ယောင်းတို့ ဘယ်လိုမှနားမလည်နိုင်မဲ့ ကိုကိုတို့ရဲ့ပြဿနာ ၅ ခု

ဒင်းတို့ကို နားကိုမလည်ပါဘူးအေ ဆိုတဲ့ ယောင်းတို့ဖတ်ဖို့… 

ယောက်ျားလေးမို့လို့ ဆိုတဲ့တံတိုင်းကြီးက ယောင်းတို့နဲ့ သူတို့ကြားမှာ နားလည်မှုလွဲစေတာပဲ..။ တစ်ခါတလေကျရင် သူတို့ကို နားမလည်နိုင်ဘူးမလား.. သူတို့မှာလည်း ပြဿနာလေးတွေ ရှိတယ် ယောင်းရဲ့..

၁။ ဖော်ပြခွင့်မရှိ

တကယ်တော့ ယောက်ျားလေးတွေလည်း ငိုချင်တဲ့အခါတွေရှိတယ်.. ညည်းညူချင်တဲ့အခါတွေ ရှိတယ်.. ဒါပေမဲ့ သူတို့က အမြဲဖုံးကွယ်ထားကြတယ် ယောင်းရဲ့.. ယောက်ျားလေးဖြစ်ပြီး ငိုနေတယ်တို့ ယောက်ျားလေးဖြစ်ပြီး စိတ်ဓာတ်ကပျော့ညံ့လိုက်တာတို့ အဲ့လိုစကားလုံးတွေကြောင့် ကိုကိုတွေဟာ စိတ်ညစ်နေရင်တောင်မှ ဘာမှမဖြစ်သလို ဟန်ဆောင်ကြပါတယ်.. ဒါပေမဲ့ စိတ်ထဲမှာတော့ တစ်စစီကြေမွလို့ရယ်…

၂။ ဒေါသ

ခုနကပြောခဲ့တဲ့ ငိုချင်တာတွေ၊ စိတ်ညစ်တာတွေ၊ စိတ်ကောက်တာတွေ၊ မနာလိုဖြစ်တာတွေကို သူတို့က တစ်ခါတစ်လေကျရင် ဒေါသအဖြစ်ပုံပြောင်းတတ်ကြတယ်.. အထူးသဖြင့် ဟော်မုန်းပြောင်းခါစ လူပျိုပေါက်အရွယ်မှာဆို ပိုဆိုးတာပေါ့.. ဒါပေမဲ့ အသက်ကြီးလာလေလေ အဲ့စိတ်ကို ပိုထိန်းချုပ်နိုင်လာတာပါတယ်တဲ့ ။ မဟုတ်တဲ့ကိစ္စသေးသေးလေးကို ဘာလို့ ဒေါသအရမ်းကြီးနေရသလဲဆိုတဲ့ အကြောင်းပြချက်ကတော့ အဲ့ဒါပါပဲ..

Related Article >>> ယောက်ျားလေးနဲ့ မိန်းကလေးတွေကြားက ကွဲလွဲမှုတွေ

၃။ ဝေ့လည်ကြောင်ပတ်

အရိပ်လေးပြလိုက်တာနဲ့ အကောင်မြင်တတ်တဲ့နေရာမှာ မိန်းကလေးတွေက တကယ် ပြိုင်စံရှားပါ.. ဒါပေမဲ့ ယောက်ျားလေးတွေကျ မတူပါဘူး။ အများအားဖြင့် ယောက်ျားလေးတွေက တည့်မပြောရင် နားမလည်ကြပါဘူး.. တချို့မိန်းကလေးတွေကျပြန်တော့ လည်း တည့်တိုးကြီးပြောရတဲ့စတိုင်ကို မကြိုက်ပြန်ဘူး   အဲ့မှာ ပြဿနာပါပဲ.. ယောင်း ဘာပြောနေမှန်းတောင် သူတို့နားမလည်ကြပါဘူး..။

၎။ ယှဉ်ပြိုင်စိတ်

ယောက်ျားလေးတွေဟာ မွေးကတည်းက ယှဉ်ရပြိုင်ရတာကို ဝါသနာကြီးလွန်းသူတွေပါ.. အထူးသဖြင့် ကိုယ်ချစ်ရတဲ့ကောင်မလေးရှေ့မှာ သူငယ်ချင်းနဲ့ ဂိမ်းပြိုင်ဆော့ရင်ကအစ နိုင်ချင်ပါတယ်.. ရှုံးသွားရင်လည်း မခံမရပ်နိုင်အောင်ဖြစ်ကြပါတယ်.. ဒါပေမဲ့ ယောင်းနဲ့ ပြိုင်ဆော့လို့ ယောင်းနိုင်သွားပြီဆိုရင် အဲ့ဒါပိုဆိုးပါလေရော.. ယောင်း စိတ်ညစ်မှာစိုးလို့သာ ဘာမှမဖြစ်ပါဘူး လို့ပြောရင် ပြောလိုက်မယ်.. သူတို့စိတ်ထဲမှာတော့ လုံးဝကို ကံမကောင်းတဲ့နေ့ဖြစ်သွားပါပြီ.. ။ (ဟုတ်မဟုတ် မေးကြည့်ကြနော် .. :P)

Related Article >>> ယောက်ျားလေးတစ်ယောက်ဆီက မမျှော်လင့်သင့်တဲ့အချက် (၅) ချက်

၅။ ရှော့ပင်ထွက်ခြင်း

သူတို့ သိပ်ကိုမုန်းကြပါတယ်.. မိန်းကလေးတွေကတော့ အင်္ကျီဆိုင်တစ်ဆိုင်လုံး မွှေနှောက်ရှာပြီး သဘောမကျရင် နောက်ထပ်ဆိုင်တွေ လျှောက်သွားပေမဲ့ သူတို့ကတော့ အနီးဆုံးဆိုင်ကနေ လိုတဲ့ပစ္စည်းတစ်ခုခုဝယ်ပြီးရင် ကားစက်နှိုးပြီး အိမ်ပြန်ဖို့ပဲ ပြင်နေတတ်ပါတယ်.. ကိုယ် ဈေးဝယ်ထွက်တုန်း မညည်းမညူနဲ့ အထုပ်တွေပါဆွဲပေးတဲ့ ကိုကိုတွေရှိရင် ပြေးသာဖက်လိုက်ပါတော့..အဲ့ဒါ ယောင်းကို တကယ်ချစ်လို့ပါနော်..။

ကဲ.. ဒီလောက်ဆို နားမလည်နိုင်ဖြစ်နေတာလေးတွေ နည်းနည်းတော့ လျော့သွားပြီထင်ပါတယ်နော် ယောင်းတို့ရေ… အကြောင်းအမျိုးမျိုးကြောင့် ရန်တွေဖြစ်ကြပေမယ့် နားလည်မှုလွဲလို့ ဖြစ်ကြတဲ့ရန်ပွဲတွေက ပိုများမယ်ထင်ပါတယ်နော်.. ဒါကြောင့် ပြဿနာတစ်ခုခုရှိလာပြီဆိုရင်တောင် ရန်စကားတွေ အရင်မပြောဘဲ နားလည်မှုလွဲနေတာများ ရှိမလားဆိုပြီး အရင်စူးစမ်းပါ.. ပြီးတော့မှ အဖြေရှာပြီး ဒဲ့ဆွေးနွေးမယ်ဆိုရင်တော့ ယောင်းတို့ရဲ့ RS ကြားမှာ အဆင်မပြေတာလေးတွေ အတော်ကို လျော့နည်းသွားမှာပါလို့…

Su Myat ( For Her Myanmar )

Reference links :
https://www.collegetimes.com/life/10-simple-things-girls-will-never-understand-about-guys-111376

http://listverse.com ;10-examples-of-men39s-issues-the-media-loves-to-ignore

No Comments Yet

Comments are closed