ခ်ဳပ္ခ်ယ္တဲ့ မိဘေတြဆီက ဘယ္လို ရုန္းထြက္မလဲ?

အိမ္မပိုင္လို႔ စိတ္ညစ္ေနတဲ့ ေယာင္းတို႔ ဖတ္ျဖစ္ေအာင္ ဖတ္ဖို႔

ေယာင္းတို႔ေရ… တခ်ိဳ႕မိဘေတြ ရွိတယ္… သားသမီးကို ဟိုမသြားရဘူး ဒီလူနဲ႔ မေပါင္းနဲ႔ ဒါမ်ိဳးမဝတ္ရဘူးစသျဖင့္ ခ်ဳပ္ခ်ယ္တတ္ၾကတယ္။ ငယ္ငယ္တုန္းကေတာ့ ကိုယ္ကမႏူးမနပ္အရြယ္မို႔လို႔ မျဖစ္သင့္တာမျဖစ္ရေအာင္ ခ်ဳပ္ခ်ယ္တယ္ဆိုတာမ်ိဳးက ဒီႏုိင္ငံအေနအထားနဲ႔ဆို ျဖစ္သင့္တဲ့ အေနအထားတစ္ခုေပမဲ့ (တကယ္တမ္းေတာ့ ကိုယ့္ဘာသာ ရပ္တည္ႏုိင္ေအာင္ ငယ္ေလးကတည္းက သင္ရမွာေနာ္.. ခ်ဳပ္ခ်ယ္တာက နည္းလမ္းမဟုတ္ဘူးရယ္.. ဒါေတာ့ ေနာက္မွ ဆက္ေျပာတာေပါ့ေနာ္ 😀 ) အရြယ္ေရာက္လို႔ ႀကီးေကာင္ႀကီးမားျဖစ္တဲ့အထိ လိုက္ခ်ဳပ္ခ်ယ္ေနတာကေတာ့ ေတာ္ေတာ္ေလးကို လြဲေနပါၿပီ။

မိဘကေတာ့ ခ်စ္လို႔ ခ်ဳပ္ခ်ယ္တာ မွန္ေပမဲ့ ခံရတဲ့ သားသမီးခမ်ာ မသက္သာဘူးေလ။ သူတို႔က ခ်ဳပ္ခ်ယ္၊ ကိုယ္ကျပန္ေျပာမိ၊ အျပန္အလွန္စကားမ်ားၾကရင္းနဲ႔ ေနာက္ဆံုး ႏွစ္ဦးႏွစ္ဖက္လံုး စိတ္မေကာင္းျဖစ္ရတာပါပဲ။ ဆိုေတာ့ကား…ဒါေတြကို ေျဖရွင္းဖို႔အတြက္ဆို နည္းလမ္းေကာင္းေတြ လိုလာပါၿပီ။

Related Article >>> သားသမီးကို ခ်ဳပ္ခ်ယ္ျခင္းေၾကာင့္ ျဖစ္လာႏိုင္တဲ့ အက်ိဳးဆက္မ်ား

(၁) ရွင္းျပပါ။

ကိုယ့္ကိုယ္ကို ထိန္းသိမ္းႏိုင္တဲ့ အရြယ္ေရာက္ေနၿပီျဖစ္ေၾကာင္း မိဘကို နားလည္ေအာင္ ရွင္းျပပါ။ ရွင္းျပပါဆိုတဲ့ေနရာမွာ ေလသံမာမာနဲ႔ အတင္းအၾကပ္ေျပာတာမ်ိဳး မဟုတ္ဘဲ ေအးေအးေဆးေဆး ေျပာတာ ျဖစ္ပါေစေနာ္။ ဒီေနရာမွာတင္ အဆင္ေျပသြားရင္ ကိစၥမရွိေပမဲ့ ေယာင္းေလသံေအးေအးနဲ႔ အက်ိဳးသင့္ အေၾကာင္းသင့္ ရွင္းျပတာကို ေဖေဖေမေမက လက္သင့္မခံဘူး ဆိုပါစို႔။ ဒါဆိုရင္ ေယာင္းအေနနဲ႔ တစ္ဆင့္တက္ရပါေတာ့မယ္။

(၂) ေတာင္းဆိုပါ။

မ်ားေသာအားျဖင့္ ေယာင္းေတြက အရင္သြားလိုက္မယ္ ေဖေဖေမေမဆူလည္း ေနာက္မွ မီးစင္ၾကည့္ကမယ္ဆိုတဲ့အေတြးမ်ိဳးရွိၾကတယ္ (သိေနတယ္…သိေနတယ္) အဲ့လိုလုပ္မယ္ဆိုရင္ေတာ့ ေယာင္းနဲ႔ခ်ဳပ္ခ်ယ္တဲ့ေဖေဖေမေမဇာတ္လမ္းက မုန္႔လံုးစကၠဴကပ္ေနေတာ့မွာပါ။ အရင္ဆံုး ေယာင္းေဖေဖနဲ႔ေမေမဆီမွာ ေယာင္းကို အခြင့္အေရးတစ္ခုေပးဖို႔ေတာင္းဆိုပါ။ အခြင့္အေရးေပးမိတဲ့အတြက္လည္း ေနာင္တမရေစရပါဘူးဆိုတဲ့ ကတိေပးပါ။ ဥပမာ ေယာင္းက သူငယ္ခ်င္းေတြနဲ႔ ခရီးတူတူထြက္ခ်င္တာမ်ိဳး ဆိုပါစို႔။ ေယာင္းေဖေဖနဲ႔ ေမေမကို ဒီတစ္ခါေတာ့ သူငယ္ခ်င္းေတြနဲ႔ ေပးသြားပါလို႔ ေတာင္းဆိုပါ။ ဘယ္သူေတြ ပါမယ္၊ ဘယ္ကိုသြားမယ္ ဆိုတာေတြကို အေသးစိတ္ေျပာျပပါ။ သူငယ္ခ်င္းေတြနဲ႔ သြားတဲ့အခါ ဘာမွမျဖစ္ေစရပါဘူး၊ ဘာမွ မဟုတ္တာ မလုပ္ပါဘူး ဆိုတဲ့ ကတိကို ေပးပါ။

Related Article >>> သမီးမိန္းကေလးမို႔ ပိုခ်ဳပ္ခ်ယ္တယ္ဆိုတာ မွန္ကန္ပါရဲ႕လား

(၃) ယံုၾကည္စိတ္ခ်ရပါေစ။

ပထမဆံုးအႀကိမ္မွာသာ ေယာင္းက သူတို႔မႀကိဳက္တာ တစ္ခုခုလုပ္လိုက္တယ္၊ ကတိဖ်က္လိုက္တယ္ဆိုရင္ေတာ့ သိၾကားမင္းေတာင္ မကူမကယ္ႏိုင္ပါဘူးေနာ္။ ေယာင္းဘက္ကသာ ကတိတည္တယ္ဆိုရင္ေတာ့ ေနာက္တစ္ခါ ထပ္ေတာင္းဆိုဖို႔ လြယ္သြားပါၿပီ။ ေလးငါးခါေလာက္ထိ ယံုၾကည္စိတ္ခ်လို႔ရတာ ေသခ်ာသြားၿပီဆိုရင္ေတာ့ ေယာင္းက တစ္ေနရာရာ သြားမယ္ဆိုတိုင္း ေဖေဖေမေမကလည္း ၾကည္ၾကည္ျဖဴျဖဴ လႊတ္မွာပါေနာ္။

အိမ္ပိုင္တဲ့သူတစ္ေယာက္ျဖစ္ဖို႔က ေယာင္းနဲ႔ေယာင္းမိဘၾကားမွာ ယံုၾကည္မႈ တည္ေဆာက္မွ ရမွာပါ။ ေယာင္းကိုယ္တိုင္က အိမ္က စိတ္မခ်ရေအာင္ ေနမယ္ဆိုရင္ေတာ့ အိမ္ပိုင္ဖို႔အေရး ေဝလာေဝးပါပဲ။ ယံုၾကည္မႈဆိုတာလည္း လြယ္လြယ္ျဖစ္လာတတ္တဲ့ အရာ မဟုတ္တာေၾကာင့္ စိတ္ကေလးေတာ့ ရွည္ၾကပါလို႔ မွာပါရေစ ေယာင္းတို႔ေရ..

Stella (For Her Myanmar)

<<< Unicode >>>

အိမ်မပိုင်လို့ စိတ်ညစ်နေတဲ့ ယောင်းတို့ ဖတ်ဖြစ်အောင် ဖတ်ဖို့

ယောင်းတို့ရေ… တချို့မိဘတွေ ရှိတယ်… သားသမီးကို ဟိုမသွားရဘူး ဒီလူနဲ့ မပေါင်းနဲ့ ဒါမျိုးမဝတ်ရဘူးစသဖြင့် ချုပ်ချယ်တတ်ကြတယ်။ ငယ်ငယ်တုန်းကတော့ ကိုယ်ကမနူးမနပ်အရွယ်မို့လို့ မဖြစ်သင့်တာမဖြစ်ရအောင် ချုပ်ချယ်တယ်ဆိုတာမျိုးက ဒီနိုင်ငံအနေအထားနဲ့ဆို ဖြစ်သင့်တဲ့ အနေအထားတစ်ခုပေမဲ့ (တကယ်တမ်းတော့ ကိုယ့်ဘာသာ ရပ်တည်နိုင်အောင် ငယ်လေးကတည်းက သင်ရမှာနော်.. ချုပ်ချယ်တာက နည်းလမ်းမဟုတ်ဘူးရယ်.. ဒါတော့ နောက်မှ ဆက်ပြောတာပေါ့နော် 😀 ) အရွယ်ရောက်လို့ ကြီးကောင်ကြီးမားဖြစ်တဲ့အထိ လိုက်ချုပ်ချယ်နေတာကတော့ တော်တော်လေးကို လွဲနေပါပြီ။

မိဘကတော့ ချစ်လို့ ချုပ်ချယ်တာ မှန်ပေမဲ့ ခံရတဲ့ သားသမီးခမျာ မသက်သာဘူးလေ။ သူတို့က ချုပ်ချယ်၊ ကိုယ်ကပြန်ပြောမိ၊ အပြန်အလှန်စကားများကြရင်းနဲ့ နောက်ဆုံး နှစ်ဦးနှစ်ဖက်လုံး စိတ်မကောင်းဖြစ်ရတာပါပဲ။ ဆိုတော့ကား…ဒါတွေကို ဖြေရှင်းဖို့အတွက်ဆို နည်းလမ်းကောင်းတွေ လိုလာပါပြီ။

Related Article >>> သားသမီးကို ချုပ်ချယ်ခြင်းကြောင့် ဖြစ်လာနိုင်တဲ့ အကျိုးဆက်များ

(၁) ရှင်းပြပါ။

ကိုယ့်ကိုယ်ကို ထိန်းသိမ်းနိုင်တဲ့ အရွယ်ရောက်နေပြီဖြစ်ကြောင်း မိဘကို နားလည်အောင် ရှင်းပြပါ။ ရှင်းပြပါဆိုတဲ့နေရာမှာ လေသံမာမာနဲ့ အတင်းအကြပ်ပြောတာမျိုး မဟုတ်ဘဲ အေးအေးဆေးဆေး ပြောတာ ဖြစ်ပါစေနော်။ ဒီနေရာမှာတင် အဆင်ပြေသွားရင် ကိစ္စမရှိပေမဲ့ ယောင်းလေသံအေးအေးနဲ့ အကျိုးသင့် အကြောင်းသင့် ရှင်းပြတာကို ဖေဖေမေမေက လက်သင့်မခံဘူး ဆိုပါစို့။ ဒါဆိုရင် ယောင်းအနေနဲ့ တစ်ဆင့်တက်ရပါတော့မယ်။

(၂) တောင်းဆိုပါ။

ယောင်းဖေဖေနဲ့မေမေဆီမှာ ယောင်းကို အခွင့်အရေးတစ်ခုပေးဖို့တောင်းဆိုပါ။ အခွင့်အရေးပေးမိတဲ့အတွက်လည်း နောင်တမရစေရပါဘူးဆိုတဲ့ ကတိပေးပါ။ ဥပမာ ယောင်းက သူငယ်ချင်းတွေနဲ့ ခရီးတူတူထွက်ချင်တာမျိုး ဆိုပါစို့။ ယောင်းဖေဖေနဲ့ မေမေကို ဒီတစ်ခါတော့ သူငယ်ချင်းတွေနဲ့ ပေးသွားပါလို့ တောင်းဆိုပါ။ ဘယ်သူတွေ ပါမယ်၊ ဘယ်ကိုသွားမယ် ဆိုတာတွေကို အသေးစိတ်ပြောပြပါ။ သူငယ်ချင်းတွေနဲ့ သွားတဲ့အခါ ဘာမှမဖြစ်စေရပါဘူး၊ ဘာမှ မဟုတ်တာ မလုပ်ပါဘူး ဆိုတဲ့ ကတိကို ပေးပါ။

Related Article >>> သမီးမိန်းကလေးမို့ ပိုချုပ်ချယ်တယ်ဆိုတာ မှန်ကန်ပါရဲ့လား

(၃) ယုံကြည်စိတ်ချရပါစေ။

ပထမဆုံးအကြိမ်မှာသာ ယောင်းက သူတို့မကြိုက်တာ တစ်ခုခုလုပ်လိုက်တယ်၊ ကတိဖျက်လိုက်တယ်ဆိုရင်တော့ သိကြားမင်းတောင် မကူမကယ်နိုင်ပါဘူးနော်။ ယောင်းဘက်ကသာ ကတိတည်တယ်ဆိုရင်တော့ နောက်တစ်ခါ ထပ်တောင်းဆိုဖို့ လွယ်သွားပါပြီ။ လေးငါးခါလောက်ထိ ယုံကြည်စိတ်ချလို့ရတာ သေချာသွားပြီဆိုရင်တော့ ယောင်းက တစ်နေရာရာ သွားမယ်ဆိုတိုင်း ဖေဖေမေမေကလည်း ကြည်ကြည်ဖြူဖြူ လွှတ်မှာပါနော်။

အိမ်ပိုင်တဲ့သူတစ်ယောက်ဖြစ်ဖို့က ယောင်းနဲ့ယောင်းမိဘကြားမှာ ယုံကြည်မှု တည်ဆောက်မှ ရမှာပါ။ ယောင်းကိုယ်တိုင်က အိမ်က စိတ်မချရအောင် နေမယ်ဆိုရင်တော့ အိမ်ပိုင်ဖို့အရေး ဝေလာဝေးပါပဲ။ ယုံကြည်မှုဆိုတာလည်း လွယ်လွယ်ဖြစ်လာတတ်တဲ့ အရာ မဟုတ်တာကြောင့် စိတ်ကလေးတော့ ရှည်ကြပါလို့ မှာပါရစေ ယောင်းတို့ရေ…

Stella (For Her Myanmar)

No Comments Yet

Comments are closed