ခ်စ္သူေတြၾကားမွာ ဝင္႐ႈပ္တတ္တဲ့ သူငယ္ခ်ငး္မ်ား

ဒီလို သူငယ္ခ်င္းေတြေၾကာင့္ ကိုယ့္အခ်စ္ေရး အဆင္မေျပ ျဖစ္ေနရၿပီလား

သူငယ္ခ်င္းဆုိတာေတာ့ အရာရာ ဆိုးတုိင္ပင္၊ ေကာင္းတုိင္ပင္ေပ့ါ။ ကိုယ့္မိဘ၊ ကိုယ့္ခ်စ္သူေတြ မသိတဲ့ ကိုယ့္အေၾကာင္းေတြေတာင္ သူတို႔က သိေနတတ္တယ္ေလ။ အိမ္ နဲ႔ အဆင္မေျပရင္ ဒါမွမဟုတ္ ခ်စ္သူ နဲ႔ အဆင္မေျပရင္လည္း သူ႔ကိုပဲ ရင္ဖြင့္ရတာမလား။

ဒါေပမဲ့ သူတုိ႔ဟာ ကိုယ့္ရဲ႕ ခ်စ္ျခင္းမွာ ဝင္ေရာက္ စြက္ဖက္ဖို႔ အခြင့္အေရးမ႐ွိတာေတာ့ အမွန္တရားပါ။ ဘယ္ေလာက္ပဲ ခင္ခင္ ဘယ္ေလာက္ပဲ ကိုယ့္အေပၚ ေကာင္းေကာင္း သူငယ္ခ်င္းေတြက ကိုယ့္အခ်စ္ေရးကို ေဘးကေန အႀကံဉာဏ္ေပးဖုိ႔ အားေပးႏွစ္သိမ့္ဖုိ႔ကလြဲရင္ စြက္ဖက္ခြင့္ေတာ့ မ႐ွိဘူးေပါ့ေနာ္။

ဒါေပမဲ့ ကိုယ့္အခ်စ္ေရးမွာ ဝင္စြက္တတ္တဲ့ မိတ္ေဆြဆိုတာက ကိုယ့္ဘက္မွာေရာ၊ ကိုယ့္ခ်စ္သူဘက္မွာေရာ ႐ွိတတ္၊ ႀကံဳရတတ္ပါတယ္။ ဘယ္လုိေတြလဲဆိုေတာ့ …

Related Article >>> ကိုယ့္ခ်စ္သူကို အခ်စ္ဆံုးသူငယ္ခ်င္းက မုနး္တီးေနရင္ ဘာလုပ္သင့္လဲ?

၁။ ကိုယ္ေတြၾကားကို အတင္းဝင္ပါတာ

တစ္ခါတေလ သူငယ္ခ်င္းေဘးမွာ ႐ွိတုန္း ခ်စ္သူနဲ႔ (messenger မွာပဲျဖစ္ျဖစ္) စကားမ်ားေနၿပီဆုိပါစို႔။ သူငယ္ခ်င္းက ေဘးကေန ဟိုလိုေျပာလုိက္ေလ၊ ဒီလုိေျပာလုိက္ေလ နဲ႔ အတင္းဝင္ပါေနတာမ်ိဳးကလည္း ႐ွိတတ္ပါတယ္။ တစ္ခါတစ္ေလ ခ်စ္သူ နဲ႔ ကိုယ္ၾကားမွာ ျဖစ္တဲ့ ျပႆနာက ဘာမွမဟုတ္ေပမဲ့ ၾကားထဲက သူငယ္ခ်င္းေတြ ဝင္ပါလုိက္လုိ႔ ေသးေသးေလးကေန အႀကီးႀကီးျဖစ္သြားပါေရာလား…

ကိုယ္နဲ႔ ဘယ္ေလာက္ခင္ခင္ ကိုယ့္အခ်စ္ေရးကိုေတာ့ မစြက္ဖက္သင့္ဘူး

၂။ ကိုယ့္ခ်စ္သူ ရဲ႕ အားနည္းခ်က္ေတြကို ေဝဖန္တာ

ကိုယ္က ခ်စ္လုိ႔ ေရြးခ်ယ္ထားေပမဲ့ ခ်စ္သူမွာလည္း အားနည္းခ်က္ဆုိတာ႐ွိမွာပဲေလ။ ဒါကို သူငယ္ခ်င္းက အၿမဲလုိလို အျပစ္တင္ေဝဖန္ေနတဲ့အခါ စိတ္႐ႈပ္ရတာေပါ့ေနာ္။ တကယ္ေတာ့ ကိုယ့္ခ်စ္သူကို ေျခာက္ျပစ္ကငး္ သဲလဲစင္ျဖစ္ေစခ်င္တာေတာ့ လူတိုင္းပါပဲ။ ဒါေပမဲ့ တကယ့္တကယ္ ေရြးခ်ယ္တဲ့အခါ ကိုယ္နဲ႔ အဆင္အေျပဆံုးသူကို ေရြးခ်ယ္ရတာ ပံုမွန္ပဲေလ…

ဒါကိုမွ သူငယ္ခ်င္းက နင့္ခ်စ္သူက ပိန္လုိက္တာ၊ ဝလိုက္တာ၊ ႐ွည္လိုက္တာ၊ ပုလုိက္တာ ဆုိတာမ်ိဳး၊ နင့္ခ်စ္သူက အလုပ္မ႐ွိဘူးတုိ႔ ပိုက္ဆံကလည္း အၿမဲျပတ္ေနတာပဲတို႔ ဒါမ်ိဳးေတြ အဆတ္မျပတ္ ေဝဖန္လာတဲ့အခါ စိတ္အေႏွာင့္အယွက္ ျဖစ္ရပါတယ္။ သစ္ငုတ္ေတြေတာင္ ႏွဲ႕ပါမ်ားရင္ နဲ႔လာေသးတာပဲ မဟုတ္လား… ဒီလိုမ်ိဳး ကိုယ္ကလည္း စိတ္ေတြ ယိုင္လာတဲ့အခါ အဆင္မေျပမႈေတြ ျဖစ္လာပါေတာ့တယ္။ ဆိုလိုတာက ကိုယ့္ဘက္က ဘာမွမဟုတ္ဘူူးလုိ႔ ထင္ထားတဲ့ ကိုယ့္ခ်စ္သူရဲ႕ အားနည္းခ်က္ေတြကို သူငယ္ခ်င္းေၾကာင့္ ကိုယ့္စိတ္ထဲမွာ ကိစၥအႀကီးႀကီးလို႔ ထင္ျမင္လာၿပီး ကိုယ့္ခ်စ္သူကို စိတ္ပ်က္လာမိတာမ်ိဳးေပါ့။

၃။ ခ်စ္သူနဲ႔ ကိုယ္နဲ႔ ၾကားက ဆက္ဆံေရးကို ေဝဖန္တာ

ခ်စ္သူေတြၾကားမွာ ၾကည္ႏူးစရာေကာင္းတဲ့ အေလ့အက်င့္ေလးေတြ ႐ွိတတ္ၾကပါတယ္။ ဥပမာ – အျပင္သြားမယ္ဆုိရင္ ခ်စ္သူကို အသိေပးၿပီးမွ သြားတာမ်ိဳး၊ ဆို႐ွယ္မီဒီယာေပၚမွာ ပံုေတြတင္မယ္ဆုိရင္ ခ်စ္သူ ခြင့္ျပဳမွတင္တာမ်ိဳး အစ႐ွိသျဖင့္ေပါ့ေလ။ အျပင္လူေတြအတြက္ သည္းတယ္၊ ကဲတယ္ ထင္စရာ႐ွိေပမဲ့ ခ်စ္သူေတြၾကားမွာေတာ့ ၾကည္ႏူးစရာေပါ့။

Related Article >>> ေမတၱာတံုးစရာေကာင္းေသာ သူငယ္ခ်င္း(၇)မ်ိဳး

ဒါေတြကို အေပါင္းအသင္းေတြက ေဝဖန္လာတဲ့အခါ ခ်စ္သူေတြၾကားက ၾကည္ႏူးစရာေလး ပ်က္စီးရေတာ့တာပါပဲ။ ဆိုပါစို႔ ေဘာ္ဒါေတြ နဲ႔ အျပင္သြားရာကေန Club သြားဖုိ႔ျဖစ္သြားတယ္ေပါ့။ အဲဒီမွာ ကိုယ္က ငါ့ခ်စ္သူကို ခြင့္ေတာင္းလုိက္ဦးမယ္ လို႔ေျပာတဲ့အခါ “အမေလး အျဖစ္သည္းလုိက္တာ ေျပာမေနနဲ႔ နင္က သူ႔ကိုအခုတည္းက ေၾကာက္ေနရၿပီလား” ဆုိၿပီး ဇြတ္အတင္းအသိေပးမခံဘဲ ထားတာမ်ိဳးေပါ့။

ကိုယ့္ခ်စ္သူဘက္က ၾကည့္ေတာ့လည္း အရင္က ဒါမ်ိဳးဆို သူ႔ကို အသိေပးေနက်မွာ အခုလုိ မေျပာမဆိုဘဲသြားတာ သိလုိက္ရရင္ အံ့ၾသေဒါသထြက္မွာပဲ။ အဲဒီမွာ ရန္ေတြျဖစ္ၾကေလသတည္းေပါ့။ တျခား ဒါမ်ိဳးကိစၥေတြလည္း အမ်ားႀကီး ရွိႏိုင္တာပါပဲ။

၄။ ရည္းစားရွိတာ သိသိလ်က္နဲ႔ ေအာင္သြယ္လုပ္ေပးတာ။

ကိုယ့္မွာ ရည္းစားရွိမွန္းလည္း သိတယ္။ အဲဒီရည္းစားနဲ႔လည္း သူတို႔နဲ႔ ရင္းႏွီးတယ္ေပါ့ေနာ္.. တစ္ခါတေလ ကိုယ့္ရညး္စားမပါဘဲ တျခားအုပ္စုေတြနဲ႔ အျပင္သြားျဖစ္တဲ့အခါ အဲဒီအုပ္စုထဲက တစ္ေယာက္နဲ႔ အတင္းေအာင္သြယ္လုပ္ၿပီး စတာမ်ိဳးေပါ့… ကိုယ့္ရည္းစားသိသြားေတာ့ ရန္ျဖစ္ရေရာေလ.. အခန္႔မသင့္ရင္ ႏွစ္ေယာက္ၾကားက သံေယာဇဥ္နဲ႔ ယံုၾကည္မႈေတြေတာင္ ပ်က္စီးသြားတတ္ပါတယ္။ လံုးဝ မလုပ္သင့္ေပမဲ့ ဒါမ်ိဳးကိုမွ ဝါသနာႀကီးစြာနဲ႔ လုပ္တဲ့သူငယ္ခ်င္း အေပါင္းအသင္းေတြ ရွိတယ္ေနာ္.. မယံုမရွိနဲ႔…

ၿပီးေတာ့ ထပ္ျဖစ္တတ္တာက ကိုယ္နဲ႔ ကုိယ့္ရည္းစားက ခဏတာ စိတ္ေကာက္ ရန္ျဖစ္ၾကရင္း သူတို႔ကို ရင္ဖြင့္မိတဲ့အခါမွာ “ဟဲ့.. အဲ့ေလာက္ေတာင္ ျဖစ္ေနတာ နင္ ရြဲ႕ၿပီး ဟိုတစ္ေယာက္နဲ႔ တြဲၾကည့္ပါလား၊ ဒီတစ္ေယာက္နဲ႔ တြဲၾကည့္ပါလား” စသျဖင့္ အတင္းေတြ ေျမွာက္ေပးတတ္တာမ်ိဳးေပါ့.. ကိုယ္သာ နားေယာင္ၾကည့္ပါလား.. သြားၿပီပဲ..

အဲ့လိုေတြေပါ့ေနာ္… ဒီလို ဝင္စြက္ဖက္တတ္တဲ့ သူငယ္ခ်င္းဆုိတာ ကိုယ့္ဘက္ကလည္း ႐ွိခ်င္႐ွိမယ္၊ သူ႔ဘက္မွာလည္း ႐ွိခ်င္႐ွိမယ္ ၊ ႏွစ္ဘက္စလံုးမွာလည္း ႐ွိခ်င္႐ွိမယ္ေပါ့။ သူတုိ႔ ဝင္စြက္ဖက္တာကို လက္ခံလား၊ လက္မခံဘူးလားဆုိတာက ကိုယ္က ဘယ္ေလာက္ အကန္႔ခြဲထားႏုိင္လဲ၊ ျပတ္သားႏိုင္လဲ ဆုိတဲ့ အေပၚမွာပဲ မူတည္ပါတယ္။ ကိုယ္သာေပ်ာ့ညံ့ေနမယ္ဆိုရင္ေတာ့ တကယ္ခ်စ္ၾကသူေတြ သူငယ္ခ်င္းေတြရဲ႕ မလိုအပ္ဘဲ စြက္ဖက္မႈေတြေၾကာင့္ ျပတ္စဲသြားတာအထိျဖစ္လာႏိုင္တာေပါ့ေနာ္။

တကယ္ေတာ့ သူငယ္ခ်င္းေတြထဲမွာ ဒီလို အေႏွာင့္ေတြ ရွိသလို တကယ့္တကယ္ ေစတနာနဲ႔ အႀကံဉာဏ္ေကာင္းေပးတတ္တဲ့သူေတြလည္း ရွိပါတယ္ေနာ္… ေယာင္းေယာင္းတို႔လည္း ကိုယ့္အေပၚ တကယ္ေကာင္းတဲ့ သူငယ္ဂ်င္း မဟုတ္တဲ့ သူငယ္ခ်င္းစစ္ေတြကို ပိုင္ဆိုင္ႏိုင္ၾကပါေစလို႔…

Sugar Cane (For Her Myanmar)

<<< Unicode >>>

ဒီလို သူငယ်ချင်းတွေကြောင့် ကိုယ့်အချစ်ရေး အဆင်မပြေ ဖြစ်နေရပြီလား

သူငယ်ချင်းဆိုတာတော့ အရာရာ ဆိုးတိုင်ပင်၊ ကောင်းတိုင်ပင်ပေ့ါ။ ကိုယ့်မိဘ၊ ကိုယ့်ချစ်သူတွေ မသိတဲ့ ကိုယ့်အကြောင်းတွေတောင် သူတို့က သိနေတတ်တယ်လေ။ အိမ် နဲ့ အဆင်မပြေရင် ဒါမှမဟုတ် ချစ်သူ နဲ့ အဆင်မပြေရင်လည်း သူ့ကိုပဲ ရင်ဖွင့်ရတာမလား။

ဒါပေမဲ့ သူတို့ဟာ ကိုယ့်ရဲ့ ချစ်ခြင်းမှာ ဝင်ရောက် စွက်ဖက်ဖို့ အခွင့်အရေးမရှိတာတော့ အမှန်တရားပါ။ ဘယ်လောက်ပဲ ခင်ခင် ဘယ်လောက်ပဲ ကိုယ့်အပေါ် ကောင်းကောင်း သူငယ်ချင်းတွေက ကိုယ့်အချစ်ရေးကို ဘေးကနေ အကြံဉာဏ်ပေးဖို့ အားပေးနှစ်သိမ့်ဖို့ကလွဲရင် စွက်ဖက်ခွင့်တော့ မရှိဘူးပေါ့နော်။

ဒါပေမဲ့ ကိုယ့်အချစ်ရေးမှာ ဝင်စွက်တတ်တဲ့ မိတ်ဆွေဆိုတာက ကိုယ့်ဘက်မှာရော၊ ကိုယ့်ချစ်သူဘက်မှာရော ရှိတတ်၊ ကြုံရတတ်ပါတယ်။ ဘယ်လိုတွေလဲဆိုတော့ …

Related Article >>> ကိုယ့်ချစ်သူကို အချစ်ဆုံးသူငယ်ချင်းက မုန်းတီးနေရင် ဘာလုပ်သင့်လဲ?

၁။ ကိုယ်တွေကြားကို အတင်းဝင်ပါတာ

တစ်ခါတလေ သူငယ်ချင်းဘေးမှာ ရှိတုန်း ချစ်သူနဲ့ (messenger မှာပဲဖြစ်ဖြစ်) စကားများနေပြီဆိုပါစို့။ သူငယ်ချင်းက ဘေးကနေ ဟိုလိုပြောလိုက်လေ၊ ဒီလိုပြောလိုက်လေ နဲ့ အတင်းဝင်ပါနေတာမျိုးကလည်း ရှိတတ်ပါတယ်။ တစ်ခါတစ်လေ ချစ်သူ နဲ့ ကိုယ်ကြားမှာ ဖြစ်တဲ့ ပြဿနာက ဘာမှမဟုတ်ပေမဲ့ ကြားထဲက သူငယ်ချင်းတွေ ဝင်ပါလိုက်လို့ သေးသေးလေးကနေ အကြီးကြီးဖြစ်သွားပါရောလား…

၂။ ကိုယ့်ချစ်သူ ရဲ့ အားနည်းချက်တွေကို ဝေဖန်တာ

ကိုယ်က ချစ်လို့ ရွေးချယ်ထားပေမဲ့ ချစ်သူမှာလည်း အားနည်းချက်ဆိုတာရှိမှာပဲလေ။ ဒါကို သူငယ်ချင်းက အမြဲလိုလို အပြစ်တင်ဝေဖန်နေတဲ့အခါ စိတ်ရှုပ်ရတာပေါ့နော်။ တကယ်တော့ ကိုယ့်ချစ်သူကို ခြောက်ပြစ်ကင်း သဲလဲစင်ဖြစ်စေချင်တာတော့ လူတိုင်းပါပဲ။ ဒါပေမဲ့ တကယ့်တကယ် ရွေးချယ်တဲ့အခါ ကိုယ်နဲ့ အဆင်အပြေဆုံးသူကို ရွေးချယ်ရတာ ပုံမှန်ပဲလေ…

ဒါကိုမှ သူငယ်ချင်းက နင့်ချစ်သူက ပိန်လိုက်တာ၊ ဝလိုက်တာ၊ ရှည်လိုက်တာ၊ ပုလိုက်တာ ဆိုတာမျိုး၊ နင့်ချစ်သူက အလုပ်မရှိဘူးတို့ ပိုက်ဆံကလည်း အမြဲပြတ်နေတာပဲတို့ ဒါမျိုးတွေ အဆတ်မပြတ် ဝေဖန်လာတဲ့အခါ စိတ်အနှောင့်အယှက် ဖြစ်ရပါတယ်။ သစ်ငုတ်တွေတောင် နှဲ့ပါများရင် နဲ့လာသေးတာပဲ မဟုတ်လား… ဒီလိုမျိုး ကိုယ်ကလည်း စိတ်တွေ ယိုင်လာတဲ့အခါ အဆင်မပြေမှုတွေ ဖြစ်လာပါတော့တယ်။ ဆိုလိုတာက ကိုယ့်ဘက်က ဘာမှမဟုတ်ဘူူးလို့ ထင်ထားတဲ့ ကိုယ့်ချစ်သူရဲ့ အားနည်းချက်တွေကို သူငယ်ချင်းကြောင့် ကိုယ့်စိတ်ထဲမှာ ကိစ္စအကြီးကြီးလို့ ထင်မြင်လာပြီး ကိုယ့်ချစ်သူကို စိတ်ပျက်လာမိတာမျိုးပေါ့။

၃။ ချစ်သူနဲ့ ကိုယ်နဲ့ ကြားက ဆက်ဆံရေးကို ဝေဖန်တာ

ချစ်သူတွေကြားမှာ ကြည်နူးစရာကောင်းတဲ့ အလေ့အကျင့်လေးတွေ ရှိတတ်ကြပါတယ်။ ဥပမာ – အပြင်သွားမယ်ဆိုရင် ချစ်သူကို အသိပေးပြီးမှ သွားတာမျိုး၊ ဆိုရှယ်မီဒီယာပေါ်မှာ ပုံတွေတင်မယ်ဆိုရင် ချစ်သူ ခွင့်ပြုမှတင်တာမျိုး အစရှိသဖြင့်ပေါ့လေ။ အပြင်လူတွေအတွက် သည်းတယ်၊ ကဲတယ် ထင်စရာရှိပေမဲ့ ချစ်သူတွေကြားမှာတော့ ကြည်နူးစရာပေါ့။

Related Article >>> မေတ္တာတုံးစရာကောင်းသော သူငယ်ချင်း(၇)မျိုး

ဒါတွေကို အပေါင်းအသင်းတွေက ဝေဖန်လာတဲ့အခါ ချစ်သူတွေကြားက ကြည်နူးစရာလေး ပျက်စီးရတော့တာပါပဲ။ ဆိုပါစို့ ဘော်ဒါတွေ နဲ့ အပြင်သွားရာကနေ Club သွားဖို့ဖြစ်သွားတယ်ပေါ့။ အဲဒီမှာ ကိုယ်က ငါ့ချစ်သူကို ခွင့်တောင်းလိုက်ဦးမယ် လို့ပြောတဲ့အခါ “အမလေး အဖြစ်သည်းလိုက်တာ ပြောမနေနဲ့ နင်က သူ့ကိုအခုတည်းက ကြောက်နေရပြီလား” ဆိုပြီး ဇွတ်အတင်းအသိပေးမခံဘဲ ထားတာမျိုးပေါ့။

ကိုယ့်ချစ်သူဘက်က ကြည့်တော့လည်း အရင်က ဒါမျိုးဆို သူ့ကို အသိပေးနေကျမှာ အခုလို မပြောမဆိုဘဲသွားတာ သိလိုက်ရရင် အံ့သြဒေါသထွက်မှာပဲ။ အဲဒီမှာ ရန်တွေဖြစ်ကြလေသတည်းပေါ့။ တခြား ဒါမျိုးကိစ္စတွေလည်း အများကြီး ရှိနိုင်တာပါပဲ။

၄။ ရည်းစားရှိတာ သိသိလျက်နဲ့ အောင်သွယ်လုပ်ပေးတာ။

ကိုယ့်မှာ ရည်းစားရှိမှန်းလည်း သိတယ်။ အဲဒီရည်းစားနဲ့လည်း သူတို့နဲ့ ရင်းနှီးတယ်ပေါ့နော်.. တစ်ခါတလေ ကိုယ့်ရည်းစားမပါဘဲ တခြားအုပ်စုတွေနဲ့ အပြင်သွားဖြစ်တဲ့အခါ အဲဒီအုပ်စုထဲက တစ်ယောက်နဲ့ အတင်းအောင်သွယ်လုပ်ပြီး စတာမျိုးပေါ့… ကိုယ့်ရည်းစားသိသွားတော့ ရန်ဖြစ်ရရောလေ.. အခန့်မသင့်ရင် နှစ်ယောက်ကြားက သံယောဇဉ်နဲ့ ယုံကြည်မှုတွေတောင် ပျက်စီးသွားတတ်ပါတယ်။ လုံးဝ မလုပ်သင့်ပေမဲ့ ဒါမျိုးကိုမှ ဝါသနာကြီးစွာနဲ့ လုပ်တဲ့သူငယ်ချင်း အပေါင်းအသင်းတွေ ရှိတယ်နော်.. မယုံမရှိနဲ့…

ပြီးတော့ ထပ်ဖြစ်တတ်တာက ကိုယ်နဲ့ ကိုယ့်ရည်းစားက ခဏတာ စိတ်ကောက် ရန်ဖြစ်ကြရင်း သူတို့ကို ရင်ဖွင့်မိတဲ့အခါမှာ “ဟဲ့.. အဲ့လောက်တောင် ဖြစ်နေတာ နင် ရွဲ့ပြီး ဟိုတစ်ယောက်နဲ့ တွဲကြည့်ပါလား၊ ဒီတစ်ယောက်နဲ့ တွဲကြည့်ပါလား” စသဖြင့် အတင်းတွေ မြှောက်ပေးတတ်တာမျိုးပေါ့.. ကိုယ်သာ နားယောင်ကြည့်ပါလား.. သွားပြီပဲ..

အဲ့လိုတွေပေါ့နော်… ဒီလို ဝင်စွက်ဖက်တတ်တဲ့ သူငယ်ချင်းဆိုတာ ကိုယ့်ဘက်ကလည်း ရှိချင်ရှိမယ်၊ သူ့ဘက်မှာလည်း ရှိချင်ရှိမယ် ၊ နှစ်ဘက်စလုံးမှာလည်း ရှိချင်ရှိမယ်ပေါ့။ သူတို့ ဝင်စွက်ဖက်တာကို လက်ခံလား၊ လက်မခံဘူးလားဆိုတာက ကိုယ်က ဘယ်လောက် အကန့်ခွဲထားနိုင်လဲ၊ ပြတ်သားနိုင်လဲ ဆိုတဲ့ အပေါ်မှာပဲ မူတည်ပါတယ်။ ကိုယ်သာပျော့ညံ့နေမယ်ဆိုရင်တော့ တကယ်ချစ်ကြသူတွေ သူငယ်ချင်းတွေရဲ့ မလိုအပ်ဘဲ စွက်ဖက်မှုတွေကြောင့် ပြတ်စဲသွားတာအထိဖြစ်လာနိုင်တာပေါ့နော်။

တကယ်တော့ သူငယ်ချင်းတွေထဲမှာ ဒီလို အနှောင့်တွေ ရှိသလို တကယ့်တကယ် စေတနာနဲ့ အကြံဉာဏ်ကောင်းပေးတတ်တဲ့သူတွေလည်း ရှိပါတယ်နော်… ယောင်းယောင်းတို့လည်း ကိုယ့်အပေါ် တကယ်ကောင်းတဲ့ သူငယ်ဂျင်း မဟုတ်တဲ့ သူငယ်ချင်းစစ်တွေကို ပိုင်ဆိုင်နိုင်ကြပါစေလို့…

Sugar Cane (For Her Myanmar)

No Comments Yet

Comments are closed