Singleတစ်ယောက်ရဲ့ အားသာချက်များ

ကဲ rs တွေ မုမု၊ single လေးတွေလာ။ တစ်ကိုယ်တည်းနေရတာ အထီးကျန်တယ်လို့ ဘယ်သူပြောပါလိမ့်။ နေတတ်ရင်ပျော်စရာတောင်ကောင်းသေး။ နော်…. 

တစ်ကိုယ်တည်းနေချင်လို့နေတဲ့ ယောင်းတို့ပဲဖြစ်ဖြစ်၊ အချစ်ရေးကံခေလို့ တစ်ကိုယ်တည်းဖြစ်နေတဲ့ယောင်းတို့ပဲဖြစ်ဖြစ်၊ လိုတာမရ ရတာမလိုဖြစ်နေတဲ့ ယောင်းတို့ပဲဖြစ်ဖြစ် ဘ၀မှာနေပျော်အောင်နေတတ်ရင် ပျော်စရာတွေချည်းပါပဲ။ ယောင်းတို့တကယ်စိတ်ပါဝင်စားတဲ့အရာတွေကို ရှာဖွေမယ်။ လက်ရှိဘ၀မှာ စိတ်ကိုအဖြူစင်ဆုံးထားမယ်။ စိတ်ကောင်းလေးတွေမွေးပြီး လုပ်ချင်တဲ့ ၀ါသနာပါတဲ့အရာလေးတွေ လုပ်နေမယ်။ ကောင်းမွန်တဲ့လူမှုဆက်ဆံရေးကို တည်ဆောက်ထားမယ် ဆိုရင် ယောင်းတို့ရဲ့ဘ၀မှာ ဘယ်တစ်စုံတစ်ယောက်ကိုမှ မှီခိုစရာမလိုပဲ ကိုယ်တိုင်ပျော်ရွှင်မှုကိုရှာဖွေတွေ့ရှိနိုင်ပါတယ်။

အရင်ဆုံး ကျန်းမာရေးပေါ့နော်။ rsတွေလိုမျိုး တစ်ယောက်နဲ့တစ်ယောက် အချိန်ပေးစရာမလိုတဲ့အတွက် အားကစားပိုလုပ်နိုင်ပါတယ်။ Gym သွားတာဖြစ်ဖြစ် ယောဂကျင့်တာဖြစ်ဖြစ် ကိုယ့်ဘာသာအိမ်မှာ နှစ်သက်ရာလေ့ကျင့်ခန်းလုပ်တာဖြစ်ဖြစ် အချိန်ရရင်ရသလောက် ကိုယ့်ရဲ့ကျန်းမာကြံ့ခိုင်မှုကို မြှင့်တင်နိုင်ပါတယ်နော်။ ကောင်းကောင်းစားသောက် ကောင်းကောင်းကစားတာက စိတ်ဖိစီးမှုတွေလည်း လျော့ကျစေနိုင်ပါတယ်။

Related Article >>> အပျိုကြီးပေါက်စ(သို့) Forever Single များအကြောင်းတစေ့တစောင်း

တစ်ယောက်ယောက်နဲ့ date နေတဲ့အခါ သူ့ရဲ့တားမြစ်ချက်တွေကြောင့် တစ်ခါတစ်လေ ကိုယ်လုပ်ချင်တဲ့အရာလေးတွေ မလုပ်ရ မလုပ်ချင်တာတွေ သည်းခံပြီးလုပ်နေရတာတွေ ဖြစ်ဖူးကြတယ်မလား။ single လေးတွေမှာတော့ ဒီပြဿနာတွေ မရှိဘူးနော်။ ကိုယ့်ရဲ့အချိန်တွေအားလုံးကို ကိုယ်ပိုင်တယ်။ တခြားသူစိတ်ကျေနပ်ပါ့မလားလုံးဝစဉ်းစားစရာမလိုပဲ ကိုယ့်ကိုယ့်ကိုယ်ဂရုစိုက်နိုင်ပါတယ်။ ဒီတော့ ယောင်းတို့လုပ်ချင်တာတွေ List ထုတ်ပြီး လွတ်လွတ်လပ်လပ် ပျော်ပျော်ရွှင်ရွှင်နဲ့ တစ်ခုပြီးတစ်ခုသာ လုပ်လိုက်ပါ။

နောက်တစ်ခုက ငွေကြေးပိုင်းဆိုင်ရာပေါ့နော်။ rs တွေလို ငွေကြေးပြဿနာပူစရာမလိုဘူး။ ဟိုသွားဒီသွား စားသောက်ဖို့စရိတ်တွေ ကိုယ်မသုံးချင်ပေမယ့် နှစ်ယောက်လိုက်ဖက်ညီအောင်ဝယ်ရတဲ့ စရိတ်တွေ ဆက်လိုက်ရတဲ့ ဖုန်းဘေလ်ဖိုးတွေ လုံးဝလုံးဝပူစရာမလိုပါဘူးနော်။ ယောင်းတို့ရှာလို့ရသမျှပိုက်ဆံတွေကို ယောင်းတို့စိတ်ကြိုက်သုံးလို့ရပါတယ်။ အလှူအတန်းတွေတောင် လုပ်လို့ရပါသေးတယ်နော်။ (အမှန်မှာတော့ single လည်း အစားတစ်လိုင်းအက်ဒ်မင်တို့လိုဆို ကုန်တာပါပဲ.. 🙁 )

Related Article >>> အပျိုကြီးမမတို့ သိထားသင့်တဲ့ (၇) ချက်

ဒါ့အပြင် သူငယ်ချင်းမိတ်ဆွေတွေနဲ့ ခင်မင်ရင်းနှီးမှုကို မပျက်စေဘဲ မိတ်ဆွေအသစ်တွေလည်း ထပ်ဖွဲ့နိုင်ပါသေးတယ်။ ယောက်ျားလေးသူငယ်ချင်းမထားခိုင်းတာတို့ ဘယ်သူနဲ့သွားတာလဲ၊ ဘာလဲ၊ညာလဲ စသဖြင့် ပွစိပွစိလုပ်မယ့်သူမရှိတာမို့ ကိုယ့်စိတ်ကြိုက် သူငယ်ချင်းတွေကို အချိန်ပေးနိုင်ပြီး သူငယ်ချင်းတွေနဲ့တူတူ အပြင်သွားဖို့ ရုပ်ရှင်ကြည့်ဖို့ ခရီးထွက်ဖို့အပြင် သူတို့ကို တန်ဖိုးထားဖို့ အချိန်တွေ ပိုရလာပါလိမ့်မယ်။

တကယ်လို့များ ဖူးစာပါလာရင်တော့ ကိုယ့်ကိုနားလည်တဲ့ တန်ဖိုးထားတဲ့သူတစ်ယောက်နဲ့တွေ့မှာပေါ့။ တကူးတက ဟိုလူစိတ်ကြိုက် ဒီလူစိတ်ကြိုက်နေစရာမလိုပါဘူးနော်။ ကိုယ့်စတိုင်လေးနဲ့ကိုယ်နေပြီး ဟန်ဆောင်မှုကင်းကင်းနဲ့ Single ဘ၀လေးကို ပျော်ပျော်ရွှင်ရွှင်အသုံးချလိုက်ပါ ယောင်းတို့ရေ။

Amber (ForHerMyanmar)

Ref: www.wikihow.com/Be-Single-and-Happy

No Comments Yet

Comments are closed