ကြာရွင္းၿပီးေနာက္ ကေလးေတြကို ႏွစ္ေယာက္တူတူအုပ္ထိန္းနည္း (၄) နည္း

မိဘေတြက ကြာရွင္းထားတာဆိုၿပီး ကေလးစိတ္ဒဏ္ရာ မရရေလေအာင္

ေယာင္းတို႔ေရ … ကြာရွင္းၿပီးေနာက္ ကေလးေတြကို အတူတူအုပ္ထိန္းဖို႔ဆိုတာ လြယ္တဲ့ကိစၥေတာ့ မဟုတ္ပါဘူး။ မိဘႏွစ္ေယာက္အဆင္မေျပရင္ ကေလးေတြစိတ္ဒဏ္ရာရမွာ စိုးရိမ္ရ၊ အုပ္ထိန္းသူအခ်င္းခ်င္း ကေလးကို ပ်ိဳးေထာင္တာ နည္းမွန္ကမ္းမွန္ျဖစ္ရဲ႕လား စိုးရိမ္ရနဲ႔ အေတာ္ကို ကိရိကထမ်ားပါတယ္။ ဒါဆို ကြာရွင္းၿပီးေနာက္ပိုင္း ကေလးေတြကို တစ္ေယာက္တစ္လွည့္အုပ္ထိန္းတဲ့အခါ ဘယ္လိုနည္းလမ္းေတြ သံုးမလဲဆိုတာကို Stella ဖတ္ထားသမွ် ျပန္ေဝမွ်ေပးမယ္ေနာ္ …

(၁) ေဒါသနဲ႔ နာက်င္တာေတြကို ေဘးဖယ္ထားလိုက္ပါ။

အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ ကြာရွင္းခဲ့တဲ့အေလ်ာက္ နာက်ည္းခ်က္ေတြနဲ႔ ေဒါသေတြေတာ့ ရွိၾကမွာပါပဲ။ ဒါေပမဲ့ သားသားမီးမီးေတြကို တစ္ေယာက္တစ္လွည့္ ေစာင့္ေရွာက္ရေတာ့မယ္ ဆိုရင္ေတာ့ ဒါေတြကို ေဘးဖယ္ထားဖို႔ လိုေနပါၿပီ။ ကေလးရဲ႕ ေပ်ာ္ရႊင္မႈနဲ႔ အနာဂတ္က လူႀကီးႏွစ္ေယာက္ရဲ႕ အာဃာတေြထက္ အေရးႀကီးပါတယ္။

(၂) တစ္ခ်ိန္က အိမ္ေထာင္ဖက္နဲ႔ ေဆြးေႏြးတိုင္ပင္ပါ။

ကြာရွင္းၿပီးၿပီမို႔ ေဆးေဖာ္ေၾကာဖက္ လုပ္စရာမလိုေတာ့ဘူးလို႔ မထင္လိုက္ပါနဲ႔။ ကေလးအတြက္ ဘာလိုအပ္တယ္ဆိုတာေတြ၊ ေက်ာင္းမွာျဖစ္ခဲ့တဲ့ အေၾကာင္းအရာေတြ၊ ျပဳျပင္ေပးဖို႔လိုတဲ့ အမူအက်င့္ေတြကို တစ္ဖက္လူလည္း သိရေအာင္ ေဆြးေႏြးသင့္ပါတယ္။ လူကိုယ္တိုင္ မေတြ႔ခ်င္ဘူးဆိုလည္း ဖုန္းကေနပဲတစ္ဆင့္ေျပာႏိုင္ပါတယ္။ ေျပာတဲ့စကားတိုင္းမွာ ကေလးကိစၥကလြဲၿပီး အပိုေတြမပါပါေစနဲ႔။

Related article >>> ကေလးေတြကို သြန္သင္ဆံုးမဖို႔ ဒိတ္ေအာက္ေနၿပီျဖစ္တဲ့ နည္းလမ္း (၅) ခု

(၃) ကေလးအတြက္ သြားေရးလာေရးအဆင္ေျပေအာင္ စီစဥ္ပါ။

အေဖအိမ္နဲ႔ အေမအိမ္ကို ကူးခ်ည္သန္းခ်ည္လုပ္ရတာက ကေလးအတြက္ စိတ္အေႏွာင့္အယွက္ျဖစ္ေစပါတယ္။ ကေလးမသြားခင္မွာ နားလည္ေအာင္ ရွင္းျပပါ။ တစ္ဖက္အိမ္ကိုသြားတာ သေဘာမက်တဲ့ပံုစံမျပပါနဲ႔။ အၿမဲတမ္းကေလးကို လိုက္ပို႔ပါ။ ခဏေလးေနခိုင္းၿပီး သြားျပန္ေခၚတာမ်ိဳး မလုပ္ပါနဲ႔။ ေယာင္းကို တစ္ဖက္အိမ္ကလူေတြက အျမင္ေစာင္းတဲ့အခါ ကေလးအတြက္ အေနခက္ေစပါတယ္။

(၄) အိမ္ေထာင္ဖက္ေဟာင္းနဲ႔ အတူဆံုးျဖတ္ပါ။

မိဘတစ္ေယာက္ရယ္လို႔ ျဖစ္လာတဲ့အခါမွာ ဆံုးျဖတ္ခ်က္ေတြ ခ်မွတ္ရပါတယ္။ ကေလးရဲ႕ က်န္းမာေရး၊ ပညာေရး၊ နဲ႔ ေငြေရးေၾကးေရးကိစၥေတြနဲ႔ ပတ္သက္လာရင္ ေယာင္းရဲ႕ အိမ္ေထာင္ဖက္ေဟာင္းနဲ႔အတူ တိုင္ပင္ၿပီး ဆံုးျဖတ္ခ်က္ကို တူတူခ်သင့္ပါတယ္။ ဒါ့အျပင္ ကေလးအတြက္ ခ်မွတ္သင့္တဲ့ စည္းမ်ဥ္းစည္းကမ္းေတြ၊ အခ်ိန္ဇယားေတြကိုလည္း တစ္ဖက္မိဘနဲ႔အတူ ညွိႏိႈင္းပါ။

Related article >>> Single Mom ျဖစ္ဖို႔ အဆင္သင့္ျဖစ္ၿပီလား

ကဲ … ဒီေလာက္ဆိုရင္ ေယာင္းတို႔လည္း သားသားမီးမီးေတြ ေပ်ာ္ရႊင္တဲ့အနာဂတ္တစ္ခုပိုင္ဆိုင္ရေအာင္ အရင္အိမ္ေထာင္ဖက္နဲ႔ အတူတူဘယ္လိုအုပ္ထိန္းရမလဲဆိုတာ သိၾကၿပီထင္ပါတယ္။ ေယာင္းတို႔ ေခတ္မီတဲ့ေမေမ ျဖစ္ႏိုင္ၾကပါေစေနာ္ …

Stella (For Her Myanmar)

<<< Unicode >>>

မိဘတွေက ကွာရှင်းထားတာဆိုပြီး ကလေးစိတ်ဒဏ်ရာ မရရလေအောင်

ယောင်းတို့ရေ … ကွာရှင်းပြီးနောက် ကလေးတွေကို အတူတူအုပ်ထိန်းဖို့ဆိုတာ လွယ်တဲ့ကိစ္စတော့ မဟုတ်ပါဘူး။ မိဘနှစ်ယောက်အဆင်မပြေရင် ကလေးတွေစိတ်ဒဏ်ရာရမှာ စိုးရိမ်ရ၊ အုပ်ထိန်းသူအချင်းချင်း ကလေးကို ပျိုးထောင်တာ နည်းမှန်ကမ်းမှန်ဖြစ်ရဲ့လား စိုးရိမ်ရနဲ့ အတော်ကို ကိရိကထများပါတယ်။ ဒါဆို ကွာရှင်းပြီးနောက်ပိုင်း ကလေးတွေကို တစ်ယောက်တစ်လှည့်အုပ်ထိန်းတဲ့အခါ ဘယ်လိုနည်းလမ်းတွေ သုံးမလဲဆိုတာကို Stella ဖတ်ထားသမျှ ပြန်ဝေမျှပေးမယ်နော် …

(၁) ဒေါသနဲ့ နာကျင်တာတွေကို ဘေးဖယ်ထားလိုက်ပါ။

အကြောင်းအမျိုးမျိုးကြောင့် ကွာရှင်းခဲ့တဲ့အလျောက် နာကျည်းချက်တွေနဲ့ ဒေါသတွေတော့ ရှိကြမှာပါပဲ။ ဒါပေမဲ့ သားသားမီးမီးတွေကို တစ်ယောက်တစ်လှည့် စောင့်ရှောက်ရတော့မယ် ဆိုရင်တော့ ဒါတွေကို ဘေးဖယ်ထားဖို့ လိုနေပါပြီ။ ကလေးရဲ့ ပျော်ရွှင်မှုနဲ့ အနာဂတ်က လူကြီးနှစ်ယောက်ရဲ့ အာဃာတွေထက် အရေးကြီးပါတယ်။

(၂) တစ်ချိန်က အိမ်ထောင်ဖက်နဲ့ ဆွေးနွေးတိုင်ပင်ပါ။

ကွာရှင်းပြီးပြီမို့ ဆေးဖော်ကြောဖက် လုပ်စရာမလိုတော့ဘူးလို့ မထင်လိုက်ပါနဲ့။ ကလေးအတွက် ဘာလိုအပ်တယ်ဆိုတာတွေ၊ ကျောင်းမှာဖြစ်ခဲ့တဲ့ အကြောင်းအရာတွေ၊ ပြုပြင်ပေးဖို့လိုတဲ့ အမူအကျင့်တွေကို တစ်ဖက်လူလည်း သိရအောင် ဆွေးနွေးသင့်ပါတယ်။ လူကိုယ်တိုင် မတွေ့ချင်ဘူးဆိုလည်း ဖုန်းကနေပဲတစ်ဆင့်ပြောနိုင်ပါတယ်။ ပြောတဲ့စကားတိုင်းမှာ ကလေးကိစ္စကလွဲပြီး အပိုတွေမပါပါစေနဲ့။

Related article >>> ကလေးတွေကို သွန်သင်ဆုံးမဖို့ ဒိတ်အောက်နေပြီဖြစ်တဲ့ နည်းလမ်း (၅) ခု

(၃) ကလေးအတွက် သွားရေးလာရေးအဆင်ပြေအောင် စီစဉ်ပါ။

အဖေအိမ်နဲ့ အမေအိမ်ကို ကူးချည်သန်းချည်လုပ်ရတာက ကလေးအတွက် စိတ်အနှောင့်အယှက်ဖြစ်စေပါတယ်။ ကလေးမသွားခင်မှာ နားလည်အောင် ရှင်းပြပါ။ တစ်ဖက်အိမ်ကိုသွားတာ သဘောမကျတဲ့ပုံစံမပြပါနဲ့။ အမြဲတမ်းကလေးကို လိုက်ပို့ပါ။ ခဏလေးနေခိုင်းပြီး သွားပြန်ခေါ်တာမျိုး မလုပ်ပါနဲ့။ ယောင်းကို တစ်ဖက်အိမ်ကလူတွေက အမြင်စောင်းတဲ့အခါ ကလေးအတွက် အနေခက်စေပါတယ်။

(၄) အိမ်ထောင်ဖက်ဟောင်းနဲ့ အတူဆုံးဖြတ်ပါ။

မိဘတစ်ယောက်ရယ်လို့ ဖြစ်လာတဲ့အခါမှာ ဆုံးဖြတ်ချက်တွေ ချမှတ်ရပါတယ်။ ကလေးရဲ့ ကျန်းမာရေး၊ ပညာရေး၊ နဲ့ ငွေရေးကြေးရေးကိစ္စတွေနဲ့ ပတ်သက်လာရင် ယောင်းရဲ့ အိမ်ထောင်ဖက်ဟောင်းနဲ့အတူ တိုင်ပင်ပြီး ဆုံးဖြတ်ချက်ကို တူတူချသင့်ပါတယ်။ ဒါ့အပြင် ကလေးအတွက် ချမှတ်သင့်တဲ့ စည်းမျဉ်းစည်းကမ်းတွေ၊ အချိန်ဇယားတွေကိုလည်း တစ်ဖက်မိဘနဲ့အတူ ညှိနှိုင်းပါ။

Related article >>> Single Mom ဖြစ်ဖို့ အဆင်သင့်ဖြစ်ပြီလား

ကဲ … ဒီလောက်ဆိုရင် ယောင်းတို့လည်း သားသားမီးမီးတွေ ပျော်ရွှင်တဲ့အနာဂတ်တစ်ခုပိုင်ဆိုင်ရအောင် အရင်အိမ်ထောင်ဖက်နဲ့ အတူတူဘယ်လိုအုပ်ထိန်းရမလဲဆိုတာ သိကြပြီထင်ပါတယ်။ ယောင်းတို့ ခေတ်မီတဲ့မေမေ ဖြစ်နိုင်ကြပါစေနော် …

Stella (For Her Myanmar)

No Comments Yet

Comments are closed