Love Relationships

သူငယ်ချင်းအရင်းခေါက်ခေါက်ကို ချစ်သူအဖြစ် ရွေးသင့်သည့် အကြောင်းအရင်း (၆)မျိုး

ကိုယ့်သူငယ်ချင်းအရင်းအချာကြီးကိုချစ်သူအဖြစ်ရွေးသင့်လား။

သူငယ်ချင်းတွေက ဘယ်လိုကိစ္စတွေပဲကြုံကြုံ သင့်ဘေးမှာအမြဲရှိနေပေးတတ်တဲ့ သူတွေပါ။ အဲ့ဒီ့လို သူငယ်ချင်းအရင်းအချာကြိးက ကိုယ့်ကိုချစ်ခွင့်ပန်လာတဲ့အခါ ဘာလုပ်ရမလဲမသိဘဲ ဘေးကျပ်နံကျပ် စဉ်းစားရခက်တာတွေကို မိန်းကလေးတိုင်းကြုံဖူးမှာပါ။ ဒီတစ်ခါတော့ Hanaက သူငယ်ချင်းကို ချစ်သူအဖြစ် ရွေးချယ်ဖို့ကောင်းတဲ့အချက်တွေကို ဖော်ပြပေးသွားမှာပါ။

၁။ကိုယ့်ရဲ့အစစ်အမှန်အတိုင်းနေလို့ရတယ်။

သူငယ်ချင်းဆိုတာ ကိုယ့်ဘေးနားမှာ အမြဲရှိနေတတ်တဲ့သူဆိုတော့ ကိုယ်ဒေါသထွက်ရင် ဘယ်လိုပုံစံ၊ စိတ်ဓာတ်ကျနေချိန်ဆို ဘယ်လိုပုံစံ ၊ ၀မ်းနည်တဲ့ချိန်ဆို ဘယ်လိုပုံစံ ဆိုတာ အကုန်မြင်ပြီးသားပါ။ ပြောရရင် ကိုယ်မပြင်မဆင်နဲ့ အိမ်နေရင်းပုံတွေကိုတောင် မြင်ဖူးမှာ။ဒီတော့ သူ့ရှေ့မျာဆို ဟန်ဆောင်နေစရာ မလိုတော့ဘူး။ ကိုယ့်ရဲ့ အစစ်အမှန်ပုံစံအတိုင်း နေလို့ရတယ်။

၂။နှစ်ယောက်စလုံး အတိတ်အကြောင်း ကောင်းကောင်းသိတယ်။

ရည်းစားရတဲ့အခါပဲဖြစ်ဖြစ် ၊ အသည်းကွဲတဲ့အခါပဲဖြစ်ဖြစ် ဘယ်သူ့ကိုရင်ဖွင့်ကြလဲ ယောင်းတို့။ ကိုယ့်သူငယ်ချင်းကိုပဲ ပြောပြကြတာမှတ်လား။ ဒီတော့ ကိုယ့်သူငယ်ချင်းတွဲခဲ့ဖူးတဲ့ ကောင်မလေးတိုင်းကို ကိုယ်ကသိသလို ၊ ကိုယ်တွဲခဲ့ဖူးတဲ့ ကောင်လေးတိုင်းကိုလဲ သူကသိပြီးသားပဲ။ အတိတ်နဲ့ပတ်သတ်တဲ့ အာရုံနောက်စရာတွေ ရှင်းပြီးသားပဲပေါ့။ ရည်းစားဟောင်းကြောင့် နှစ်ယောက်ပြဿနာတက်တယ်ဆိုတာ ရှိတော့မှာ မဟုတ်ဘူး။

၃။သူ့ဘေးနားမှာ နေရတာ သက်တောင့်သက်သာဖြစ်တယ်။

ကိုယ်ရဲ့ သူငယ်ချင်းနဲ့ တွဲရတဲ့ ကောင်းကျိုးကတော့ သူနဲ့ရှိနေချိန်ဆို ဘာမှထိန်းချုပ်ထားစရာမလိုပဲ သက်တောင့်သက်သာနေရတာပဲ။ သူကကိုယ့်ရဲ့ မကောင်းတဲ့အကျင့်ရော၊ ကောင်းတဲ့အကျင့်ရော အကုန်သိပြီးသားဆိုတော့ သူရှေ့ကျ ကိုယ်နေတတ်သလို နေလို့ရတာပေါ့။

၎။ပြောစရာစကား ဘယ်တော့မှ မကုန်သွားဘူး။

သိပ်မရင်းနှီးသေးတဲ့ကောင်လေးနဲ့ အပြင်သွားတဲ့အခါ ပြောစရာစကားမရှိလို့ ကို့ရို့ကားယားနိုင်တဲ့ အခြေအနေတွေ ကြုံဖူးမှာပါ။ ကိုယ့်သူငယ်ချင်းနဲ့တွဲတဲ့အခါကျတော့ ပြောစရာစကားက ဘယ်တော့မှမကုန်သွားဘူး။ သူကကိုယ့်အကြောင်းသိပြီးသားဆိုတော့ ဘယ်အကြောင်းအရာပြောရင် ကိုယ်စိတ်ဝင်စားမယ်ဆိုတာ ပါးနပ်ပြီးသား။ ဒါ့အပြင် ကိုယ့်ရဲ့ အိမ်တွင်းရေး ခံစားချက်တွေဖြစ်ဖြစ် ၊ ကျောင်း၊အလုပ်မှာ ကြုံရတဲ့ ပြဿနာတွေကို သူ့ကို ရင်ဖွင့်တိုင်ပင်လို့လည်း ရပါတယ်။

၅။တစ်ချိန်ထဲမှာပဲလူနှစ်ယောက်ကိုပိုင်ဆိုင်ထားတယ်။

ပြောချင်တာကတော့ သူကကိုယ်သူငယ်ချင်းတစ်ယောက် လိုအပ်ချိန်မှာ သူငယ်ချင်းအဖြစ် ကိုယ့်ကိုနှစ်သိမ့်ပေးနိုင်သလို ကိုယ်ချစ်သူတစ်ယောက်လိုချိန်မှာ ချစ်သူတစ်ယောက်လို ကိုယ့်ဘေးမှာ ရပ်တည်ပေးနိုင်ပါတယ်။

၆။ကိုယ့်အကြောင်းကို ကိုယ့်ထက်ပိုသိတယ်။

အချိန်အကြာကြီး ကိုယ့်ဘေးမှာ နေလာရတဲ့သူဆိုတော့ ကိုယ့်အကြောင်းကို အကုန်သိနေပြီးသားပါ။ ကိုယ်မကြိုက်တာ၊ ကြိုက်တာတွေ တကူးတက ပြောနေစရာမလိုတော့ ပါဘူး။ ကိုယ်စိတ်ဆိုးနေတယ်၊ စိတ်ပျော်တယ် ၊ ကိုယ့်စိတ်ထဲမှာ ဘာဖြစ်နေတယ်ဆိုတာ ကိုယ့်ရဲ့အပြုအမူကို ကြည့်ပြီး အားလုံးသိနေပြီးသားပါ။ ဘယ်လို နှစ်သိမ့်ရမလဲဆိုတာ လည်းသိပြီးသားပါ။

သူငယ်ချင်းအဖြစ် အကြာကြီးနေခဲ့ပြီးမှ ချစ်သူအဖြစ်လက်ခံဖို့ဆိုတာ အနည်းငယ်တော့ နေရခက်ပေမယ့် ကိုယ်ကိုယ်တိုင်ထက် ကိုယ့်အကြောင်းကို ပိုသိနေတဲ့ကောင်လေးနဲ့ တွဲရတာ စိတ်ဝင်စားဖို့ မကောင်းဘူးလား။ သူငယ်ချင်းကနေ အဆင့်တက်လိုက်ပါ ယောင်းတို့ရေ။

Hana (For Her Myanmar)

Christina Rosy
နာမည်ကတော့ ခရစ္စတီးနားပါ။ အလွတ်တမ်း လက်ထောက်အယ်ဒီတာပေမယ့်လည်း အသက်ကတော့ မနုမရင့် ၂၂ပေါ့။ For Her Myanmarမှာ မိတ်ကပ်ကလွဲပြီး စုံစီနဖာ အကြောင်းစုံရေးနေတဲ့ အစားတစ်လိုင်းအက်ဒမင်ပါ။ ဒီ့အပြင် အချစ်ဇာတ်လမ်းတိုတွေ၊ စိတ်ထဲ မကျေနပ်တဲ့အကြောင်းတွေလည်း ဆောင်းပါးအဖြစ်ထုတ်လုပ်တတ်တယ်။

Leave a Reply

Your email address will not be published. Required fields are marked *