ဥာဏ်ရည်မြင့်မားတဲ့ မိန်းကလေးတွေဘာကြောင့် Single ဖြစ်နေရတာလဲ

single ဆိုတာ ဖြစ်ချင်တိုင်းဖြစ်လို့ရတာမဟုတ်ဘူးနော်.. ဥာဏ်ရည်မြင့်မှ ဖြစ်လို့ရတာရယ် 😀 

အချစ်စစ်တစ်ခုကို ရှာတွေ့နိုင်ဖို့ဆိုတာ လူတိုင်းအတွက် လွယ်ကူတဲ့အရာတစ်ခုတော့မဟုတ်ပါဘူး။ အချစ်ဆိုတာ လိုက်ရင် ပြေးသလို မထင်မှတ်တဲ့အချိန်မှလဲ မထင်မှတ်သလို ကြုံတတ်ရတဲ့အရာမျိုးပါ။ ဒါပေမဲ့ အသိဉာဏ်မြင့်မားတဲ့မိန်းကလေးတစ်ယောက်ဟာ စိတ်တိုင်းကျ လက်တွဲဖော်တစ်ယောက်တွေ့ဖို့ ခဲယဉ်းနေတတ်ပါတယ်။ ဒီမှာတော့ Single တစ်ယောက်ဆိုရင်ကို လက်ညှိုးထိုးချင်နေကြတာလေ။ အပျိုကြီးဖြစ်မှာပေါ့ သူကတော့ဘယ်လိုကိုး စသဖြင့်ပေါ့။ ဒါပေမဲ့ ဥာဏ်ရည်မြင့်ကြတဲ့ မိန်းကလေးတွေမှာ single ဖြစ်နေရတဲ့ အကြောင်းရင်းတွေ အများကြီးရှိတတ်ကြပါတယ်။ ဥပမာ ဒီလိုအချက်တွေပေါ့။

၁။ ဒီလို မိန်းကလေးတွေဟာ သူတို့ပုံစံကို မပြောင်းချင်ကြဘူး။

ဉာဏ်ရည်မြင့်မားတဲ့ ကောင်မလေးတွေဟာ သူတို့ဘဝမှာ ဘာဖြစ်ချင်တာလဲဆိုတာကို သေချာသိကြပြီး သူတို့ဘဝကို ဘာအကြောင်းကြောင်းနဲ့မှ မပြောင်းလဲချင်ကြပါဘူး။ ဒါ့ကြောင့် ကိုယ်နဲ့ မသင့်လျော်တဲ့ လူတစ်ယောက်အတွက် ကိုယ့်ဘဝ ပုံစံပြောင်းလဲပေးရမယ့်အစား တစ်ကိုယ်တည်းဘဝကို မကြောက်မရွံ့ဖြတ်သန်းနေကြတာပါ။

၂။ သူတို့လိုချင်တဲ့အရာကို သူတို့ကောင်းကောင်းသိနေပါတယ်။

မိန်းကလေးတိုင်း သူတို့လက်တွဲဖော်မှာ ဘယ်လိုအရည်အချင်းစံနှုန်းတော့ဖြင့် ပါရမယ်ဆိုတာမျိုး သတ်မှတ်ထားတတ်ကြပါတယ်။ အထူးသဖြင့် ဉာဏ်ရည်မြင့်မားတဲ့ မိန်းကလေးတွေရဲ့စံနှုန်းက မြင့်မားပြီး ပိုအသေးစိတ်ကျ တတ်ကြပါတယ်။ ဒါ့ကြောင့် သူတို့အနေနဲ့ ဘယ်လိုလူမျိုးကတော့ဖြင့် ဖြစ်နိုင်တယ်၊ ဘယ်လိုလူမျိုးကတော့ မဖြစ်နိုင်ဘူးဆိုတာ စဉ်းစားဆင်ခြင်နေတာနဲ့တင် single ဘဝမှာ ပျော်နေကြတာပါ။

Related Article >>> Singleတစ်ယောက်ရဲ့ အားသာချက်များ

၃။ သူတို့ရဲ့ ဘဝ ပိုအဆင်ပြေလာစေဖို့ တခြားတစ်ယောက် မလိုအပ်ကြပါဘူး။

အရင်ခေတ်တွေတုန်းကတော့ မိန်းကလေးတွေဟာ ဖခင်အိမ်ကနေပြီး ခင်ပွန်းအိမ်ကိုပဲ ပြောင်းရွှေ့သွားကြတာမို့ သူတို့အနေနဲ့ မှီခိုဖို့ လက်တွဲဖော်တစ်ယောက် လိုအပ်ပါတယ်။ ဒီနေ့ခေတ်မှာတော့ မိန်းကလေးတွေဟာ သူတို့ဘဝအဆင်ပြေဖို့အတွက် တခြားတစ်ယောက် မလိုအပ်ကြတော့ပါဘူး။ သူတို့အနေနဲ့ ကိုယ်ခြေထောက်ပေါ် ကိုယ်ရပ်နိုင်ကြပြီး တစ်ယောက်တည်းနေရတဲ့ အရသာကို ပိုနှစ်သက်ကြတဲ့အတွက် လွတ်လွတ်လပ်လပ် နေကြတာလည်း ဖြစ်ပါတယ်။

၎။ လက်တွဲဖော်ရှာဖို့ထက် တခြားအရေးကြီး ကိစ္စတွေရှိနေလို့။

သူတို့ဘဝမှာ အရေးကြီးတဲ့အရာတွေများပါတယ်။ အချိန်ပြည့် ကိုယ့်ဘဝတိုးတက်ရာ တိုးတက်ကြောင်းကို ရှာဖွေနေရတယ်။ မိသားစုအရေးတွေရှိနေတယ်။ ဒီလိုအရေးကြီးတာတွေကို ပစ်ထားပြီး ချစ်သူနောက်တကောက်ကောက်လိုက်လို့ အချိန်ပေးနေရမှာကို သူတို့မလိုလားပါဘူး။

၅။ သူတို့ဟာ Relationship တစ်ခု ဘယ်လိုပျက်ဆီးတတ်လဲဆိုတာ ကြိုသိနေတတ်ကြတယ်။

သူတို့ဟာ အတိတ်က သင်ခန်းစာတွေကနေ အကောင်းဆုံး သင်ယူတတ်ကြပြီး အတိတ်တွေထဲမှာပဲ အချိန်ကုန်နေတတ်ကြသူတွေမဟုတ်ပါဘူး။ အချိန်ဆိုတာ ဘဝတိုးတက်ရာလမ်းကို ရှာဖွေနေကြသူတွေအတွက် ရတနာတစ်ပါးပဲမဟုတ်လား။ ဉာဏ်ရည်မြင့်မားတဲ့ မိန်းကလေးတွေက Relationshipတစ်ခု အတွက် အချိန်အများကြီး အကုန်မခံတတ်ကြတဲ့အပြင် ဖူးစာမှန်ရင်တော့ တစ်နေ့ကိုယ့်ရဲ့လက်တွဲဖော် ထွက်ပေါ်လာမှာပဲဆိုတဲ့စိတ်နဲ့ အဲ့ဒီအပေါ်မှာပဲ အာရုံမထားဘဲ ကိုယ့်ဘဝတိုးတက်ရာ တိုးတက်ကြောင်း ကြိုးစားနေကြတဲ့လူတွေပါ။

၆။ ဆွဲဆောင်မှု၊ ရုပ်ရည်ဆိုတာ တန်ဖိုးသိပ်မရှိမှန်း သူတို့တွေသိကြတယ်။

ပြင်ပရုပ်ရည်လှတယ်ဆိုတာ အချစ်တစ်ခုကို ရှာဖွေဖို့အတွက် အရေးကြီးတဲ့ အရာတစ်ခုပါ။ ဒါပေမဲ့ ဥာဏ်ရည်ထက်မြက်တဲ့ မိန်းကလေးတွေက ရုပ်ရည်ဆိုတာ အချိန်မရွေးပြောင်းလဲနိုင်ပြီး လူတစ်ယောက်ကို အတွင်းကျကျသိလိုက်ရတာနဲ့ ရုပ်ရည်က အရေးမပါတော့ဘူးဆိုတာ သိကြပါတယ်။ ဒါကြောင့် သူတို့ဟာ ရုပ်ရည်တစ်ခုတည်းပဲ ကြည့်ပြီး relationship တစ်ခုကို အလွယ်တကူ မတည်ဆောက်တတ်ကြပါဘူး။

Related Article >>> စင်ဂယ်ယောင်းတို့ RSစဖြစ်တဲ့အခါ ကြုံတွေ့ရတဲ့အခက်အခဲ(၈)မျိုး

၇။ ယောက်ျားလေးတွေက သူတို့ကို ချဉ်းကပ်ဖို့ ကြောက်ကြတယ်။

ဉာဏ်ရည်မြင့်မားတဲ့ မိန်းကလေးတစ်ယောက်ဟာ အမြင်မတူတာကိုတွေ့ရင် ထပြောဖို့ ဝန်မလေးသလို သူ့ရဲ့ အတွေးတွေကို ပြောဖို့အတွက်လည်း မကြောက်ကြပါဘူး။ ဒါဟာ ယောက်ျားလေးတွေအတွက်တော့ ကြောက်စရာကြီးပါ။ ပြောရရင်တော့ ဒီလိုအရာတွေကို သူတို့ ဘယ်လိုတုံ့ပြန်ရမလဲ၊ သူမရဲ့ မျှော်လင့်ချက်တွေကြားမှာ ဘယ်လိုရှင်သန်ရမလဲဆိုတာ စဉ်းစားလို့မရတဲ့အခါ သူမတို့ကို ချဉ်းကပ်ဖို့ ကြောက်ရွံ့လာတတ်ကြပြီး ချစ်သူအဆင့်မပြောနဲ့၊ သူငယ်ချင်းအဆင့်တောင် ရောက်မလာကြတော့ပါဘူး။

၈။ သူတို့ရဲ့ နှလုံးသားကို ဘယ်သူလက်ထဲမှာမှ မပုံအပ်ရဲတော့လို့ပါ။

ဉာဏ်ရည်မြင့်မားပြီး ချက်ချာပါးနပ်တဲ့ မိန်းကလေးတွေက ပတ္တမြားထက်ပိုပြီး တန်ဖိုးရှိပါတယ်။ ဒါ့ကြောင့် ဒီလိုမိန်းကလေးတွေက သူတို့ရဲ့နှလုံးသားကို ဘယ်သူလက်ထဲမှာမှ ပုံမအပ်ထားချင်တော့ပါဘူး။ ဒီမိန်းကလေးတွေဟာ ယောက်ျားတစ်ယောက်ဆီမှာ သူတို့ နှလုံးသားကို ပုံအပ်ထားလိုက်ရင် ရလိုက်တဲ့ပျားရည်ထက် ဓားသွားကပိုရှမှာ သိနေလို့လည်း Single ဘဝမှာ သာယာနေကြတာပေါ့။

ဒီလိုတွေ ဒီလိုတွေကြောင့် ဥာဏ်ရည်မြင့်တဲ့ မိန်းကလေးတွေက single ဖြစ်နေကြတာပါ။ ညီမလေးတို့လည်း ခုချိန်ထိ အမြီးမပေါက်ကြသေးရင် ကိုယ်က ဥာဏ်ရည်မြင့်နေလို့ဆိုပြီးတော့သာ ဂုဏ်ယူလိုက်ပါတော့လို့ …

Ywan Si (For Her Myanmar)

Reference : Life Hack 10 Reasons It’s Hard For Smart Women To Find Love

 

No Comments Yet

Comments are closed