာက္ပဲ သူငယ္ခ်င္းအေပၚမွာ နားလည္တယ္ေျပာေျပာ ကိုယ္စိတ္နဲ႕ သေဘာမေတြ႕ခ်ိန္မွာေတာ့ ၿငိဳျငင္ၾကတာ ခ်ည္းပါပဲ။ ကိုယ္က ခ်ိန္းထားတယ္ သူက အိမ္အလုပ္ေတြနဲ႕ မအားလို႔ ေနာက္က်ေနတာမ်ိဳးမွာ သူ႕ကိုသြားၿပီး ျငဴစူေနမယ့္အစား သူ႕အိမ္ကိုသြားၿပီး အလုပ္ေတြ ျမန္ျမန္ၿပီးေအာင္ တစ္တပ္တစ္အား ဝိုင္းကူေပးတာမ်ိဳးက သူ႕အတြက္လည္း အေထာက္အကူျဖစ္မွာပါ။ သူငယ္ခ်င္းက အိမ္မႈကိစၥေတြနဲ႔ အလုပ္ေတြရႈပ္ေနခ်ိန္ ကိုယ္က ကေလးဝင္ထိန္းေပးလိုက္တာမ်ိဳးဆိုရင္ေတာ့ ကိုယ္က ကယ္တင္ရွင္ႀကီးေပါ့.. 

၄။ အတင္းႀကီး ဖိအားမေပးပါနဲ႕။

ကေလးအေမတစ္ေယာက္ျဖစ္သြားၿပီဆိုရင္ အရင္တုန္းကလို သူငယ္ခ်င္းေတြနဲ႕ လြတ္လြတ္လပ္လပ္ ေပ်ာ္ပါးခ်ိန္ဆိုတာ ရွားသြားပါၿပီ။ ဒါကို လက္ခံထားမယ္ဆိုရင္ သူက ငါတို႕ကို ဦးစားမေပးဘူး ဘာညာ ေဒါသထြက္ေနမယ့္အစား နားလည္မႈ ေပးႏိုင္သြားၿပီေပါ့.. ဒါဆိုရင္ေတာ့ စိတ္ကြက္တာ၊ ၿငိဳျငင္တာေတြ ျဖစ္လာေတာ့မွာ မဟုတ္ပါဘူး။

၅။ မိခင္ျဖစ္သြားၿပီဆိုေတာ့ မိသားစုက ပိုအေရးႀကီးတယ္ဆိုတာ နားလည္ေပးပါ။

ကိုယ္ခင္ရပါတယ္ဆိုတဲ့ bff ႀကီးက သူ႕ကေလးနဲ႕မိသားစုအတြက္ပဲ အၿမဲတမ္း အခ်ိန္ေပးခ်င္တယ္ဆိုတာ ျဖစ္သင့္ပါတယ္။ ဒါေပမဲ့ေလ.. ကေလးရသြားေတာ့ ငါ့ကို သူက အာရုံထဲေတာင္ ရွိေတာ့မွာ မဟုတ္ဘူးဆိုၿပီး ကေလးနဲ႔ အၿပိဳင္ J ဝင္တာမ်ိဳး ျဖစ္ဖူးလား? ကိုယ္တကယ္ အိမ္ေထာင္က်သြားမွ married life (အိမ္ေထာင္ရွင္ဘဝ) နဲ႕ single life (တစ္ကိုယ္တည္းဘဝ) ရဲ႕ ကြာဟခ်က္ကို ကိုယ္ခ်င္းစာႏိုင္မွာေလေနာ္။ တကယ္လို႔ ကိုယ့္ကို အေရးမေပးတာကို မေက်နပ္ဘူးဆိုလည္း သူ႕ကို ပြင့္ပြင့္လင္းလင္း ေျပာျပညွိႏႈိင္းၿပီး နည္းလမ္း ရွာသင့္ပါတယ္ေနာ္…

Related Article >>> ဘယ္အရြယ္ေရာက္ေရာက္ မိတ္ေဆြမရွားေစမယ့္ နည္းလမ္းေကာင္းမ်ား

၆။ ရင္ဖြင့္ခံစားခ်က္ေတြကို နားေထာင္ အႀကံေပးပါ။

အိမ္ေထာင္က်သြားတဲ့ သူငယ္ခ်င္းမွာလည္း သူ႕ခံစားခ်က္ အလံုးစံုကို ရင္ဖြင့္ေျပာျပလို႕ရမယ့္  မိတ္ေဆြတစ္ေယာက္ေတာ့ လိုအပ္ေသးတာပါပဲ။ တကယ္လို႕ ကိုယ္က bff စစ္မွန္တယ္ဆိုရင္ေတာ့ သူရင္ဖြင့္သမွ်ေတြကို ေသခ်ာနားေထာင္ၿပီး အႀကံေကာင္းေတြ ေပးလိုက္ရံုပါပဲ။

၇။ bff ရဲ႕ကေလးကို ကိုယ့္ကေလးလို သေဘာထားပါ။

ဘယ္သူမဆို ကိုယ့္ရင္ေသြးကို ဂရုစိုက္ခ်စ္ေပးတဲ့သူကို ခင္မင္တာ ထံုးစံပါပဲ။ အဲဒီသူက BFF ျဖစ္ေနခဲ့ရင္ ပိုလို႕ေတာင္ ဝမ္းသာဦးမွာပါ။ ဒီေတာ့ ကိုယ့္သူငယ္ခ်င္းရဲ႕ ကေလးအတြက္ လက္ေဆာင္ပစၥည္းေလးေတြ ဝယ္ေပးၿပီး ဂရုတစိုက္ ရွိေပးတာက BFF ကို ခ်စ္တာနဲ႕ တူတူပဲေပါ့ ေယာင္းေရ။

ဒီအခ်က္ေလးေတြကို သိထားရင္ေတာ့ ကိုယ့္ရဲ႕ BFF ႀကီးနဲ႔ အခင္အမင္ ပ်က္စရာ မလုိေတာ့ဘူးေပါ့…

With love

Ei Mon (For Her Myanmar)

References: Hello Giggles, Verilymag

ကိုယ့်ရဲ့BFF တွေက အိမ်ထောင်ကျလို့ ကလေးတောင် ရနေချိန်မှာ ကိုယ်ကတော့ ခုထိ စင်ဂယ်လ်ပဲ ဆိုတဲ့ ယောင်းလေးတွေ ရှိလား? 

အိမ်ထောင်ကျသွားတဲ့ သူငယ်ချင်းတွေကို တွေ့တဲ့အခါ တစ်ခါတလေ ပြောစရာစကားတွေက နည်းပါးသွားသလို ခံစားရတာ အိမွန်တစ်ယောက်တည်းလား  သူတို့ကလည်း မိသားစုဘဝတစ်ခုကို ပိုင်ဆိုင်ထားပြီဆိုတော့ ဒီမိသားစု အရေးတွေနဲ့ အလုပ်တွေ ရှုပ်ရင်း သူငယ်ချင်း အပေါင်းအသင်းဆိုတာတောင် ပျောက်လုလုရယ်လေ… သူငယ်ချင်းတွေဘက်က ပြန်ကြည့်တော့လည်း အရင်တုန်းက စကြနောက်ကြ ဆိုပေမဲ့ ဒင်းတို့က အမေနေရာ အဖေနေရာ ရောက်သွားပြီဆိုတဲ့ အသိဝင်သွားတော့ စနောက်ဖို့ တော်တော်လေး စဉ်းစားယူရတာ ထုံးစံပေါ့… မေမေကြီး ဖေဖေကြီးတွေ လုပ်ရင်း ရင့်ကျက်သွားတဲ့ ပုံစံပေါက်နေတော့ ကိုယ်ကပဲ အံမဝင်တော့သလိုလို

ဒါဆို ကလေးရသွားတဲ့ ကိုယ့်ရဲ့ BFF တွေနဲ့ ခင်မင်မှုမပျက်အောင် ဘယ်လို ထိန်းထားမလဲဆိုတာလေး အိမွန်နဲ့ တူတူ ကြည့်ကြရအောင်…

၁။ အရင်ကလို မဟုတ်တောင်မှ အခင်အမင်မပျက်ဖို့ ကြိုးစားပါ။

BFF နဲ့ ဆက်ပြီး အရင်ကလိုပဲ ခင်နေချင်သေးတယ်ဆိုရင်တော့ ကိုယ့်ဘက်က အဆက်အသွယ် အမြဲတမ်း လုပ်နေဖို့ လိုပါတယ်။ ကိုယ့်အတွက်ကြောင့် တစ်ဖက်သားက ကလေးတစ်ဖက်နဲ့ စိတ်ပျက်သွားလောက်သည်ထိ အလွန်အကျွံတော့ ဒုက္ခမပေးနဲ့ပေါ့နော်။ သတိရတဲ့အခါ ဖုန်းလေးဆက်ပြီး အားတဲ့အချိန်မှာ ခဏတစ်ဖြုတ် အလည်အပတ်သွားတာမျိုးလေးတွေ လုပ်ပေးရင်တော့ အခင်အမင်မြဲမှာပါ။

၂။ ပြောင်းလဲသွားပြီဆိုတာကို လက်ခံပါ။

အခင်ဆုံးသူငယ်ချင်းက ကလေးအမေဖြစ်သွားလို့မို့ မတွဲဖြစ်တော့ဘူး ဆိုတာမျိုး မလုပ်ပါနဲ့နော် ယောင်းရေ။ သူ့ဘဝနဲ့သူ ဆိုပေမဲ့ ကိုယ့်ရဲ့ အခင်ဆုံးသူငယ်ချင်း တစ်ယောက်ကိုတော့ အဆုံးရှုံး မခံလိုက်ပါနဲ့။ သူက အပြောင်းအလဲတစ်ခုထဲမှာ ကျင်လည်နေပြီဆိုရင် သူနဲ့တွေ့တဲ့အခါတိုင်း ကိုယ်လည်း ရေလိုက်ငါးလိုက်လေး နေသွားရင်၊ နားလည်ပေးလိုက်နိုင်ရင် ဒီသံယောဇဉ်တွေ မပျက်တော့ဘူးပေါ့..

Related Article >>> အရင်းနှီးဆုံး သူငယ်ချင်းရဲ့ သစ္စာဖောက်ခြင်း ခံရတဲ့အခါ ဘယ်လိုမျိုး တုံ့ပြန်မလဲ?

၃။ သူ့ဘက်ကနေ ဖြည့်တွေးပေးပါ။

တစ်ခါတလေ ဘယ်လောက်ပဲ သူငယ်ချင်းအပေါ်မှာ နားလည်တယ်ပြောပြော ကိုယ်စိတ်နဲ့ သဘောမတွေ့ချိန်မှာတော့ ငြိုငြင်ကြတာ ချည်းပါပဲ။ ကိုယ်က ချိန်းထားတယ် သူက အိမ်အလုပ်တွေနဲ့ မအားလို့ နောက်ကျနေတာမျိုးမှာ သူ့ကိုသွားပြီး ငြူစူနေမယ့်အစား သူ့အိမ်ကိုသွားပြီး အလုပ်တွေ မြန်မြန်ပြီးအောင် တစ်တပ်တစ်အား ဝိုင်းကူပေးတာမျိုးက သူ့အတွက်လည်း အထောက်အကူဖြစ်မှာပါ။ သူငယ်ချင်းက အိမ်မှုကိစ္စတွေနဲ့ အလုပ်တွေရှုပ်နေချိန် ကိုယ်က ကလေးဝင်ထိန်းပေးလိုက်တာမျိုးဆိုရင်တော့ ကိုယ်က ကယ်တင်ရှင်ကြီးပေါ့..

၄။ အတင်းကြီး ဖိအားမပေးပါနဲ့။

ကလေးအမေတစ်ယောက်ဖြစ်သွားပြီဆိုရင် အရင်တုန်းကလို သူငယ်ချင်းတွေနဲ့ လွတ်လွတ်လပ်လပ် ပျော်ပါးချိန်ဆိုတာ ရှားသွားပါပြီ။ ဒါကို လက်ခံထားမယ်ဆိုရင် သူက ငါတို့ကို ဦးစားမပေးဘူး ဘာညာ ဒေါသထွက်နေမယ့်အစား နားလည်မှု ပေးနိုင်သွားပြီပေါ့.. ဒါဆိုရင်တော့ စိတ်ကွက်တာ၊ ငြိုငြင်တာတွေ ဖြစ်လာတော့မှာ မဟုတ်ပါဘူး။

၅။ မိခင်ဖြစ်သွားပြီဆိုတော့ မိသားစုက ပိုအရေးကြီးတယ်ဆိုတာ နားလည်ပေးပါ။

ကိုယ်ခင်ရပါတယ်ဆိုတဲ့ bff ကြီးက သူ့ကလေးနဲ့မိသားစုအတွက်ပဲ အမြဲတမ်း အချိန်ပေးချင်တယ်ဆိုတာ ဖြစ်သင့်ပါတယ်။ ဒါပေမဲ့လေ.. ကလေးရသွားတော့ ငါ့ကို သူက အာရုံထဲတောင် ရှိတော့မှာ မဟုတ်ဘူးဆိုပြီး ကလေးနဲ့ အပြိုင် J ဝင်တာမျိုး ဖြစ်ဖူးလား? ကိုယ်တကယ် အိမ်ထောင်ကျသွားမှ married life (အိမ်ထောင်ရှင်ဘဝ) နဲ့ single life (တစ်ကိုယ်တည်းဘဝ) ရဲ့ ကွာဟချက်ကို ကိုယ်ချင်းစာနိုင်မှာလေနော်။ တကယ်လို့ ကိုယ့်ကို အရေးမပေးတာကို မကျေနပ်ဘူးဆိုလည်း သူ့ကို ပွင့်ပွင့်လင်းလင်း ပြောပြညှိနှိုင်းပြီး နည်းလမ်း ရှာသင့်ပါတယ်နော်…

Related Article >>> ဘယ်အရွယ်ရောက်ရောက် မိတ်ဆွေမရှားစေမယ့် နည်းလမ်းကောင်းများ

၆။ ရင်ဖွင့်ခံစားချက်တွေကို နားထောင် အကြံပေးပါ။

အိမ်ထောင်ကျသွားတဲ့ သူငယ်ချင်းမှာလည်း သူ့ခံစားချက် အလုံးစုံကို ရင်ဖွင့်ပြောပြလို့ရမယ့်  မိတ်ဆွေတစ်ယောက်တော့ လိုအပ်သေးတာပါပဲ။ တကယ်လို့ ကိုယ်က bff စစ်မှန်တယ်ဆိုရင်တော့ သူရင်ဖွင့်သမျှတွေကို သေချာနားထောင်ပြီး အကြံကောင်းတွေ ပေးလိုက်ရုံပါပဲ။

၇။ bff ရဲ့ကလေးကို ကိုယ့်ကလေးလို သဘောထားပါ။

ဘယ်သူမဆို ကိုယ့်ရင်သွေးကို ဂရုစိုက်ချစ်ပေးတဲ့သူကို ခင်မင်တာ ထုံးစံပါပဲ။ အဲဒီသူက BFF ဖြစ်နေခဲ့ရင် ပိုလို့တောင် ဝမ်းသာဦးမှာပါ။ ဒီတော့ ကိုယ့်သူငယ်ချင်းရဲ့ ကလေးအတွက် လက်ဆောင်ပစ္စည်းလေးတွေ ဝယ်ပေးပြီး ဂရုတစိုက် ရှိပေးတာက BFF ကို ချစ်တာနဲ့ တူတူပဲပေါ့ ယောင်းရေ။

ဒီအချက်လေးတွေကို သိထားရင်တော့ ကိုယ့်ရဲ့ BFF ကြီးနဲ့ အခင်အမင် ပျက်စရာ မလိုတော့ဘူးပေါ့…

With love

Ei Mon (For Her Myanmar)

References: Hello Giggles, Verilymag

No Comments Yet

Comments are closed