Friendship Relationships

သူငယ္ခ်င္းသံေယာဇဥ္ကို ျဖတ္ေတာက္လိုက္ဖို႔ ဆုံးျဖတ္ခ်က္ခိုင္မာေစမယ့္ အေျခအေန(၅)ခု

ဆုပ္လည္းစူး စားလည္းရူးတဲ့ အေျခအေနမ်ိဳးဆို ရပ္တန္႔ဖို႔ဆုံးျဖတ္တာ အေကာင္းဆုံးပါပဲ 🤧🤧

ကိုယ့္ဘက္က ခင္မင္တြယ္တာေနဆဲေပမဲ့ ေပါင္းသင္းဆက္ဆံရတာ အဆင္မေျပေတာ့တဲ့ သူငယ္ခ်င္းမ်ိဳး ေယာင္းတို႔ဆီမွာ ရွိေနၿပီလား ။ ဒီလိုအဆင္မေျပမႈေတြက ခဏတာ စိတ္သေဘာထားခ်င္း မတိုက္ဆိုင္တာေၾကာင့္ ျဖစ္တတ္သလို အၿပီးတိုင္ သူငယ္ခ်င္းဆက္ဆံေရး ျပတ္ေတာက္ဖို႔ လမ္းစလည္း ျဖစ္ႏိုင္ပါတယ္။

ဒီေတာ့ ေယာင္းတို႔သူငယ္ခ်င္းနဲ႔ အခုလက္ရွိ  မေျပလည္မႈက သူငယ္ခ်င္းအျဖစ္ကေန ရပ္တန္႔လိုက္ဖို႔ထိျဖစ္ေနလားဆိုတာကို မင္မင္ေဝမွ်ေပးမယ့္ သူငယ္ခ်င္းဆက္ဆံေရး အဆုံးသတ္ဖို႔ ေသခ်ာေနတဲ့ အခ်က္ေတြ နဲ႔ တိုက္ဆိုင္စစ္ေဆးၾကည့္လိုက္ပါေနာ္။

Related article>>>သူငယ္ခ်င္းမ်ား ရည္းစားရၿပီးေနာက္ ျဖစ္သြားတတ္ေသာ အခ်ိဳး(၅)မ်ိဳး

ျပဒါးတစ္လမ္း သံတစ္လမ္းျဖစ္ေနတာ

သူငယ္ခ်င္းေတာ္ေတာ္မ်ားမ်ားက စိတ္ခ်င္းတူလို႔ ခင္မင္ခဲ့တာခ်ည္းပါပဲ။ တကယ္ကို ခင္မင္တယ္ဆိုတဲ့ သူငယ္ခ်င္းတိုင္းက အႀကိဳက္မတူရင္ေတာင္ အက်င့္စရိုက္ ၊ ခံယူခ်က္ေတြေတာ့ တူတတ္ၾကပါတယ္။ ေယာင္းတို႔ သူငယ္ခ်င္းႏွစ္ေယာက္လည္း တစ္ခုခု တူညီခဲ့လို႔ ခင္မင္ရင္းႏွီးခဲ့ၾကေပမဲ့ လက္ရွိမွာ တစ္ခုမွမတူညီေတာ့ဘဲ တစ္ေယာက္ တစ္လမ္းျဖစ္သြားၿပီဆိုရင္ေတာ့ သူငယ္ခ်င္းအျဖစ္ကေန ရပ္စဲသင့္ပါၿပီေနာ္။

သစၥာေဖာက္ခံရတဲ့အခါ

ေယာင္းတို႔က အခင္မင္ဆုံးသူငယ္ခ်င္းမို႔ ယုံၾကည္မႈေတြ လြန္ကဲၿပီး အတြင္းေရးေတြ ၊ လွွ်ိဳ႕ဝွက္ခ်က္ေတြကို ရင္ဖြင့္တိုင္ပင္လိုက္တာမ်ိဳး ရွိေကာင္းရွိႏိုင္ပါတယ္။ ေယာင္းေရွ႕မွာေတာ့ ငါကိုယ္ခ်င္းစာပါတယ္ဟယ္၊ ျမန္ျမန္အဆင္ေျပပါေစေနာ္ဆိုၿပီး ေက်နပ္သြားေစမယ့္ စကားလမ္းေၾကာင္းေတြခင္းေပမဲ့  ေနာက္ကြယ္မွာက်ေတာ့ ဟားစရာႀကီးတစ္ခုလိုသေဘာၿပီး ျပန္ေျပာင္းေျပာျပေနတာမ်ိဳးၾကားရရင္ေတာ့ ဒီလိုသူငယ္ခ်င္းမ်ိဳးနဲ႔ လမ္းခြဲလိုက္သင့္ပါၿပီေနာ္။

ေျပာသမွွ်စကားတိုင္းကို အေကာင္းမျမင္တာ

သူငယ္ခ်င္း အခ်င္းခ်င္း အေၾကာင္းတစ္ခုကို အျမင္ခ်င္းဖလွယ္ ေဆြးေႏြးတဲ့အခါ ဆန္႔က်င္ဘက္ေတြခ်ည္း  ေျပာေနတတ္တာမ်ိဳး ၊ေယာင္းရဲ႕အႀကိဳက္ေတြကို မေကာင္းတဲ့အျမင္နဲ႔ ေဝဖန္ေနတတ္တာမ်ိဳးဆို သူငယ္ခ်င္းအျဖစ္ ေရွ႕ဆက္ဖို႔ မျဖစ္ႏိုင္ေတာ့ပါဘူး။

အခ်ိန္မေပးေတာ့တာ

အၿမဲအတူ တြဲသြားတြဲလာလုပ္ေနခဲ့တဲ့ သူငယ္ခ်င္းက ခ်ိန္းလိုက္တိုင္း မအားလို႔ဆိုတဲ့ အေၾကာင္းျပခ်က္နဲ႔ အခ်ိန္မေပးေတာ့တာမ်ိဳး ၊ ကိုယ္ကမွ သြားမခ်ိန္းရင္ အဆက္အသြယ္မလုပ္ေတာ့တာမ်ိဳးဆို သူ႔စိတ္ထဲမွာ ေယာင္းကို ခင္မင္ခ်င္စိတ္မရွိေတာ့တာမ်ိဳး ျဖစ္ႏိုင္ပါတယ္။ ဒီအေျခအေနမ်ိဳးဆိုရင္ေတာ့ အလိုက္တသိသာ ရပ္တန္႔လိုက္ပါေတာ့ေနာ္။

Related article >>> Facebook ကို အႏၱရာယ္ကင္းကင္း အသံုးျပဳႏုိင္ေအာင္ Security ျမွင့္ၿပီး သံုးၾကမယ္။

ေတြ႔တဲ့အခ်ိန္တိုင္း သက္ေတာင့္သက္သာမရွိဘဲ ေပ်ာ္ရႊင္မႈ ကင္းမဲ့ေနတာ

သူငယ္ခ်င္းဆိုတာမ်ိဳးက ခ်စ္သူထက္ေတာင္ ပြင့္ပြင့္လင္းလင္းနဲ႔ ေရပက္မဝင္ ေျပာဆိုေနရမယ့္ အခ်ိန္မ်ိဳးမွာ ႏွစ္ေယာက္စလုံး ေျပာစရာစကားမရွိဘဲ ခပ္တန္းတန္းျဖစ္ေနတာက ေယာင္းကို ဘယ္လိုမွ သက္ေတာင့္သက္သာ မျဖစ္ေစသလို ေပ်ာ္ရႊင္ဖို႔ဆိုတာလည္း အေဝးႀကီးပါေနာ္။ ဒီလိုအေျခအေနမ်ိဳးဆိုရင္ေတာ့ သူငယ္ခ်င္းသံေယာဇဥ္ေတြကို ျဖတ္ေတာက္သင့္ပါၿပီ။

ကဲ…ဒီထဲက ၂ခ်က္ေလာက္ ၿငိေနၿပီဆိုရင္ေတာင္ သူငယ္ခ်င္းသံေယာဇဥ္ကို လုံးဝျဖတ္ေတာက္လိုက္သင့္ပါၿပီ။ ေယာင္းတို႔ တစ္ဘဝလုံးခင္မင္ႏိုင္မယ့္ စိတ္တူကိုယ္တူ သူငယ္ခ်င္းေတြနဲ႔ပဲ ေတြ႕ဆုံႏိုင္ၾကပါေစ။

ခ်စ္ရတဲ့ မင္မင္

DiDi ( For Her Myanmar )

<<< Unicode >>>

ဆုပ်လည်းစူး စားလည်းရူးတဲ့ အခြေအနေမျိုးဆို ရပ်တန့်ဖို့ဆုံးဖြတ်တာ အကောင်းဆုံးပါပဲ 🤧🤧

ကိုယ့်ဘက်က ခင်မင်တွယ်တာနေဆဲပေမဲ့ ပေါင်းသင်းဆက်ဆံရတာ အဆင်မပြေတော့တဲ့ သူငယ်ချင်းမျိုး ယောင်းတို့ဆီမှာ ရှိနေပြီလား ။ ဒီလိုအဆင်မပြေမှုတွေက ခဏတာ စိတ်သဘောထားချင်း မတိုက်ဆိုင်တာကြောင့် ဖြစ်တတ်သလို အပြီးတိုင် သူငယ်ချင်းဆက်ဆံရေး ပြတ်တောက်ဖို့ လမ်းစလည်း ဖြစ်နိုင်ပါတယ်။

ဒီတော့ ယောင်းတို့သူငယ်ချင်းနဲ့ အခုလက်ရှိ မပြေလည်မှုက သူငယ်ချင်းအဖြစ်ကနေ ရပ်တန့်လိုက်ဖို့ထိဖြစ်နေလားဆိုတာကို မင်မင်ဝေမျှပေးမယ့် သူငယ်ချင်းဆက်ဆံရေး အဆုံးသတ်ဖို့ သေချာနေတဲ့ အချက်တွေ နဲ့ တိုက်ဆိုင်စစ်ဆေးကြည့်လိုက်ပါနော်။

Related article>>>သူငယ်ချင်းများ ရည်းစားရပြီးနောက် ဖြစ်သွားတတ်သော အချိုး(၅)မျိုး

ပြဒါးတစ်လမ်း သံတစ်လမ်းဖြစ်နေတာ

သူငယ်ချင်းတော်တော်များများက စိတ်ချင်းတူလို့ ခင်မင်ခဲ့တာချည်းပါပဲ။ တကယ်ကို ခင်မင်တယ်ဆိုတဲ့ သူငယ်ချင်းတိုင်းက အကြိုက်မတူရင်တောင် အကျင့်စရိုက် ၊ ခံယူချက်တွေတော့ တူတတ်ကြပါတယ်။ ယောင်းတို့ သူငယ်ချင်းနှစ်ယောက်လည်း တစ်ခုခု တူညီခဲ့လို့ ခင်မင်ရင်းနှီးခဲ့ကြပေမဲ့ လက်ရှိမှာ တစ်ခုမှမတူညီတော့ဘဲ တစ်ယောက် တစ်လမ်းဖြစ်သွားပြီဆိုရင်တော့ သူငယ်ချင်းအဖြစ်ကနေ ရပ်စဲသင့်ပါပြီနော်။

သစ္စာဖောက်ခံရတဲ့အခါ

ယောင်းတို့က အခင်မင်ဆုံးသူငယ်ချင်းမို့ ယုံကြည်မှုတွေ လွန်ကဲပြီး အတွင်းရေးတွေ ၊ လျှို့ဝှက်ချက်တွေကို ရင်ဖွင့်တိုင်ပင်လိုက်တာမျိုး ရှိကောင်းရှိနိုင်ပါတယ်။ ယောင်းရှေ့မှာတော့ ငါကိုယ်ချင်းစာပါတယ်ဟယ်၊ မြန်မြန်အဆင်ပြေပါစေနော်ဆိုပြီး ကျေနပ်သွားစေမယ့် စကားလမ်းကြောင်းတွေခင်းပေမဲ့ နောက်ကွယ်မှာကျတော့ ဟားစရာကြီးတစ်ခုလိုသဘောပြီး ပြန်ပြောင်းပြောပြနေတာမျိုးကြားရရင်တော့ ဒီလိုသူငယ်ချင်းမျိုးနဲ့ လမ်းခွဲလိုက်သင့်ပါပြီနော်။

ပြောသမျှစကားတိုင်းကို အကောင်းမမြင်တာ

သူငယ်ချင်း အချင်းချင်း အကြောင်းတစ်ခုကို အမြင်ချင်းဖလှယ် ဆွေးနွေးတဲ့အခါ ဆန့်ကျင်ဘက်တွေချည်း ပြောနေတတ်တာမျိုး ၊ယောင်းရဲ့အကြိုက်တွေကို မကောင်းတဲ့အမြင်နဲ့ ဝေဖန်နေတတ်တာမျိုးဆို သူငယ်ချင်းအဖြစ် ရှေ့ဆက်ဖို့ မဖြစ်နိုင်တော့ပါဘူး။

အချိန်မပေးတော့တာ

အမြဲအတူ တွဲသွားတွဲလာလုပ်နေခဲ့တဲ့ သူငယ်ချင်းက ချိန်းလိုက်တိုင်း မအားလို့ဆိုတဲ့ အကြောင်းပြချက်နဲ့ အချိန်မပေးတော့တာမျိုး ၊ ကိုယ်ကမှ သွားမချိန်းရင် အဆက်အသွယ်မလုပ်တော့တာမျိုးဆို သူ့စိတ်ထဲမှာ ယောင်းကို ခင်မင်ချင်စိတ်မရှိတော့တာမျိုး ဖြစ်နိုင်ပါတယ်။ ဒီအခြေအနေမျိုးဆိုရင်တော့ အလိုက်တသိသာ ရပ်တန့်လိုက်ပါတော့နော်။

Related article >>> Facebook ကို အန္တရာယ်ကင်းကင်း အသုံးပြုနိုင်အောင် Security မြှင့်ပြီး သုံးကြမယ်။

တွေ့တဲ့အချိန်တိုင်း သက်တောင့်သက်သာမရှိဘဲ ပျော်ရွှင်မှု ကင်းမဲ့နေတာ

သူငယ်ချင်းဆိုတာမျိုးက ချစ်သူထက်တောင် ပွင့်ပွင့်လင်းလင်းနဲ့ ရေပက်မဝင် ပြောဆိုနေရမယ့် အချိန်မျိုးမှာ နှစ်ယောက်စလုံး ပြောစရာစကားမရှိဘဲ ခပ်တန်းတန်းဖြစ်နေတာက ယောင်းကို ဘယ်လိုမှ သက်တောင့်သက်သာ မဖြစ်စေသလို ပျော်ရွှင်ဖို့ဆိုတာလည်း အဝေးကြီးပါနော်။ ဒီလိုအခြေအနေမျိုးဆိုရင်တော့ သူငယ်ချင်းသံယောဇဉ်တွေကို ဖြတ်တောက်သင့်ပါပြီ။

ကဲ…ဒီထဲက ၂ချက်လောက် ငြိနေပြီဆိုရင်တောင် သူငယ်ချင်းသံယောဇဉ်ကို လုံးဝဖြတ်တောက်လိုက်သင့်ပါပြီ။ ယောင်းတို့ တစ်ဘဝလုံးခင်မင်နိုင်မယ့် စိတ်တူကိုယ်တူ သူငယ်ချင်းတွေနဲ့ပဲ တွေ့ဆုံနိုင်ကြပါစေ။

ချစ်ရတဲ့ မင်မင်

DiDi ( For Her Myanmar )

Yin Sandi Ko
Yin Sandi Ko
ညီမက‌ေတာ့ ဒီဒီပါ .စာေရးရတာကို ရူးသြပ္သူမို႔ ေယာင္းတို႔ကိုဆြဲေဆာင္နိုင္မယ့္ အေရးအသားေတြနဲ႔ ေယာင္းတို႔ေပ်ာ္ေစဖို႔ အၿမဲႀကိဳးစားေနသူပါ။

Leave a Reply

Your email address will not be published. Required fields are marked *