စနိုက်ကျော်ခံရတာနဲ့ ပုလင်းကွဲရှခံရတာ ဘယ်ဟာပိုခံစားရလဲ။

မေးခွန်းကြီးမြင်ပြီး အက်ဒမင့်ကို ခဲနဲ့ကောက်ထုချင်နေပြီမလား။ မညာချင်စမ်းပါနဲ့ ယောင်းရာ။

ခုတလောကြည့်မိတဲ့ရုပ်ရှင်တိုင်း စနိုက်ကြော်ခံရတာနဲ့၊ ပုလင်းကွဲရှခံရတာနဲ့ဆိုတော့ အက်ဒမင့်ခေါင်းမှာ အဲဒီခံစားချက်နှစ်ခုကို ယှဉ်ပြီးတွေးမိလာလို့ပါ။

အက်ဒမင့်အနေနဲ့တော့ ပုလင်းကွဲရှခံရတာက ပိုခံစားရမှာပါ။ စနိုက်ကြော်ခံရရင်တောင် “ငါချစ်ခဲ့တဲ့လူက ခြံခုန်နွားပဲကိုး၊ အခုကတည်းက ခုန်သွားတာပဲကျေးဇူးတင်ရမယ်”လို့တွေးပြီးဖြေသိမ့်မှာပါ။ မကောင်းတဲ့အရာက မေ့ပစ်ရလွယ်တယ်လေ။ ဒါပေမဲ့ ပုလင်းကွဲရှခံရတာကတော့ တစ်မျိုးပါ။

Related Article >>> ကိုယ် တိတ်တခိုးချစ်ရသူကို မေ့သင့်ပြီဖြစ်ကြောင်း ဘယ်အချိန်တွေမှာ သိနိုင်မလဲ?

သူက ကိုယ့်ကိုအသုံးချခဲ့တာလား၊ ဒါမှမဟုတ် သူကိုယ်တိုင်က သူ့ရဲ့အမှန်တရားကို အခုမှမြင်လာတာလား၊ ဘာလား၊ ညာလားဆိုတဲ့အတွေးတွေက ခေါင်းထဲ တဝဲဝဲလည်နေမှာပါ။ ဆက်ချစ်လို့လည်းမဖြစ်နိုင်၊ မုန်းဖို့ကလည်း အခက်နဲ့ ဒီအပူမီးက အချိန်ကာလကြာကြာထိ ရင်ထဲ လှိုက်စားနေမှာပါ။

ဒါကတော့ အက်ဒမင့်အမြင်ပေါ့။ ယောင်းတို့အတွက်ရော ဘယ်အခြေအနေက ခံစားရအခက်ဆုံးဖြစ်မလဲ။ ကွန်မန့်ထဲမှာ ယောင်းတို့ရဲ့အမြင်ကိုလွတ်လွတ်လပ်လပ် မျှဝေပေးဖို့ဖိတ်ခေါ်ပါတယ်။

Christina (For Her Myanmar)

No Comments Yet

Comments are closed