ကေလးေတြကို သြန္သင္ဆံုးမဖို႔ ဒိတ္ေအာက္ေနၿပီျဖစ္တဲ့ နည္းလမ္း (၅) ခု

ေယာင္းရဲ႕ သားသားမီးမီးကို ဆံုးမနည္းေတြက မွန္ေနတာ ေသခ်ာရဲ႕လား ?

ေယာင္းတို႔ေရ … သားသားမီးမီးေတြကို သြန္သင္ဆံုးမရတာလည္း အေတာ္ေလးကိုမွ လက္ဝင္ပါတယ္ေနာ္။ ကေလးေတြရဲ႕ စိတ္က်န္းမာေပ်ာ္ရြင္ဖို႔က အဓိကဦးစားေပးျဖစ္ေနတဲ့ေခတ္ႀကီးမွာ ေယာင္းအေနနဲ႔ ဒိတ္ေအာက္ေနတဲ့နည္းလမ္းေတြကို သံုးမိရင္ ေနာင္တစ္ခ်ိန္မွာ ကေလးအတြက္ ထိခိုက္လာႏိုင္ပါတယ္။ ဒါဆိုဘယ္နည္းလမ္းေတြက ေရွးရုိးစြဲနည္းလမ္းႀကီးေတြ ျဖစ္ေနၿပီလဲဆိုတာ ၾကည့္လိုက္ၾကရေအာင္…

(၁) ရုိက္ႏွက္ျခင္း

ဒါကေတာ့ ေတာ္ေတာ္မ်ားမ်ားလည္း သိၿပီးသားျဖစ္မယ္ထင္ပါတယ္။ ကေလးေတြ အျပစ္လုပ္ရင္ ရိုက္ႏွက္ဆံုးမတာက အေျဖတစ္ခုမဟုတ္ပါဘူး။ တို႔ ငယ္ငယ္ကဆို အေဆာ့လြန္ရင္ ဒါမွမဟုတ္ အတန္းထဲမွာ အဆင့္က်သြားရင္ ေဆာ္ပေလာ္တီးခံရတာေလ။ မိဘကေတာ့ ေကာင္းေစခ်င္လို႔ ဆံုးမတာဆိုေပမဲ့ ကေလးေတြက စိတ္ဒဏ္ရာရသြားၿပီး အသက္ႀကီးလာရင္ မိဘကို ခါးခါးသီးသီးျဖစ္ဖို႔ အလားအလာမ်ားပါတယ္။

Related article >>> ကေလးေတြကို ဘယ္အခ်ိန္မွာ ဘာေတြ ဘယ္လို ေကၽြးရမလဲ?

(၂) မတ္တပ္ရပ္ဒဏ္ေပးျခင္း

လူႀကီးအမ်ားစုက မတ္တပ္ရပ္ဒဏ္ေပးတာဟာ ျပင္းထန္တဲ့ျပစ္ဒဏ္မဟုတ္ဘူးလို႔ ထင္တတ္ၾကပါတယ္။ တကယ္ေတာ့ ဒါက ကေလးေတြက အရွက္ရေစတဲ့ ဒဏ္ေပးျခင္းအမွားတစ္ခုပါပဲ။ ေက်ာင္းေတြမွာလည္း ျဖစ္တတ္ပါတယ္။ စာမရရင္ မတ္တပ္ရပ္ေနဆိုတာမ်ိဳးေတြပါ။ ေက်ာင္းမွာ ကိုယ့္ကေလးကို ဒီလိုဒဏ္ေပးတယ္လို႔ သိရရင္ ေက်ာင္းရဲ႕တာဝန္ရွိသူနဲ႔ ေဆြးေႏြးၿပီး ကေလးေတြကို ဒါမ်ိဳးမလုပ္သင့္ေၾကာင္း ရွင္းျပပါ။ ငါတို႔ငယ္ငယ္ကလည္း ဒီလိုဒဏ္ေပးခံရတာပဲလို႔ အေျပာမခံပါနဲ႔။

(၃) မကုန္မခ်င္းစားခိုင္းတာ

ျဖစ္ေလ့ျဖစ္ထရွိတာကေတာ့ ကေလးေတြကို ထမင္းေကၽြးတဲ့အခါ ပန္းကန္ထဲက အစားအစာေတြ မကုန္မခ်င္းစားရမယ္လို႔ အမိန္႔ေပးတာပါပဲ။ မွန္ပါတယ္…ကေလးေတြက ေဆာ့ရမယ္ဆို ထမင္းေမ့ ဟင္းေမ့ပဲေလ။ ဒီအခ်ိန္မွာ အတင္းေရာအဓမၼဆြဲေခၚၿပီး အကုန္စားရမယ္လို႔ အတင္းထိုးေကၽြးတာ မွန္တဲ့လုပ္ရပ္မဟုတ္ပါဘူး။ အစာစားခ်ိန္မွာ သူတို႔အတြက္ က်န္းမာေစတဲ့အစားအေသာက္ေတြကို ေရြးခ်ယ္စရာ သံုးေလးခုေလာက္ထားေပးၿပီး သူတို႔ႀကိဳက္တာစားပါေစ။ ဗိုက္ျပည့္သြားၿပီဆိုရင္ မကုန္ေသးလည္း အတင္းမေကၽြးပါနဲ႔။ သူတို႔ဆာရင္ ေမေမ့ကို ဆာေၾကာင္းေျပာပါလိမ့္မယ္။

Related article >>> သားသမီးကို ခ်ဳပ္ခ်ယ္ျခင္းေၾကာင့္ ျဖစ္လာႏိုင္တဲ့ အက်ိဳးဆက္မ်ား

(၄) ေျခာက္လန္႔ျခင္း

သားသားမအိပ္ရင္ ကေလးဖမ္းတဲ့လူႀကီးက လာေခၚသြားလိမ့္မယ္တို႔ မီးမီးထမင္းေတြဖိတ္က်ရင္ ညဘက္ထမင္းလံုးတေစၦေျခာက္လိမ့္မယ္တို႔၊ နင္တို႔ေတြကို အမိႈက္ပံုကေကာက္လာတာတို႔နဲ႔ ကေလးကို ေျခာက္လန္႔တာက ေယာင္းကို စမတ္မျဖစ္သြားေစပါဘူး။ ကေလးအေနနဲ႔ တကယ္မရွိတဲ့အရာကို ယံုၾကည္ၿပီး အၿမဲလိုလိုထိတ္လန္႔ေနမွာ ျဖစ္သလို အရြယ္ႀကီးလာရင္လည္း သူမ်ားေျပာသမွ်ယံုေနပါလိမ့္မယ္။

(၅) ပိတ္ပင္ျခင္း

စူးစမ္းစအရြယ္မွာ ကေလးေတြက အရာရာကို သိခ်င္ေနတာမို႔ ေပါက္တတ္ကရေလးေတြလည္း ေမးတတ္ပါတယ္။ သူတို႔ေမးခြန္းေတြက မ်ားေသာအားျဖင့္ “သားတို႔ကို ဘယ္လိုေမြးလာတာလဲ” ဆိုတဲ့ေျဖရက်ပ္တဲ့ ေမးခြန္းမ်ိဳးေတြ ျဖစ္တတ္ပါတယ္။ ဒီလိုအခါေတြမွာ ဘာေတြလာေမးေနတာလဲလို႔ ေအာ္ေငါက္ပစ္တာေတြ၊ ဒီကေလး စပ္စုလိုက္တာ သြားစမ္းလို႔ ႏွင္ထုတ္တာေတြက ကေလးရဲ႕စူးစမ္းေလ့လာခ်င္တဲ့စိတ္ကို ပိတ္ပင္တာနဲ႔တူတူပါပဲ။ ကေလးေတြရဲ႕ စိတ္ထဲမွာ ေလ့လာေမးျမန္းတာက မေကာင္းဘူးလို႔ အထင္ေရာက္ေစတာေၾကာင့္ မသိတာကို မသိဘူးလို႔မေျပာဘဲ ေရငံုႏႈတ္ပိတ္ေနတာမ်ိဳးေတြ၊ ဗဟုသုတမရွာေဖြေတာ့တာမ်ိဳးေတြ ျဖစ္လာႏိုင္ပါတယ္။

Related article >>> ကေလးရဲ႕ အသက္အရြယ္အလိုက္ အိမ္မႈကိစၥေလးေတြ တာဝန္ခြဲေပးၾကမယ္

ကဲ…ေယာင္းတို႔ေရ။ ဒီေလာက္ဆိုရင္ သားသားမီးမီးေတြကို ဆံုးမနည္းအမွားေတြကို ေယာင္းတို႔သိၾကေလာက္ၿပီေပါ့ေနာ္။ ေမေမေတြလည္း မွားေနတာရွိရင္ ျပင္သင့္တာျပင္ၿပီး ေမေမမျဖစ္ေသးတဲ့ ေယာင္းေတြကလည္း ကိုယ့္ပတ္ဝန္းက်င္မွာ အျမင္မေတာ္တာရွိရင္ နားလည္ေအာင္ရွင္းုပလိုက္ၾကပါဦး။

Stella (For Her Myanmar)

<<< Unicode >>>

ယောင်းရဲ့ သားသားမီးမီးကို ဆုံးမနည်းတွေက မှန်နေတာ သေချာရဲ့လား ?

ယောင်းတို့ရေ … သားသားမီးမီးတွေကို သွန်သင်ဆုံးမရတာလည်း အတော်လေးကိုမှ လက်ဝင်ပါတယ်နော်။ ကလေးတွေရဲ့ စိတ်ကျန်းမာပျော်ရွင်ဖို့က အဓိကဦးစားပေးဖြစ်နေတဲ့ခေတ်ကြီးမှာ ယောင်းအနေနဲ့ ဒိတ်အောက်နေတဲ့နည်းလမ်းတွေကို သုံးမိရင် နောင်တစ်ချိန်မှာ ကလေးအတွက် ထိခိုက်လာနိုင်ပါတယ်။ ဒါဆိုဘယ်နည်းလမ်းတွေက ရှေးရိုးစွဲနည်းလမ်းကြီးတွေ ဖြစ်နေပြီလဲဆိုတာ ကြည့်လိုက်ကြရအောင်…

(၁) ရိုက်နှက်ခြင်း

ဒါကတော့ တော်တော်များများလည်း သိပြီးသားဖြစ်မယ်ထင်ပါတယ်။ ကလေးတွေ အပြစ်လုပ်ရင် ရိုက်နှက်ဆုံးမတာက အဖြေတစ်ခုမဟုတ်ပါဘူး။ တို့ ငယ်ငယ်ကဆို အဆော့လွန်ရင် ဒါမှမဟုတ် အတန်းထဲမှာ အဆင့်ကျသွားရင် ဆော်ပလော်တီးခံရတာလေ။ မိဘကတော့ ကောင်းစေချင်လို့ ဆုံးမတာဆိုပေမဲ့ ကလေးတွေက စိတ်ဒဏ်ရာရသွားပြီး အသက်ကြီးလာရင် မိဘကို ခါးခါးသီးသီးဖြစ်ဖို့ အလားအလာများပါတယ်။

Related article >>> ကလေးတွေကို ဘယ်အချိန်မှာ ဘာတွေ ဘယ်လို ကျွေးရမလဲ?

(၂) မတ်တပ်ရပ်ဒဏ်ပေးခြင်း

လူကြီးအများစုက မတ်တပ်ရပ်ဒဏ်ပေးတာဟာ ပြင်းထန်တဲ့ပြစ်ဒဏ်မဟုတ်ဘူးလို့ ထင်တတ်ကြပါတယ်။ တကယ်တော့ ဒါက ကလေးတွေက အရှက်ရစေတဲ့ ဒဏ်ပေးခြင်းအမှားတစ်ခုပါပဲ။ ကျောင်းတွေမှာလည်း ဖြစ်တတ်ပါတယ်။ စာမရရင် မတ်တပ်ရပ်နေဆိုတာမျိုးတွေပါ။ ကျောင်းမှာ ကိုယ့်ကလေးကို ဒီလိုဒဏ်ပေးတယ်လို့ သိရရင် ကျောင်းရဲ့တာဝန်ရှိသူနဲ့ ဆွေးနွေးပြီး ကလေးတွေကို ဒါမျိုးမလုပ်သင့်ကြောင်း ရှင်းပြပါ။ ငါတို့ငယ်ငယ်ကလည်း ဒီလိုဒဏ်ပေးခံရတာပဲလို့ အပြောမခံပါနဲ့။

(၃) မကုန်မချင်းစားခိုင်းတာ

ဖြစ်လေ့ဖြစ်ထရှိတာကတော့ ကလေးတွေကို ထမင်းကျွေးတဲ့အခါ ပန်းကန်ထဲက အစားအစာတွေ မကုန်မချင်းစားရမယ်လို့ အမိန့်ပေးတာပါပဲ။ မှန်ပါတယ်…ကလေးတွေက ဆော့ရမယ်ဆို ထမင်းမေ့ ဟင်းမေ့ပဲလေ။ ဒီအချိန်မှာ အတင်းရောအဓမ္မဆွဲခေါ်ပြီး အကုန်စားရမယ်လို့ အတင်းထိုးကျွေးတာ မှန်တဲ့လုပ်ရပ်မဟုတ်ပါဘူး။ အစာစားချိန်မှာ သူတို့အတွက် ကျန်းမာစေတဲ့အစားအသောက်တွေကို ရွေးချယ်စရာ သုံးလေးခုလောက်ထားပေးပြီး သူတို့ကြိုက်တာစားပါစေ။ ဗိုက်ပြည့်သွားပြီဆိုရင် မကုန်သေးလည်း အတင်းမကျွေးပါနဲ့။ သူတို့ဆာရင် မေမေ့ကို ဆာကြောင်းပြောပါလိမ့်မယ်။

Related article >>> သားသမီးကို ချုပ်ချယ်ခြင်းကြောင့် ဖြစ်လာနိုင်တဲ့ အကျိုးဆက်များ

(၄) ခြောက်လန့်ခြင်း

သားသားမအိပ်ရင် ကလေးဖမ်းတဲ့လူကြီးက လာခေါ်သွားလိမ့်မယ်တို့ မီးမီးထမင်းတွေဖိတ်ကျရင် ညဘက်ထမင်းလုံးတစ္ဆေခြောက်လိမ့်မယ်တို့၊ နင်တို့တွေကို အမှိုက်ပုံကကောက်လာတာတို့နဲ့ ကလေးကို ခြောက်လန့်တာက ယောင်းကို စမတ်မဖြစ်သွားစေပါဘူး။ ကလေးအနေနဲ့ တကယ်မရှိတဲ့အရာကို ယုံကြည်ပြီး အမြဲလိုလိုထိတ်လန့်နေမှာ ဖြစ်သလို အရွယ်ကြီးလာရင်လည်း သူများပြောသမျှယုံနေပါလိမ့်မယ်။

(၅) ပိတ်ပင်ခြင်း

စူးစမ်းစအရွယ်မှာ ကလေးတွေက အရာရာကို သိချင်နေတာမို့ ပေါက်တတ်ကရလေးတွေလည်း မေးတတ်ပါတယ်။ သူတို့မေးခွန်းတွေက များသောအားဖြင့် “သားတို့ကို ဘယ်လိုမွေးလာတာလဲ” ဆိုတဲ့ဖြေရကျပ်တဲ့ မေးခွန်းမျိုးတွေ ဖြစ်တတ်ပါတယ်။ ဒီလိုအခါတွေမှာ ဘာတွေလာမေးနေတာလဲလို့ အော်ငေါက်ပစ်တာတွေ၊ ဒီကလေး စပ်စုလိုက်တာ သွားစမ်းလို့ နှင်ထုတ်တာတွေက ကလေးရဲ့စူးစမ်းလေ့လာချင်တဲ့စိတ်ကို ပိတ်ပင်တာနဲ့တူတူပါပဲ။ ကလေးတွေရဲ့ စိတ်ထဲမှာ လေ့လာမေးမြန်းတာက မကောင်းဘူးလို့ အထင်ရောက်စေတာကြောင့် မသိတာကို မသိဘူးလို့မပြောဘဲ ရေငုံနှုတ်ပိတ်နေတာမျိုးတွေ၊ ဗဟုသုတမရှာဖွေတော့တာမျိုးတွေ ဖြစ်လာနိုင်ပါတယ်။

Related article >>> ကလေးရဲ့ အသက်အရွယ်အလိုက် အိမ်မှုကိစ္စလေးတွေ တာဝန်ခွဲပေးကြမယ်

ကဲ…ယောင်းတို့ရေ။ ဒီလောက်ဆိုရင် သားသားမီးမီးတွေကို ဆုံးမနည်းအမှားတွေကို ယောင်းတို့သိကြလောက်ပြီပေါ့နော်။ မေမေတွေလည်း မှားနေတာရှိရင် ပြင်သင့်တာပြင်ပြီး မေမေမဖြစ်သေးတဲ့ ယောင်းတွေကလည်း ကိုယ့်ပတ်ဝန်းကျင်မှာ အမြင်မတော်တာရှိရင် နားလည်အောင်ရှင်းုပလိုက်ကြပါဦး။

Stella (For Her Myanmar)

No Comments Yet

Comments are closed