Friendship Relationship Tips

သူငယ္ခ်င္းအဆင့္ထက္ ပိုေနေၾကာင္း သိႏုိင္မယ့္ အခ်က္ (၁၀)ခ်က္

 

တိုက္ဆိုင္မႈေလးေတြမ်ား ရွိေနမလား…

>>> Zawgyi >>>

ေယာင္းတို႕မွာ အခင္ရဆံုး ေယာက်္ားေလးသူငယ္ခ်င္းရွိလား။ တစ္ခါတေလ သူက ကိုယ့္အေပၚ သာမန္မဟုတ္တဲ့ ဂရုစိုက္မႈေလးေတြေပးတယ္လို႔ေရာ ခံစားဖူးလား။ အို….ဒါကလည္း အခင္ဆံုးသူငယ္ခ်င္းဆုိေတာ့ ဒီေလာက္ေတာ့ရွိမွာေပါ့လို႕ ေျပာဦးမယ္မလား။

ေယာင္းတို႕ေရ …..ခင္မင္မႈနဲ႕ ခ်စ္ျခင္းေမတၱာဆိုတဲ့ ၾကားမွာ စည္းတစ္ခုကေတာ့ အၿမဲရွိပါတယ္။ အစပိုင္းမွာေတာ့ ရုပ္ရည္ရူပကာ ဆြဲေဆာင္မႈေတြေပၚ မူတည္လို႔ တစ္ဦးနဲ႕ တစ္ဦး အေပါင္းအသင္းျဖစ္သြားၾကေပမဲ့ ခင္မင္မႈ အတိုင္းအတာ တစ္ခုေရာက္ၿပီဆိုရင္ ရုပ္ရည္ လကၡဏာ ေတြကို သိပ္အေရးမထားေတာ့ပါဘူး။ အခ်စ္ဆိုတာကလည္း ရႈပ္ေထြးဆန္းၾကယ္တယ္ေလေနာ္။ ကိုယ့္ေဘးနားက ခင္ပါတယ္ဆိုတဲ့ ေယာက္်ားေလးသူငယ္ခ်င္းက ေယာင္းကို ခ်စ္ေနပါၿပီဆိုတဲ့ အရိပ္အျမြက္ျပလာတဲ့အခါ မသိလိုက္ မရွိရေလေအာင္ ဒီအခ်က္ေလးေတြ သိထားဖို႔ေတာ့ လိုမယ္ေနာ္…

၁။ ေယာင္းကို လက္ထပ္မယ့္အေၾကာင္း ဟာသလုပ္ေျပာမယ္

တစ္ေန႔ေန႔မွာငါတို႕လက္ထပ္ၾကမယ္လို႕ ေျပာလာရင္ ဒါကဟာသ မဟုတ္ပါဘူး ေယာင္းေရ…..သူ႕ရဲ႕စိတ္ရင္းအစစ္အမွန္ကို ဟာသ ေႏွာၿပီး ေျပာေနတာပါ။

၂။ ေယာင္းနားမွာရွိေနတိုင္း သူဟာ စိတ္လႈပ္ရွားေနမယ္

သူငယ္ခ်င္းစိတ္ပဲရွိတဲ့သူက ဒီလိုစိတ္လႈပ္ရွားစရာ အေၾကာင္း မရွိဘူးေလေနာ္။ သူက ေယာင္းအနားမွာ ရွိရင္ စိတ္လႈပ္ရွားၿပီး ကိုးရို႕ကားရားျဖစ္ေနတယ္ဆိုရင္ ဒါက သူငယ္ခ်င္းအဆင့္ထက္ ပိုေနတယ္ဆိုတာ ျပသတာပါပဲ။

Related article >>> အြန္လိုင္းေပၚက အခ်စ္ေတြအတြက္ သိ၊ ၾကား၊ မွတ္သား၊ သတိထားဖို႔ရာ…

၃။ မ်က္လံုးအၾကည့္

အၾကည့္ခ်င္းဆံု ရင္ခုန္တယ္ဆိုတာမ်ိဳးေပါ့။ တျခားသူစိမ္းေယာက်္ားေလးဆိုရင္ေတာ့ ဒီလိုစူးစိုက္ၾကည့္တာက ၾကက္သီး ေမြးညွင္းထစရာ ေကာင္းႏိုင္ေပမဲ့ သူနဲ႔က်ေတာ့ ဒီလိုစူးစိုက္ၾကည့္တာက မထူးဆန္းေတာ့သလို ျဖစ္ေနမယ္။ ဒါဆိုရင္ေတာ့ သူက ေယာင္းကို သူငယ္ခ်င္းအဆင့္ထက္ပိုေနပါျပီ။

၄။ အထိအေတြ႕ေတြက ေႏြးေထြးေနမယ္

သူငယ္ခ်င္းေတြ ၾကားထဲ တစ္ခုခုဆို ေယာင္ယမ္းလက္ဆြဲတာေတြဘာေတြက ရွိတတ္ေပမဲ့ ဒီအျပဳအမူေတြမွာ ခ်စ္စႏိုးေတြ၊ ေႏြးေထြးတဲ့ ခံစားမႈေလးေတြ ပါေနၿပီဆိုရင္ေတာ့ ဒါဟာ မရိုးသားေတာ့ပါဘူး။ သူငယ္ခ်င္းေတြၾကားထဲ ဒီလိုေႏြးေထြးရင္ခုန္ေစတဲ့ ခံစားခ်က္မ်ိဳး ဘယ္မွာ ရွိလို႔လဲေနာ္..

၅။ ခရီးတူတူသြားမယ္

သူငယ္ခ်င္းေတြ ခရီးသြားတာလည္း မဆန္းပါဘူး။ ဒါေပမဲ့ ခရီးသြားဖို႔ ရင္ခုန္ေနရင္၊ လိုတာထက္ ျပင္ဆင္ေနမယ္ဆိုရင္ေတာ့… ခရီးထြက္တဲ့အခါမွာလည္း ႏွစ္ေယာက္တူတူ ခရီးထြက္ရတာက သက္ေတာင့္သက္သာရွိသလို ေယာင္းရဲ႕ အမူအက်င့္ေလးေတြက သူနဲ႕အံဝင္ခြင္က်ျဖစ္ၿပီး သာမန္ထက္ ပိုၿပီး ေပ်ာ္ရႊင္ေနရၿပီဆိုရင္ ေယာင္းတို႔ၾကားထဲမွာ ခင္မင္မႈတစ္ခုတည္းမကေတာ့ပါဘူး။

Related Article >>> မိန္းကေလးေတြ ကိုယ့္ခ်စ္သူကို ထားသြားရတဲ့ အေၾကာင္းအရင္း (၅) ခ်က္

၆။ ေယာင္းေျပာသမွ် နားေထာင္ေပးမယ္

ေယာင္းေျပာသမွ်ကုိ စိတ္ဝင္တစား ဂရုတစိုက္နားေထာင္မယ္။ ေယာင္းရဲ႕ ခံစားခ်က္ဘယ္လိုရွိတယ္ ၊ တစ္ေန႕တာမွာ ဘာေတြလုပ္တယ္ အကုန္လံုးကို စပ္စပ္စုစုလိုက္ေမးတယ္ဆိုတာ ေယာင္းကိုခ်စ္ေနလို႔ပါ။

၇။ အၿမဲတမ္းရင္ဖြင့္လာမယ္။

သူ႕အေၾကာင္းကို ေယာင္းဆီ အၿမဲရင္ဖြင့္လာမယ္။ သူ႕ရဲ႕ အရႈပ္အရွင္းေတြ ၊ အားနည္းခ်က္ေတြကို တစ္စကၠန္႕ေလးေတာင္ ေတြေဝမေနဘဲ ေယာင္းဆီ ေျပာျပတာမ်ိဳးပါ။

၈။ ကတိတည္မယ္

ကိုယ္ခ်စ္ရတဲ့ လူေတြကို တန္ဖိုးထားေၾကာင္း ျပခ်င္တဲ့အခါ သူတို႔ကိုေပးတဲ့ ကတိေတြကို တည္ေလ့ရွိၾကတယ္။ သူကလည္း ေယာင္းကို ေပးထားတဲ့ ကတိဆိုရင္ အေသးအဖြဲေလးကအစ တည္တတ္တယ္ဆိုရင္ ေသခ်ာပါတယ္ ….ေယာင္းကိုသူခ်စ္ေနတာပါ။

၉။ ဒိတ္လုပ္ၾကမယ္

ဒိတ္လုပ္တယ္ဆိုတဲ့ ေခါင္းစဥ္မတပ္ဘဲ ႏွစ္ဦးသား အျပင္မွာ ေတြ႕ဆံုမႈေလးေတြလုပ္ဖို႕သူကလာလာေခၚမယ္။ ႏွစ္ေယာက္လံုးကေတာ့ ဒါကို ဝန္ခံခ်င္မွာ မဟုတ္ေပမဲ့ ဒီိလိုဆိုရင္ေတာ့ ေယာင္းကို သူက သူငယ္ခ်င္း အဆင့္ထက္ပို ခ်စ္ေနတာပါ။

၁၀။ ေယာင္းဆီက အၾကံဥာဏ္ေတာင္းမယ္

သူ႕အတြက္ဆိုရင္ ေယာင္းက အႀကံေပးဆရာမႀကီး ျဖစ္ခ်င္ျဖစ္ေနမယ္။ အျခားဘယ္သူ႕ကိုမွ မယံုၾကည္ရတဲ့ ပံုစံမ်ိဳး လုပ္ၿပီး အႀကံဉာဏ္မွန္သမွ် ေယာင္းဆီက လာေတာင္းတယ္ဆိုရင္ ေယာင္းကိုခ်စ္ေနတာပါ။

ေယာင္းတို႕ေရ…. အခ်စ္ဆိုတာ တစ္ခါတေလ အေဝးကိုပဲ ေမွ်ာ္ၾကည့္ေနစရာ မလိုပါဘူး။ ကိုယ့္ရဲ႕ အနီးတစ္ဝိုက္မွာလည္း အခ်စ္ရွိေနႏိုင္တယ္ေလေနာ္။ အခ်စ္ရဲ႕ အနီးတစ္ဝိုက္မွာ အခ်စ္မိုးေတြ ရြာသြန္းေပးဖို႕ဆိုတာ ဒီအခ်က္ေလးေတြသိထားမွ ျမင္ႏိုင္မွာပါ။

References : shortbrains , lovearts

Ei Mon

>> Unicode >>> 

တိုက်ဆိုင်မှုလေးတွေများ ရှိနေမလား… 

ယောင်းတို့မှာ အခင်ရဆုံး ယောကျ်ားလေးသူငယ်ချင်းရှိလား။ တစ်ခါတလေ သူက ကိုယ့်အပေါ် သာမန်မဟုတ်တဲ့ ဂရုစိုက်မှုလေးတွေပေးတယ်လို့ရော ခံစားဖူးလား။ အို….ဒါကလည်း အခင်ဆုံးသူငယ်ချင်းဆိုတော့ ဒီလောက်တော့ရှိမှာပေါ့လို့ ပြောဦးမယ်မလား။

ယောင်းတို့ရေ …..ခင်မင်မှုနဲ့ ချစ်ခြင်းမေတ္တာဆိုတဲ့ ကြားမှာ စည်းတစ်ခုကတော့ အမြဲရှိပါတယ်။ အစပိုင်းမှာတော့ ရုပ်ရည်ရူပကာ ဆွဲဆောင်မှုတွေပေါ် မူတည်လို့ တစ်ဦးနဲ့ တစ်ဦး အပေါင်းအသင်းဖြစ်သွားကြပေမဲ့ ခင်မင်မှု အတိုင်းအတာ တစ်ခုရောက်ပြီဆိုရင် ရုပ်ရည် လက္ခဏာ တွေကို သိပ်အရေးမထားတော့ပါဘူး။ အချစ်ဆိုတာကလည်း ရှုပ်ထွေးဆန်းကြယ်တယ်လေနော်။ ကိုယ့်ဘေးနားက ခင်ပါတယ်ဆိုတဲ့ ယောက်ျားလေးသူငယ်ချင်းက ယောင်းကို ချစ်နေပါပြီဆိုတဲ့ အရိပ်အမြွက်ပြလာတဲ့အခါ မသိလိုက် မရှိရလေအောင် ဒီအချက်လေးတွေ သိထားဖို့တော့ လိုမယ်နော်…

၁။ ယောင်းကို လက်ထပ်မယ့်အကြောင်း ဟာသလုပ်ပြောမယ်

တစ်နေ့နေ့မှာငါတို့လက်ထပ်ကြမယ်လို့ ပြောလာရင် ဒါကဟာသ မဟုတ်ပါဘူး ယောင်းရေ…..သူ့ရဲ့စိတ်ရင်းအစစ်အမှန်ကို ဟာသ နှောပြီး ပြောနေတာပါ။

၂။ ယောင်းနားမှာရှိနေတိုင်း သူဟာ စိတ်လှုပ်ရှားနေမယ်

သူငယ်ချင်းစိတ်ပဲရှိတဲ့သူက ဒီလိုစိတ်လှုပ်ရှားစရာ အကြောင်း မရှိဘူးလေနော်။ သူက ယောင်းအနားမှာ ရှိရင် စိတ်လှုပ်ရှားပြီး ကိုးရို့ကားရားဖြစ်နေတယ်ဆိုရင် ဒါက သူငယ်ချင်းအဆင့်ထက် ပိုနေတယ်ဆိုတာ ပြသတာပါပဲ။

Related article >>> အွန်လိုင်းပေါ်က အချစ်တွေအတွက် သိ၊ ကြား၊ မှတ်သား၊ သတိထားဖို့ရာ…

၃။ မျက်လုံးအကြည့်

အကြည့်ချင်းဆုံ ရင်ခုန်တယ်ဆိုတာမျိုးပေါ့။ တခြားသူစိမ်းယောကျ်ားလေးဆိုရင်တော့ ဒီလိုစူးစိုက်ကြည့်တာက ကြက်သီး မွေးညှင်းထစရာ ကောင်းနိုင်ပေမဲ့ သူနဲ့ကျတော့ ဒီလိုစူးစိုက်ကြည့်တာက မထူးဆန်းတော့သလို ဖြစ်နေမယ်။ ဒါဆိုရင်တော့ သူက ယောင်းကို သူငယ်ချင်းအဆင့်ထက်ပိုနေပါပြီ။

၄။ အထိအတွေ့တွေက နွေးထွေးနေမယ်

သူငယ်ချင်းတွေ ကြားထဲ တစ်ခုခုဆို ယောင်ယမ်းလက်ဆွဲတာတွေဘာတွေက ရှိတတ်ပေမဲ့ ဒီအပြုအမူတွေမှာ ချစ်စနိုးတွေ၊ နွေးထွေးတဲ့ ခံစားမှုလေးတွေ ပါနေပြီဆိုရင်တော့ ဒါဟာ မရိုးသားတော့ပါဘူး။ သူငယ်ချင်းတွေကြားထဲ ဒီလိုနွေးထွေးရင်ခုန်စေတဲ့ ခံစားချက်မျိုး ဘယ်မှာ ရှိလို့လဲနော်..

၅။ ခရီးတူတူသွားမယ်

သူငယ်ချင်းတွေ ခရီးသွားတာလည်း မဆန်းပါဘူး။ ဒါပေမဲ့ ခရီးသွားဖို့ ရင်ခုန်နေရင်၊ လိုတာထက် ပြင်ဆင်နေမယ်ဆိုရင်တော့… ခရီးထွက်တဲ့အခါမှာလည်း နှစ်ယောက်တူတူ ခရီးထွက်ရတာက သက်တောင့်သက်သာရှိသလို ယောင်းရဲ့ အမူအကျင့်လေးတွေက သူနဲ့အံဝင်ခွင်ကျဖြစ်ပြီး သာမန်ထက် ပိုပြီး ပျော်ရွှင်နေရပြီဆိုရင် ယောင်းတို့ကြားထဲမှာ ခင်မင်မှုတစ်ခုတည်းမကတော့ပါဘူး။

Related Article >>> မိန်းကလေးတွေ ကိုယ့်ချစ်သူကို ထားသွားရတဲ့ အကြောင်းအရင်း (၅) ချက်

၆။ ယောင်းပြောသမျှ နားထောင်ပေးမယ်

ယောင်းပြောသမျှကို စိတ်ဝင်တစား ဂရုတစိုက်နားထောင်မယ်။ ယောင်းရဲ့ ခံစားချက်ဘယ်လိုရှိတယ် ၊ တစ်နေ့တာမှာ ဘာတွေလုပ်တယ် အကုန်လုံးကို စပ်စပ်စုစုလိုက်မေးတယ်ဆိုတာ ယောင်းကိုချစ်နေလို့ပါ။

၇။ အမြဲတမ်းရင်ဖွင့်လာမယ်။

သူ့အကြောင်းကို ယောင်းဆီ အမြဲရင်ဖွင့်လာမယ်။ သူ့ရဲ့ အရှုပ်အရှင်းတွေ ၊ အားနည်းချက်တွေကို တစ်စက္ကန့်လေးတောင် တွေဝေမနေဘဲ ယောင်းဆီ ပြောပြတာမျိုးပါ။

၈။ ကတိတည်မယ်

ကိုယ်ချစ်ရတဲ့ လူတွေကို တန်ဖိုးထားကြောင်း ပြချင်တဲ့အခါ သူတို့ကိုပေးတဲ့ ကတိတွေကို တည်လေ့ရှိကြတယ်။ သူကလည်း ယောင်းကို ပေးထားတဲ့ ကတိဆိုရင် အသေးအဖွဲလေးကအစ တည်တတ်တယ်ဆိုရင် သေချာပါတယ် ….ယောင်းကိုသူချစ်နေတာပါ။

၉။ ဒိတ်လုပ်ကြမယ်

ဒိတ်လုပ်တယ်ဆိုတဲ့ ခေါင်းစဉ်မတပ်ဘဲ နှစ်ဦးသား အပြင်မှာ တွေ့ဆုံမှုလေးတွေလုပ်ဖို့သူကလာလာခေါ်မယ်။ နှစ်ယောက်လုံးကတော့ ဒါကို ဝန်ခံချင်မှာ မဟုတ်ပေမဲ့ ဒီလိုဆိုရင်တော့ ယောင်းကို သူက သူငယ်ချင်း အဆင့်ထက်ပို ချစ်နေတာပါ။

၁၀။ ယောင်းဆီက အကြံဉာဏ်တောင်းမယ်

သူ့အတွက်ဆိုရင် ယောင်းက အကြံပေးဆရာမကြီး ဖြစ်ချင်ဖြစ်နေမယ်။ အခြားဘယ်သူ့ကိုမှ မယုံကြည်ရတဲ့ ပုံစံမျိုး လုပ်ပြီး အကြံဉာဏ်မှန်သမျှ ယောင်းဆီက လာတောင်းတယ်ဆိုရင် ယောင်းကိုချစ်နေတာပါ။

ယောင်းတို့ရေ…. အချစ်ဆိုတာ တစ်ခါတလေ အဝေးကိုပဲ မျှော်ကြည့်နေစရာ မလိုပါဘူး။ ကိုယ့်ရဲ့ အနီးတစ်ဝိုက်မှာလည်း အချစ်ရှိနေနိုင်တယ်လေနော်။ အချစ်ရဲ့ အနီးတစ်ဝိုက်မှာ အချစ်မိုးတွေ ရွာသွန်းပေးဖို့ဆိုတာ ဒီအချက်လေးတွေသိထားမှ မြင်နိုင်မှာပါ။

References : shortbrains , lovearts

Ei Mon

 

Ei Mon
Ei Mon
For Her Myanmar ရဲ႕တက္သစ္စ ေဆာင္းပါးရွင္ အိမြန္ျဖစ္ပါတယ္။ စာေရးရတာ ဝါသနာ ပါပါတယ္။ ေဆာင္းပါးေတြကတစ္ဆင့္ စိတ္ကူးေလးေတြကို ေယာင္းတို႕ရဲ႕ ရင္ထဲအေရာက္ ပို႕ေပးခ်င္ပါတယ္။ အထူးအားသာတာကေတာ့ အႏုပညာရွင္သတင္းေတြပဲ ျဖစ္ပါတယ္။ အိမြန္ရဲ႕ လက္ရာေဆာင္းပါးေတြကို အားေပးမယ္မွတ္လား…….

Leave a Reply

Your email address will not be published. Required fields are marked *