ယောင်းရဲ့ ချစ်မေမေ အသည်းခိုက်သွားစေမယ့် စပရိုက်တိုက်နည်း(၅)နည်း

အမေများနေ့မှာ မေမေ့ကို စပရိုက်တိုက်ဖို့ စဉ်းစားပြီးပြီလား?

ယောင်းတို့ရေ..

အဟမ်း…အဟမ်း အမေများနေ့ နီးပြီဆိုတော့ကား… အမေနဲ့ ပတ်သက်ပြီး မင်မင် မိန့်ခွန်းလေး နည်းနည်း ခြွေချင်ပါသည်။ သည်းခံနားဆင်..အဲလေ…သည်းခံ ဖတ်ပေးလို့စ်။

အမေဆိုတာ ကမ္ဘာပေါ်မှာ ကိုယ့်အပေါ် သည်းခံခွင့်လွှတ်နိုင်ဆုံးနဲ့ အချစ်ရဆုံး အရင်းနှီးဆုံး လူသား မဟုတ်ပါလား..? ဒါကို လူတိုင်း သိသော်ငြား လက်တွေ့အသိအမှတ်ပြုမှုဆိုတာ နည်းကြလေတယ်။ တစ်နေ့ တစ်နေ့ အမေ့ကို အချိန်ပေးပြီး အမေ အဆင်ပြေရဲ့လားဆိုတာ မေးတဲ့သူတွေဆိုတာ လက်ချိုးရေလို့ ရပေတယ်။ ဒါကလည်း အပြစ်လို့ မဆိုသာ… ကိုယ့်ဘဝအတွက် ရုန်းကန်လှုပ်ရှားမှုတွေကြား နစ်မြုပ်နေရတာကိုး။ ဒီတော့ကား အခုလို ကျရောက်လာမယ့် အမေများနေ့မှာ လက်တွေ့ ကိုယ့်အမေအတွက် ချစ်ခြင်းတွေ ပြသနိုင်မယ့် နည်းလမ်းကောင်းလေးတွေ အက်ဒမင် ညွှန်းလိုပေတယ်ကွယ်။

၁။ ချစ်တယ်ဆိုတဲ့ စကားလေးတစ်ခွန်း

ဖေ့စဘုတ်ပေါ်မှာ အမေ့ကို ချစ်တယ်လို့ ပြောတာထက် အပြင်မှာ လက်တွေ့ အမေ့ကို ချစ်တယ်လို့ ပြောပါ။ ပြောနေကျ မဟုတ်သူတွေ အတွက်တော့ ဒါက နည်းလမ်းကောင်း တစ်ခုပါ။ ကိုယ့်ဆီက ထင်မှတ်မထားတဲ့ စကားတစ်ခွန်းကို ရုတ်တရက် ကြားလိုက်ရတာအခါ ယောင်းတို့ မေမေ အသည်းတွေ တဖြုတ်ဖြုတ် ကြွေသွားစေမှာပါ။

၂။ အမေ့အတွက် အားလပ်ရက်    

အမေမနိုးခင်စောစောထမယ်။ (အမေ့ထက် စောစောထဖို့ မလွယ်ဆိုသော်ငြားပေါ့ကွယ် 😛 ) နေ့စဉ် အမေလုပ်နေကျ အလုပ်တွေဖြစ်တဲ့ အိမ်သန့်ရှင်းရေးတွေလုပ်၊ မနက်စာ စောစော ထပြင်ဆင်၊ လျှော်ဖွတ်မီးပူတိုက်စရာရှိတာတွေအကုန်ပြီးအောင်လုပ်ထားပေးမယ်။ ဒါဆို ကိုယ့်အမေနိုးလာတဲ့အချိန် သူလုပ်ရမယ့်အလုပ်တွေအကုန်လုံးကို ကိုယ်က ပြီးစီးအောင်လုပ်ပေးထားတာတွေ့ရင် အံ့သြသွားပြီးသိပ်ကို ကျေနပ်ဝမ်းသာသွားမယ်ဆိုတာ သေချာပါတယ်။ (ဟိုနားက သန့်ရှင်းလေးလုပ်တာမပြောင်ဘူး။ အစားအသောက်ပြင်ဆင်ထားတာ ဟိုဟာလိုတယ်၊ ဒီဟာလိုတယ် ထပ်ပွားရင်တော့ မင်မင်တာဝန်မယူ:P) ဘာပဲဖြစ်ဖြစ် ကိုယ့်ရဲ့ သိတတ်မှုလေးတစ်ခုကို မေမေကျေနပ်မှာတော့ အသေအချာပါပဲဆိုတာ အာမခံပါတယ်။

အဲ့လိုမှ မဟုတ်လည်း အိမ်အလုပ်ကို အမေနဲ့ တူတူ လုပ်ပြီး အချိန်ကုန်ဆုံးပေးတာကလည်း အမေ့အတွက် အမှတ်တရလေး ဖြစ်စေမှာပါ။ မောရင်းပန်းရင်း ရယ်ရင်းမောရင်းပေါ့။ ဒီနှစ်မှာ ကံကောင်းချင်တော့ အမေများနေ့က မေလ (၁၃) ရက်နေ့ ၊ တနင်္ဂနွေကျတယ်ဆိုတော့ ပိတ်ရက်ဖြစ်နေတာကြောင့် ယောင်းတို့အတွက် အခွင့်အရေး ပိုရတာပေါ့ကွယ်။

Related Article >>> ကျွန်မ အမေ့ကို မကြိုက်ပါဘူး….

၃။ ချစ်ခြင်းအပြည့်နဲ့ စပရိုက် လက်ဆောင်ခြင်း

တန်ဖိုးကြီးပစ္စည်းရယ်လို့မဟုတ်ပေမယ့် မေမေလိုအပ်မယ်ထင်တာလေးတွေကို စုစည်းပြီး ဘူးတစ်ဘူး ၊ ဒါမှမဟုတ် ခြင်းလေးထဲထည့် ဖဲကြိုးလေးချည်၊ ကဒ်လေးတစ်ခုမှာ မေမေ့ကို ဘယ်လောက်ချစ်ကြောင်း အမှတ်တရစာလေးတွေ ရေးပြီးတော့လည်း စပရိုက်လုပ်လို့ရပါသေးတယ်။အဲ့ထဲမှာ ထည့်သင့်တဲ့ ပစ္စည်းတွေကတော့ မေမေ့ အသက်အရွယ်နဲ့လိုက်ဖက်မယ့် အလှကုန်၊၊ အားဖြည့်စွက်စာ နို့မှုန့်ဘူး၊ ကြက်ပေါင်းရည်၊ ချောကလက် နဲ့ တခြား လိုအပ်မယ်ထင်တဲ့ တိုတိုထွာထွာ ပစ္စည်းလေးတွေပဲဖြစ်ပါတယ်။ အဲ့လိုပစ္စည်းတွေကို တစ်နေရာတည်းမှာ အမျိုးအစား စုံစုံလင်လင်အပြင် အထူးဈေးတွေနဲ့ ရချင်ရင် မင်မင် အကြံပေးချင်တာကတော့ City Mart Supermarket ပဲဖြစ်ပါတယ်ကွယ်။ အမေတို့ အကြိုက် ပစ္စည်းလေးတွေကို set လိုက်လေးတွေအပြင် လက်ဆောင်လေးတွေပါ တွဲလျက်ပေးသေးတာမို့ ကိုယ့်အတွက်လည်း ဘတ်ဂျက်ကိုက်တာပေါ့။  Promotion ကာလကတော့ ဧပြီလ ၂၆ရက်ကနေ မေလ ၁၆ ရက်နေ့ထိ ပဲတဲ့နော်။

ရက်လေးပါ အတိအကျ

၎။ အမေ့အတွက် ဟင်းတစ်ခွက်

ကျန်တဲ့အချိန်တော့ ကိုယ်ကြိုက်တာပဲ အမေက ချက်ကျွေးခဲ့ပေမယ့် အမေများနေ့မှာတော့ အမေ ကြိုက်တဲ့ဟင်းတစ်ခွက်ကို ချက်ကျွေးလိုက်ပါ။ အမေအကြိုက်ဆုံး အစားအစာကဘာဖြစ်မလဲ (ဒါလေးတော့ သိရမှာပေါ့နော်။) အုန်းနို့ခေါက်ဆွဲ၊ မုန့်ဟင်းခါးလို မနက်စာမျိုးလား။ အုန်းထမင်း၊ ဒံပေါက်လို နေ့လည်စာမျိုးလား၊ ရွှေရင်အေး လိုအချိုပွဲလား။ ပီဇာ၊ ဟမ်ဘာဂါလို အနောက်တိုင်းစာလား။ ဘယ်လိုအစားအသောက်မျိုးပဲဖြစ်ဖြစ် မေမေမနိုးခင်၊ ဒါမှမဟုတ် တစ်နေရာမှာ ကိုယ်ကိုယ်တိုင်လုပ်ပြီး မေမေအံ့သြသွားအောင်ပြင်ဆင်ကျွေးမွေးလိုက်ပါ။

၅။ အမေနဲ့တူတူ ပျော်ရွှင်စဖွယ် ရှော့ပင်

အမေများနေ့မတိုင်ခင် အမေ့ကို အရေးကြီးကိစ္စရှိလို့ အဲ့ဒီနေ့မှာ အပြင်ကိုလိုက်ပေးပါလို့ပြောပါ။ (လူကြီးကိုညာခိုင်းသလိုများဖြစ်နေမလား :P) မဟုတ်ရင် မေမေက မသိဘဲ တခြားကိစ္စတွေနဲ့ အပြင်သွားစရာရှိနေမှာစိုးလို့လေ။ အပြင်ထွက်ခါနီး မေမေ့ကိုလှလှပပပြင်ခိုင်းပါ။ ပြီးရင် Shopping Center ကိုခေါ်သွားပြီး အတူတူဈေးဝယ်ထွက်ကြရင်လည်း အမေ့အတွက် ပျော်စရာနေ့လေးတစ်နေ့ဖြစ်သွားမှာ အမှန်ပဲ။ အဲ့မှာမှ အမေ့ကို City Mart Supermarket ခေါ်သွားပြီး Gift Set လေးတွေပါ ထပ်ဝယ်ပေးလည်း ဖြစ်တာပဲ။ နောက်ပြီး City Mart Supermarket မှာဆို တစ်ခါတည်း ပစ္စည်းတွေလည်း အစုံရတာမို့  ပိုအဆင်ပြေတာပေါ့။ အဲ့လိုခေါ်သွားမယ်ဆိုရင်တော့ ယောင်းတို့အိမ်နဲ့ နီးတဲ့ City Mart Supermarket ကို သွားလို့ရအောင် ဆိုင်ခွဲတွေကို အောက်မှာ ဖော်ပြထားပေးတယ်နော်။

၁)Aung San Branch

၂)Yankin Branch

၃)China Town Point Branch

၎)Myay Ni Ghone Branch

၅)Junction 8 Branch

၆)47th Street Branch

၇)Star City Branch

၈)Junction Square Branch

၉)Junction Maw Tin Branch

၁၀)AKK Shopping Mall Branch

၁၁)Shwe Pinlon Branch

၁၂)Pinlon Sittaung Branch

၁၃)FMI City Branch

၁၄)Shwe Mya Yar Branch

၁၅)Hledan Center Branch

၁၆)Thamine Branch

၁၇)Zawana Branch

၁၈)Ayer Wun Branch

၁၉)Yae Kyaw Branch

၂၀)Waizayanda Branch

၂၁)South Dagon Branch

၂၂)Insein Phot Kan Branch

၂၃)19th Street Branch (Mandalay)

၂၄)Min Ye Kyaw Swar

ဒါဆိုရင်တော့ မေမေ့ကို စပရိုက်လုပ်ဖို့ အစီအစဉ်တွေဆွဲလို့ရနေပြီနော်။ ယောင်းတို့ရဲ့ ချစ်မေမေတို့ ပျော်ရွှင်ချမ်းမြေ့ကြပါစေကွယ်။

Sugar Cane (For Her Myanmar)

No Comments Yet

Leave a Reply

Your email address will not be published.