Family Motherhood Tips

(၁)ႏွစ္ကေန (၆)ႏွစ္အတြင္း သားသားမီးမီးေတြကို သြန္သင္ထိန္းေက်ာင္းဖို႔ နည္းလမ္းေကာင္း (၅) သြယ္

လက္ေတြ႕အသံုးဝင္မယ့္ နည္းလမ္းေတြပါေနာ္…

ေယာင္းတို႔ေရ … သားသားမီးမီးေတြကို လူတစ္လံုးသူတစ္လံုးျဖစ္လာေအာင္ ေကၽြးေမြးေစာင့္ေရွာက္ရတာလဲ လြယ္တဲ့ကိစၥေတာ့ မဟုတ္ေခ်ဘူး။ သြန္သင္ဆံုးမနည္းမွားရင္လည္း ကိုယ္ပဲရင္က်ိဳးရဦးမယ္။ ဒါ့အျပင္ အခုေခတ္သြင္သင္ဆံုးမနည္းေတြက တို႔ ငယ္ငယ္က ႀကံဳေတြ႔ခဲ့ရသလို မဟုတ္ေတာ့ဘဲ ပိုထိေရာက္တဲ့ နည္းစနစ္အသစ္ေတြျဖစ္လာၿပီဆိုေတာ့ ေခတ္နဲ႔အညီ သားသမီးကို ဆံုးမသြန္သင္ႏိုင္ေအာင္ ဒီနည္းလမ္းေလးေတြကို ဖတ္ၾကည့္ေနာ္။

(၁) စည္းကမ္းထားတဲ့ေနရာမွာ ကေလးကိုပါ ကူညီခိုင္းပါ

အိမ္မွာ စည္းကမ္းခ်က္ေတြသတ္မွတ္တဲ့အခါ မိဘေတြကပဲ သတ္မွတ္လိုက္တာမ်ားပါတယ္။ ဒီလိုမလုပ္ဘဲ ေယာင္းရဲ႕ သားသားမီးမီးကိုပါ ကူညီစည္းကမ္းခ်မွတ္ခိုင္းၾကည့္ပါ။ ဥပမာ “ကစားစရာေတြကို သားသားေဆာ့ၿပီး ျပန္မသိမ္းမိရင္ ေမေမပန္းကန္ေဆးတဲ့အခါ ဝိုင္းကူရမယ္။ သားသားသေဘာတူလား ?” လို႔ ေမးတာမ်ိဳးေပါ့။ ေလ့လာခ်က္ေတြအရဆို စည္းကမ္းခ်မွတ္တတ္ၿပီး စည္းကမ္းေဖာက္ဖ်က္ျခင္းရဲ႕ေနာက္ဆက္တြဲ ရလဒ္ေတြကို နားလည္တဲ့ ကေလးေတြက လူေတာ္ျဖစ္လာဖို႔ ရာခိုင္ႏႈန္းမ်ားပါတယ္တဲ့။

(၂) စည္းကမ္းေတြမရွိတဲ့ေန႔တစ္ေန႔ထားပါ

စေန၊တနဂၤေႏြရုံးပိတ္ရက္တစ္ရက္ေလာက္ေရြးၿပီး ဘာစည္းကမ္းမွ မရွိတဲ့ေန႔တစ္ေန႔အျဖစ္ထားပါ။ အဲ့လိုေန႔မ်ိဳးမွာ သူတို႔စားခ်င္တဲ့ အစားအစာေတြ၊ သူတို႔ေဆာ့ခ်င္တဲ့ ကစားနည္းေတြ (ေယာင္းပါဝင္ေဆာ့ရမွာေနာ္)၊  သူတို႔ဘယ္အခ်ိန္ အိပ္ရာဝင္မယ္ဆိုတာေတြကို သူတို႔စိတ္ႀကိဳက္ေရြးခိုင္းလိုက္ပါ။ သူတို႔စားခ်င္တာေတြက အခ်ိဳေတြခ်ည္းပဲျဖစ္ေနရင္၊ ညဘက္လံုးဝအိပ္ရာဝင္မွာ မဟုတ္ဘူးဆိုရင္ေတာင္မွေပါ့။

Related article >>> ကေလးငယ္ သြားေပါက္ရမယ့္ အခ်ိန္မွာ သြားမေပါက္လုိ႔ စိတ္ညစ္ေနလား?

(၃) မိသားစုဂိမ္းေန႔ရွိပါေစ။

ငယ္ငယ္ကေဆာ့တဲ့ မိုႏိုပိုလီ၊ ေႁမြေလွကားစတဲ့ အန္စာတံုးနဲ႔ေဆာ့ရတဲ့ ဂိမ္းေတြမွတ္မိတယ္ ဟုတ္ ? ေယာင္းရဲ႕ကေလးေတြနဲ႔ ဒီကစားနည္းေတြကို ကစားေပးပါ။ ဒီလိုေန႔ေတြမွာဆိုရင္ ေယာင္းရဲ႕ခင္ပြန္းကိုပါ ဘယ္ေလာက္အလုပ္လုပ္မ်ားမ်ား ကေလးေတြအတြက္ အခ်ိန္ေပးရမယ္လို႔သာ ခ်ဳပ္ထားလိုက္။ ဒီလိုဂိမ္းေတြကို မိသားစုနဲ႔ အတူတူ ကေလးေတြရဲ႕ ဉာဏ္ရည္ဉာဏ္ေသြးတင္ မဟုတ္ဘဲ ေမတၱာထားတတ္တဲ့စိတ္ေလးကိုပါ ပိုၿပီး အားေကာင္းေစပါတယ္။

(၄) ေတာက္တိုမယ္ရေလးေတြ ခိုင္းေပးပါ။

လူႀကီးေတြက ကေလးေတြကို အိမ္အလုပ္ေပးလုပ္မိရင္ တစ္အိမ္လံုးေျဗာင္းဆန္သြားမယ္လို႔ ထင္တတ္ၾကပါတယ္။ ေျဗာင္းဆန္ပါေစ။ သူတို႔အရြယ္နဲ႔ ကိုက္တဲ့ အိမ္မႈကိစၥေသးေသးေလးေတြ ခိုင္းၿပီး အက်င့္လုပ္ေပးမွသာ သူတို႔အေနနဲ႔ ကိုယ့္တာဝန္ကိုယူတတ္တဲ့အက်င့္ေလးရွိလာမွာပါ။

(၅) အမွားရွိရင္ ေတာင္းပန္ပါ။

ဒီအရြယ္ေတြက ပတ္ဝန္းက်င္ကေန သင္ယူေနတဲ့အရြယ္ပါ။ ဒီအခ်ိန္မွာ မိဘတစ္ေယာက္ျဖစ္တဲ့ ကိုယ္က ကေလးရဲ႕စံျပျဖစ္ေနဖို႔ လိုပါတယ္။ မ်ားေသာအားျဖင့္ မိဘေတြက ကိုယ္အမွားလုပ္မိရင္ေတာင္ ငါလူႀကီးပဲဆိုတဲ့စိတ္နဲ႔ ဝန္မခံတတ္ၾကပါဘူး။ ဒါက ကေလးကို ဘာလုပ္လုပ္ေတာင္းပန္စရာမဟုတ္ဘူးလို႔ အတုယူမွားေစပါတယ္။ ကေလးရဲ႕ စိတ္ထဲမွာ အမွားလုပ္ရင္ ေတာင္းပန္ရေကာင္းမွန္း အသိဝင္သြားဖို႔ဆိုရင္ေတာ့ ေယာင္းအေနနဲ႔ အမွားလုပ္မိရင္ ခ်က္ခ်င္းေတာင္းပန္သင့္ပါတယ္။

Related article >>> ဆယ္ေက်ာ္သက္ကေလးမ်ားကို သြန္သင္ဆံုးမလိုတဲ့မိဘမ်ားအတြက္ အၾကံျပဳခ်က္

ကဲ…ဒီေလာက္ဆိုရင္ ေယာင္းတို႔လည္း သားသားမီးမီးေတြကို ဘယ္လိုထိန္းေက်ာင္းရမလဲဆိုတဲ့ ေခတ္မီနည္းလမ္းေကာင္းေတြကို သိၾကေလာက္ၿပီထင္ပါတယ္။ ဒီနည္းလမ္းေကာင္းေလးေတြကိုသံုးၿပီး ေယာင္းရဲ႕ရင္ႏွစ္သည္းခ်ာေလးေတြကို ေနာက္မ်ိဳးဆက္ရဲ႕ ေခ္င္းေဆာင္ေကာင္းေလးေတြ ျဖစ္လာေအာင္ ပ်ိဳးေထာင္ၾကစို႔ေနာ္။

Stella (For Her Myanmar)

<<< Unicode >>>

လက်တွေ့အသုံးဝင်မယ့် နည်းလမ်းတွေပါနော်…

ယောင်းတို့ရေ … သားသားမီးမီးတွေကို လူတစ်လုံးသူတစ်လုံးဖြစ်လာအောင် ကျွေးမွေးစောင့်ရှောက်ရတာလဲ လွယ်တဲ့ကိစ္စတော့ မဟုတ်ချေဘူး။ သွန်သင်ဆုံးမနည်းမှားရင်လည်း ကိုယ်ပဲရင်ကျိုးရဦးမယ်။ ဒါ့အပြင် အခုခေတ်သွင်သင်ဆုံးမနည်းတွေက တို့ ငယ်ငယ်က ကြုံတွေ့ခဲ့ရသလို မဟုတ်တော့ဘဲ ပိုထိရောက်တဲ့ နည်းစနစ်အသစ်တွေဖြစ်လာပြီဆိုတော့ ခေတ်နဲ့အညီ သားသမီးကို ဆုံးမသွန်သင်နိုင်အောင် ဒီနည်းလမ်းလေးတွေကို ဖတ်ကြည့်နော်။

(၁) စည်းကမ်းထားတဲ့နေရာမှာ ကလေးကိုပါ ကူညီခိုင်းပါ

အိမ်မှာ စည်းကမ်းချက်တွေသတ်မှတ်တဲ့အခါ မိဘတွေကပဲ သတ်မှတ်လိုက်တာများပါတယ်။ ဒီလိုမလုပ်ဘဲ ယောင်းရဲ့ သားသားမီးမီးကိုပါ ကူညီစည်းကမ်းချမှတ်ခိုင်းကြည့်ပါ။ ဥပမာ “ကစားစရာတွေကို သားသားဆော့ပြီး ပြန်မသိမ်းမိရင် မေမေပန်းကန်ဆေးတဲ့အခါ ဝိုင်းကူရမယ်။ သားသားသဘောတူလား ?” လို့ မေးတာမျိုးပေါ့။ လေ့လာချက်တွေအရဆို စည်းကမ်းချမှတ်တတ်ပြီး စည်းကမ်းဖောက်ဖျက်ခြင်းရဲ့နောက်ဆက်တွဲ ရလဒ်တွေကို နားလည်တဲ့ ကလေးတွေက လူတော်ဖြစ်လာဖို့ ရာခိုင်နှုန်းများပါတယ်တဲ့။

(၂) စည်းကမ်းတွေမရှိတဲ့နေ့တစ်နေ့ထားပါ

စနေ၊တနင်္ဂနွေရုံးပိတ်ရက်တစ်ရက်လောက်ရွေးပြီး ဘာစည်းကမ်းမှ မရှိတဲ့နေ့တစ်နေ့အဖြစ်ထားပါ။ အဲ့လိုနေ့မျိုးမှာ သူတို့စားချင်တဲ့ အစားအစာတွေ၊ သူတို့ဆော့ချင်တဲ့ ကစားနည်းတွေ (ယောင်းပါဝင်ဆော့ရမှာနော်)၊  သူတို့ဘယ်အချိန် အိပ်ရာဝင်မယ်ဆိုတာတွေကို သူတို့စိတ်ကြိုက်ရွေးခိုင်းလိုက်ပါ။ သူတို့စားချင်တာတွေက အချိုတွေချည်းပဲဖြစ်နေရင်၊ ညဘက်လုံးဝအိပ်ရာဝင်မှာ မဟုတ်ဘူးဆိုရင်တောင်မှပေါ့။

Related article >>> ကလေးငယ် သွားပေါက်ရမယ့် အချိန်မှာ သွားမပေါက်လို့ စိတ်ညစ်နေလား?

(၃) မိသားစုဂိမ်းနေ့ရှိပါစေ။

ငယ်ငယ်ကဆော့တဲ့ မိုနိုပိုလီ၊ မြွေလှေကားစတဲ့ အန်စာတုံးနဲ့ဆော့ရတဲ့ ဂိမ်းတွေမှတ်မိတယ် ဟုတ် ? ယောင်းရဲ့ကလေးတွေနဲ့ ဒီကစားနည်းတွေကို ကစားပေးပါ။ ဒီလိုနေ့တွေမှာဆိုရင် ယောင်းရဲ့ခင်ပွန်းကိုပါ ဘယ်လောက်အလုပ်လုပ်များများ ကလေးတွေအတွက် အချိန်ပေးရမယ်လို့သာ ချုပ်ထားလိုက်။ ဒီလိုဂိမ်းတွေကို မိသားစုနဲ့ အတူတူ ကလေးတွေရဲ့ ဉာဏ်ရည်ဉာဏ်သွေးတင် မဟုတ်ဘဲ မေတ္တာထားတတ်တဲ့စိတ်လေးကိုပါ ပိုပြီး အားကောင်းစေပါတယ်။

(၄) တောက်တိုမယ်ရလေးတွေ ခိုင်းပေးပါ။

လူကြီးတွေက ကလေးတွေကို အိမ်အလုပ်ပေးလုပ်မိရင် တစ်အိမ်လုံးဗြောင်းဆန်သွားမယ်လို့ ထင်တတ်ကြပါတယ်။ ဗြောင်းဆန်ပါစေ။ သူတို့အရွယ်နဲ့ ကိုက်တဲ့ အိမ်မှုကိစ္စသေးသေးလေးတွေ ခိုင်းပြီး အကျင့်လုပ်ပေးမှသာ သူတို့အနေနဲ့ ကိုယ့်တာဝန်ကိုယူတတ်တဲ့အကျင့်လေးရှိလာမှာပါ။

(၅) အမှားရှိရင် တောင်းပန်ပါ။

ဒီအရွယ်တွေက ပတ်ဝန်းကျင်ကနေ သင်ယူနေတဲ့အရွယ်ပါ။ ဒီအချိန်မှာ မိဘတစ်ယောက်ဖြစ်တဲ့ ကိုယ်က ကလေးရဲ့စံပြဖြစ်နေဖို့ လိုပါတယ်။ များသောအားဖြင့် မိဘတွေက ကိုယ်အမှားလုပ်မိရင်တောင် ငါလူကြီးပဲဆိုတဲ့စိတ်နဲ့ ဝန်မခံတတ်ကြပါဘူး။ ဒါက ကလေးကို ဘာလုပ်လုပ်တောင်းပန်စရာမဟုတ်ဘူးလို့ အတုယူမှားစေပါတယ်။ ကလေးရဲ့ စိတ်ထဲမှာ အမှားလုပ်ရင် တောင်းပန်ရကောင်းမှန်း အသိဝင်သွားဖို့ဆိုရင်တော့ ယောင်းအနေနဲ့ အမှားလုပ်မိရင် ချက်ချင်းတောင်းပန်သင့်ပါတယ်။

Related article >>> ဆယ်ကျော်သက်ကလေးများကို သွန်သင်ဆုံးမလိုတဲ့မိဘများအတွက် အကြံပြုချက်

ကဲ…ဒီလောက်ဆိုရင် ယောင်းတို့လည်း သားသားမီးမီးတွေကို ဘယ်လိုထိန်းကျောင်းရမလဲဆိုတဲ့ ခေတ်မီနည်းလမ်းကောင်းတွေကို သိကြလောက်ပြီထင်ပါတယ်။ ဒီနည်းလမ်းကောင်းလေးတွေကိုသုံးပြီး ယောင်းရဲ့ရင်နှစ်သည်းချာလေးတွေကို နောက်မျိုးဆက်ရဲ့ ခေ်င်းဆောင်ကောင်းလေးတွေ ဖြစ်လာအောင် ပျိုးထောင်ကြစို့နော်။

Stella (For Her Myanmar)

Stella
Stella
Stella ကေတာ့ Fashion နဲ႕ Beauty ကို ဝါသနာပါလို႔ For Her Myanmar မွာ ေယာင္းေယာင္းတို႔အတြက္ beauty hacks ေတြ, fashion နဲ႕ပက္သက္တဲ့ အေၾကာင္းအရာမ်ိဳးစံုကို အဓိကေဝမွ်ေပးသြားမွာပါ။ သုတရသေတြကိုလည္း လက္လွမ္းမွီသေလာက္ ေရးေပးပါေသးတယ္။

Leave a Reply

Your email address will not be published. Required fields are marked *