မိေထြးတစ္ေယာက္အေနနဲ႔ သားသမီးေတြနဲ႔ ဆက္ဆံေရးေျပလည္ေအာင္ ဘယ္လိုေနသင့္လဲ ?

မိေထြးဆိုိတိုင္း ဆိုးေနတာမွ မဟုတ္တာေလ.. ေနာ္.. 

ေယာင္းေရ … ကိုယ္က အိမ္ေထာင္က်သြားတဲ့အခါ ကိုယ့္ခင္ပြန္းဘက္က ကေလးေတြပါလာခဲ့ရင္ သူတို႔ေလးေတြရဲ႕ တာဝန္က ကိုယ့္ေခါင္းေပၚက်လာမွာပဲေလ။ ၿပီးေတာ့ မိေထြးကိုဆိုရင္ ကေလးေတြအေပၚမေကာင္းဘူးလို႔ ပတ္ဝန္းက်င္က အရုိးစြဲေနတတ္တာေၾကာင့္ ေနရင္းထိုင္ရင္း အျမင္ေစာင္းခံရႏိုင္ပါေသးတယ္။

ဆိုေတာ့ ကိုယ္ဟာ သူတို႔ထင္သလို လူတစ္ေယာက္မဟုတ္ဘူးဆိုတာ သက္ေသျပဖို႔အတြက္ဆို ကေလးေတြက ကိုယ့္ကိုအေမရင္းတစ္ေယာက္လို ခ်စ္ခင္မွျဖစ္မွာပါ။ အခု Stella ေျပာျပေပးမယ့္ အခ်က္ေလးေတြကေတာ့ ေယာင္းရဲ႕ေသြးမေတာ္သားမစပ္တဲ့ သားသားမီးမီးေတြနဲ႔ အဆင္ေျပေအာင္ေနထိုင္ႏိုင္မယ့္ နည္းလမ္းေတြပါ။

(၁) ရင္းႏွီးမႈယူပါ။

ကေလးေတြရဲ႕ စိတ္ေနစိတ္ထားေတြ အျပဳအမူေတြကို သိလာဖို႔ အခ်ိန္ယူပါ။ ျမန္ျမန္ရင္းႏွီးမႈလိုခ်င္လို႔ အရမ္းႀကီးေရာလိုက္တာမ်ိဳးက ျပန္ကန္ထြက္လာဖို႔မ်ားပါတယ္။ သူတို႔ရဲ႕ ဝါသနာေလးေတြကတစ္ဆင့္လည္း ရင္းႏွီးေအာင္လုပ္ယူလို႔ရပါတယ္။ ဥပမာ ပန္းခ်ီေလးေတြတူတူဆြဲတာမ်ိဳး၊ ေဘာလံုးကြင္း၊ ေရကူးကန္တို႔ကို လိုက္ပို႔ေပးတာမ်ိဳး၊ ၿပိဳင္ပြဲရွိရင္ လိုက္အားေပးတာမ်ိဳးေပါ့။

(၂) သူ႔ေနရာကေန ဝင္ၾကည့္ပါ။

သူ႔ေနရာကဝင္ၾကည့္ရင္ ေယာင္းကအျပင္လူပါ။ သူ႔အေမရင္းမဟုတ္တဲ့အတြက္ အနည္းနဲ႔အမ်ားေတာ့ သူ႔စိတ္ထဲမွာ အဖုအထစ္ေလးေတြရွိမွာပါပဲ။ ဒါကို ေယာင္းက နားလည္ေပးဖို႔လိုပါတယ္။

Related article >>> ကြာရွင္းၿပီးေနာက္ ကေလးေတြကို ႏွစ္ေယာက္တူတူအုပ္ထိန္းနည္း (၄) နည္း

(၃) သူ႔အေဖနဲ႔ အခ်ိန္ျဖဳန္းတာကို မၿငိဳျငင္ပါနဲ႔။

ေယာင္းဝင္မလာခင္အခ်ိန္တည္းက သူနဲ႔သူ႔အေဖၾကားမွာ သားအဖခ်င္း ဆက္ဆံေရးတစ္ခုရွိၿပီးသားပါ။ သူ႔အေဖနဲ႔သူ ႏွစ္ေယာက္တည္း အခ်ိန္ကုန္ဆံုးတာကို ေယာင္းဘက္က ၿငိဳျငင္သလိုျပဳမူရင္ သူတို႔သားအဖႏွစ္ေယာက္ၾကား ေသြးခြဲတယ္လို႔ အထင္ခံရပါလိမ့္မယ္။ အေဖက ေယာင္းေၾကာင့္ သူ႔ကို ေသြးေအးသြားတယ္လို႔ အထင္မခံပါနဲ႔။

(၄) သူ႔အေဖရင္းနဲ႔တိုင္ပင္ပါ။

ဘယ္ကိစၥပဲျဖစ္ျဖစ္ ေယာင္းတစ္ေယာက္တည္း ဆံုးျဖတ္ခ်က္ခ်ၿပီး မလုပ္လိုက္ပါနဲ႔။ ဒါက ကေလးစိတ္ထဲမွာ သူ႔ကိစၥေတြကို ေယာင္းကဝင္စြက္ဖက္တယ္လို႔ ထင္သြားႏိုင္လို႔ပါ။ သူ႔အေဖနဲ႔တိုင္ပင္ၿပီး သူ႔အတြက္ စည္းမ်ဥ္းစည္းကမ္းေလးေတြ ခ်မွတ္ေပးတာက ေယာင္းအတြက္ေကာ ကေလးအတြက္ေကာ ပိုအဆင္ေျပေစမွာပါ။

Related article >>> ကေလးကို တစ္ေယာက္တည္း ျပဳစုပ်ိဳးေထာင္တဲ့အခ်ိန္မွာ သိသင့္တဲ့ အခ်က္ (၅) ခ်က္

(၅) ကိုယ့္စိတ္ကို အမွန္ဆံုးထားပါ။

မိေထြးတိုင္းက နတ္သမီးပံုျပင္ထဲကလို စိတ္ပုတ္တာမဟုတ္ပါဘူး။ အဓိကက ကိုယ့္စိတ္ကို အမွန္ဆံုးထားပါ။ ေစတနာအမွန္နဲ႔ဆက္ဆံပါ။ ေစတနာမွန္ရင္ ေရာင္ျပန္ဟပ္ပါတယ္။

ကဲ …ဒါဆို ေပ်ာ္ရႊင္တဲ့ မိသားစုဘဝေလး ပိုင္ဆိုင္ႏိုင္ၾကပါေစ ေယာင္းတို႔ေရ…

Stella (For Her Myanmar)

<< Unicode >>

မိထွေးဆိုတိုင်း ဆိုးနေတာမှ မဟုတ်တာလေ.. နော်..

ယောင်းရေ … ကိုယ်က အိမ်ထောင်ကျသွားတဲ့အခါ ကိုယ့်ခင်ပွန်းဘက်က ကလေးတွေပါလာခဲ့ရင် သူတို့လေးတွေရဲ့ တာဝန်က ကိုယ့်ခေါင်းပေါ်ကျလာမှာပဲလေ။ ပြီးတော့ မိထွေးကိုဆိုရင် ကလေးတွေအပေါ်မကောင်းဘူးလို့ ပတ်ဝန်းကျင်က အရိုးစွဲနေတတ်တာကြောင့် နေရင်းထိုင်ရင်း အမြင်စောင်းခံရနိုင်ပါသေးတယ်။

ဆိုတော့ ကိုယ်ဟာ သူတို့ထင်သလို လူတစ်ယောက်မဟုတ်ဘူးဆိုတာ သက်သေပြဖို့အတွက်ဆို ကလေးတွေက ကိုယ့်ကိုအမေရင်းတစ်ယောက်လို ချစ်ခင်မှဖြစ်မှာပါ။ အခု Stella ပြောပြပေးမယ့် အချက်လေးတွေကတော့ ယောင်းရဲ့သွေးမတော်သားမစပ်တဲ့ သားသားမီးမီးတွေနဲ့ အဆင်ပြေအောင်နေထိုင်နိုင်မယ့် နည်းလမ်းတွေပါ။

(၁) ရင်းနှီးမှုယူပါ။

ကလေးတွေရဲ့ စိတ်နေစိတ်ထားတွေ အပြုအမူတွေကို သိလာဖို့ အချိန်ယူပါ။ မြန်မြန်ရင်းနှီးမှုလိုချင်လို့ အရမ်းကြီးရောလိုက်တာမျိုးက ပြန်ကန်ထွက်လာဖို့များပါတယ်။ သူတို့ရဲ့ ဝါသနာလေးတွေကတစ်ဆင့်လည်း ရင်းနှီးအောင်လုပ်ယူလို့ရပါတယ်။ ဥပမာ ပန်းချီလေးတွေတူတူဆွဲတာမျိုး၊ ဘောလုံးကွင်း၊ ရေကူးကန်တို့ကို လိုက်ပို့ပေးတာမျိုး၊ ပြိုင်ပွဲရှိရင် လိုက်အားပေးတာမျိုးပေါ့။

(၂) သူ့နေရာကနေ ဝင်ကြည့်ပါ။

သူ့နေရာကဝင်ကြည့်ရင် ယောင်းကအပြင်လူပါ။ သူ့အမေရင်းမဟုတ်တဲ့အတွက် အနည်းနဲ့အများတော့ သူ့စိတ်ထဲမှာ အဖုအထစ်လေးတွေရှိမှာပါပဲ။ ဒါကို ယောင်းက နားလည်ပေးဖို့လိုပါတယ်။

Related article >>> ကွာရှင်းပြီးနောက် ကလေးတွေကို နှစ်ယောက်တူတူအုပ်ထိန်းနည်း (၄) နည်း

(၃) သူ့အဖေနဲ့ အချိန်ဖြုန်းတာကို မငြိုငြင်ပါနဲ့။

ယောင်းဝင်မလာခင်အချိန်တည်းက သူနဲ့သူ့အဖေကြားမှာ သားအဖချင်း ဆက်ဆံရေးတစ်ခုရှိပြီးသားပါ။ သူ့အဖေနဲ့သူ နှစ်ယောက်တည်း အချိန်ကုန်ဆုံးတာကို ယောင်းဘက်က ငြိုငြင်သလိုပြုမူရင် သူတို့သားအဖနှစ်ယောက်ကြား သွေးခွဲတယ်လို့ အထင်ခံရပါလိမ့်မယ်။ အဖေက ယောင်းကြောင့် သူ့ကို သွေးအေးသွားတယ်လို့ အထင်မခံပါနဲ့။

(၄) သူ့အဖေရင်းနဲ့တိုင်ပင်ပါ။

ဘယ်ကိစ္စပဲဖြစ်ဖြစ် ယောင်းတစ်ယောက်တည်း ဆုံးဖြတ်ချက်ချပြီး မလုပ်လိုက်ပါနဲ့။ ဒါက ကလေးစိတ်ထဲမှာ သူ့ကိစ္စတွေကို ယောင်းကဝင်စွက်ဖက်တယ်လို့ ထင်သွားနိုင်လို့ပါ။ သူ့အဖေနဲ့တိုင်ပင်ပြီး သူ့အတွက် စည်းမျဉ်းစည်းကမ်းလေးတွေ ချမှတ်ပေးတာက ယောင်းအတွက်ကော ကလေးအတွက်ကော ပိုအဆင်ပြေစေမှာပါ။

Related article >>> ကလေးကို တစ်ယောက်တည်း ပြုစုပျိုးထောင်တဲ့အချိန်မှာ သိသင့်တဲ့ အချက် (၅) ချက်

(၅) ကိုယ့်စိတ်ကို အမှန်ဆုံးထားပါ။

မိထွေးတိုင်းက နတ်သမီးပုံပြင်ထဲကလို စိတ်ပုတ်တာမဟုတ်ပါဘူး။ အဓိကက ကိုယ့်စိတ်ကို အမှန်ဆုံးထားပါ။ စေတနာအမှန်နဲ့ဆက်ဆံပါ။ စေတနာမှန်ရင် ရောင်ပြန်ဟပ်ပါတယ်။

ကဲ …ဒါဆို ပျော်ရွှင်တဲ့ မိသားစုဘဝလေး ပိုင်ဆိုင်နိုင်ကြပါစေ ယောင်းတို့ရေ…

Stella (For Her Myanmar)

No Comments Yet

Comments are closed