မိဘက ယုံကြည်စိတ်ချရတဲ့ လူတစ်ယောက်ဖြစ်အောင်…..

အိမ်ပိုင်ဖို့၊ ကိုယ့်လွတ်လပ်ရေးကို တိုက်ယူဖို့ဆိုရင်တော့ ဒီလက်နက်လေးတွေ လိုမယ်နော်… 

အိမ်မပိုင်တဲ့ ယောင်းလေးတွေရှိကြလားရှုင့်….

ဘာလို့ အိမ်မပိုင်လဲ အရင်သုံးသပ်ကြည့်ရအောင်….

ဒီနေရာမှာ နှစ်မျိုးဖြစ်နိုင်ပါတယ်။ အရင်အချိန်တွေတုန်းက ကိုယ့်အုပ်ထိန်းသူမိဘကို မရိုးမသားနဲ့ လိမ်ခဲ့လို့လည်း ဖြစ်ကောင်းဖြစ်မယ်… ဒါမှမဟုတ် ကိုယ်ကလည်း ဘာမှမလုပ်ရပါဘဲနဲ့ မိဘတွေကိုက အရမ်းစည်းကမ်းတင်းကြပ်နေလို့လည်း ဖြစ်ချင်ဖြစ်မယ်။ ဒါကိုတော့ သေချာသုံးသပ်ဖို့ လိုပါမယ်… များသောအားဖြင့်တော့ စိုးရိမ်လွန်တာ၊ အချစ်လွန်တာကြောင့် ဖြစ်မယ်ထင်တယ်နော်.. မိဘဆိုတော့လည်း စိတ်ပူတတ်တာ ဘယ်လိုလုပ်မလဲနော့်…

ဘယ်လိုပဲဖြစ်ဖြစ် အရွယ်ရောက် ကိုယ့်ဘဝကိုယ်ကျောင်း ကိုယ့်လမ်းကိုယ်လျှောက်ရမယ့် အချိန်မှာ မိဘကစိတ်ပူ ဟိုဆိုလည်းမလွှတ် ဒီဆိုလည်းမလွှတ်ဆိုတာမျိုးက တော်တော်ကို ဆိုးပါတယ်။ တကယ်ပါ။ အဲ့တော့ အိမ်ပိုင်ချင်သူတွေ အဓိကအရေးတကြီးလိုအပ်တာကတော့ လူကြီးမိဘတွေရဲ့ ယုံကြည်မှုပါပဲ… ဒီတော့ သူတို့ရဲ့ ယုံကြည်မှုရဖို့ ကိုယ့်ဘက်က ဘာတွေ ပြန်ပေးဆပ်ရမလဲ.. လွတ်လပ်ရေးရဖို့ ဘယ်လက်နက်တွေနဲ့ တိုက်ယူရမလဲ ကြည့်ကြရအောင်နော်…

၁။ ဘာဖြစ်ဖြစ် ရိုးသားပါ။

မိဘတွေမသိဘူးထင်ပြီး ကိုယ်က လုပ်လိုက်ပေမဲ့ တကယ်ပြန်သိသွားတဲ့အချိန်မှာ ကိုယ့်ကို လုံးဝမယုံတော့တာမျိုး ဖြစ်နိုင်ပါတယ်။ ဒီလိုဆို ကိုယ်နဲ့ မိဘတွေရဲ့ ဆက်ဆံရေးက တင်းမာသထက် တင်းမာရုံပဲရှိပါတယ်။ အကောင်းဆုံးနည်းကတော့ ပွင့်လင်းပါ။ ကိုယ်ဆိုးတာလုပ်ခဲ့ရင်လည်း လုပ်ခဲ့တဲ့အကြောင်း၊ ဘယ်လိုဖြေရှင်းဖို့ စဉ်းစားထားကြောင်းတွေကို အကုန်အသိပေးပါ။ ဒါမှ မိဘကလည်း ကိုယ့်ကို ယုံကြည်ပြီး ငြိမ်းချမ်းရေး ရသွားမှာလေနော့်…

၂။ ကိုယ့်မိဘနဲ့အေးဆေး စကားပြောဖို့ အချိန်ပေးပါ။

ကိုယ့်တစ်နေ့တာမှာ ဘာတွေဖြစ်ခဲ့တယ် ဘာတွေလုပ်ခဲ့တယ်ဆိုတာကို ပုံမှန်ပြောပြဖို့ အတွက် အချိန်လေးတစ်ခုသတ်မှတ်ထားဖို့ အက်ဒမင်တိုက်တွန်းချင်ပါတယ်။ ဥပမာ ညဘက်ထမင်းစားတဲ့အချိန်ဖြစ်ဖြစ်ပေါ့…… ကောင်းတဲ့အချက်က ကိုယ်လည်း ရင်ထဲပေါ့သွားတယ်။ မိဘတွေကလည်း ကိုယ့်ကို တစ်နေ့တာမှာ ကျော်ဖြတ်ခဲ့ရတာတွေနဲ့ ပတ်သက်ပြီး ကလေးမဟုတ်တော့တာကို တဖြည်းဖြည်းနဲ့ နားလည်သဘောပေါက်လာပါလိမ့်မယ်။

Related Article >>> မိဘတို့ သတိပြုသင့်သော အုပ်ထိန်းမှု အမှား (၆)မျိုး

၃။ မိဘတွေ ဖုန်းဆက်စာပို့ရင် ပြန်လည်တုံ့ပြန်ပါ။

အက်ဒမင်ကတော့ အရေးကြီးတဲ့အချက်လို့ထင်ပါတယ်။ ဘယ်ချိန် ဘယ်နေရာကိုပဲ ရောက်နေပါစေ မိဘများဆိုတာ ဖုန်းဆက်တိုင်း ချက်ချင်းကိုင်မှ စာပို့တိုင်း ချက်ချင်းစာပြန်မှ ကြိုက်ကြပါတယ်။ တစ်နည်းပြောရရင် အဲ့လိုချက်ချင်းတုံ့ပြန်မှလည်း စိတ်ချလိုက်ကြတာပါ။ ဖုန်းမဆက် စာမပြန်တဲ့အချိန် ကိုယ့်သားသမီး ဘယ်များရောက်နေမလဲ ဘာတွေများဖြစ်လို့ပါလဲဆိုတဲ့စိတ်တွေက နောက်နောင်မှာ တစ်နေရာရာ ကိုယ်ကသွားတော့မယ်ဆိုရင် မလွှတ်ချင်တာ စိတ်မချတာတွေ ဖြစ်နိုင်ပါတယ်။ အနည်းဆုံးတော့ ကိုယ်က ဖေဖေ မေမေတို့ ဖုန်းဆက်တိုင်း ကိုင်တယ်လေဗျာဆိုတဲ့ တစ်ချက်နဲ့ ချုပ်လို့ရတယ်… ဟီးးးးး အက်ဒမင်လုပ်နေကျအကွက်တွေ….

၎။ မိဘကို လေးစားပါ။

ဆိုလိုချင်တာကတော့ မိဘစကားနားထောင်ပါ။ မိဘတွေအကြောင်း သိနေပါစေ။ အရင်ဆုံး ကိုယ်လုပ်ချင်တာလေးတွေကို မိဘကိုမပြောပြခင် မိဘတွေက ဘာလုပ်ရင်မကြိုက်ဘူး ဘာဖြစ်ရင်မကြိုက်ဘူး ဆိုတာလေးတွေကို အသေအချာ အာရုံထားပြီး မှတ်ထားသင့်ပါတယ်။ မတော်တဆ ကိုယ်က သူတို့မကြိုက်တာလေးတွေ လုပ်မိတော့မယ်ဆိုရင်တောင် သူတို့စကားလေးတွေ ပြန်ကြားယောင်ပြီး မလုပ်မိတော့တာမျိုးဆို သူတို့သိတဲ့အခါမှာလည်း ပီတိဖြစ်ရတယ် ကိုယ်လည်း သူတို့ရဲ့အမှတ်ပေးမှုမှာ အမှတ်တွေလှိုင်လှိုင်ရနေမှာပေါ့။

Related Article >>> လူကြီးနဲ့ လူငယ်ကြား ကွာဟချက်တို့နဲ့ ခက်ခဲနေဆဲ ပြဿနာ

၅။ ကိုယ်ကလည်း တကယ်ယုံကြည်ရတဲ့သူဖြစ်ပါစေ။

မိဘတွေယုံကြည်တာလဲ ခံချင်တယ်။ ကိုယ်ကိုတိုင်ကလည်း ယုံကြည်ရတဲ့လူတစ်ယောက်မဟုတ်ဘူးဆိုရင်တော့ ဒါခက်ပြီနော်?? ကျောင်းသွားလိုက်ဦးမယ်နော် ပြောပြီးမှ ရုပ်ရှင်သွားကြည့်နေတာတို့.. 😛 စတာပါ နောက်တာပါ အတည်ပါ။ အဓိက အက်ဒမင်ပြောချင်တာကတော့ ကိုယ်တစ်ခုလိုချင်တယ်ဆိုရင်တော့ တစ်ခုရင်းကိုရင်းရမှာပါ။ ကိုယ်က မိဘတွေရဲ့ ယုံကြည်မှုကိုလိုချင်ရင် ကိုယ့်ဘက်က ရိုးသားမှုကိုပြန်ပေးဖို့တော့ လိုမှာပေါ့နော့??

ကဲ ဒီလောက်ဆိုရင်တော့ မိဘတွေရဲ့ မုန့်ဖိုး အဲလေ ယုံကြည်မှုတွေကို သိမ်းကြုံးယူလို့ ရနိုင်ပါပြီကွယ်…

ယောင်းလေးတို့လည်း မိဘရဲ့ယုံကြည်စိတ်ချရတဲ့သူ တစ်ယောက်ဖြစ်ပါစေလို့ ဒီအက်ဒမင်ဆုတောင်းရင်း….

Thu ( For Her Myanmar )

Reference : WikiHow , Live About

No Comments Yet

Comments are closed