Relationship

Exက ကိုယ့်ဆီပြန်လာတဲ့အခါ အရင်ဆုံး စဉ်းစားသင့်တဲ့ အချက် (၅)ချက်

အရင်က လမ်းခွဲသွားတဲ့ex ကိုယ့်ဆီပြန်လာရင် အယုံမလွယ်ဘဲ ဒီလိုလေးတွေစဉ်းစားကြည့်မယ်။

အတိတ်က အကြောင်းတစ်ခုခုကြောင့် ပြတ်သွားတဲ့ အချစ်ဟောင်းနဲ့ ပြန်တွဲဖို့ကြိုးစားတာက ကွဲသွားတဲ့မှန်တစ်ချက်ကို စူပါဂလူးနဲ့လိုက်ကပ်ဖို့ ကြိုးစားသလိုပါပဲ။ အရင်ကလိုမရိုးရှင်းနိုင်တော့ဘူးလေ။ အထူးသဖြင့် သူ့ဘက်က အနိုင်ပိုင်းလမ်းခွဲပြီးမှ မမေ့နိုင်သေးလို့ပါ ဘာညာသာရကာ အကြောင်းပြချက်လေးနဲ့ ပြန်ရောက်လာရင်တော့ ယောင်းရဲ့နှလုံးသားထက် ဦးနှောက်ကို အသုံးပြုစဉ်းစားတတ်ဖို့လိုလာပါပြီ။ ဒီလိုလေးတွေစဉ်းစားမယ်ကွဲ့။

၁။အချိုးပြေရဲ့လား။

Relationshipတွေပြတ်ရတဲ့အဓိကအကြောင်းအရင်းထဲမှာ အချိုးမပြေတာတွေပါပါတယ်။ အချိုးမပြေသေးဘဲ ရြာက်လာတဲ့ exနဲ့  ပြန်တွဲမယ်ဆိုရင်တော့ ဂျာအေးကို သူ့အမေရိုက်သလိုပဲ ဖြစ်နေပါလိမ့်မယ်။ ဒါကြောင့် သူ့အချိုးတွေကိုစောင့်ကြည့်ပါ။ အချိုးမပြေဘဲ ရောက်လာတာ သေချာရင်တော့ ဆဲလွှတ်လိုက်ပါ။

၂။ဘယ်အချိန်ပြန်လာတာလဲ။

ပြတ်ပြီး တစ်နှစ်၊ နှစ်နှစ်လောက်ကြာမှ မမေ့နိုင်လို့ပါ၊ မခွဲနိုင်လို့ပါဆိုပြီး ရောက်လာတဲ့ ဂျင်းအကြီးစားတွေကို သတိထားပါ။ ပြတ်ပြီးနောက်ပိုင်း ကိုယ်နေကောင်းလား၊ မကောင်းလားတောင် စိတ်ဝင်တစားအဖက်မလုပ်ဘဲ သူစိတ်ပြန်လည်လာမှ အဖက်လုပ်တဲ့ဟာမျိုးဆို တဘူးဘူးနဲ့သာ ဘူးချည်းခံပြီး ငြင်းပစ်လိုက်။

၃။ဘာကြောင့်ပြန်လာတာလဲ။

တချို့ Exတွေလည်ချက်ကို ပန်ကာတောင်မမီပါဘူး။ ကိုယ့်ကိုဖြတ်ချပြီး တခြားတစ်ယောက်နဲ့တွဲ၊ အဲ့တစ်ယောက်နဲ့အဆင်ပြန်မပြေတော့မှ ကိုယ့်ဆီပြန်လာတဲ့အကွက်တွေဆို ရိုးဟိုးဟိုးနေပြီမလား။ အဲ့အကွက်ထဲမမိချင်ရင် ကိုယ်နဲ့ပြတ်ပြီးတဲ့နောက်ပိုင်း သူ့အကြောင်းတွေကို ဒိုင်လျှိုစုံစမ်းထားပါ။

Related Article >>> exကြီး သိကိုသိရမယ့် အချက်များ

၎။ ကိုယ့်အတွက် သူဘယ်လောက်ပြန်ကြိုးစားသလဲ။

အချစ်ကို တကယ်တန်ဖိုးထား၊ နားလည်ပြီး ပြန်ရောက်လာတဲ့ သူတော်ကောင်းတွေတော့ ရှိပါသေးတယ်။ သူတို့ရဲ့နောင်တကို စကားထက် ကြိုးစားအားထုတ်မှုနဲ့ သက်သေပြတတ်ကြပါတယ်။ ဒီတော့ ယောင်းအနေနဲ့ ချေသင့်သလောက်ချေထားပါ။ သူ့အနေနဲ့ ကိုယ့်အချစ်ကိုရဖို့ ဘယ်အဆင့်ထိကြိုးစားသလဲ စောင့်ကြည့်ပါ။ ဒါပေမဲ့ အချေလည်း မလွန်စေနဲ့ဦးနော်…

၅။ ဘယ်လိုစစ်ဆေးမလဲ။

ကိုယ်ချစ်ခဲ့ဖူးတဲ့သူ ပြန်တောင်းပန်လာရင် အခွင့်အရေးပေးမယ်ဆိုတဲ့ စိတ်မျိုးကို တတ်နိုင်သလောက် ရိုက်ချိုးထားပါ။ ခဏခဏပြန်မကွဲသင့်တဲ့အရာထဲမှာ အသည်းလည်းပါတယ်လေ။ ဒီတော့ သူပြန်လာရင် ထောက်လှမ်းရေးတစ်ယောက်လို စစ်ဆေးပါ။ စကားနှိုက်ပါ။ ကိုယ်ကျေနပ်တဲ့ အချက်တွေသူ့ဆီမှာ မတွေ့ရမချင်းစုံစမ်းမှုကိုမရပ်ပါနဲ့။

ကဲ..ဒီအတိုင်းစဉ်းစားသွားမယ်ဆိုယောင်းယောင်းတို့လည်း exထက် တစ်ကွက်ကျော်မြင်နိုင်မယ့်အပြင် ကိုယ့်အသည်းကိုလည်း ထပ်ခါထပ်ခါကွဲခြင်းမှ ကာကွယ်လိုက်နိုင်ပါပြီ။ ဦးနှောက်သုံးပြီး အချစ်စစ်၊ တု ခွဲခြားနိုင်ကြပါစေယောင်းတို့။

Christina (For Her Myanmar)

Christina Rosy
နာမည်ကတော့ ခရစ္စတီးနားပါ။ အလွတ်တမ်း လက်ထောက်အယ်ဒီတာပေမယ့်လည်း အသက်ကတော့ မနုမရင့် ၂၂ပေါ့။ For Her Myanmarမှာ မိတ်ကပ်ကလွဲပြီး စုံစီနဖာ အကြောင်းစုံရေးနေတဲ့ အစားတစ်လိုင်းအက်ဒမင်ပါ။ ဒီ့အပြင် အချစ်ဇာတ်လမ်းတိုတွေ၊ စိတ်ထဲ မကျေနပ်တဲ့အကြောင်းတွေလည်း ဆောင်းပါးအဖြစ်ထုတ်လုပ်တတ်တယ်။

Leave a Reply

Your email address will not be published. Required fields are marked *