အထုမခံခ်င္ရင္ေတာ့ ေကာင္မေလးနဲ႔ ရန္ျဖစ္ေနတဲ့အခ်ိန္ ဒီလိုမ်ိဳးေတြသြားမလုပ္ပါနဲ႔ :P

ေရွာင္လင္သိုင္းက်င့္ၿပီး ျဖစ္မယ္ဆိုရင္ေတာ့ ကိုယ့္သေဘာပါေနာ္ 😛

ေဒါသထြက္လာရင္ ဘယ္သူမဆို စြာေတးလန္တတ္ၾကပါတယ္။ ရန္ျဖစ္ေနတဲ့အခ်ိန္မွာ တစ္ေယာက္ရဲ႕ႏွလံုးသားကို တစ္ေယာက္က ျမင္ေအာင္မၾကည့္ႏိုင္ေတာ့တဲ့အတြက္ ကိုယ္ႏိုင္ဖို႔အတၱတစ္ခုလြဲၿပီး တျခားဘာမွ မျမင္ေတာ့ဘူးေလ။ ဒါေပမဲ့ ခံစားလြယ္တဲ့ မိန္းကေလးေတြနဲ႔ ရန္ျဖစ္ၿပီဆိုရင္ေတာ့ ဒီလိုစကားနဲ႔ အျပဳအမူေတြက တစ္ခါတေလမွာ သူ႔စိတ္ကိုပိုၿပီး သြားဆြလိုက္သလိုျဖစ္ေနတတ္ပါတယ္။ အဲ့ေတာ့ လက္သီးေသးေသးနဲ႔ အထုမခံခ်င္ရင္၊ ျပႆနာကို ရွိရင္းစြဲထက္ပိုမႀကီးခ်င္ရင္ေတာ့ ဒါမ်ိဳးေတြ သြားမလုပ္ပါနဲ႔ေနာ္။

စိတ္ေလွ်ာ႔လို႔လံုးဝမသြားမေျပာပါနဲ႔။

ဒီအခ်ိန္မွာ စိတ္ေလွ်ာ႔လို႔ေျပာတာက ေပါက္ေတာ့မယ့္ ခ်ိန္ကိုက္ဗုံးကို စနစ္တံသြားျဖဳတ္ေပးလိုက္တာနဲ႔ အတူတူပါပဲ။ ဒီစကားဟာ စိတ္ဆိုးေနတဲ့ အေၾကာင္းရင္းကို ေျဖရွင္းဖို႔ မႀကိဳးစားဘဲ လတ္တေလာ စိတ္ေျပေအာင္ ေျပာလိုက္တဲ့ အဓိပၸာယ္ေရာက္သြားတာမို႔ ေဒါသကိုႏွစ္ဆေလာက္ ပိုထြက္ေစပါတယ္။ 

နင္စိတ္ဆိုးေနလားလို႔ မေမးပါနဲ႔။

တခ်ိဳ႕ေကာင္ေလးေတြရွိတယ္ ဒီေလာက္မ်က္ႏွာႀကီးေတြနီ၊ အံႀကိတ္ၿပီး မ်က္လံုးက မီးတဝင္းဝင္းေတာက္ေနတာကို ေတြ႕ေနလ်က္နဲ႔ကို “နင္ဘာျဖစ္ေနတာလဲ၊ စိတ္ဆိုးေနတာလား” ဆိုတဲ့ေမးခြန္းကို ေမးတတ္ပါတယ္။ ဒီလိုေမးလိုက္တာက သူ႔ကိုရြဲ႕သလို ျဖစ္သြားေစတာမို႔ လက္ဝါးမိုးေတြ ရြာသြန္းတာမခံခ်င္ရင္ေတာ့ ဒီေမးခြန္းကို ေရွာင္ဖို႔ တိုက္တြန္းပါရေစ.. 

Related Article >>> အသည္းကြဲေဝဒနာေတြ ေလ်ာ့ပါးသြားေစမယ့္ အခ်က္ (၆)ခ်က္

ခ်စ္တယ္ေလ၊ အာဘြားဆိုၿပီး သြားမက်ီစယ္ပါနဲ႔.. 

ျဖစ္တတ္တာက ေကာင္မေလးေတြ ေဒါသထြက္ေနတဲ့အခ်ိန္မွာ ေကာင္ေလးေတြက ေျပရာေျပေၾကာင္း ငါနင့္ကိုအရမ္းခ်စ္တာ၊ အာဘြားေနာ္.. ဘာညာဆိုၿပီး ခ်စ္စရာစကားေလးေတြ သြားေျပာေနတတ္ပါတယ္။ တျခားအခ်ိန္မွာေျပာတာဆိုရင္ ဒါေလးေတြက ၾကည္ႏူးစရာစကားေလးေတြ ျဖစ္ေပမဲ့ ဒီလိုျပႆနာျဖစ္ေနတဲ့အခ်ိန္ သြားေျပာရင္ေတာ့ သူ(မ)ရဲ႕ ခံစားခ်က္ေတြကို တမင္ျပက္ရယ္ျပဳေနတာ၊ ျပႆနာကို မေျဖရွင္းခ်င္လို႔ တမင္ေရွာင္လႊဲေနတာဆိုတာမ်ိဳး ျဖစ္သြားတတ္ပါတယ္။ စြဲခ်က္ေပါင္းမ်ားစြာကို ေျဖရွင္းႏိုင္မယ္လို႔ ကိုယ့္ကိုယ္ကိုယ္ ယံုၾကည္ရင္ေတာ့ ေျပာၾကည့္ၾကည့္ေပါ့။ (အခန္႔မသင့္ရင္ လက္သီးေတြ လက္သည္းေတြ ပါလာႏိုင္ပါတယ္။ ေရွာင္လင္သိုင္းေလးေတာ့ က်င့္ထားေပါ့။)

သူ(မ)ရဲ႕ အရင္အတိတ္အေၾကာင္းကို ထည့္ေျပာၿပီး ျပန္အျပစ္ဖို႔တာမ်ိဳးမလုပ္ပါနဲ႔။

ဒါကေတာ့ ေယာက်ား္ရယ္မိန္းမရယ္လို႔မဟုတ္ဘဲ ဘယ္သူမဆိုေတာ့ ကိုယ္ေျဖရွင္းၿပီးသား ျပႆနာႀကီးတစ္ခုကို ထပ္ခါထပ္ခါ ျပန္ေျဖရွင္းခ်င္ၾကမွာမဟုတ္ပါဘူး။ ဒါေပမဲ့ ကိုယ္ကအဟန္႔တစ္ခု ျဖစ္သြားမလားဆိုၿပီး အတိတ္အေၾကာင္းကို ထည့္ေျပာတာမ်ိဳး (ဥပမာ ရည္းစားေဟာင္းနာမည္ကို ထည့္ၿပီး တစ္ခုခုေျပာလိုက္တာမ်ိဳး) က တကယ္ကို မလုပ္သင့္တဲ့အရာႀကီးပါ။ ဒီလိုမ်ိဳးလုပ္လိုက္တာက သူ႔ရဲ႕စိတ္ကို ပိုၿပီးထိခိုက္ခံစားေစပါတယ္။ ဒါ့အျပင္ အျပန္အလွန္အေနနဲ႔ ကိုယ့္အရင္အေၾကာင္းေတြပါ ထည့္ၿပီး ဝိုက္ခံရႏိုင္ပါတယ္ေနာ္။

မေတာင္းပန္ပါနဲ႔။

ဒီအခ်ိန္မွာ ကိုယ္လိုခ်င္တာက ေတာင္းပန္စကားေတြမဟုတ္ဘဲ ဘာလို႔ဒီလို စိတ္ဆိုးေအာင္၊ နာက်င္ေအာင္လုပ္ရက္ရတာလဲ ဆိုတဲ့ အေၾကာင္းအရင္းပဲျဖစ္ပါတယ္။ ဒီလိုေမးတယ္ဆိုတာကလည္း ယံုၾကည္မႈၿပိဳကြဲသြားသည့္တိုင္ေအာင္ ေနာက္ဆံုး ဘယ္ေနရာကေန ခြင့္လႊတ္နားလည္ေပးလို႔ ရဦးမလဲ ဆိုတာကို ၾကားခ်င္ေနလို႔ပါ။ ျဖစ္ၿပီးတဲ့ အမွားကို အျပစ္တင္စကားဆိုၿပီး ေတာင္းပန္ေစခ်င္တာမ်ိဳးမဟုတ္ဘဲ ဒီလိုအမွားမ်ိဳးကို ဘာလို႔က်ဴးလြန္ရတာလဲဆိုတဲ့ အေၾကာင္းျပခ်က္ကို သိခ်င္ၾကတာပါ။ အဲဒီအခ်ိန္မွာ အတင္းေတာင္းပန္၊ အေၾကာင္းျပခ်က္ေမးတာကို ရစ္တယ္လို႔ဆိုၿပီး မေျဖရွင္းဘဲထားရင္ေတာ့ ေသၿပီလို႔သာမွတ္ပါေတာ့ရွန္.. 

Related Article >>> စုံတြဲမ်ားအတြက္ ရန္ျဖစ္ျခင္း အႏုပညာ

မၾကားခ်င္ေယာင္ေဆာင္တာမ်ိဳး လံုးဝမလုပ္ပါနဲ႔။

ေယာက်္ားေလးေတြ ေျပာေနက်စကားတစ္ခြန္းရွိတယ္။ “မင္းတို႔မိန္းမေတြက ေသးေသးေသာေသာ ကိစၥေလးေတြကိုလည္း ပံုႀကီးခ်ဲ႕ၿပီး ျပႆနာရွာတယ္”တဲ့။ တခ်ိဳ႕ေနရာေတြမွာေတာ့ ဟုတ္ေကာင္းဟုတ္ပါလိမ့္မယ္။ ဒါေပမဲ့ တစ္ခါတေလမွာေတာ့ လူတစ္ေယာက္နဲ႔ တစ္ေယာက္က ခံႏိုင္ရည္ခ်င္း မတူၾကပါဘူး။ ဒါေၾကာင့္ ကိုယ္ကဘာမွမဟုတ္ဘူးလို႔ သတ္မွတ္ထားတဲ့ ကိစၥတခ်ိဳ႕က တျခားလူအတြက္ ကိစၥအႀကီးႀကီး ျဖစ္သြားေစႏိုင္တာမို႔ ျပႆနာျဖစ္တဲ့အခါမွာလည္း “မင္းလုပ္ျပန္ၿပီကြာ”ဆိုၿပီး သူ(မ)ေျပာတဲ့စကားေတြကို မသိကၽြိဳးႏြံမျပဳပါနဲ႔။ တေလးတစားနားေထာင္ေပးပါ။ မသိခ်င္ေယာင္ေဆာင္ေနရင္ေတာ့ အဆိုးဆံုးအတြက္ကို ႀကိဳၿပီး ျပင္ဆင္ထားလိုက္ပါေတာ့.. 

ႏွင္းကျဖစ္ႏိုင္ရင္ေတာ့ ေယာင္းတို႔ကို ရန္မျဖစ္ေစခ်င္ပါဘူး။ ဘာလို႔လဲဆိုေတာ့ ရန္ျဖစ္ၿပီးျပန္ခ်စ္တယ္ဆိုတာ ၿပီးတဲ့အခ်ိန္မွာ ေပ်ာ္စရာေကာင္းေပမဲ့ ရန္ျဖစ္တဲ့အခ်ိန္မွာ တစ္ေယာက္ကိုတစ္ေယာက္ ေျပာၾကတဲ့စကားေတြက တစ္ေယာက္ကိုတစ္ေယာက္ ထိခိုက္နာက်င္ေစလို႔ပါ။ ဒါေပမဲ့ လူဆိုတာက ကိုယ့္စိတ္နဲ႔ကိုယ္ေတာင္ ခုတစ္မ်ိဳး ေတာ္ၾကာတစ္မ်ိဳး ျဖစ္တတ္ၾကေသးတာေလ.. သူမ်ားနဲ႔ဆို ပိုဆိုးေရာေပါ့.. ဒီေတာ့ စိတ္သေဘာထား မတိုက္ဆိုင္တဲ့အခ်ိန္ေတြဆိုတာလည္း မၾကာမၾကာ ရွိေနမွာမို႔ ျဖစ္လာတဲ့အခ်ိန္က်ရင္ ပိုမဆိုးေအာင္ ဒီနည္းလမ္းေလးေတြသံုးၿပီး ထိန္းၾကပါလို႔။

Hnin Ei Oo (For Her Myanmar)

<<<Unicode>>>

ရှောင်လင်သိုင်းကျင့်ပြီး ဖြစ်မယ်ဆိုရင်တော့ ကိုယ့်သဘောပါနော် 😛

ဒေါသထွက်လာရင် ဘယ်သူမဆို စွာတေးလန်တတ်ကြပါတယ်။ ရန်ဖြစ်နေတဲ့အချိန်မှာ တစ်ယောက်ရဲ့နှလုံးသားကို တစ်ယောက်က မြင်အောင်မကြည့်နိုင်တော့တဲ့အတွက် ကိုယ်နိုင်ဖို့အတ္တတစ်ခုလွဲပြီး တခြားဘာမှ မမြင်တော့ဘူးလေ။ ဒါပေမဲ့ ခံစားလွယ်တဲ့ မိန်းကလေးတွေနဲ့ ရန်ဖြစ်ပြီဆိုရင်တော့ ဒီလိုစကားနဲ့ အပြုအမူတွေက တစ်ခါတလေမှာ သူ့စိတ်ကိုပိုပြီး သွားဆွလိုက်သလိုဖြစ်နေတတ်ပါတယ်။ အဲ့တော့ လက်သီးသေးသေးနဲ့ အထုမခံချင်ရင်၊ ပြဿနာကို ရှိရင်းစွဲထက်ပိုမကြီးချင်ရင်တော့ ဒါမျိုးတွေ သွားမလုပ်ပါနဲ့နော်။

စိတ်လျှော့လို့လုံးဝမသွားမပြောပါနဲ့။

ဒီအချိန်မှာ စိတ်လျှော့လို့ပြောတာက ပေါက်တော့မယ့် ချိန်ကိုက်ဗုံးကို စနစ်တံသွားဖြုတ်ပေးလိုက်တာနဲ့ အတူတူပါပဲ။ ဒီစကားဟာ စိတ်ဆိုးနေတဲ့ အကြောင်းရင်းကို ဖြေရှင်းဖို့ မကြိုးစားဘဲ လတ်တလော စိတ်ပြေအောင် ပြောလိုက်တဲ့ အဓိပ္ပာယ်ရောက်သွားတာမို့ ဒေါသကိုနှစ်ဆလောက် ပိုထွက်စေပါတယ်။ 

နင်စိတ်ဆိုးနေလားလို့ မမေးပါနဲ့။

တချို့ကောင်လေးတွေရှိတယ် ဒီလောက်မျက်နှာကြီးတွေနီ၊ အံကြိတ်ပြီး မျက်လုံးက မီးတဝင်းဝင်းတောက်နေတာကို တွေ့နေလျက်နဲ့ကို “နင်ဘာဖြစ်နေတာလဲ၊ စိတ်ဆိုးနေတာလား” ဆိုတဲ့မေးခွန်းကို မေးတတ်ပါတယ်။ ဒီလိုမေးလိုက်တာက သူ့ကိုရွဲ့သလို ဖြစ်သွားစေတာမို့ လက်ဝါးမိုးတွေ ရွာသွန်းတာမခံချင်ရင်တော့ ဒီမေးခွန်းကို ရှောင်ဖို့ တိုက်တွန်းပါရစေ.. 

Related Article >>> အသည်းကွဲဝေဒနာတွေ လျော့ပါးသွားစေမယ့် အချက် (၆)ချက်

ချစ်တယ်လေ၊ အာဘွားဆိုပြီး သွားမကျီစယ်ပါနဲ့.. 

ဖြစ်တတ်တာက ကောင်မလေးတွေ ဒေါသထွက်နေတဲ့အချိန်မှာ ကောင်လေးတွေက ပြေရာပြေကြောင်း ငါနင့်ကိုအရမ်းချစ်တာ၊ အာဘွားနော်.. ဘာညာဆိုပြီး ချစ်စရာစကားလေးတွေ သွားပြောနေတတ်ပါတယ်။ တခြားအချိန်မှာပြောတာဆိုရင် ဒါလေးတွေက ကြည်နူးစရာစကားလေးတွေ ဖြစ်ပေမဲ့ ဒီလိုပြဿနာဖြစ်နေတဲ့အချိန် သွားပြောရင်တော့ သူ(မ)ရဲ့ ခံစားချက်တွေကို တမင်ပြက်ရယ်ပြုနေတာ၊ ပြဿနာကို မဖြေရှင်းချင်လို့ တမင်ရှောင်လွှဲနေတာဆိုတာမျိုး ဖြစ်သွားတတ်ပါတယ်။ စွဲချက်ပေါင်းများစွာကို ဖြေရှင်းနိုင်မယ်လို့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်ရင်တော့ ပြောကြည့်ကြည့်ပေါ့။ (အခန့်မသင့်ရင် လက်သီးတွေ လက်သည်းတွေ ပါလာနိုင်ပါတယ်။ ရှောင်လင်သိုင်းလေးတော့ ကျင့်ထားပေါ့။)

သူ(မ)ရဲ့ အရင်အတိတ်အကြောင်းကို ထည့်ပြောပြီး ပြန်အပြစ်ဖို့တာမျိုးမလုပ်ပါနဲ့။

ဒါကတော့ ယောကျာ်းရယ်မိန်းမရယ်လို့မဟုတ်ဘဲ ဘယ်သူမဆိုတော့ ကိုယ်ဖြေရှင်းပြီးသား ပြဿနာကြီးတစ်ခုကို ထပ်ခါထပ်ခါ ပြန်ဖြေရှင်းချင်ကြမှာမဟုတ်ပါဘူး။ ဒါပေမဲ့ ကိုယ်ကအဟန့်တစ်ခု ဖြစ်သွားမလားဆိုပြီး အတိတ်အကြောင်းကို ထည့်ပြောတာမျိုး (ဥပမာ ရည်းစားဟောင်းနာမည်ကို ထည့်ပြီး တစ်ခုခုပြောလိုက်တာမျိုး) က တကယ်ကို မလုပ်သင့်တဲ့အရာကြီးပါ။ ဒီလိုမျိုးလုပ်လိုက်တာက သူ့ရဲ့စိတ်ကို ပိုပြီးထိခိုက်ခံစားစေပါတယ်။ ဒါ့အပြင် အပြန်အလှန်အနေနဲ့ ကိုယ့်အရင်အကြောင်းတွေပါ ထည့်ပြီး ဝိုက်ခံရနိုင်ပါတယ်နော်။

မတောင်းပန်ပါနဲ့။

ဒီအချိန်မှာ ကိုယ်လိုချင်တာက တောင်းပန်စကားတွေမဟုတ်ဘဲ ဘာလို့ဒီလို စိတ်ဆိုးအောင်၊ နာကျင်အောင်လုပ်ရက်ရတာလဲ ဆိုတဲ့ အကြောင်းအရင်းပဲဖြစ်ပါတယ်။ ဒီလိုမေးတယ်ဆိုတာကလည်း ယုံကြည်မှုပြိုကွဲသွားသည့်တိုင်အောင် နောက်ဆုံး ဘယ်နေရာကနေ ခွင့်လွှတ်နားလည်ပေးလို့ ရဦးမလဲ ဆိုတာကို ကြားချင်နေလို့ပါ။ ဖြစ်ပြီးတဲ့ အမှားကို အပြစ်တင်စကားဆိုပြီး တောင်းပန်စေချင်တာမျိုးမဟုတ်ဘဲ ဒီလိုအမှားမျိုးကို ဘာလို့ကျူးလွန်ရတာလဲဆိုတဲ့ အကြောင်းပြချက်ကို သိချင်ကြတာပါ။ အဲဒီအချိန်မှာ အတင်းတောင်းပန်၊ အကြောင်းပြချက်မေးတာကို ရစ်တယ်လို့ဆိုပြီး မဖြေရှင်းဘဲထားရင်တော့ သေပြီလို့သာမှတ်ပါတော့ရှန်.. 

Related Article >>> စုံတွဲများအတွက် ရန်ဖြစ်ခြင်း အနုပညာ

မကြားချင်ယောင်ဆောင်တာမျိုး လုံးဝမလုပ်ပါနဲ့။

ယောကျ်ားလေးတွေ ပြောနေကျစကားတစ်ခွန်းရှိတယ်။ “မင်းတို့မိန်းမတွေက သေးသေးသောသော ကိစ္စလေးတွေကိုလည်း ပုံကြီးချဲ့ပြီး ပြဿနာရှာတယ်”တဲ့။ တချို့နေရာတွေမှာတော့ ဟုတ်ကောင်းဟုတ်ပါလိမ့်မယ်။ ဒါပေမဲ့ တစ်ခါတလေမှာတော့ လူတစ်ယောက်နဲ့ တစ်ယောက်က ခံနိုင်ရည်ချင်း မတူကြပါဘူး။ ဒါကြောင့် ကိုယ်ကဘာမှမဟုတ်ဘူးလို့ သတ်မှတ်ထားတဲ့ ကိစ္စတချို့က တခြားလူအတွက် ကိစ္စအကြီးကြီး ဖြစ်သွားစေနိုင်တာမို့ ပြဿနာဖြစ်တဲ့အခါမှာလည်း “မင်းလုပ်ပြန်ပြီကွာ”ဆိုပြီး သူ(မ)ပြောတဲ့စကားတွေကို မသိကျွိုးနွံမပြုပါနဲ့။ တလေးတစားနားထောင်ပေးပါ။ မသိချင်ယောင်ဆောင်နေရင်တော့ အဆိုးဆုံးအတွက်ကို ကြိုပြီး ပြင်ဆင်ထားလိုက်ပါတော့.. 

နှင်းကဖြစ်နိုင်ရင်တော့ ယောင်းတို့ကို ရန်မဖြစ်စေချင်ပါဘူး။ ဘာလို့လဲဆိုတော့ ရန်ဖြစ်ပြီးပြန်ချစ်တယ်ဆိုတာ ပြီးတဲ့အချိန်မှာ ပျော်စရာကောင်းပေမဲ့ ရန်ဖြစ်တဲ့အချိန်မှာ တစ်ယောက်ကိုတစ်ယောက် ပြောကြတဲ့စကားတွေက တစ်ယောက်ကိုတစ်ယောက် ထိခိုက်နာကျင်စေလို့ပါ။ ဒါပေမဲ့ လူဆိုတာက ကိုယ့်စိတ်နဲ့ကိုယ်တောင် ခုတစ်မျိုး တော်ကြာတစ်မျိုး ဖြစ်တတ်ကြသေးတာလေ.. သူများနဲ့ဆို ပိုဆိုးရောပေါ့.. ဒီတော့ စိတ်သဘောထား မတိုက်ဆိုင်တဲ့အချိန်တွေဆိုတာလည်း မကြာမကြာ ရှိနေမှာမို့ ဖြစ်လာတဲ့အချိန်ကျရင် ပိုမဆိုးအောင် ဒီနည်းလမ်းလေးတွေသုံးပြီး ထိန်းကြပါလို့။

Hnin Ei Oo (For Her Myanmar)

No Comments Yet

Comments are closed