ခ်စ္သူအမ်ိဳးအစားအလုိက္ ေပးသင့္တဲ့ ခရစၥမတ္လက္ေဆာင္မ်ား

အက္ဒ္မင္ေျပာသြားမယ့္အထဲမွာ သေဘာက်တာေတြ႔ရင္ ကိုကိုေတြ ေမာင္ေမာင္ေတြကို မန္းရွင္းေခၚၿပီးေတာ့သာ ပူဆာခ်ည္ေပေရာ႔ 😛

<<<Zawgyi>>>
ကဲ ေယာင္းတို႔ ခရစၥမတ္စ္လည္း နီးလာၿပီဆုိေတာ့ ခရစၥမတ္စ္လက္ေဆာင္ေလးေတြလိုခ်င္ေနၾကၿပီဟုတ္? (ေယာင္းတို႔ရဲ႕ အိုပါးလည္း ဘာေပးရမလဲဆိုၿပီးေတာ့ ေခါင္းမီးေတာက္ေနေလာက္ၿပီ ငိငိ။) မပူပါနဲ႔။ ေယာင္းစိန္လာပါၿပီ။ ကဲ ေယာင္းတို႔ရဲ႕ ခ်စ္သူေကာင္ေလးေတြေရ။ လက္ေဆာင္မေပးခင္ အရင္ဆံုး ကိုယ့္ခ်စ္သူေကာင္မေလးက ဘယ္လိုအမ်ိဳးအစားထဲ ပါလဲၾကည့္ရပါမယ္။
ေယာင္းစိန္ကေတာ့ အဓိက ခ်စ္သူေကာင္မေလး (၆)မ်ိဳးလို႔ ခြဲလိုက္ပါတယ္။

(၁) အစားတစ္လိုင္း ခ်စ္သူ

ကိုယ့္ခ်စ္သူက အစားခ်ည္းပဲ တစ္လိုင္းဆိုရင္ေတာ့ ေခ်ာကလက္ေလးေတြထည့္ထားတဲ့ ဘူးလွလွေလးတစ္ဘူး လက္ေဆာင္ေပးပါ။

ဒါမွမဟုတ္ရင္လည္း သူအႀကိဳက္ဆံုး စားေသာက္ဆိုင္မွာ ႀကိဳတင္ ဘြတ္ကင္ယူထားၿပီး သူႀကိဳက္တတ္တဲ့အစားအေသာက္ေတြကို ႀကိဳတင္မွာထားေပးလိုက္ပါ။

ဒါမွမဟုတ္ရင္လည္း ကိုယ္ကိုယ္တိုင္ အိမ္ကေန ခ်က္ျပဳတ္ျပင္ဆင္လာတဲ့ အစားအေသာက္တစ္ခုကို သူမကို ေကၽြးပါ။ (ဒီအခ်ိန္က် လက္ရာေကာင္းမေကာင္းဆိုတာထက္ ေမတၱာေစတနာက ပိုအေရးပါတယ္ေလေနာ႔။ )

သတိထားရမွာက အစားတစ္လိုင္းေတြကို သြားၿပီး အလွအပေတြ ဘာညာ စပရိုက္စ္မတိုက္နဲ႔ရယ္။ ႀကိဳက္ပု သူတို႔က။ ဟီး စပရိုက္စ္က စားလို႔မွမရတာ။ 😛

Related Article >> သင့္ေကာင္မေလးကို အံ့အားသင့္ေစမယ့္ လက္ေဆာင္မ်ား

(၂) အလွအပႀကိဳက္တတ္တဲ့ခ်စ္သူ

ကဲ ဒီလိုခ်စ္သူမ်ိဳးဆိုရင္ေတာ့သူ(မ) သေဘာက်တတ္တဲ့ spa ေလးေတြမွာ လုပ္ဖို႔ package ေလးဝယ္ေပးထားတာမ်ိဳး၊ သူ(မ)နဲ႔လိုက္မယ့္ အက်ႌလက္ေဆာင္ေလးေပးတာမ်ိဳးေပးၾကည့္ပါ။

ဒါမွမဟုတ္ သူ(မ)အတြက္ ေခါင္းစီးႀကိဳးလွလွေလးေတြ၊ ကလစ္လွလွေလးေတြ ပါတဲ့ ဘူးေလးတစ္ဘူးလက္ေဆာင္ေပးပါ။ (ဘယ္မွာ ဝယ္ရမယ္မွန္းမသိရင္ Spirit တို႔ MGOU တို႔ Miniso တို႔မွာ သြားရွာၾကည့္ပါ။ ေတာ္ေတာ္ အစံုရွိပါတယ္။)

ဒါမွမဟုတ္ သူ(မ) မွာ ကုန္ေတာ့မယ္ဆိုတဲ့ မိတ္ကပ္ပစၥည္းေလး လက္ေဆာင္ေပးလိုက္ပါ။ ကိုယ္ဘက္ဂ်က္မ်ားရင္မ်ားသေလာက္ တျခားပစၥည္းေလးေတြပါ ထည့္ေပးခ်င္ရင္ ရေသးတယ္ေနာ္။

လက္သည္းနီ ခေရဇီဆိုရင္လည္း လက္သည္းနီဘူးေလးေတြပါ ထည့္ေပးလိုက္ေနာ္။

(၃) စပရိုက္စ္ႀကိဳက္တဲ့ခ်စ္သူ

ကိုယ့္ခ်စ္သူက စပရိုက္စ္ႀကိဳက္ေပမယ့္ ကိုယ္က စပရိုက္အခ်ိဳရည္ေတာင္ မသိတဲ့သူဆိုရင္ေတာ့ နည္းလမ္းေကာင္းေလး ေျပာျပမယ္။ For Her Myanmar Club မွာ ခ်စ္သူနာမည္နဲ႔ Member ေလး ဝင္ေပးထားလိုက္။ သူသာ မန္ဘာဝင္ျဖစ္သြားမယ္ဆိုရင္ လကုန္က် မိတ္ကပ္ပစၥည္းေလးေတြ၊ accessories ေလးေတြ စတဲ့ပစၥည္းေလးေတြပါတဲ့ လက္ေဆာင္စပရိုက္စ္ဘူးေလး သူရလိမ့္မယ္။ ဘာေၾကာင့္ စပရိုက္စ္ဘူးလို႔ေျပာလဲဆိုေတာ့ အက္မင္မမေတြက ဘူးထဲမွာ ဘာေတြပါမယ္ဆိုတာ ႀကိဳမေျပာထားဘဲ လကုန္ လက္ေဆာင္ဘူးရေတာ့မွသိတာဆိုေတာ့ စပရိုက္စ္ျဖစ္တာေပါ့ေနာ္။ ၿပီးေတာ့ Her Club ကလုပ္မယ့္ ပြဲေလးေတြကိုလည္း သူတက္ခြင့္ရဦးမွာရယ္။
ေနာက္တစ္ခုက သူ(မ) အတြက္ စိတ္ခြန္အားတက္ေစမယ့္ စာေတြကိုလည္း ဖတ္ခြင့္ရဦးမွာ။ အဲ့ေတာ့ ကိုယ္လည္း အၾကံမအိုက္ေတာ့ဘဲ ခ်စ္သူကို စပရိုက္စ္တိုက္နိုင္ၿပီေပါ့။

Related Article >>> လက္ေဆာင္ေပးတတ္သူ အမ်ိဳးအစား (၆)မ်ိဳး

(၄) ရိုမန္႔စ္ႀကိဳက္တဲ့ခ်စ္သူ

ရိုမန္႔စ္ႀကိဳက္တဲ့ ခ်စ္သူကိုေတာ့ အလွဆံုး ပန္းစည္းေလး လက္ေဆာင္ေပးလိုက္ပါ။ ဒါမွမဟုတ္
သူနဲ႔ကိုယ့္ပံုေလးေတြကို ထုတ္ၿပီး စာအုပ္လွလွေလးမွာကပ္၊ အမွတ္တရရွိခဲ့တဲ့ ပံုေလးေတြရဲ႕ေအာက္မွာ စာသားေလးေတြကို လွလွေလးေရးၿပီး ေပးလည္းရပါတယ္။ (စာအုပ္လွလွေလးေတြ ဘယ္မွာဝယ္ရမွန္းမသိရင္ လွည္းတန္းက D-mate ဆိုင္မွာ ဝယ္လို႔ရပါတယ္လို႔။)
ဒါမွမဟုတ္ သူ႔အတြက္ သီးသန္႔လုပ္ထားတဲ့ ဆြဲႀကိဳးေလးေတြ၊ ခုေနာက္ပိုင္းေပၚလာတာေလ ေက်ာက္တံုးေပၚမွာ ပံုေလးေတြရိုက္တာမ်ိဳး၊ ခြက္ေပၚမွာ သူ(မ)ပံုလွလွေလးေတြ ရိုက္ထားတာမ်ိဳးဆို သိပ္သေဘာက်တာ။

(၅) အလုပ္ပိေနတဲ့ခ်စ္သူ

ကိုယ့္ခ်စ္သူေကာင္မေလးက အရမ္းအလုပ္ႀကိဳးစားလြန္းလို႔ အလုပ္ေတြမတရားမ်ားေနတတ္တဲ့သူဆိုရင္ေတာ့ သူ(မ) ေအးေအးေဆးေဆး အနားယူအပန္းေျဖလို႔ရမယ့္ ေနရာေလးေတြမွာ
ဘြတ္ကင္လုပ္ေပးလိုက္ပါ။ အနားယူလို႔ေကာင္းတဲ့ ေနရာေတြကေတာ့ ေခၽြးထုတ္ခန္းတို႔ဘာတို႔ေပါ့။

ဒါမွမဟုတ္လည္း Massage (အႏွိပ္ခံလို႔ေကာင္းတဲ့ တစ္ေနရာရာမွာ) ဘြတ္ကင္လုပ္ေပးလိုက္ပါ။

ဒါမွမဟုတ္လည္း သူ(မ) အလုပ္လုပ္ရင္း မ်က္စိေညာင္းတဲ့အခါခပ္ဖို႔ မ်က္စဥ္းေလး ဝယ္ေပးပါ။

ဒါမွမဟုတ္ သူ(မ) ပင္ပန္းတာ သက္သာေစမယ့္ အင္နာဗြန္စီေဆးဘူး (သို႔) ေအာ္ရာမင္စီေဆးဘူးမ်ိဳးေလး လက္ေဆာင္ေပးပါ။

(၆) စာၾကမ္းပိုးခ်စ္သူ

စာမွစာျဖစ္ေနတဲ့ ခ်စ္သူကိုေတာ့ သူ(မ) ႀကိဳက္တတ္တဲ့ စာေရးဆရာရဲ႕ စာအုပ္ေလးေတြ ဝယ္ေပးပါ။ သူ(မ)မွာ ရွိမရွိေတာ့ အရင္ဆံုး ဒိုင္လ်ွိဳေလးစံုစမ္းၾကည့္ေပါ့ေနာ္။ ၿပီးေတာ့ သူ(မ) ေလ့လာေနတဲ့ အေၾကာင္းအရာနဲ႔ ဆက္စပ္ၿပီး အေထာက္အကူျဖစ္ေစမယ့္ စာအုပ္မ်ိဳး၊ ပစၥည္းမ်ိဳးလက္ေဆာင္ဝယ္ေပးပါ။ ဒါမွမဟုတ္ မွတ္စုစာအုပ္လွလွေလးျဖစ္ျဖစ္၊ ေဘာပင္လွလွေလးေတြ၊ စာေရးကိရိယာပစၥည္း ေသးေသးလွလွေလးေတြ ထည့္ထားတဲ့ လက္ေဆာင္ဘူးေတြ ေပးၾကည့္ပါ။

ကဲ ေယာင္းစိန္ကေတာ့ အိုင္ဒီယာေလးေတြ ေျပာၿပီးၿပီေနာ္။ ကိုကိုေမာင္ေမာင္ေတြကို လက္သာတို႔လိုက္ေတာ့။

Christina (For Her Myanmar)

<<<Unicode>>>

ကဲ ယောင်းတို့ ခရစ္စမတ်စ်လည်း နီးလာပြီဆိုတော့ ခရစ္စမတ်စ်လက်ဆောင်လေးတွေလိုချင်နေကြပြီဟုတ်? (ယောင်းရဲ့ အိုပါးတွေလည်း ဘာပေးရမလဲဆိုပြီးတော့ ခေါင်းမီးတောက်နေလောက်ပြီ ငိငိ။) မပူပါနဲ့။ ယောင်းစိန်လာပါပြီ။ ကဲ ယောင်းတို့ရဲ့ ချစ်သူကောင်လေးတွေရေ။ လက်ဆောင်မပေးခင် အရင်ဆုံး ကိုယ့်ချစ်သူကောင်မလေးက ဘယ်လိုအမျိုးအစားထဲ ပါလဲကြည့်ရပါမယ်။
ယောင်းစိန်ကတော့ အဓိက ချစ်သူကောင်မလေး (၆)မျိုးလို့ခွဲလိုက်ပါတယ်။

(၁) အစားတစ်လိုင်း ချစ်သူ

ကိုယ့်ချစ်သူက အစားချည်းပဲ တစ်လိုင်းဆိုရင်တော့ ချောကလက်လေးတွေထည့်ထားတဲ့ ဘူးလှလှလေးတစ်ဘူး လက်ဆောင်ပေးပါ။
ဒါမှမဟုတ်ရင်လည်း သူအကြိုက်ဆုံး စားသောက်ဆိုင်မှာ ကြိုတင် ဘွတ်ကင်ယူထားပြီး သူကြိုက်တတ်တဲ့အစားအသောက်တွေကို ကြိုတင်မှာထားပေးလိုက်ပါ။
ဒါမှမဟုတ်ရင်လည်း ကိုယ်ကိုယ်တိုင် အိမ်ကနေ ချက်ပြုတ်ပြင်ဆင်လာတဲ့ အစားအသောက်တစ်ခုကို သူမကို ကျွေးပါ။ (ဒီအချိန်ကျ လက်ရာကောင်းမကောင်းဆိုတာထက် မေတ္တာစေတနာက ပိုအရေးပါတယ်လေနော့။ )
သတိထားရမှာက အစားတစ်လိုင်းတွေကို သွားပြီး အလှအပတွေ ဘာညာ စပရိုက်စ်မတိုက်နဲ့ရယ်။ ကြိုက်ပု သူတို့က။ ဟီး စပရိုက်စ်က စားလို့မှမရတာ။ 😛

Related Article >> သင့်ကောင်မလေးကို အံ့အားသင့်စေမယ့် လက်ဆောင်များ

(၂) အလှအပကြိုက်တတ်တဲ့ချစ်သူ

ကဲ ဒီလိုချစ်သူမျိုးဆိုရင်တော့သူ(မ) သဘောကျတတ်တဲ့ spa လေးတွေမှာ လုပ်ဖို့ package လေးဝယ်ပေးထားတာမျိုး၊ သူ(မ)နဲ့လိုက်မယ့် အင်္ကျီလက်ဆောင်လေးပေးတာမျိုးပေးကြည့်ပါ။
ဒါမှမဟုတ် သူ(မ)အတွက် ခေါင်းစီးကြိုးလှလှလေးတွေ၊ ကလစ်လှလှလေးတွေ ပါတဲ့ ဘူးလေးတစ်ဘူးလက်ဆောင်ပေးပါ။ (ဘယ်မှာ ဝယ်ရမယ်မှန်းမသိရင် Spirit တို့ MGOU တို့ Miniso တို့မှာ သွားရှာကြည့်ပါ။ တော်တော် အစုံရှိပါတယ်။) ဒါမှမဟုတ် သူ(မ) မှာ ကုန်တော့မယ်ဆိုတဲ့ မိတ်ကပ်ပစ္စည်းလေး လက်ဆောင်ပေးလိုက်ပါ။ ကိုယ်ဘက်ဂျက်များရင်များသလောက် တခြားပစ္စည်းလေးတွေပါ ထည့်ပေးချင်ရင် ရသေးတယ်နော်။
လက်သည်းနီ ခရေဇီဆိုရင်လည်း လက်သည်းနီဘူးလေးတွေပါ ထည့်ပေးလိုက်နော်။

(၃) စပရိုက်စ်ကြိုက်တဲ့ချစ်သူ

ကိုယ့်ချစ်သူက စပရိုက်စ်ကြိုက်ပေမယ့် ကိုယ်က စပရိုက်အချိုရည်တောင် မသိတဲ့သူဆိုရင်တော့ နည်းလမ်းကောင်းလေး ပြောပြမယ်။ For Her Myanmar Club မှာ ချစ်သူနာမည်နဲ့ Member လေး ဝင်ပေးထားလိုက်။ သူသာ မန်ဘာဝင်ဖြစ်သွားမယ်ဆိုရင် လကုန်ကျ မိတ်ကပ်ပစ္စည်းလေးတွေ၊ accessories လေးတွေ စတဲ့ပစ္စည်းလေးတွေပါတဲ့ လက်ဆောင်စပရိုက်စ်ဘူးလေး သူရလိမ့်မယ်။ ဘာကြောင့် စပရိုက်စ်ဘူးလို့ပြောလဲဆိုတော့ အက်မင်မမတွေက ဘူးထဲမှာ ဘာတွေပါမယ်ဆိုတာ ကြိုမပြောထားဘဲ လကုန် လက်ဆောင်ဘူးရတော့မှသိတာဆိုတော့ စပရိုက်စ်ဖြစ်တာပေါ့နော်။ ပြီးတော့ Her Club ကလုပ်မယ့် ပွဲလေးတွေကိုလည်း သူတက်ခွင့်ရဦးမှာရယ်။
နောက်တစ်ခုက သူ(မ) အတွက် စိတ်ခွန်အားတက်စေမယ့် စာတွေကိုလည်း ဖတ်ခွင့်ရဦးမှာ။ အဲ့တော့ ကိုယ်လည်း အကြံမအိုက်တော့ဘဲ ချစ်သူကို စပရိုက်စ်တိုက်နိုင်ပြီပေါ့။

Related Article >>> လက်ဆောင်ပေးတတ်သူ အမျိုးအစား (၆)မျိုး

(၄) ရိုမန့်စ်ကြိုက်တဲ့ချစ်သူ

ရိုမန့်စ်ကြိုက်တဲ့ ချစ်သူကိုတော့ အလှဆုံး ပန်းစည်းလေး လက်ဆောင်ပေးလိုက်ပါ။ ဒါမှမဟုတ်
သူနဲ့ကိုယ့်ပုံလေးတွေကို ထုတ်ပြီး စာအုပ်လှလှလေးမှာကပ်၊ အမှတ်တရရှိခဲ့တဲ့ ပုံလေးတွေရဲ့အောက်မှာ စာသားလေးတွေကို လှလှလေးရေးပြီး ပေးလည်းရပါတယ်။ (စာအုပ်လှလှလေးတွေ ဘယ်မှာဝယ်ရမှန်းမသိရင် လှည်းတန်းက D-mate ဆိုင်မှာ ဝယ်လို့ရပါတယ်လို့။)
ဒါမှမဟုတ် သူ့အတွက် သီးသန့်လုပ်ထားတဲ့ ဆွဲကြိုးလေးတွေ၊ ခုနောက်ပိုင်းပေါ်လာတာလေ ကျောက်တုံးပေါ်မှာ ပုံလေးတွေရိုက်တာမျိုး၊ ခွက်ပေါ်မှာ သူ(မ)ပုံလှလှလေးတွေ ရိုက်ထားတာမျိုးဆို သိပ်သဘောကျတာ။

(၅) အလုပ်ပိနေတဲ့ချစ်သူ

ကိုယ့်ချစ်သူကောင်မလေးက အရမ်းအလုပ်ကြိုးစားလွန်းလို့ အလုပ်တွေမတရားများနေတတ်တဲ့သူဆိုရင်တော့ သူ(မ) အေးအေးဆေးဆေး အနားယူအပန်းဖြေလို့ရမယ့် နေရာလေးတွေမှာ
ဘွတ်ကင်လုပ်ပေးလိုက်ပါ။ အနားယူလို့ကောင်းတဲ့ နေရာတွေကတော့ ချွေးထုတ်ခန်းတို့ဘာတိုပပေါ့။ ဒါမှမဟုတ်လည်း Massage (အနှိပ်ခံလို့ကောင်းတဲ့ တစ်နေရာရာမှာ) ဘွတ်ကင်လုပ်ပေးလိုက်ပါ။ ဒါမှမဟုတ်လည်း သူ(မ) အလုပ်လုပ်ရင်း မျက်စိညောင်းတဲ့အခါခပ်ဖို့ မျက်စဉ်းလေး ဝယ်ပေးပါ။ ဒါမှမဟုတ် သူ(မ) ပင်ပန်းတာ သက်သာစေမယ့် အင်နာဗွန်စီဆေးဘူး (သို့)
အော်ရာမင်စီဆေးဘူးမျိုးလေး လက်ဆောင်ပေးပါ။

(၆) စာကြမ်းပိုးချစ်သူ

စာမှစာဖြစ်နေတဲ့ ချစ်သူကိုတော့ သူ(မ) ကြိုက်တတ်တဲ့ စာရေးဆရာရဲ့ စာအုပ်လေးတွေ ဝယ်ပေးပါ။ သူ(မ)မှာ ရှိမရှိတော့ အရင်ဆုံး ဒိုင်လျှိုလေးစုံစမ်းကြည့်ပေါ့နော်။ ပြီးတော့ သူ(မ) လေ့လာနေတဲ့ အကြောင်းအရာနဲ့ ဆက်စပ်ပြီး အထောက်အကူဖြစ်စေမယ့် စာအုပ်မျိုး၊ ပစ္စည်းမျိုးလက်ဆောင်ဝယ်ပေးပါ။ ဒါမှမဟုတ် မှတ်စုစာအုပ်လှလှလေးဖြစ်ဖြစ်၊ ဘောပင်လှလှလေးတွေ၊ စာရေးကိရိယာပစ္စည်း သေးသေးလှလှလေးတွေ ထည့်ထားတဲ့ လက်ဆောင်ဘူးတွေ ပေးကြည့်ပါ။

ကဲ ယောင်းစိန်ကတော့ အိုင်ဒီယာလေးတွေ ပြောပြီးပြီနော်။ ကိုကိုမောင်မောင်တွေကို လက်သာတို့လိုက်တော့။

Christina (For Her Myanmar)

No Comments Yet

Comments are closed