သေဘၤာသားေတြရဲ႕ မေဟသီေတြသာ ကိုယ္ခ်င္းစာေပးႏိုင္မယ့္ ခံစားခ်က္ (၅) ခ်က္

ကိုယ့္ဝမ္းနာ ကိုယ္သာသိဆိုသလိုေပါ့

ေယာင္းတို႔အမ်ိဳးသားေတြက ေန႔စဥ္စားဝတ္ေနေရးအတြက္ သူတို႔ကၽြမ္းက်င္ပိုင္ႏိုင္ရာ အသက္ေမြးဝမ္းေက်ာင္းလုပ္ငန္းေတြ လုပ္ကိုင္ေနၾကရတယ္ဟုတ္? မနက္သြားညေနျပန္ရတဲ့ ပံုမွန္လုပ္ငန္းခြင္ေတြဆို မေထာင္းသာေပမဲ့ တစ္ႏွစ္မွာအနည္းဆုံး ရွစ္လေလာက္ခြဲခြာေနရတဲ့ သေဘၤာသားဇနီးမယားေတြမွာေတာ့ ႏွစ္လသုံးလေတြ႕ဆုံရဖို႔အေရးေတာင္ ေဘးမသီရန္မချပန္လာႏိုင္ပါေစလို႔ အရင္ဆုေတာင္းေနရတဲ့အျဖစ္မ်ိဳးပါ… ဒါတင္မကေသးဘဲ သေဘၤာသားေတြရဲ႕ မေဟသီအခ်င္းခ်င္းသာ နားလည္ႏုိင္မယ့္ ဒီလို ခံစားခ်က္ေတြလည္း ရွိေနတတ္ပါေသးတယ္။

၁။ ဂရုစိုက္မႈေတြကို ပိုေတာင့္တတတ္ၾကတယ္။ 

ဘယ္သူမဆို ကိုယ့္ခင္ပြန္းဆီက ဂရုစိုက္ၾကင္နာမႈေတြကို အျပည့္အဝလိုခ်င္ၾကတာခ်ည္းပဲေလ.. တစ္ႏွစ္မွာ ၂လ၃လေလာက္ပဲ ခင္ပြန္းသည္ရဲ႕ ဂရုစိုက္ၾကင္နာမႈ ရရွိႏိုင္တဲ့အခါ တျခားအခ်ိန္မ်ိဳးေတြမွာ ေဆြမ်ိဳးသားခ်င္းေတြ ၊ သူငယ္ခ်င္းမိတ္ေဆြေတြနဲ႔ ပတ္ဝန္းက်င္ရဲ႕ ဂရုစိုက္ၾကင္နာမႈေတြကို ပိုၿပီးလိုလားေတာင့္တတတ္ၾကပါတယ္။

Related Article >>> သူငယ္ခ်င္းနဲ႔ အလုပ္တြဲလုပ္တဲ့အခါ အခင္အမင္မပ်က္ စီးပြားလည္းတက္ေစမယ့္ နည္းလမ္းေကာင္း(၄)ခု

၂။ ထိလြယ္ရွလြယ္တဲ့ ခံစားခ်က္ေတြရွိေနတတ္တယ္။

အားကိုးတႀကီးနဲ႔ ပုံေအာထားရတဲ့ ခ်စ္ခင္ပြန္းကအနားမွာ ရွိမေနတဲ့အခါ အားငယ္စိတ္ေတြ အလိုလိုေပါက္ဖြားၿပီး ေၾကကြဲစရာ အေသးအဖြားေလးကေတာင္ သူတို႔ေတြအတြက္ ႀကီးမားတဲ့နာက်င္စရာ ျဖစ္ရတဲ့အထိ ထိလြယ္ရွလြယ္တဲ့ ခံစားခ်က္ေတြရွိေနတတ္ၾကပါတယ္။ အဲ.. ဒါေပမဲ့ စိတ္ေတာ့ ေတာ္ေတာ္မာတဲ့ မေဟသီေတြပါ။ အရာရာကို တစ္ေယာက္တည္း ေျဖရွင္းလာရေတာ့ ေတာ္ရံု ေလာကဓံဆို မမႈေတာ့တာမ်ိဳးေပါ့…

၃။ ေငြစုေဆာင္းဖို႔ ပိုၿပီးစိတ္အားထက္သန္ေနတတ္တယ္။

ခင္ပြန္းသည္က မိုင္ေပါင္းမ်ားစြာကြာေဝးတဲ့ ပင္လယ္ႀကီးထဲမွာ အသက္အႏၱရယ္ကိုမမႈဘဲ ရွာေဖြလုပ္ကိုင္ၿပီး ရရွိလာတဲ့ လစာေတြကို လြယ္လြယ္ကူကူ မသုံးရက္ႏိုင္ျဖစ္ေနတတ္ပါတယ္။ ေငြမ်ားမ်ားစုေဆာင္းမိရင္ေတာ့ သေဘၤာသားအလုပ္ကို စြန္႔လႊတ္ခိုင္းေတာ့မယ္ဆိုတဲ့ ရည္မွန္းခ်က္ကိုရင္မွာပိုက္ထားၾကသူေတြမို႔ ေငြစုဖို႔အားသန္ေနတာကိုလည္း အျပစ္ေျပာလို႔ေတာ့ မရဘူးထင္ပါရဲ႕…

၄။ အဆိုးဆုံးအေျခအေနတစ္ခုကို အၿမဲလိုလိုႀကိဳေတြးထားတတ္တယ္

ေယာက်ာ္းေဖာင္စီး ၊ မိန္းမမီးေနဆိုတဲ့အတိုင္း ေရလမ္းခရီးမွာ အလုပ္လုပ္ကိုင္ေနရတဲ့ ခင္ပြန္းသည္က အသက္ေဘးနဲ႔ အခ်ိန္မေရြးၾကံဳေတြ႕ႏိုင္ပါတယ္။ ဒါ့အျပင္ အႏၱရယ္ၾကံဳေတြ႕ေနရတဲ့ သေဘၤာသားေတြကိုလည္း လူမႈကြန္ရက္ေပၚမွာ မၾကာခဏေတြ႕ၾကံဳေနရတာေၾကာင့္ သူတို႔ဇနီးသည္ေတြေနရာမွာ အစားဝင္ေရာက္ခံစားၾကည့္ရင္း ကိုယ္တိုင္ဆိုရင္ ဘယ္လိုေက်ာ္ျဖတ္ရပါ့မလဲဆိုတဲ့ အဆိုးဆုံးအေျခအေနကိုလည္း အၿမဲႀကိဳေတြးထားတတ္ၾကပါတယ္…

Related Article >>> သူငယ္ခ်င္းအရင္းေခါက္ေခါက္က စႏုိက္ေက်ာ္ ျဖစ္ေနတဲ့အခါ

၅။ အထီးက်န္မႈေတြကို ၿမိဳသိပ္ခံစားေနရတတ္တယ္။ 

ဘယ္ဇနီးမယားမဆို ကိုယ့္ခင္ပြန္းနဲ႔အနီးဆုံးေနရာမွာ ရွိေနခ်င္ၾကတာပဲေလ… အသက္ေမြးဝမ္းေက်ာင္းအတြက္ မျဖစ္မေန ခြဲခြာေနရတဲ့အခါမ်ိဳးမွာေတာ့ ဘဝေရွ႕ေရးအတြက္ပဲေလဆိုတဲ့စိတ္နဲ႔ အထီးက်န္မႈေတြကုိ ၿမိဳသိပ္ခံစားေနရတတ္ပါတယ္..

မင္မင္ေဖာ္ျပေပးခဲ့တဲ့ သေဘၤာသားေတြရဲ႕ မေဟသီေတြသာ ကိုယ္ခ်င္းစာေပးႏိုင္မယ့္ ခံစားခ်က္ေတြက  တခ်ိဳ႕ဇနီးမယားေတြရဲ႕ ခံစားခ်က္ေတြ နဲ႔လည္း တိုက္ဆိုင္ေကာင္း တုိက္ဆိုင္ႏိုင္ပါတယ္… ေယာင္းတို႔ရဲ႕ ေယာင္းတို႔ပဲ သိေနရတဲ့ ခံစားခ်က္ေလးေတြကိုလည္း ရင္ဖြင့္သြားၾကပါဦး။

ခ်စ္ရတဲ့ မင္မင္

DiDi ( For Her Myanmar )

<<< Unicode >>>

ကိုယ့်ဝမ်းနာ ကိုယ်သာသိဆိုသလိုပေါ့

ယောင်းတို့အမျိုးသားတွေက နေ့စဉ်စားဝတ်နေရေးအတွက် သူတို့ကျွမ်းကျင်ပိုင်နိုင်ရာ အသက်မွေးဝမ်းကျောင်းလုပ်ငန်းတွေ လုပ်ကိုင်နေကြရတယ်ဟုတ်? မနက်သွားညနေပြန်ရတဲ့ ပုံမှန်လုပ်ငန်းခွင်တွေဆို မထောင်းသာပေမဲ့ တစ်နှစ်မှာအနည်းဆုံး ရှစ်လလောက်ခွဲခွာနေရတဲ့ သင်္ဘောသားဇနီးမယားတွေမှာတော့ နှစ်လသုံးလတွေ့ဆုံရဖို့အရေးတောင် ဘေးမသီရန်မခပြန်လာနိုင်ပါစေလို့ အရင်ဆုတောင်းနေရတဲ့အဖြစ်မျိုးပါ… ဒါတင်မကသေးဘဲ သင်္ဘောသားတွေရဲ့ မဟေသီအချင်းချင်းသာ နားလည်နိုင်မယ့် ဒီလို ခံစားချက်တွေလည်း ရှိနေတတ်ပါသေးတယ်။

၁။ ဂရုစိုက်မှုတွေကို ပိုတောင့်တတတ်ကြတယ်။ 

ဘယ်သူမဆို ကိုယ့်ခင်ပွန်းဆီက ဂရုစိုက်ကြင်နာမှုတွေကို အပြည့်အဝလိုချင်ကြတာချည်းပဲလေ.. တစ်နှစ်မှာ ၂လ၃လလောက်ပဲ ခင်ပွန်းသည်ရဲ့ ဂရုစိုက်ကြင်နာမှု ရရှိနိုင်တဲ့အခါ တခြားအချိန်မျိုးတွေမှာ ဆွေမျိုးသားချင်းတွေ ၊ သူငယ်ချင်းမိတ်ဆွေတွေနဲ့ ပတ်ဝန်းကျင်ရဲ့ ဂရုစိုက်ကြင်နာမှုတွေကို ပိုပြီးလိုလားတောင့်တတတ်ကြပါတယ်။

Related Article >>> သူငယ်ချင်းနဲ့ အလုပ်တွဲလုပ်တဲ့အခါ အခင်အမင်မပျက် စီးပွားလည်းတက်စေမယ့် နည်းလမ်းကောင်း(၄)ခု

၂။ ထိလွယ်ရှလွယ်တဲ့ ခံစားချက်တွေရှိနေတတ်တယ်။

အားကိုးတကြီးနဲ့ ပုံအောထားရတဲ့ ချစ်ခင်ပွန်းကအနားမှာ ရှိမနေတဲ့အခါ အားငယ်စိတ်တွေ အလိုလိုပေါက်ဖွားပြီး ကြေကွဲစရာ အသေးအဖွားလေးကတောင် သူတို့တွေအတွက် ကြီးမားတဲ့နာကျင်စရာ ဖြစ်ရတဲ့အထိ ထိလွယ်ရှလွယ်တဲ့ ခံစားချက်တွေရှိနေတတ်ကြပါတယ်။ အဲ.. ဒါပေမဲ့ စိတ်တော့ တော်တော်မာတဲ့ မဟေသီတွေပါ။ အရာရာကို တစ်ယောက်တည်း ဖြေရှင်းလာရတော့ တော်ရုံ လောကဓံဆို မမှုတော့တာမျိုးပေါ့…

၃။ ငွေစုဆောင်းဖို့ ပိုပြီးစိတ်အားထက်သန်နေတတ်တယ်။

ခင်ပွန်းသည်က မိုင်ပေါင်းများစွာကွာဝေးတဲ့ ပင်လယ်ကြီးထဲမှာ အသက်အန္တရယ်ကိုမမှုဘဲ ရှာဖွေလုပ်ကိုင်ပြီး ရရှိလာတဲ့ လစာတွေကို လွယ်လွယ်ကူကူ မသုံးရက်နိုင်ဖြစ်နေတတ်ပါတယ်။ ငွေများများစုဆောင်းမိရင်တော့ သင်္ဘောသားအလုပ်ကို စွန့်လွှတ်ခိုင်းတော့မယ်ဆိုတဲ့ ရည်မှန်းချက်ကိုရင်မှာပိုက်ထားကြသူတွေမို့ ငွေစုဖို့အားသန်နေတာကိုလည်း အပြစ်ပြောလို့တော့ မရဘူးထင်ပါရဲ့…

၄။ အဆိုးဆုံးအခြေအနေတစ်ခုကို အမြဲလိုလိုကြိုတွေးထားတတ်တယ်

ယောကျာ်းဖောင်စီး ၊ မိန်းမမီးနေဆိုတဲ့အတိုင်း ရေလမ်းခရီးမှာ အလုပ်လုပ်ကိုင်နေရတဲ့ ခင်ပွန်းသည်က အသက်ဘေးနဲ့ အချိန်မရွေးကြုံတွေ့နိုင်ပါတယ်။ ဒါ့အပြင် အန္တရယ်ကြုံတွေ့နေရတဲ့ သင်္ဘောသားတွေကိုလည်း လူမှုကွန်ရက်ပေါ်မှာ မကြာခဏတွေ့ကြုံနေရတာကြောင့် သူတို့ဇနီးသည်တွေနေရာမှာ အစားဝင်ရောက်ခံစားကြည့်ရင်း ကိုယ်တိုင်ဆိုရင် ဘယ်လိုကျော်ဖြတ်ရပါ့မလဲဆိုတဲ့ အဆိုးဆုံးအခြေအနေကိုလည်း အမြဲကြိုတွေးထားတတ်ကြပါတယ်…

Related Article >>> သူငယ်ချင်းအရင်းခေါက်ခေါက်က စနိုက်ကျော် ဖြစ်နေတဲ့အခါ

၅။ အထီးကျန်မှုတွေကို မြိုသိပ်ခံစားနေရတတ်တယ်။ 

ဘယ်ဇနီးမယားမဆို ကိုယ့်ခင်ပွန်းနဲ့အနီးဆုံးနေရာမှာ ရှိနေချင်ကြတာပဲလေ… အသက်မွေးဝမ်းကျောင်းအတွက် မဖြစ်မနေ ခွဲခွာနေရတဲ့အခါမျိုးမှာတော့ ဘဝရှေ့ရေးအတွက်ပဲလေဆိုတဲ့စိတ်နဲ့ အထီးကျန်မှုတွေကို မြိုသိပ်ခံစားနေရတတ်ပါတယ်..

မင်မင်ဖော်ပြပေးခဲ့တဲ့ သင်္ဘောသားတွေရဲ့ မဟေသီတွေသာ ကိုယ်ချင်းစာပေးနိုင်မယ့် ခံစားချက်တွေက  တချို့ဇနီးမယားတွေရဲ့ ခံစားချက်တွေ နဲ့လည်း တိုက်ဆိုင်ကောင်း တိုက်ဆိုင်နိုင်ပါတယ်… ယောင်းတို့ရဲ့ ယောင်းတို့ပဲ သိနေရတဲ့ ခံစားချက်လေးတွေကိုလည်း ရင်ဖွင့်သွားကြပါဦး။

ချစ်ရတဲ့ မင်မင်

DiDi ( For Her Myanmar )

No Comments Yet

Comments are closed