Relationship

Date လုပ်တဲ့အခါမိန်းကလေးတွေမကြိုက်တဲ့ယောကျာ်းလေးတွေရဲ့အပြုအမူ(၅) မျိုး

ဒါလေးတွေတော့ရှောင်ဖို့လိုမယ်

မိန်းကလေးတစ်ယောက်ကိုသဘောကျလို့တစ်ယောက်အကြောင်းတစ်ယောက်ပိုသိရအောင်ဒိတ်တဲ့အခါfirst impression ဆိုတာအရမ်းအရေးကြီးပါတယ်။ပထမဆုံးအကြိမ်မှာဂွမ်းရင်နောက်တစ်ကြိမ်အခွင့်အရေးဆိုတာမရှိတော့ပါဘူး။ဆိုတော့ဒိတ်လုပ်တဲ့အခါယောကျာ်းလေးတွေဘက်ကရှောင်ရမယ့်အပြုအမူတွေကတော့

() ဆရာလုပ်တာ

ဗဟုသုတရှိတာကောင်းပေမဲ့ကိုယ့်လောက်သိတဲ့လူမရှိဘူး၊ကိုယ်အတော်ဆုံးဆိုတဲ့ပုံစံဖမ်းတာကတော့မိန်းကလေးတွေအမြင်ကတ်တာခံရမှာပါ။ကိုယ်ကကောင်မလေးကိုဆရာကြီးလုပ်နေပေမဲ့သူ့ဘက်ကသင့်အမှားတွေကိုပြန်ထောက်ပြနိုင်တဲ့သူမျိုးဖြစ်နေရင်အရှက်ပါကွဲနိုင်ပါတယ်။

() လိုတာထက်ပိုပြောတာ

ကိုယ်ရဲ့မိသားစုနဲ့အလုပ်အကြောင်းပြောပြတဲ့အခါလိုတာထက်ပိုမပြောပါနဲ့။ကိုယ့်မိဘနောက်ခံကဘယ်လိုအသိုင်းအဝိုင်း၊လခဘယ်နှသိန်းရတာဆိုတာတွေကိုကြွားဝါပြောတဲ့အခါမိန်းကလေးတွေရဲ့စိတ်ထဲမှာငကြွားကြီးလို့ခေါင်းစဉ်တပ်လိုက်မှာပါ။

Related article >>> မသိလိုက်မသိဘာသာနဲ့ Relationship တစ်ခုကို ပျက်စီးစေတဲ့အကျင့်တွေ

() ဗလကြွားတာ

မကြာခဏဆိုသလိုGym ဆော့တဲ့အကြောင်းအစဖော်ပြီးဗလတောင့်ကြောင်းသွယ်ဝိုက်ပြောတာကသင့်ကိုစမတ်မကျစေပါဘူး။ဒါကြောင့်ပထမဆုံးဒိတ်ကြတဲ့အခါမှာကိုယ့်ကိုယ်ကိုယ်ကိုယ်ရည်သွေးပြီးဗလမကြွားမိပါစေနဲ့။

() ရေပက်မဝင်စကားပြောတာ

ဘယ်နှယ့်လူနှစ်ယောက်ဒိတ်ပါတယ်ဆိုမှကိုယ်ကချည်းပဲရေပက်မဝင်ပြောနေလို့ကောင်းမလား? မိန်းကလေးဘက်ပြောတာလေးတွေကိုလည်းနားထောင်ပေးပါ။သူဘာတွေကိုနှစ်သက်တတ်တယ်ဆိုတာလေးတွေမှတ်ထားတာကချစ်သူတွေဖြစ်သွားရင်အများကြီးအသုံးဝင်မှာပါ။

Related article >>> ချစ်သူဆီက ယောက်ျားလေးတွေအလိုချင်ဆုံးအရာ (၅) ခု

() မလေးမစားပြုမူတာ

ဒါကတော့အဆိုးတကာ့အဆိုးဆုံးပါပဲ။အမျိုးသမီးတစ်ယောက်ကိုလေးစားမှုမရှိတဲ့ယောကျာ်းကိုမိန်းကလေးတော်တော်များများကချဉ်သွားကြတာများပါတယ်။ဘယ်သူ့ကိုမှဂရုစိုက်စရာမလိုဘူးဆိုတဲ့ပုံစံဖမ်းနေရင်တော့ဝေးဝေးဒိုးလိုက်ပါတော့။

ကဲဒါတွေကတော့မိန်းကလေးတွေမနှစ်မြို့တဲ့ယောကျာ်းလေးတွေရဲ့အပြုအမူတွေပါပဲ။ဒါတွေကိုကောင်လေးတွေသိအောင်share ပြီးသတိပေးလိုက်ကြပါဦး။

Stella (For Her Myanmar)

Stella
Stella
Stella ကတော့ Fashion နဲ့ Beauty ကို ဝါသနာပါလို့ For Her Myanmar မှာ ယောင်းယောင်းတို့အတွက် beauty hacks တွေ, fashion နဲ့ပက်သက်တဲ့ အကြောင်းအရာမျိုးစုံကို အဓိကဝေမျှပေးသွားမှာပါ။ သုတရသတွေကိုလည်း လက်လှမ်းမှီသလောက် ရေးပေးပါသေးတယ်။

Leave a Reply

Your email address will not be published. Required fields are marked *