အိမ္ေထာင္က်ၿပီးသြားတဲ့အခါ မိသားစုနဲ႔အဆင္ေျပေစဖို႔ ေျပာင္းလဲေနထိုင္သင့္တဲ့ အခ်က္(၃)ခ်က္

အလိုလိုက္ အႀကိဳက္ေဆာင္ၿပီး ဗိုလ္က်ခြင့္ရတာ အပ်ိဳဘဝပဲရွိတယ္

ေယာင္းတို႔ေရ… အိမ္ေထာင္တစ္ခုကို တည္ေထာင္လိုက္ၿပီဆိုတာနဲ႔ အသက္ငယ္ငယ္ႀကီးႀကီး အိမ္ေထာင္ရွင္မဆိုတဲ့ တည္ၿငိမ္ရင့္က်က္မႈကို ေဖာ္ေဆာင္ေနတဲ့ အမည္နာမႀကီးက တြင္သြားပါၿပီ။ ကိုယ့္ကိုယ္ကိုယ္ ခုထိ ကေလးလို႔ ေတြးေနဦးမယ္ဆိုရင္ေတာင္ ဘယ္သူကမွ ဒီလိုမထင္ျမင္ေတာ့ပါဘူး။ အထူးသျဖင့္ေယာင္းတို႔ မိသားစုထဲမွာေပါ့။

အိမ္ေထာင္မက်ခင္ကေတာ့ ဗိုလ္က် ၊ ဂ်ီက်သမွ်ကို မိသားစုေတြက ခႊင့္လႊတ္သည္းခံေပးေပမဲ့ အိမ္ေထာင္ရွင္မျဖစ္သြားတဲ့အခါမွာေတာ့ ေယာင္းတို႔ဆိုးသမွ်ကို ဘယ္သူမွအႏြံတာမခံေတာ့ပါဘူး။ ငါကေတာ့မရပါဘူး အရင္လိုဗိုလ္က်ေနဦးမွာပဲ၊ ဆိုးေနဦးမွာပဲဆိုရင္ေတာ့ တစ္ေန႔မဟုတ္ တစ္ေန႔ ေယာင္းတို႔မိသားစုနဲ႔ အေျခအတင္ျပႆနာေတြ ရင္ဆိုင္ရေတာ့မွာပါ။ ဒီေတာ့ အိမ္ေထာင္ျပဳၿပီးတဲ့ ေယာင္းတို႔ မိသားစုနဲ႔အဆင္ေျပေအာင္ ေျပာင္းလဲေနထိုင္သင့္တာေလးေတြကို မင္မင္ကေဝမွ်ေပးသြားမယ္ေနာ္….

Related Article >>> အသက္(၃၀)ေက်ာ္ေတြ ဒိတ္လုပ္ဖို႕ ခဲယဉ္းသြားေစတဲ့ အေတြး(၄)ခု

အေျပာအဆို ဆင္ျခင္ပါ။

စတာေနာက္တာေတြက မိသားစုထဲမွာ ေျပာေနက်ဆိုေပမဲ့ အိမ္ေထာင္က်သြားတဲ့အခါမွာေတာ့ က်ီစားသန္ရင္ ရန္မ်ားေတာ့မွာပါ။ ေယာင္းတို႔္ မိသားစုထဲက တျခားေမာင္ႏွမေတြကပါ အိမ္ေထာင္ကိုယ္စီနဲ႔ဆိုရင္ ပိုၿပီးေတာင္ သတိထားသင့္ပါေသးတယ္။ ေမာင္ႏွမအခ်င္းခ်င္း နစ္နစ္နာနာစေနာက္ရင္ေတာင္ သူစိမ္းဖက္လာတဲ့အခါမွာ မလိုလားအပ္တဲ့ ျပႆနာေတြျဖစ္လာႏိုင္ပါတယ္။ မိဘေတြနဲ႔ ဆိုရင္လည္း စေနာက္ၿပီးေတာင္ မရိုမေသမဆက္ဆံပါနဲ႔။ အိမ္ေထာင္က်ၿပီးတဲ့ ေယာင္းက မရိုမေသျပဳလိုက္မိရင္ မိဘေတြကိုမမွီခိုေတာ့တာနဲ႔ပဲ  မခန္႔ေလးစားျပဳေနၿပီလားဆိုၿပီး စိတ္ကြက္သြားတာမ်ိဳး ျဖစ္လာႏိုင္ပါတယ္။

အိမ္တာဝန္ေတြကို ဝိုင္းဝန္းလုပ္ေဆာင္ေပးပါ။ 

ဒါက်ေတာ့ အိမ္ေထာင္က်သြားသည့္တိုင္ အိမ္ခြဲမေနဘဲ မိဘအိမ္မွာ ေနေနေသးတဲ့ ေယာင္းေတြအတြက္ အဓိကပါေနာ္.. အပ်ိဳတုန္းကလို ပ်င္းလို႔ အိမ္သန္႔ရွင္းေရးမလုပ္ခ်င္ဘူး၊ ဟင္းမွ မခ်က္တတ္တာ၊ အဝတ္ေလွ်ာ္တာ ဝါသနာမပါပါဘူးတို႔ သြားလုပ္လို႔မရေတာ့ပါဘူး။ အရင္တုန္းကသာ ဒီလိုေနတာကို မိသားစုကအျပစ္မျမင္ေပမဲ့ ဒီအခ်ိန္မွာေတာ့ အိမ္ေထာင္က် ျပဳခ်င္တယ္ ၊ အိမ္အလုပ္ေတြကိုက် လက္ေၾကာမတင္းဘူးဆိုၿပီး မ်က္စိဆံပင္ေမြးစူးလာဖို႔ ရာႏႈန္းမ်ားပါတယ္။ ဒီေတာ့ေယာင္းအေနနဲ႔ လိုအပ္ရင္လိုအပ္သလို အျပန္အလွန္ရိုင္းပင္းကူညီၿပီး အိမ္တာဝန္ေတြ ဝိုင္းလုပ္ေပးမွသာ မိသားစုက ၾကည္ျဖဴႏိုင္မွာပါ။ ဒါက အိမ္ေထာင္က်သြားရင္ မျဖစ္မေန အိမ္မႈကိစၥ လုပ္ရမယ္လို႔ ဆိုလိုတာ မဟုတ္ဘူးေနာ္.. သူမ်ားအလုပ္မို႔ မလုပ္ေပးႏုိင္ေတာင္ ကိုယ့္ေဝယ်ာဝစၥေတာ့ ကိုယ္တာဝန္ယူႏိုင္တာ အေကာာင္းဆံုးပါပဲ။

Related Article >>> အသက္(၂၅)ႏွစ္ေက်ာ္မွ စတြဲတဲ့စုံတြဲေတြ ပိုတည္ၿမဲရတဲ့ အခ်က္(၅)ခ်က္

ေငြေၾကးအရႈပ္အရွင္းေတြ ေရွာင္ရွားပါ။

အေဖအေမပဲ ၊ အစ္ကိုအစ္မပဲဆိုၿပီး ေငြေၾကးယူသုံးတာမ်ိဳးေတြ ၊ ခဏစိုက္ခိုင္းၿပီး ျပန္မေပးတာမ်ိဳးေတြက အိမ္ေထာင္က်သြားရင္ လုံးဝမလုပ္သင့္တာေတြပါ။ ေယာင္းတို႔ဝင္ေငြနဲ႔ အမ်ိဳးသားဝင္ေငြေတြကုိ တြက္ခ်က္ၿပီး ေလာက္ငေအာင္ ခ်ိန္ဆသုံးစြဲရမွာက ေယာင္းတို႔တာဝန္ျဖစ္သြားၿပီမို႔ မိသားစုဆီကျပန္ေတာင္းသုံးေနတာမ်ိဳးေတြက ၾကာလာတာနဲ႔အမွ် ၿငိဳျငင္စရာေတြျဖစ္လာမွာပါ။

ကဲ…ဒီအခ်က္ေလးေတြ တီးေခါက္မိထားမယ္ဆိုရင္ေတာ့ အိမ္ေထာင္က်ၿပီးတာေတာင္ မိသားစုနဲ႔အခ်စ္ေတြပိုတိုးပြားေစႏိုင္မွာပါ။ စိတ္ထဲမွာအဖုအထစ္ကင္းကင္းနဲ႔ ခ်စ္ျမတ္ႏိုးရျခင္းေတြ ပိုင္ဆုိင္ႏုိင္ၾကပါေစ။

ခ်စ္ရတဲ့ မင္မင္

DiDi ( For Her Myanmar )

<<< Unicode >>>

အလိုလိုက် အကြိုက်ဆောင်ပြီး ဗိုလ်ကျခွင့်ရတာ အပျိုဘဝပဲရှိတယ်

ယောင်းတို့ရေ… အိမ်ထောင်တစ်ခုကို တည်ထောင်လိုက်ပြီဆိုတာနဲ့ အသက်ငယ်ငယ်ကြီးကြီး အိမ်ထောင်ရှင်မဆိုတဲ့ တည်ငြိမ်ရင့်ကျက်မှုကို ဖော်ဆောင်နေတဲ့ အမည်နာမကြီးက တွင်သွားပါပြီ။ ကိုယ့်ကိုယ်ကိုယ် ခုထိ ကလေးလို့ တွေးနေဦးမယ်ဆိုရင်တောင် ဘယ်သူကမှ ဒီလိုမထင်မြင်တော့ပါဘူး။ အထူးသဖြင့်ယောင်းတို့ မိသားစုထဲမှာပေါ့။

အိမ်ထောင်မကျခင်ကတော့ ဗိုလ်ကျ ၊ ဂျီကျသမျှကို မိသားစုတွေက ခွှင့်လွှတ်သည်းခံပေးပေမဲ့ အိမ်ထောင်ရှင်မဖြစ်သွားတဲ့အခါမှာတော့ ယောင်းတို့ဆိုးသမျှကို ဘယ်သူမှအနွံတာမခံတော့ပါဘူး။ ငါကတော့မရပါဘူး အရင်လိုဗိုလ်ကျနေဦးမှာပဲ၊ ဆိုးနေဦးမှာပဲဆိုရင်တော့ တစ်နေ့မဟုတ် တစ်နေ့ ယောင်းတို့မိသားစုနဲ့ အခြေအတင်ပြဿနာတွေ ရင်ဆိုင်ရတော့မှာပါ။ ဒီတော့ အိမ်ထောင်ပြုပြီးတဲ့ ယောင်းတို့ မိသားစုနဲ့အဆင်ပြေအောင် ပြောင်းလဲနေထိုင်သင့်တာလေးတွေကို မင်မင်ကဝေမျှပေးသွားမယ်နော်….

Related Article >>> အသက်(၃၀)ကျော်တွေ ဒိတ်လုပ်ဖို့ ခဲယဉ်းသွားစေတဲ့ အတွေး(၄)ခု

အပြောအဆို ဆင်ခြင်ပါ။

စတာနောက်တာတွေက မိသားစုထဲမှာ ပြောနေကျဆိုပေမဲ့ အိမ်ထောင်ကျသွားတဲ့အခါမှာတော့ ကျီစားသန်ရင် ရန်များတော့မှာပါ။ ယောင်းတို့် မိသားစုထဲက တခြားမောင်နှမတွေကပါ အိမ်ထောင်ကိုယ်စီနဲ့ဆိုရင် ပိုပြီးတောင် သတိထားသင့်ပါသေးတယ်။ မောင်နှမအချင်းချင်း နစ်နစ်နာနာစနောက်ရင်တောင် သူစိမ်းဖက်လာတဲ့အခါမှာ မလိုလားအပ်တဲ့ ပြဿနာတွေဖြစ်လာနိုင်ပါတယ်။ မိဘတွေနဲ့ ဆိုရင်လည်း စနောက်ပြီးတောင် မရိုမသေမဆက်ဆံပါနဲ့။ အိမ်ထောင်ကျပြီးတဲ့ ယောင်းက မရိုမသေပြုလိုက်မိရင် မိဘတွေကိုမမှီခိုတော့တာနဲ့ပဲ  မခန့်လေးစားပြုနေပြီလားဆိုပြီး စိတ်ကွက်သွားတာမျိုး ဖြစ်လာနိုင်ပါတယ်။

အိမ်တာဝန်တွေကို ဝိုင်းဝန်းလုပ်ဆောင်ပေးပါ။ 

ဒါကျတော့ အိမ်ထောင်ကျသွားသည့်တိုင် အိမ်ခွဲမနေဘဲ မိဘအိမ်မှာ နေနေသေးတဲ့ ယောင်းတွေအတွက် အဓိကပါနော်.. အပျိုတုန်းကလို ပျင်းလို့ အိမ်သန့်ရှင်းရေးမလုပ်ချင်ဘူး၊ ဟင်းမှ မချက်တတ်တာ၊ အဝတ်လျှော်တာ ဝါသနာမပါပါဘူးတို့ သွားလုပ်လို့မရတော့ပါဘူး။ အရင်တုန်းကသာ ဒီလိုနေတာကို မိသားစုကအပြစ်မမြင်ပေမဲ့ ဒီအချိန်မှာတော့ အိမ်ထောင်ကျ ပြုချင်တယ် ၊ အိမ်အလုပ်တွေကိုကျ လက်ကြောမတင်းဘူးဆိုပြီး မျက်စိဆံပင်မွေးစူးလာဖို့ ရာနှုန်းများပါတယ်။ ဒီတော့ယောင်းအနေနဲ့ လိုအပ်ရင်လိုအပ်သလို အပြန်အလှန်ရိုင်းပင်းကူညီပြီး အိမ်တာဝန်တွေ ဝိုင်းလုပ်ပေးမှသာ မိသားစုက ကြည်ဖြူနိုင်မှာပါ။ ဒါက အိမ်ထောင်ကျသွားရင် မဖြစ်မနေ အိမ်မှုကိစ္စ လုပ်ရမယ်လို့ ဆိုလိုတာ မဟုတ်ဘူးနော်.. သူများအလုပ်မို့ မလုပ်ပေးနိုင်တောင် ကိုယ့်ဝေယျာဝစ္စတော့ ကိုယ်တာဝန်ယူနိုင်တာ အကောာင်းဆုံးပါပဲ။

Related Article >>> အသက်(၂၅)နှစ်ကျော်မှ စတွဲတဲ့စုံတွဲတွေ ပိုတည်မြဲရတဲ့ အချက်(၅)ချက်

ငွေကြေးအရှုပ်အရှင်းတွေ ရှောင်ရှားပါ။

အဖေအမေပဲ ၊ အစ်ကိုအစ်မပဲဆိုပြီး ငွေကြေးယူသုံးတာမျိုးတွေ ၊ ခဏစိုက်ခိုင်းပြီး ပြန်မပေးတာမျိုးတွေက အိမ်ထောင်ကျသွားရင် လုံးဝမလုပ်သင့်တာတွေပါ။ ယောင်းတို့ဝင်ငွေနဲ့ အမျိုးသားဝင်ငွေတွေကို တွက်ချက်ပြီး လောက်ငအောင် ချိန်ဆသုံးစွဲရမှာက ယောင်းတို့တာဝန်ဖြစ်သွားပြီမို့ မိသားစုဆီကပြန်တောင်းသုံးနေတာမျိုးတွေက ကြာလာတာနဲ့အမျှ ငြိုငြင်စရာတွေဖြစ်လာမှာပါ။

ကဲ…ဒီအချက်လေးတွေ တီးခေါက်မိထားမယ်ဆိုရင်တော့ အိမ်ထောင်ကျပြီးတာတောင် မိသားစုနဲ့အချစ်တွေပိုတိုးပွားစေနိုင်မှာပါ။ စိတ်ထဲမှာအဖုအထစ်ကင်းကင်းနဲ့ ချစ်မြတ်နိုးရခြင်းတွေ ပိုင်ဆိုင်နိုင်ကြပါစေ။

ချစ်ရတဲ့ မင်မင်

DiDi ( For Her Myanmar )

No Comments Yet

Comments are closed