Ex ကို ပြန်ရချင်တဲ့အခါကြိုးစားနိုင်တဲ့ အဆင့် (၆) ဆင့်
>>> Zawgyi >>>
၁။ ဂရုစိုက်ပြပါ
၂။ မမေ့သေးကြောင်းပြပါ
၅။ အပြင်မှာ တွေ့ကြည့်ပါ
>>> Unicode >>>
အဆက်ဟောင်းဟာလည်း အဆက်ဟောင်းပါပဲဆိုပေမဲ့
အချစ်ဟောင်းဆိုတာ အရင်းနှီးဆုံး သူစိမ်းတွေပါပဲ။ သူရော ကိုယ်ပါ တစ်ယောက်အကြောင်းတစ်ယောက် ရင်းရင်းနှီးနှီးသိကြပေမဲ့ လက်ရှိမှာက မသက်ဆိုင်သူတွေဖြစ်နေကြပြီလေ။ အချစ်ဟောင်းကနေ ချစ်သူတွေ ပြန်ဖြစ်သွားနိုင်လားဆိုတော့ ရှားပေမဲ့ ပြန်ဖြစ်ကြတာတွေရှိပါတယ်။
ဒီတော့ အချစ်ဟောင်းနဲ့ ဇာတ်လမ်းပြန်ဆက်ချင်တဲ့အခါ သိထားသင့်တာတွေက …
၁။ ဂရုစိုက်ပြပါ
သူ နေမကောင်းဘူး ဆိုတဲ့အခါ နေကောင်းရဲ့လား၊ ဂရုစိုက်ဦးနော် ဆိုတာမျိုး၊ သူ အဆင်မပြေ တစ်ခုခုဖြစ်နေရင် ဘာလိုအပ်လဲ ဘာကူညီပေးရမလဲ ဆိုတာမျိုး လှမ်းမေးတာကနေ ခြေလှမ်းပြန်စပါနော်။သတိထားရမှာက ကိုယ်သူနဲ့ ဇာတ်လမ်းပြန်ဆက်ချင်ကြောင်း လုံးဝမပြောပါနဲ့ဦး။ သူ့ကို ဂရုစိုက်နေဆဲဆိုတာပဲ သူသိပါစေ။
Related Article >>> ကိုယ့်အချစ်ဟောင်းနဲ့ ပတ်သက်ပြီး ခံစားရတဲ့ နောင်တများ
၂။ မမေ့သေးကြောင်းပြပါ
သူ့ရဲ့ မွေးနေ့၊ ဒါမှမဟုတ် တခြားအမှတ်တရ နေ့တွေရောက်တဲ့အခါ အမှတ်တရ Message တွေ ပို့ပေးပါ။ Message မှာ ကိုယ့်ခံစားချက်တွေကို သူ့ကို အများကြီးပြောပြီး စိတ်အနှောင့်အယှက်ပေးတာမျိုးတော့ မလုပ်ပါနဲ့။ကိုယ်သူ့ကို  အမှတ်တရ ဆုတောင်းပေးရုံသက်သက်ဆိုတဲ့ ပုံစံမျိုးနဲ့ပဲ စာပို့ပါ။ ဒီလိုဆိုရင် သူ ကိုယ့်ကို ပြန်သတိထားမိမှာ သေချာပါပြီ။
၃။ သူ့ဘက်က ဘယ်လိုတုံ့ပြန်မလဲကြည့်ပါ
ကိုယ်က သူ့ကို သတိတရရှိတဲ့အကြောင်း စာပို့တဲ့အခါ သူ့ဘက်က ဘယ်လိုတုံ့ပြန်မလဲကြည့်ပါ။ အော် အင်းအင်း၊ ကျေးဇူးနော် ဒါမှမဟုတ် လက်မလေး အသဲလေး ပေးလိုက်တာကလွဲလို့ ဘယ်လိုမှ တုန့်ပြန်မလားဘူးဆိုရင်တော့ အဆင်ပြေဖို့မလွယ်ပါဘူးယောင်းရေ။အချိန်အတိုင်းအတာ တစ်ခုအထိရောက်လို့မှ သူ့ဘက်ကပြောင်းလဲမလာရင် ထပ်မကြိုးစားတာကောင်းပါတယ်။ သူ့ဘက်က ကိုယ့်ကို စိတ်ပါလက်ပါ တုံ့ပြန်တယ် စကားတွေ ပြန်ပြောတယ်ဆိုရင်တော့ နောက်တစ်ဆင့်ထပ်တက်ပါစို့။
၄။ ပျော်စရာအတိတ်ဟောင်းလေးကို ပြန်တူးဆွမယ်
ကိုယ့်ဘက်က သတိရတဲ့ ပုံစံမျိုးနဲ့ အရင်က ပျော်စရာအဖြစ်လေးတွေကို သူနဲ့ ပြန်ပြောပါ။ မှတ်မိရဲ့လား တို့တွေ အဲ့ဒီတုန်းက အဲ့လိုနော် ဆိုတာမျိုးပေါ့။ ဒီအဆင့်မှာလည်း သူ့ကို ပြန်ဆက်ချင်တဲ့အကြောင်း မ ဟ နဲ့နော်။ မိတ်ဆွေတွေ သတိတရရှိလို့ ပြောသလို ပုံစံနဲ့သာပြောပါ။သူကလည်း အဲ့ဒီအချိန်တွေကို အရမ်းသတိရတဲ့ ပုံစံမျိုးပြလာရင် အိုကေပြီပေါ့။၏
Related Article >>> Ex က ကိုယ်ပုံတင်တိုင်း Like ပေးနေတာဘာကြောင့်လဲ
၅။ အပြင်မှာ တွေ့ကြည့်ပါ
သူ့ကို ခရီးသွားဟန်လွှဲတွေ့တဲ့ ပုံစံမျိုးနဲ့ ပြန်ဆုံဖို့ ကြိုးစားကြည့်ပါ။ ဥပမာ နင်နေတဲ့ဘက်ကို ငါလာဖို့ရှိလို့ အားရင်တွေ့ကြမယ်လေ ဆိုတာမျိုးပေါ့။ သူက လှိုက်လှိုက်လှဲလှဲ နဲ့ ပြန်တွေ့ချင်တယ်ပြောလာရင်တော့ အိုကေမှာ စိုပြေပြီပေါ့နော်။ ကျန်တာ ဆက်လှုပ်ရှားဖို့ပဲ လိုတော့တာပေါ့။
၆။ ဇာတ်လမ်းပြန်ဆက်ကြပါစို့
ဒီအခြေအနေမှာတော့ ဇာတ်လမ်းပြန်စဖို့ ပြန်ပြောနိုင်ပါပြီ။ သူ့ဘက်က စပြောလာတာလည်း ရှိနိုင်ပါတယ်။ ဒီလို ပြောလိုက်လို့ နှစ်ဦးသားပြန်ပြေလည်သွားပြီဆိုရင်တော့ ပျော်စရာပေါ့နော်။
ဒါကတော့ အချစ်ဟောင်းကို ပြန်ဆက်နိုင်မယ့် အဆင့်ခြောက် ဆင့်ပါ။ ဒီ အဆင့်တွေကို သုံးပြီး အချစ်ဟောင်းရဲ့ ချစ်ခြင်းမေတ္တာတွေကို ပြန်လည်ရရှိနိုင်ကြပါစေ။ ချစ်တဲ့သူတိုင်း ပေါင်းဖက်နိုင်ကြပါစေလို့ အက်ဒ်မင်က ဆုတောင်းပေးလိုက်ပါတယ်ရှင်။
Sugar Cane (For Her Myanmar)
No Comments Yet
Comments are closed