ဒီလို အခ်က္ေတြရွိလာၿပီ ဆိုရင္ေတာ့ ကိုယ့္အခ်စ္ေရးကို တာ့တာျပလိုက္ပါေတာ့…

ဟင့္အင္း စိတ္ညစ္ေနမယ့္အစား ကိုယ္ကေတာ့ ဒရာမာဇုန္ထဲကေနပဲ ေျပးထြက္ပစ္လိုက္မယ္…

<<<Zawgyi>>>

ကမာၻေပၚမွာ အခက္ခဲဆံုးအလုပ္က ဘာလဲသိလား? ကိုယ့့္ကိုယ္ကိုယ္ ျပန္ျပန္ၿပီး လိမ္ေနရတဲ့အလုပ္ပဲ။ ဒါေပမဲ့လည္း အဲဒီလို ခက္ခက္ခဲခဲအလုပ္ကိုမွ အေတာ္မ်ားမ်ားက လုပ္ေနတတ္ၾကတာကိုး။ အထူးသျဖင့္ အခ်စ္ေရး။ ဘယ္ေလာက္ပဲ ပ်က္စီးေနတဲ့ အခ်စ္ခရီးလမ္းျဖစ္ေနပါေစ ျပင္လို႔ရတယ္ ျပင္လို႔ရတယ္ဆိုၿပီး လိမ္တတ္ၾကပါတယ္။ ဒါေပမဲ့လည္း တကယ္တမ္း ေရွ႕ဆက္လိုက္လို႔ အဆင္ေျပသြားလား ဆိုေတာ့လည္း မေျပပါဘူးေနာ္။ ဒါေၾကာင့္ ဒီလိုအခ်က္ေတြရွိလာၿပီဆိုရင္ေတာ့ ကိုယ့္ရဲ႕ ခ်စ္ခရီးကို တာ့တာပဲျပလိုက္ပါေတာ့။

၁။ လမ္းခြဲဖို႔ စဥ္းစားမိလာတဲ့အခ်ိန္။

သူ႔ကိုခ်စ္ေနရဲ႕သား၊ ဒီအခ်စ္ေရးမွာလည္း ေပ်ာ္ေနရဲ႕သားနဲ႔ သူ႔ဆီကေန ေျပးထြက္လာၿပီး လမ္းခြဲလိုက္တယ္ဆိုတဲ့ လူမ်ိဳးဘယ္ႏွစ္ေယာက္ေလာက္ရွိမလဲ ေျပာပါဦး။ (ျမန္မာကားထဲကလို လက္ေတြ႔မက်တဲ့ဟာေတြ မေျပာေၾကး) ဘယ္သူမွ မရွိပါဘူးေနာ္။ အကယ္၍ ကိုယ့္ေခါင္းထဲမွာ လမ္းခြဲရင္ ေကာင္းမယ္ ဆိုတာမ်ိဳး ေတြးလာမိေနၿပီဆိုရင္ ကိုယ္တို႕ႏွစ္ေယာက္ၾကားမွာ တစ္ခုခုမွားေနပါၿပီ။ အဲဒါကို အခ်ိန္မီမျပင္ဆင္ဘဲ ၿမံဳထားရင္ေတာ့ လမ္းခြဲသင့္ပါၿပီ။

၂။ သူ႔အေပၚ မယံုေတာ့ဘူး။

အခ်စ္ေရးမွာ အေရးႀကီးဆံုးက နားလည္မႈ၊ ယံုၾကည္မႈနဲ႔ စာနာေဖးမမႈပါပဲ။ အဲဒီ ၃ ခုထဲက တစ္ခုခုယုတ္ေလ်ာ့ေနၿပီဆိုရင္ေတာ့ ဘာေၾကာင့္ဆိုတဲ့ အေၾကာင္းအရင္းကိုရွာၿပီး ေျဖရွင္းလို႔ရရင္ ေျဖရွင္းေပါ့။ ေျဖရွင္းလို႔မရေတာ့ဘူးဆိုရင္ေတာ့ ေသခ်ာျပန္စဥ္းစားေတာ့ေပါ့။

Related Article >>> ေယာင္းရဲ႕ LDRS က အဆင္မေျပဘူးဆိုတာ ဒီ (၄) ခ်က္ကိုၾကည့္ၿပီး သိႏုိင္ပါတယ္

၃။ သူနဲ႔ကိုယ္က ျပဒါးတစ္လမ္း သံတစ္လမ္းကို ေလွ်ာက္ေနၾကတာ။

ဘဝႏွစ္ခုနဲ႔ လူႏွစ္ေယာက္က ပန္းတိုင္ေတြ၊ ရည္မွန္းခ်က္ေတြ မတူတာက ကိစၥမရွိေပမဲ့ တကယ္လံုးဝ မိုးနဲ႔ေျမ၊ အျဖဴနဲ႕အမည္းလို ဆန္႔က်င္ဘက္ႀကီးျဖစ္ေနရင္ေတာ့ ေရွ႕ဆက္ဖို႔အတြက္ ေတာ္ေတာ္ႀကီးကို ညွိႏိႈင္းရမယ့္ အေျခအေနမ်ိဳးျဖစ္သြားပါၿပီ။ (ဥပမာ သူကေတာ့ ၿမိဳ႕ႀကီးျပႀကီးေတြမွာ ခမ္းခမ္းနားနား ေနခ်င္ၿပီး ကိုယ္ကေတာ့ နယ္ၿမိဳ႕ေလးတစ္ခုမွာ ေအးေအးခ်မ္းခ်မ္းေနခ်င္တဲ့ လူျဖစ္ေနတာမ်ိဳးေပါ့။)

၄။ သူ႔အတြက္ ေပးဆပ္ခ်င္စိတ္ မရွိေတာ့ဘူး။

အခ်စ္ေရးမွာ ၈၀ ရာခိုင္ႏႈန္းေလာက္က ေပးဆပ္ျခင္းေတြနဲ႔ ျဖည့္စြက္ထားတာပါ။ (ဥပမာ ကိုယ့္မွာ ပစၥည္းတစ္ခုခုဝယ္ခ်င္ေပမဲ့ သူ႔အတြက္က ဒါလိုအပ္မွန္းသိေတာ့ ကိုယ့္လိုခ်င္စိတ္ကို ၿမိဳသိပ္ၿပီး သူ႔အတြက္လိုတာပဲ ဝယ္ေပးလိုက္တာမ်ိဳးေပါ့။) အကယ္၍ ကိုယ့္မွာ သူ႔အတြက္ ေပးဆပ္ခ်င္စိတ္ လံုးဝ မရွိေတာ့ဘူးဆိုရင္ေတာ့ ကိုယ့္အခ်စ္ေတြလည္း ကုန္ခမ္းသြားၿပီဆိုတဲ့ အဓိပၸာယ္ပါပဲ။

၅။ သူနဲ႔ ေဝးရာအရပ္မွာ ပိုေပ်ာ္တယ္။

ဒါကေတာ့ တအားရွင္းပါတယ္။ ခ်စ္ေနၾကတဲ့ လူေတြဆိုရင္ေတာ့ တစ္ပတ္ေလာက္ မေတြ႔ရရင္ေတာင္ ကိႏၷရာေခ်ာင္းျခားၿပီး အလြမ္းပင္လယ္ေဝေနၾကမွာ ဆိုေပမဲ့ သူမရွိတဲ့ရပ္ဝန္းမွာ ပိုေပ်ာ္ေနၿပီဆိုရင္ေတာ့ ဘာလုိ႔သူရွိတဲ့အရပ္ကို ထပ္သြားဖို႔ႀကိဳးစားဦးမွာလဲ?

Related Article >>> မသိလိုက္မသိဘာသာနဲ႔ Relationship တစ္ခုကို ပ်က္စီးေစတဲ့အက်င့္ေတြ

၆။ အၿမဲတမ္း စိတ္ဒုကၡ ေရာက္ေနရတယ္။

အၿမဲတမ္း စိတ္ဆင္းရဲေနရမွန္းေတာ့ သိတယ္။ မ်က္ႏွာအမူအရာကလည္း ထံုထံုထိုင္းထိုင္းနဲ႔ စိတ္ကလည္း အိပ္ပဲအိပ္ခ်င္ေနသလိုလို စိတ္ဓာတ္ေတြက်ၿပီး အိပ္ရာထဲမွာပဲ ေခြေခါက္ေနခ်င္သလိုလုိ ဘာလို႔မွန္းမသိ စိတ္ဆင္းရဲရတဲ့အထဲ သူ႔မ်က္ႏွာကိုျမင္ရတဲ့အခ်ိန္မွာ ကိုယ့္ဒုကၡေတြ၊ စိတ္ဆင္းရဲစရာေတြက ႏွစ္ဆေလာက္ ျဖစ္လာရင္ေတာ့ တစ္ေခ်ာင္ေခ်ာင္မွာ ကပ္ၿပီး ဒုကၡပင္လယ္ေဝေနရတဲ့ အေၾကာင္းအရင္းကို ေသခ်ာျပန္ဆန္းစစ္သင့္ေနပါၿပီ။

ႏွင္းတို႔ေတြကေလ တစ္ခါတေလက်ေတာ့ အရမ္းရူးမိုက္ၾကတယ္ သိလား။ ဆက္မျဖစ္ႏိုင္မွန္း တိတိက်က်သိေနတဲ့ အခ်စ္ဇာတ္လမ္းတစ္ခုကို အတင္းေရွ႕ဆက္ဖို႔ ျပဳျပင္ဖို႔ ႀကိဳးစားတတ္ၾကေရာ။ တကယ္တမ္းခံစားရတာ ကိုယ္ပါ။ တျခားလူေတြကို ငါလက္လႊတ္ရေတာ့မလားလို႔ ေမးေနမယ့္အစား ကိုယ့္ဘာသာဆံုးျဖတ္ခ်က္ကို တိခနဲခ်လိုက္ပါ။ ကိုယ့္ဝမ္းနာ ကိုယ္သာသိမဟုတ္လား။ ကိုယ့္အေၾကာင္း၊ ကိုယ့္အတြင္းေရးကို ကိုယ့္ထက္ပိုၿပီး ဘယ္သူကမ်ားသိႏိုင္မွာမို႔လို႔လဲ။

Hnin Ei Oo (For Her Myanmar)

<<<Unicode>>>

ဟင့်အင်း စိတ်ညစ်နေမယ့်အစား ကိုယ်ကတော့ ဒရာမာဇုန်ထဲကနေပဲ ပြေးထွက်ပစ်လိုက်မယ်…

ကမ္ဘာပေါ်မှာ အခက်ခဲဆုံးအလုပ်က ဘာလဲသိလား? ကိုယ့်ကိုယ်ကိုယ် ပြန်ပြန်ပြီး လိမ်နေရတဲ့အလုပ်ပဲ။ ဒါပေမဲ့လည်း အဲဒီလို ခက်ခက်ခဲခဲအလုပ်ကိုမှ အတော်များများက လုပ်နေတတ်ကြတာကိုး။ အထူးသဖြင့် အချစ်ရေး။ ဘယ်လောက်ပဲ ပျက်စီးနေတဲ့ အချစ်ခရီးလမ်းဖြစ်နေပါစေ ပြင်လို့ရတယ် ပြင်လို့ရတယ်ဆိုပြီး လိမ်တတ်ကြပါတယ်။ ဒါပေမဲ့လည်း တကယ်တမ်း ရှေ့ဆက်လိုက်လို့ အဆင်ပြေသွားလား ဆိုတော့လည်း မပြေပါဘူးနော်။ ဒါကြောင့် ဒီလိုအချက်တွေရှိလာပြီဆိုရင်တော့ ကိုယ့်ရဲ့ ချစ်ခရီးကို တာ့တာပဲပြလိုက်ပါတော့။

၁။ လမ်းခွဲဖို့ စဉ်းစားမိလာတဲ့အချိန်။

သူ့ကိုချစ်နေရဲ့သား၊ ဒီအချစ်ရေးမှာလည်း ပျော်နေရဲ့သားနဲ့ သူ့ဆီကနေ ပြေးထွက်လာပြီး လမ်းခွဲလိုက်တယ်ဆိုတဲ့ လူမျိုးဘယ်နှစ်ယောက်လောက်ရှိမလဲ ပြောပါဦး။ (မြန်မာကားထဲကလို လက်တွေ့မကျတဲ့ဟာတွေ မပြောကြေး) ဘယ်သူမှမရှိပါဘူးနော်။ အကယ်၍ ကိုယ့်ခေါင်းထဲမှာ လမ်းခွဲရင် ကောင်းမယ် ဆိုတာမျိုး တွေးလာမိနေပြီဆိုရင် ကိုယ်တို့နှစ်ယောက်ကြားမှာ တစ်ခုခုမှားနေပါပြီ။ အဲဒါကို အချိန်မီမပြင်ဆင်ဘဲ မြုံထားရင်တော့ လမ်းခွဲသင့်ပါပြီ။

၂။ သူ့အပေါ်မယုံတော့ဘူး။

အချစ်ရေးမှာ အရေးကြီးဆုံးက နားလည်မှု၊ ယုံကြည်မှုနဲ့ စာနာဖေးမမှုပါပဲ။ အဲဒီ ၃ ခုထဲက တစ်ခုခုယုတ်လျော့နေပြီဆိုရင်တော့ ဘာကြောင့်ဆိုတဲ့ အကြောင်းအရင်းကိုရှာပြီး ဖြေရှင်းလို့ရရင် ဖြေရှင်းပေါ့။ ဖြေရှင်းလို့မရတော့ဘူးဆိုရင်တော့ သေချာပြန်စဉ်းစားတော့ပေါ့။

Related Article >>> ယောင်းရဲ့ LDRS က အဆင်မပြေဘူးဆိုတာ ဒီ (၄) ချက်ကိုကြည့်ပြီး သိနိုင်ပါတယ်

၃။ သူနဲ့ကိုယ်က ပြဒါးတစ်လမ်း သံတစ်လမ်းကို လျှောက်နေကြတာ။

ဘဝနှစ်ခုနဲ့ လူနှစ်ယောက်က ပန်းတိုင်တွေ၊ ရည်မှန်းချက်တွေမတူတာက ကိစ္စမရှိပေမဲ့ တကယ်လုံးဝ မိုးနဲ့မြေ၊ အဖြူနဲ့အမည်းလို ဆန့်ကျင်ဘက်ကြီးဖြစ်နေရင်တော့ ရှေ့ဆက်ဖို့အတွက် တော်တော်ကြီးကို ညှိနှိုင်းရမယ့် အခြေအနေမျိုးဖြစ်သွားပါပြီ။ (ဥပမာ သူကတော့ မြို့ကြီးပြကြီးတွေမှာ ခမ်းခမ်းနားနား နေချင်ပြီး ကိုယ်ကတော့ နယ်မြို့လေးတစ်ခုမှာ အေးအေးချမ်းချမ်းနေချင်တဲ့ လူဖြစ်နေတာမျိုးပေါ့။)

၄။ သူ့အတွက် ပေးဆပ်ချင်စိတ် မရှိတော့ဘူး။

အချစ်ရေးမှာ ၈၀ ရာခိုင်နှုန်းလောက်က ပေးဆပ်ခြင်းတွေနဲ့ ဖြည့်စွက်ထားတာပါ။ (ဥပမာ ကိုယ့်မှာ ပစ္စည်းတစ်ခုခုဝယ်ချင်ပေမဲ့ သူ့အတွက်က ဒါလိုအပ်မှန်းသိတော့ ကိုယ့်လိုချင်စိတ်ကို မြိုသိပ်ပြီး သူ့အတွက်လိုတာပဲ ဝယ်ပေးလိုက်တာမျိုးပေါ့။) အကယ်၍ ကိုယ့်မှာ သူ့အတွက် ပေးဆပ်ချင်စိတ် လုံးဝ မရှိတော့ဘူးဆိုရင်တော့ ကိုယ့်အချစ်တွေလည်း ကုန်ခမ်းသွားပြီဆိုတဲ့ အဓိပ္ပာယ်ပါပဲ။

၅။ သူနဲ့ ဝေးရာအရပ်မှာ ပိုပျော်တယ်။

ဒါကတော့ တအားရှင်းပါတယ်။ ချစ်နေကြတဲ့ လူတွေဆိုရင်တော့ တစ်ပတ်လောက် မတွေ့ရရင်တောင် ကိန္နရာချောင်းခြားပြီး အလွမ်းပင်လယ်ဝေနေကြမှာ ဆိုပေမဲ့ သူမရှိတဲ့ရပ်ဝန်းမှာ ပိုပျော်နေပြီဆိုရင်တော့ ဘာလို့သူရှိတဲ့အရပ်ကို ထပ်သွားဖို့ကြိုးစားဦးမှာလဲ?

Related Article >>> မသိလိုက်မသိဘာသာနဲ့ Relationship တစ်ခုကို ပျက်စီးစေတဲ့အကျင့်တွေ

၆။ အမြဲတမ်း စိတ်ဒုက္ခ ရောက်နေရတယ်။

အမြဲတမ်း စိတ်ဆင်းရဲနေရမှန်းတော့ သိတယ်။ မျက်နှာအမူအရာကလည်း ထုံထုံထိုင်းထိုင်းနဲ့ စိတ်ကလည်း အိပ်ပဲအိပ်ချင်နေသလိုလို စိတ်ဓာတ်တွေကျပြီး အိပ်ရာထဲမှာပဲ ခွေခေါက်နေချင်သလိုလို ဘာလို့မှန်းမသိ စိတ်ဆင်းရဲရတဲ့အထဲ သူ့မျက်နှာကိုမြင်ရတဲ့အချိန်မှာ ကိုယ့်ဒုက္ခတွေ၊ စိတ်ဆင်းရဲစရာတွေက နှစ်ဆလောက် ဖြစ်လာရင်တော့ တစ်ချောင်ချောင်မှာ ကပ်ပြီး ဒုက္ခပင်လယ်ဝေနေရတဲ့ အကြောင်းအရင်းကို သေချာပြန်ဆန်းစစ်သင့်နေပါပြီ။

နှင်းတို့တွေကလေ တစ်ခါတလေကျတော့ အရမ်းရူးမိုက်ကြတယ် သိလား။ ဆက်မဖြစ်နိုင်မှန်း တိတိကျကျသိနေတဲ့ အချစ်ဇာတ်လမ်းတစ်ခုကို အတင်းရှေ့ဆက်ဖို့ ပြုပြင်ဖို့ ကြိုးစားတတ်ကြရော။ တကယ်တမ်းခံစားရတာ ကိုယ်ပါ။ တခြားလူတွေကို ငါလက်လွှတ်ရတော့မလားလို့ မေးနေမယ့်အစား ကိုယ့်ဘာသာဆုံးဖြတ်ချက်ကို တိခနဲချလိုက်ပါ။ ကိုယ့်ဝမ်းနာ ကိုယ်သာသိမဟုတ်လား။ ကိုယ့်အကြောင်း၊ ကိုယ့်အတွင်းရေးကို ကိုယ့်ထက်ပိုပြီး ဘယ်သူကများသိနိုင်မှာမို့လို့လဲ။

Hnin Ei Oo (For Her Myanmar)

No Comments Yet

Comments are closed