Family Relationships

ကေလးရဲ႕ က်န္းမာေရးအေပၚ သက္ေရာက္ႏိုင္တဲ့ မိဘေတြရဲ႕ အက်င့္ဆိုးမ်ား

လက္ဦးဆရာ ျဖစ္ရတာ လြယ္တာမွတ္လို႔..

သားသမီးေတြရဲ႕ လက္ဦးဆရာက မိဘပါပဲ။ အတုျမင္အတတ္သင္ အရြယ္ ကေလးေလးေတြက မိဘေတြရဲ႕ အမူအက်င့္ေတြကို ပံုတူကူးခ်တာ ပံုမွန္ပဲ မဟုတ္လား။ ဒီအခ်ိန္မွာ မိဘေတြက အမူအက်င့္ေကာင္းေတြကို ကိုယ္တိုင္လုပ္ရင္း ကေလးေတြကို လမ္းျပတာက အမွန္ကန္ဆံုး နည္းလမ္းပါပဲ။

တကယ္ေတာ့ မိဘျဖစ္ရတာလည္း လြယ္တာ မဟုတ္ပါဘူးရယ္… ကေလးေတြေရွ႕မွာ အက်င့္ဆိုးေတြ ျပမိရင္ ကေလးက ပံုတူကူးသြားမွာမို႔ သတိထားရတာေတြ ရွိသလို ကိုယ့္ရဲ႕ အမူအက်င့္ဆိုးေတြကလည္း ကေလးရဲ႕ က်န္းမာေရးအေပၚ အတိုင္းအတာတစ္ခုထိ သက္ေရာက္ေစတယ္ဆိုေတာ့ သတိထားစရာေတြ အမ်ားႀကီးပဲေပါ့.. ဒါဆို မိဘေတြရဲ႕ ဘယ္လို အက်င့္ဆိုးေတြကမ်ား ကေလးရဲ႕ ကိုယ္စိတ္ႏွလံုး က်န္းမာေရးေပၚ ဘယ္လို အက်ိဳးသက္ေရာက္တယ္ဆိုတာ တူတူၾကည့္ရေအာင္ေနာ္..

ကိုယ့္ရဲ႕ ပံုပန္းသ႑ာန္ကို အျပစ္တင္ေဝဖန္ျခင္း

ကိုယ့္ရဲ႕ ပံုသ႑ာန္ကို ကိုယ္ သေဘာမက်တဲ့အေၾကာင္း၊ ျပစ္ခ်က္ေတြ မ်ားေၾကာင္း၊ စိတ္ေက်နပ္မႈမရွိေၾကာင္း ကေလးေရွ႕မွာ ေျပာျပေနမယ္ဆိုရင္ ကိုယ့္ကေလးက ကိုယ္ေနဟန္ထား အလွအပေပၚ အရမ္းကို စိုးရိမ္စိတ္မ်ားတဲ့သူ ျဖစ္လာႏိုင္ပါတယ္။ ကိုယ့္ရဲ႕ ခႏၶာကိုယ္ ျပစ္ခ်က္ကို ကိုယ္တိုင္ ထုိင္ရွာေနတာက မေကာင္းတာျဖစ္လို႔ ဒီလိုမ်ိဳးေတြ ေျပာေနမယ့္အစား အားကစားလုပ္ရင္ ၊ က်န္းမာေစတဲ့ အစားအစာေတြစားရင္ ၊ အိပ္ေရးဝဝသာ အိပ္မယ္ဆိုရင္ ေကာင္းက်ိဳးေတြ ဘယ္ေလာက္မ်ားမယ္ဆိုတာ မ်ားမ်ား ေျပာေပးရပါမယ္။ ဒါမ်ိဳးကို ကေလးေတြက ပိုၿပီး မွတ္မိပါတယ္။

စိတ္ဖိစီးမႈကို အစားနဲ႔ ေျဖေဖ်ာက္ျခင္း

စိတ္ပ်က္ဝမ္းနည္းတဲ့အခါ အေကာင္းဆံုး ေျဖေဖ်ာက္ဖို႕ စားေနမယ္ဆိုရင္ ကေလးအတြက္ မက်န္းမာေစတဲ့ အေလ့အထကို လက္ဆင့္ကမ္းေပးရာ ေရာက္ပါတယ္။ ကိုယ့္ရဲ႕ ခံစားခ်က္ေကာင္းဖို႕ အစားအစာကို ဖိစားရမယ္ဆိုတာမ်ိဳး ကေလးက အေတြးေပါက္သြားႏိုင္ပါတယ္။ ဒီလိုလုပ္ျပမယ့္အစား စိတ္ခံစားမႈ မေကာင္းဘူးလို႔ ထင္လာတဲ့အခါတိုင္း သူငယ္ခ်င္းနဲ႕ စိတ္ေျပလက္ေပ်ာက္ စကားေျပာတာမ်ိဳး ဒါမွမဟုတ္ လမ္းထြက္ေလွ်ာက္တာမ်ိဳး လုပ္ေပးသင့္ပါတယ္။

ဖုန္းအသံုးမ်ားျခင္း

ဖုန္းအၾကာႀကီးသံုးတာ မေကာင္းဘူး၊ မသံုးနဲ႔လို႔ ကေလးကို ေျပာေနေပမဲ့ ကိုယ္တိုင္က ဖုန္းသံုးေနတယ္ ဆိုရင္ ကေလးကလည္း နားေထာင္မွာ မဟုတ္သလို သူက်သံုးတယ္၊ ကိုယ္က် မသံုးရဘူးဆိုတဲ့ အေတြးမ်ိဳး ေတြးၿပီး ေလးစားမႈ ေလ်ာ့သြားတာမ်ိဳးလည္း ျဖစ္ႏိုင္ပါေသးတယ္။ ဒီေတာ့ ကေလးေရွ႕မွာ အၿမဲတမ္း ဖုန္းနဲ႔ မ်က္ႏွာမခြာ လုပ္ျပေနမယ့္အစား မိသားစုထဲမွာ ဖုန္းသံုးမယ့္ အတိုင္းအတာကို အခ်ိန္ကန္႕သတ္ထားပါ။ ဒါမွ မိသားစုအတြက္ စကားလက္ဆံုက်ဖို႕ အခ်ိန္ပိုမ်ားမွာ ျဖစ္ပါတယ္။

အရက္ေသစာ ေသာက္ျပျခင္း

အလုပ္မွာ အဆင္မေျပလို႕ ျပန္လာၿပီး စိတ္ညစ္ေျပဆိုၿပီး တစ္ခြက္တစ္ဖလားေတာ့ မေမာ့လိုက္ၾကပါနဲ႔ေနာ္… အဲ့လိုမ်ိဳးေတြ ဘီယာဘူးၾကား ေမွာက္ေလာက္ေအာင္ စိတ္အပန္းေျဖတဲ့နည္း သံုးမယ့္အစား ေလ့က်င့္ခန္းလုပ္ေပးျခင္း ၊ တရားထိုင္ျခင္းကို ေရွ႕က ဦးေဆာင္လုပ္ျပမယ္ဆိုရင္ ကေလးမွာလည္း က်န္းမာတဲ့ အေလ့အထ အသိတိုးမွာပါ။

Related Article>>>ႏိုင္ငံရပ္ျခားမွာ ေခတ္စားေနတဲ့ ကေလးပ်ိဳးေထာင္နည္း

အရာရာကို ၿပိဳင္ဆိုင္ခိုင္းျခင္း

ကိုယ့္ကေလးကို အျခားကေလးေတြနဲ႔ ႏိႈင္းႏိႈင္းၿပီး ေျပာတာက ကေလးကို စိတ္ဓာတ္တက္ႂကြမႈ မရွိလာေစတဲ့အျပင္ ႀကိဳးစားခ်င္စိတ္ေပ်ာက္ၿပီး ဂ်စ္ကန္ကန္ ျဖစ္လာေစႏိုင္ပါတယ္။ ဆိုေတာ့ အဲဒီလို ၿပိဳင္ဆုိင္ခိုင္းမယ့္အစား ကေလးရဲ႕ ႀကိဳးစားခ်င္စိတ္ကို ခ်ီးက်ဴးေပးပါ။ သူစိတ္ဝင္စားမယ့္ အရာတစ္ခုကို ကူညီရွာေဖြေပးၿပီး ေလ့က်င့္ေပးပါ။ ဒီလိုဆိုရင္ေတာ့ အေလ့အက်င့္ေကာင္းေတြ ပိုၿပီး ေမြးဖြားေပးရာ ေရာက္ပါတယ္။

အၿမဲတမ္း ျငင္းခုန္ျခင္း

ဘာမဟုတ္တဲ့ ကိစၥေလးနဲ႕ စကားႏိုင္လုၿပီး ကေလးေရွ႕မွာ အျငင္းပြားေနတဲ့ အေဖနဲ႔ အေမကို ၾကည့္ၿပီး ဒီလိုအျငင္းပြားတာဟာ ေကာင္းမြန္တဲ့ နည္းလမ္းလို႔ ကေလးက ထင္ေကာင္းထင္ေနႏိုင္ပါတယ္။ လင္မယားႏွစ္ေယာက္ စိတ္တိုစကားမ်ားတိုင္း သူႏိုင္ကိုယ္ႏိုင္ မၿပီးႏိုင္ေအာင္ စကားႏိုင္လုေနမယ့္အစား စိတ္ဖိစီးမႈကို ဘယ္လိုေျဖေဖ်ာက္မယ္ ဆိုတာမ်ိဳး စဥ္းစားရမွာ ျဖစ္ပါတယ္။

အိမြန္ ေျပာျပတဲ့ အေပၚက အခ်က္ေလးေတြကို သတိျပဳ ဆင္ျခင္မယ္ဆိုရင္ စိတ္ေရာကိုယ္ပါ က်န္းမာတဲ့ သားသား ၊ မီးမီးေတြကို ျပဳစုပ်ိဳးေထာင္ႏိုင္မွာ အမွန္ပါပဲ ေယာင္းတို႔ေရ…

With love

Ei Mon (For Her Myanmar)

Reference: webmd, everydayhealth

<<< Unicode >>>

လက်ဦးဆရာ ဖြစ်ရတာ လွယ်တာမှတ်လို့..

သားသမီးတွေရဲ့ လက်ဦးဆရာက မိဘပါပဲ။ အတုမြင်အတတ်သင် အရွယ် ကလေးလေးတွေက မိဘတွေရဲ့ အမူအကျင့်တွေကို ပုံတူကူးချတာ ပုံမှန်ပဲ မဟုတ်လား။ ဒီအချိန်မှာ မိဘတွေက အမူအကျင့်ကောင်းတွေကို ကိုယ်တိုင်လုပ်ရင်း ကလေးတွေကို လမ်းပြတာက အမှန်ကန်ဆုံး နည်းလမ်းပါပဲ။

တကယ်တော့ မိဘဖြစ်ရတာလည်း လွယ်တာ မဟုတ်ပါဘူးရယ်… ကလေးတွေရှေ့မှာ အကျင့်ဆိုးတွေ ပြမိရင် ကလေးက ပုံတူကူးသွားမှာမို့ သတိထားရတာတွေ ရှိသလို ကိုယ့်ရဲ့ အမူအကျင့်ဆိုးတွေကလည်း ကလေးရဲ့ ကျန်းမာရေးအပေါ် အတိုင်းအတာတစ်ခုထိ သက်ရောက်စေတယ်ဆိုတော့ သတိထားစရာတွေ အများကြီးပဲပေါ့.. ဒါဆို မိဘတွေရဲ့ ဘယ်လို အကျင့်ဆိုးတွေကများ ကလေးရဲ့ ကိုယ်စိတ်နှလုံး ကျန်းမာရေးပေါ် ဘယ်လို အကျိုးသက်ရောက်တယ်ဆိုတာ တူတူကြည့်ရအောင်နော်..

ကိုယ့်ရဲ့ ပုံပန်းသဏ္ဍာန်ကို အပြစ်တင်ဝေဖန်ခြင်း

ကိုယ့်ရဲ့ ပုံသဏ္ဍာန်ကို ကိုယ် သဘောမကျတဲ့အကြောင်း၊ ပြစ်ချက်တွေ များကြောင်း၊ စိတ်ကျေနပ်မှုမရှိကြောင်း ကလေးရှေ့မှာ ပြောပြနေမယ်ဆိုရင် ကိုယ့်ကလေးက ကိုယ်နေဟန်ထား အလှအပပေါ် အရမ်းကို စိုးရိမ်စိတ်များတဲ့သူ ဖြစ်လာနိုင်ပါတယ်။ ကိုယ့်ရဲ့ ခန္ဓာကိုယ် ပြစ်ချက်ကို ကိုယ်တိုင် ထိုင်ရှာနေတာက မကောင်းတာဖြစ်လို့ ဒီလိုမျိုးတွေ ပြောနေမယ့်အစား အားကစားလုပ်ရင် ၊ ကျန်းမာစေတဲ့ အစားအစာတွေစားရင် ၊ အိပ်ရေးဝဝသာ အိပ်မယ်ဆိုရင် ကောင်းကျိုးတွေ ဘယ်လောက်များမယ်ဆိုတာ များများ ပြောပေးရပါမယ်။ ဒါမျိုးကို ကလေးတွေက ပိုပြီး မှတ်မိပါတယ်။

စိတ်ဖိစီးမှုကို အစားနဲ့ ဖြေဖျောက်ခြင်း

စိတ်ပျက်ဝမ်းနည်းတဲ့အခါ အကောင်းဆုံး ဖြေဖျောက်ဖို့ စားနေမယ်ဆိုရင် ကလေးအတွက် မကျန်းမာစေတဲ့ အလေ့အထကို လက်ဆင့်ကမ်းပေးရာ ရောက်ပါတယ်။ ကိုယ့်ရဲ့ ခံစားချက်ကောင်းဖို့ အစားအစာကို ဖိစားရမယ်ဆိုတာမျိုး ကလေးက အတွေးပေါက်သွားနိုင်ပါတယ်။ ဒီလိုလုပ်ပြမယ့်အစား စိတ်ခံစားမှု မကောင်းဘူးလို့ ထင်လာတဲ့အခါတိုင်း သူငယ်ချင်းနဲ့ စိတ်ပြေလက်ပျောက် စကားပြောတာမျိုး ဒါမှမဟုတ် လမ်းထွက်လျှောက်တာမျိုး လုပ်ပေးသင့်ပါတယ်။

ဖုန်းအသုံးများခြင်း

ဖုန်းအကြာကြီးသုံးတာ မကောင်းဘူး၊ မသုံးနဲ့လို့ ကလေးကို ပြောနေပေမဲ့ ကိုယ်တိုင်က ဖုန်းသုံးနေတယ် ဆိုရင် ကလေးကလည်း နားထောင်မှာ မဟုတ်သလို သူကျသုံးတယ်၊ ကိုယ်ကျ မသုံးရဘူးဆိုတဲ့ အတွေးမျိုး တွေးပြီး လေးစားမှု လျော့သွားတာမျိုးလည်း ဖြစ်နိုင်ပါသေးတယ်။ ဒီတော့ ကလေးရှေ့မှာ အမြဲတမ်း ဖုန်းနဲ့ မျက်နှာမခွာ လုပ်ပြနေမယ့်အစား မိသားစုထဲမှာ ဖုန်းသုံးမယ့် အတိုင်းအတာကို အချိန်ကန့်သတ်ထားပါ။ ဒါမှ မိသားစုအတွက် စကားလက်ဆုံကျဖို့ အချိန်ပိုများမှာ ဖြစ်ပါတယ်။

အရက်သေစာ သောက်ပြခြင်း

အလုပ်မှာ အဆင်မပြေလို့ ပြန်လာပြီး စိတ်ညစ်ပြေဆိုပြီး တစ်ခွက်တစ်ဖလားတော့ မမော့လိုက်ကြပါနဲ့နော်… အဲ့လိုမျိုးတွေ ဘီယာဘူးကြား မှောက်လောက်အောင် စိတ်အပန်းဖြေတဲ့နည်း သုံးမယ့်အစား လေ့ကျင့်ခန်းလုပ်ပေးခြင်း ၊ တရားထိုင်ခြင်းကို ရှေ့က ဦးဆောင်လုပ်ပြမယ်ဆိုရင် ကလေးမှာလည်း ကျန်းမာတဲ့ အလေ့အထ အသိတိုးမှာပါ။

Related Article>>>နိုင်ငံရပ်ခြားမှာ ခေတ်စားနေတဲ့ ကလေးပျိုးထောင်နည်း

အရာရာကို ပြိုင်ဆိုင်ခိုင်းခြင်း

ကိုယ့်ကလေးကို အခြားကလေးတွေနဲ့ နှိုင်းနှိုင်းပြီး ပြောတာက ကလေးကို စိတ်ဓာတ်တက်ကြွမှု မရှိလာစေတဲ့အပြင် ကြိုးစားချင်စိတ်ပျောက်ပြီး ဂျစ်ကန်ကန် ဖြစ်လာစေနိုင်ပါတယ်။ ဆိုတော့ အဲဒီလို ပြိုင်ဆိုင်ခိုင်းမယ့်အစား ကလေးရဲ့ ကြိုးစားချင်စိတ်ကို ချီးကျူးပေးပါ။ သူစိတ်ဝင်စားမယ့် အရာတစ်ခုကို ကူညီရှာဖွေပေးပြီး လေ့ကျင့်ပေးပါ။ ဒီလိုဆိုရင်တော့ အလေ့အကျင့်ကောင်းတွေ ပိုပြီး မွေးဖွားပေးရာ ရောက်ပါတယ်။

အမြဲတမ်း ငြင်းခုန်ခြင်း

ဘာမဟုတ်တဲ့ ကိစ္စလေးနဲ့ စကားနိုင်လုပြီး ကလေးရှေ့မှာ အငြင်းပွားနေတဲ့ အဖေနဲ့ အမေကို ကြည့်ပြီး ဒီလိုအငြင်းပွားတာဟာ ကောင်းမွန်တဲ့ နည်းလမ်းလို့ ကလေးက ထင်ကောင်းထင်နေနိုင်ပါတယ်။ လင်မယားနှစ်ယောက် စိတ်တိုစကားများတိုင်း သူနိုင်ကိုယ်နိုင် မပြီးနိုင်အောင် စကားနိုင်လုနေမယ့်အစား စိတ်ဖိစီးမှုကို ဘယ်လိုဖြေဖျောက်မယ် ဆိုတာမျိုး စဉ်းစားရမှာ ဖြစ်ပါတယ်။

အိမွန် ပြောပြတဲ့ အပေါ်က အချက်လေးတွေကို သတိပြု ဆင်ခြင်မယ်ဆိုရင် စိတ်ရောကိုယ်ပါ ကျန်းမာတဲ့ သားသား ၊ မီးမီးတွေကို ပြုစုပျိုးထောင်နိုင်မှာ အမှန်ပါပဲ ယောင်းတို့ရေ…

With love

Ei Mon (For Her Myanmar)

Reference: webmd, everydayhealth

Ei Mon
Ei Mon
For Her Myanmar ရဲ႕တက္သစ္စ ေဆာင္းပါးရွင္ အိမြန္ျဖစ္ပါတယ္။ စာေရးရတာ ဝါသနာ ပါပါတယ္။ ေဆာင္းပါးေတြကတစ္ဆင့္ စိတ္ကူးေလးေတြကို ေယာင္းတို႕ရဲ႕ ရင္ထဲအေရာက္ ပို႕ေပးခ်င္ပါတယ္။ အထူးအားသာတာကေတာ့ အႏုပညာရွင္သတင္းေတြပဲ ျဖစ္ပါတယ္။ အိမြန္ရဲ႕ လက္ရာေဆာင္းပါးေတြကို အားေပးမယ္မွတ္လား…….

Leave a Reply

Your email address will not be published. Required fields are marked *