ေမေမနဲ႔အတူ ဒါေတြလုပ္ရင္း “အေမမ်ားေန႔”ကို ကုန္ဆံုးလိုက္ပါ

“အေမမ်ားေန႔”မွာ ေမေမ့ကို ဘယ္လို ေပ်ာ္ေအာင္လုပ္ေပးၾကမလဲ ?

ေယာင္းတို႔ေရ… Stella တို႔ေတြက ေန႔စဥ္ဘဝေတြမွာ လံုးပန္းေနရင္းနဲ႔ အနီးအနားမွာရွိတဲ့လူတစ္ခ်ိဳ႕ကို ေမ့ေလ်ာ့ေနတတ္ပါတယ္။ အထူးသျဖင့္ ေမေမ့ကိုေပါ့။ ဒီေတာ့ လာမယ့္ (၁၂) ရက္ေန႔မွာက်ေရာက္တဲ့ “အေမမ်ားေန႔”မွာ ေမေမ့ကို သတိတရနဲ႔ ဒီလိုေပ်ာ္စရာေလးေတြလုပ္ရင္း တူတူအခ်ိ္န္ျဖဳန္းၾကည့္ရေအာင္ …

(၁) အျပင္ထြက္ၿပီး တစ္ခုခုထြက္စားပါ။ 

အစားအေသာက္ဆို ေမေမ့လက္ရာက အေကာင္းဆံုးဆိုတာ မွန္ေပမဲ့ ဒီတစ္ရက္ေတာ့ ေမေမနဲ႔တူတူ သူႀကိဳက္တာေလးေတြ လိုက္ေကၽြးလိုက္ပါ။ (အၿမဲတမ္းလိုလိုေမေမ့ဆီကပဲ ဂုန္းဆင္းေနက်မွတ္လား :P)

(၂) Spa သြားပါ။

ေယာင္းရဲ႕ေမေမအတြက္ စိတ္အပန္းေျပေစမယ့္ spa date ေလးကလည္း သူ႔ကိုအႀကိဳက္ေတြ႔ေစမွာပါ။ သားအမိႏွစ္ေယာက္ Spa မွာ ေအးေအးေဆးေဆးအနားယူၿပီး ေျခသည္းလက္သည္း အလွျပင္လိုက္တာ မေကာင္းဘူးလား?

Related article >>> “အေမမ်ားေန႔” မွာ The Secretariat ကို ထက္ဝက္ေဈးနဲ႔ လည္ပတ္ႏိုင္မယ့္ အခြင့္အေရး

(၃) ေဈးဝယ္ထြက္ပါ။ 

ေဈးဝယ္ထြက္တာ မႀကိဳက္တဲ့ ေမေမမရွိဘူးေလ ဟုတ္? ေရွာ့ပင္းစင္တာတစ္ခုခုမွာ ေမေမနဲ႔အတူ အဝတ္အစားနဲ႔ skincare ေတြ အဝယ္ထြက္လိုက္ပါေလ။ သူၾကည့္ေနတာေလးေတြထဲက တစ္ခုခုဝယ္ၿပီး surprise လုပ္ဖို႔လည္း မေမ့နဲ႔ဦးေနာ္…

(၄) ရုပ္ရွင္သြားၾကည့္ပါ။ 

လတ္တေလာ ရုံတင္ေနတဲ့ ကားေတြထဲက ေယာင္းေမေမသေဘာက်တဲ့ မင္းသားမင္းသမီးပါတဲ့ ဇာတ္ကားကို ေရြးခ်ယ္ၿပီး အတူတူသြားၾကည့္ပါ။ ရုပ္ရွင္ျပရင္း ေမေမ့ကို အခ်ိန္ေပးတာက ေယာင္းေမေမကို စိတ္ေက်နပ္ေစမွာ အမွန္ပါပဲ။

Related article >>> “အေမမ်ားေန႔” မွာ သားသားမီးမီးတို႔နဲ႔အတူတူ အမွတ္တရေတြ ဖန္တီးႏိုင္ဖို႔ အၾကံျပဳခ်က္ (၄) ခ်က္

(၅) ဓာတ္ပံုရိုက္ပါ။ 

ေယာင္းေမေမကို ၿမိဳ႕တြင္းက လွလွပပေနရာေလး တစ္ခုခုကို ေခၚသြားၿပီး ဓာတ္ပံုေတြတူတူရုိက္ပါ။ တစ္ခ်ိန္က်ရင္ ဒီဓာတ္ပံုေလးေတြက ေယာင္းတို႔ႏွစ္ေယာက္လံုးအတြက္ အမွတ္တရေလးေတြ ျဖစ္လာမွာပါေနာ္။

ကဲ … “အေမမ်ားေန႔”မွာ ေမေမနဲ႔အတူ အခ်ိန္ကုန္ဆံုးႏိုင္မယ့္ activity အိုင္ဒီယာေလးေတြ ရေလာက္ၿပီဆိုေတာ့ အဲ့ေန႔မွာ ေယာင္းေမေမကို အေပ်ာ္ဆံုးျဖစ္ေအာင္ လုပ္ေပးဖို႔ကေတာ့ ေယာင္းတာဝန္ပါေနာ္။

Stella (For Her Myanmar)

<<< Unicode >>>

“အမေများနေ့”မှာ မေမေ့ကို ဘယ်လို ပျော်အောင်လုပ်ပေးကြမလဲ ?

ယောင်းတို့ရေ… Stella တို့တွေက နေ့စဉ်ဘဝတွေမှာ လုံးပန်းနေရင်းနဲ့ အနီးအနားမှာရှိတဲ့လူတစ်ချို့ကို မေ့လျော့နေတတ်ပါတယ်။ အထူးသဖြင့် မေမေ့ကိုပေါ့။ ဒီတော့ လာမယ့် (၁၂) ရက်နေ့မှာကျရောက်တဲ့ “အမေများနေ့”မှာ မေမေ့ကို သတိတရနဲ့ ဒီလိုပျော်စရာလေးတွေလုပ်ရင်း တူတူအချိန်ဖြုန်းကြည့်ရအောင် …

(၁) အပြင်ထွက်ပြီး တစ်ခုခုထွက်စားပါ။ 

အစားအသောက်ဆို မေမေ့လက်ရာက အကောင်းဆုံးဆိုတာ မှန်ပေမဲ့ ဒီတစ်ရက်တော့ မေမေနဲ့တူတူ သူကြိုက်တာလေးတွေ လိုက်ကျွေးလိုက်ပါ။ (အမြဲတမ်းလိုလိုမေမေ့ဆီကပဲ ဂုန်းဆင်းနေကျမှတ်လား :P)

(၂) Spa သွားပါ။

ယောင်းရဲ့မေမေအတွက် စိတ်အပန်းပြေစေမယ့် spa date လေးကလည်း သူ့ကိုအကြိုက်တွေ့စေမှာပါ။ သားအမိနှစ်ယောက် Spa မှာ အေးအေးဆေးဆေးအနားယူပြီး ခြေသည်းလက်သည်း အလှပြင်လိုက်တာ မကောင်းဘူးလား?

Related article >>> “အမေများနေ့” မှာ The Secretariat ကို ထက်ဝက်ဈေးနဲ့ လည်ပတ်နိုင်မယ့် အခွင့်အရေး

(၃) ဈေးဝယ်ထွက်ပါ။ 

ဈေးဝယ်ထွက်တာ မကြိုက်တဲ့ မေမေမရှိဘူးလေ ဟုတ်? ရှော့ပင်းစင်တာတစ်ခုခုမှာ မေမေနဲ့အတူ အဝတ်အစားနဲ့ skincare တွေ အဝယ်ထွက်လိုက်ပါလေ။ သူကြည့်နေတာလေးတွေထဲက တစ်ခုခုဝယ်ပြီး surprise လုပ်ဖို့လည်း မမေ့နဲ့ဦးနော်…

(၄) ရုပ်ရှင်သွားကြည့်ပါ။ 

လတ်တလော ရုံတင်နေတဲ့ ကားတွေထဲက ယောင်းမေမေသဘောကျတဲ့ မင်းသားမင်းသမီးပါတဲ့ ဇာတ်ကားကို ရွေးချယ်ပြီး အတူတူသွားကြည့်ပါ။ ရုပ်ရှင်ပြရင်း မေမေ့ကို အချိန်ပေးတာက ယောင်းမေမေကို စိတ်ကျေနပ်စေမှာ အမှန်ပါပဲ။

Related article >>> “အမေများနေ့” မှာ သားသားမီးမီးတို့နဲ့အတူတူ အမှတ်တရတွေ ဖန်တီးနိုင်ဖို့ အကြံပြုချက် (၄) ချက်

(၅) ဓာတ်ပုံရိုက်ပါ။ 

ယောင်းမေမေကို မြို့တွင်းက လှလှပပနေရာလေး တစ်ခုခုကို ခေါ်သွားပြီး ဓာတ်ပုံတွေတူတူရိုက်ပါ။ တစ်ချိန်ကျရင် ဒီဓာတ်ပုံလေးတွေက ယောင်းတို့နှစ်ယောက်လုံးအတွက် အမှတ်တရလေးတွေ ဖြစ်လာမှာပါနော်။

ကဲ … “အမေများနေ့”မှာ မေမေနဲ့အတူ အချိန်ကုန်ဆုံးနိုင်မယ့် activity အိုင်ဒီယာလေးတွေ ရလောက်ပြီဆိုတော့ အဲ့နေ့မှာ ယောင်းမေမေကို အပျော်ဆုံးဖြစ်အောင် လုပ်ပေးဖို့ကတော့ ယောင်းတာဝန်ပါနော်။

Stella (For Her Myanmar)

No Comments Yet

Comments are closed