Family

အေဖမ်ားေန႔မွာ ေယာင္းတို႔ေဖေဖကို လက္ေဆာင္ေပးသင့္တဲ့ ပစၥည္း (၅) မိ်ဳး

ပါပါးဂဲလ္ေတြ ဖတ္ၾကည့္သင့္ေနၿပီေနာ္ 🥰 

ေယာင္းတို႔ေရအေဖေတြက သမီးေတြကိုဆိုရင္ သည္းသည္းလႈပ္ အခ်စ္ပိုတတ္ၾကတာေရာ။ပိုလြန္းသဲလြန္းလို႔ေတာင္ အေမေတြက တားယူရတဲ့အထိပါပဲ။ အေဖမ်ားေန႔ကလည္းနီးကပ္လာၿပီဆိုေတာ့ တုန္ေနေအာင္ခ်စ္တတ္တဲ့ ေယာင္းတို႔ဖေေဖကို လက္ေဆာင္ေပးဖို႔လည္း မေမ့ပါနဲ႔ဦး ။ ေဖေဖ့ကို ဘယ္လိုလက္ေဆာင္ ေပးရပါ့မလဲဆိုၿပီး အၾကံအိုက္ေနရင္ေတာ့ ဒါေလးေတြ ေပးၾကည့္ပါေနာ္…...

() ရွပ္အက်ႌ

ေန႔စဥ္နဲ႔အမွ် အျပင္ထြက္အလုပ္လုပ္ေနရတဲ့ ေဖေဖ့အတြက္ ရွပ္အက်ႌ ေကာင္းေကာင္းေလးတစ္ထည္ လက္ေဆာင္ေပးလိုက္ရင္ က်ိန္းေသအသုံးဝင္မွာပါ ျမန္မာျပည္ရဲ႕ရာသီဥတုနဲ႔ဆို ခ်ည္နဲ႔ လီနင္လို အသားေအးေအး ရွပ္အက်ႌမ်ိဳးက ပိုသင့္ေတာ္ပါတယ္။ အေရာင္ကေတာ့ ေဖေဖ့အႀကိဳက္ကို ေယာင္းသာ အသိဆံုးျဖစ္မွာပါ။ 

() ပုဆိုး

တကယ္လို႔ ေယာင္းေဖေဖက သက္ေတာင့္သက္သာေနရတာ ႀကိဳက္တဲ့သူဆိုရင္ ပုဆိုးဝယ္ေပးတာက အေကာင္းဆံုးပါ။ ပုဆိုးကိုမွ ခ်ည္ပုဆိုး ၊ပိုးပုဆိုးစသည္ျဖင့္ အမ်ိဳးမ်ိဳးရွိတဲ့ထဲကမွ ေန႔စဥ္ဝတ္ဖို႔ဆို ခ်ည္ပုဆိုးက အဆင္ေျပၿပီး ပြဲေနပြဲထိုင္ဆို ပိုးပုဆိုးကို ေရြးသင့္ပါတယ္။

Related article >>> သူမ်ားေမေမ ႏွင့္ ကၽြန္မေမေမ

() ခါးပတ္

စမတ္က်က်ေဖေဖဆိုရင္ ခါးပတ္ကမရွိမျဖစ္ပါပဲ။ ခါးပတ္ရဲ႕ေဈးႏႈန္းေတြကေတာ့ အစားစားရွိတာမို႔ ေယာင္းတို႔ဘတ္ဂ်က္နဲ႔ တြက္ခ်က္ၿပီး ေဖေဖ့ကို လက္ေဆာင္ေပးလိုက္ပါ။

Women of Tomorrow II – https://www.facebook.com/events/307042173562875/

() ပိုက္ဆံအိတ္

ေဖေဖေတြ အျပင္ထြက္တိုင္း မပါမျဖစ္က ပိုက္ဆံအိတ္ဆိုတာ သတိထားမိတယ္ဟုတ္? ပိုက္ဆံအျပင္ ကဒ္ေတြပါထည့္လို႔ရမယ့္ ပိုက္ဆံအိတ္မ်ိဳးဆို ေဖေဖ့အတြက္ ပိုအဆင္ေျပေစမွာ အမွန္ပါပဲ။ ဒါေပမဲ့ လယ္သာပိုက္ဆံအိတ္ကို ေရြးမယ္ဆိုရင္ တခ်ိဳ႕လယ္သာေတြက ကြာတတ္တာမို႔ ေသခ်ာေလးေရြးဖို႔ေတာ့ လိုပါမယ္။

Related article >>> ကေလးေတြကို လိင္ပညာေပးျခင္းေၾကာင့္ ရရွိလာႏိုင္မယ့္ အက်ိဳးေက်းဇူး(၅)ခု

() နာရီ

ေယာက်ာ္းေလးတိုင္း နာရီကို သေဘာက်ၾကပါတယ္။ ေယာင္းရဲ႕ေဖေဖအပါအဝင္ေပါ့။ နာရီဆိုတာ ဘယ္ေတာ့မွမ႐ိုးႏိုင္တဲ့ သကၠရာဇ္ကင္း အဆင္တန္ဆာတစ္ခုပဲေလ။ ဒါေပမဲ့ နာရီအမ်ားစုက ေဈးႀကီးတတ္တာမို႔ ဘတ္ဂ်က္နဲ႔ ကိုက္ရဲ႕လားလို႔ တစ္ခ်က္ျပန္တြက္ဖို႔ေတာ့ လိုအပ္တာေပါ့ေနာ္။ 

ေယာင္းရဲ႕ေဖေဖကိုသာ ဒီလက္ေဆာင္ေလးေတြ ေပးမယ္ဆိုရင္ ေဖေဖ့စိတ္ထဲမွာ အရမ္းၾကည္ႏူးပီတိ ျဖစ္သြားမယ္လို႔အာမခံပါတယ္။“Happy Father’s Day” လ္ို႔ေျပာဖို႔လည္းမေမ့နဲ႔ဦးေနာ္။ 

Stella (For Her Myanmar)

<<< Unicode >>>

ပါပါးဂဲလ်တွေ ဖတ်ကြည့်သင့်နေပြီနော် 🥰 

ယောင်းတို့ရေအဖေတွေက သမီးတွေကိုဆိုရင် သည်းသည်းလှုပ် အချစ်ပိုတတ်ကြတာရော။ပိုလွန်းသဲလွန်းလို့တောင် အမေတွေက တားယူရတဲ့အထိပါပဲ။ အဖေများနေ့ကလည်းနီးကပ်လာပြီဆိုတော့ တုန်နေအောင်ချစ်တတ်တဲ့ ယောင်းတို့ဖေဖေကို လက်ဆောင်ပေးဖို့လည်း မမေ့ပါနဲ့ဦး ။ ဖေဖေ့ကို ဘယ်လိုလက်ဆောင် ပေးရပါ့မလဲဆိုပြီး အကြံအိုက်နေရင်တော့ ဒါလေးတွေ ပေးကြည့်ပါနော်…...

() ရှပ်အင်္ကျီ

နေ့စဉ်နဲ့အမျှ အပြင်ထွက်အလုပ်လုပ်နေရတဲ့ ဖေဖေ့အတွက် ရှပ်အင်္ကျီ ကောင်းကောင်းလေးတစ်ထည် လက်ဆောင်ပေးလိုက်ရင် ကျိန်းသေအသုံးဝင်မှာပါ မြန်မာပြည်ရဲ့ရာသီဥတုနဲ့ဆို ချည်နဲ့ လီနင်လို အသားအေးအေး ရှပ်အင်္ကျီမျိုးက ပိုသင့်တော်ပါတယ်။ အရောင်ကတော့ ဖေဖေ့အကြိုက်ကို ယောင်းသာ အသိဆုံးဖြစ်မှာပါ။ 

() ပုဆိုး

တကယ်လို့ ယောင်းဖေဖေက သက်တောင့်သက်သာနေရတာ ကြိုက်တဲ့သူဆိုရင် ပုဆိုးဝယ်ပေးတာက အကောင်းဆုံးပါ။ ပုဆိုးကိုမှ ချည်ပုဆိုး ၊ပိုးပုဆိုးစသည်ဖြင့် အမျိုးမျိုးရှိတဲ့ထဲကမှ နေ့စဉ်ဝတ်ဖို့ဆို ချည်ပုဆိုးက အဆင်ပြေပြီး ပွဲနေပွဲထိုင်ဆို ပိုးပုဆိုးကို ရွေးသင့်ပါတယ်။

Related article >>> သူများမေမေ နှင့် ကျွန်မမေမေ

() ခါးပတ်

စမတ်ကျကျဖေဖေဆိုရင် ခါးပတ်ကမရှိမဖြစ်ပါပဲ။ ခါးပတ်ရဲ့ဈေးနှုန်းတွေကတော့ အစားစားရှိတာမို့ ယောင်းတို့ဘတ်ဂျက်နဲ့ တွက်ချက်ပြီး ဖေဖေ့ကို လက်ဆောင်ပေးလိုက်ပါ။

Women of Tomorrow II – https://www.facebook.com/events/307042173562875/

() ပိုက်ဆံအိတ်

ဖေဖေတွေ အပြင်ထွက်တိုင်း မပါမဖြစ်က ပိုက်ဆံအိတ်ဆိုတာ သတိထားမိတယ်ဟုတ်? ပိုက်ဆံအပြင် ကဒ်တွေပါထည့်လို့ရမယ့် ပိုက်ဆံအိတ်မျိုးဆို ဖေဖေ့အတွက် ပိုအဆင်ပြေစေမှာ အမှန်ပါပဲ။ ဒါပေမဲ့ လယ်သာပိုက်ဆံအိတ်ကို ရွေးမယ်ဆိုရင် တချို့လယ်သာတွေက ကွာတတ်တာမို့ သေချာလေးရွေးဖို့တော့ လိုပါမယ်။

Related article >>> ကလေးတွေကို လိင်ပညာပေးခြင်းကြောင့် ရရှိလာနိုင်မယ့် အကျိုးကျေးဇူး(၅)ခု

() နာရီ

ယောကျာ်းလေးတိုင်း နာရီကို သဘောကျကြပါတယ်။ ယောင်းရဲ့ဖေဖေအပါအဝင်ပေါ့။ နာရီဆိုတာ ဘယ်တော့မှမရိုးနိုင်တဲ့ သက္ကရာဇ်ကင်း အဆင်တန်ဆာတစ်ခုပဲလေ။ ဒါပေမဲ့ နာရီအများစုက ဈေးကြီးတတ်တာမို့ ဘတ်ဂျက်နဲ့ ကိုက်ရဲ့လားလို့ တစ်ချက်ပြန်တွက်ဖို့တော့ လိုအပ်တာပေါ့နော်။ 

ယောင်းရဲ့ဖေဖေကိုသာ ဒီလက်ဆောင်လေးတွေ ပေးမယ်ဆိုရင် ဖေဖေ့စိတ်ထဲမှာ အရမ်းကြည်နူးပီတိ ဖြစ်သွားမယ်လို့အာမခံပါတယ်။“Happy Father’s Day” လို့ပြောဖို့လည်းမမေ့နဲ့ဦးနော်။ 

Stella (For Her Myanmar)

Stella
Stella
Stella ကေတာ့ Fashion နဲ႕ Beauty ကို ဝါသနာပါလို႔ For Her Myanmar မွာ ေယာင္းေယာင္းတို႔အတြက္ beauty hacks ေတြ, fashion နဲ႕ပက္သက္တဲ့ အေၾကာင္းအရာမ်ိဳးစံုကို အဓိကေဝမွ်ေပးသြားမွာပါ။ သုတရသေတြကိုလည္း လက္လွမ္းမွီသေလာက္ ေရးေပးပါေသးတယ္။

Leave a Reply

Your email address will not be published. Required fields are marked *