ကိုယ္အသည္းကြဲတဲ့အခ်ိန္နဲ႔ ပိတ္ရက္က တိုက္ဆိုင္သြားတဲ့အခါ ဘယ္လိုအခ်ိန္ျဖဳန္းရမလဲ

ႏွစ္ကုန္ခါနီးမွာ အသဲကြဲေနတဲ့သူေတြအတြက္ ေဆးပါ 

>>> Zawgyi>>>

အသည္းကြဲတယ္ဆိုတာ ကုသမရတဲ့ ေရာဂါေတြထဲက တစ္ခုအပါအဝင္ပါပဲ (အယ္လဲ့) အထူးသျဖင့္ ရိုမႈအေပါင္းသရဖူေဆာင္းေနၿပီး ခ်စ္သူရဲ႕ရင္ေငြ႕ေလးမွ မလံႈရရင္ ခိုက္ခိုက္တုန္ေအာင္ ခ်မ္းစိမ့္ေနတဲ့ ေဆာင္းတြင္းကာလေလးမွာ (အလကား အတြဲေတြ ဖက္ခ်င္လို႔သက္သက္ အေၾကာင္းရွာတာ။:P) ခ်စ္သူကကိုယ့္နံပါးကေန ရုတ္တရက္ထြက္ခြာသြားေတာ့ ကိုယ့္မွာရင္ေတြဟက္တက္ကြဲ အသည္းေတြ တစ္စစီေႂကြတဲ့အျပင္ အားေနေတာ့ မ်က္ရည္ေတြက တၿဖိဳင္ၿဖိဳင္နဲ႔ အက်မျပတ္ျဖစ္ေနေရာေပါ့။

အသည္းကြဲတာကို နားလည္ေပမဲ့ တစ္ေယာက္တည္းအေနမ်ားၿပီး က်ိတ္ခံစားေနရင္ ဒဏ္ရာေတြကေန အမာရြတ္ျဖစ္လာၿပီး စိတ္ဓာတ္အရမ္းက်သြားတတ္ပါတယ္။ ႏွစ္သစ္ကူးမွာ စိတ္ဓာတ္ေတြ အရမ္းပ်က္စီးေနရင္ တစ္ႏွစ္လံုး မိိုတီေဗးရွင္းေတြ ေပ်ာက္ရွသြားတတ္တာဆိုေတာ့ ကိုယ့္စိတ္ကိုယ္ဒီလိုေလးေတြ ျပန္တည္ေဆာက္ၿပီး ထိန္းသိမ္းသင့္ပါတယ္။

အလယ္အလတ္လမ္းစဥ္ကိုလိုက္ပါ။

အသည္းကြဲေနတဲ့အခ်ိန္မွာေတာ့ ဘယ္သူမဆို အိပ္ရာထဲမွာပဲ တစ္ေန႔လံုးဝင္ေခြၿပီး တအီအီနဲ႔ငိုရင္း ဘာမွမလုပ္ခ်င္မကိုင္ခ်င္ ျဖစ္ေနပါလိမ့္မယ္။ ဒါမ်ိဳးကလူတိုင္းျဖစ္တတ္တာမို႔ အျပစ္တစ္ခုရယ္လို႔မဆိုခ်င္ေပမဲ့ အခုကာလက ပိတ္ရက္ျဖစ္ေနတဲ့အျပင္ ပါတီပြဲ၊ ေတြ႔ဆံုပြဲေတြလည္း အမ်ားႀကီးရွိေနတာမို႔ စိတ္ေျပလက္ေပ်ာက္ တက္ေပးပါ။ ခံစားတဲ့အခ်ိန္မွာ လံုးဝအျပည့္အဝခံစားၿပီး သြားစရာလာစရာ ရွိေနတဲ့အခါဆိုရင္လည္း ျပင္ျပင္ဆင္ဆင္ေလးေနရင္း သြားလိုက္ပါ။

Related Article >>> မေမွ်ာ္လင့္နဲ႔ ဆုံးျဖတ္ပါ

ေကာင္းေကာင္းအနားယူပါ။

သူ႔နဲ႔ပတ္သက္တဲ့ အမွတ္တရေတြကို သတိရၿပီး အရမ္းလြမ္းမယ္၊ သူနဲ႔အတူတူရွိခဲ့တဲ့အခ်ိန္ေတြကိုလည္း သတိရေနမယ္ဆိုတာ ႏွင္းနားလည္ပါတယ္။ ဒါေပမဲ့ ကိုယ့္ကိုယ္ကိုယ္လည္း ခ်စ္ဖို႔လိုေသးတာမို႔ ေကာင္းေကာင္းအနားယူကိုယူရပါမယ္။ ေကာင္းေကာင္းစား၊ ေကာင္းေကာင္းအိပ္ၿပီး တစ္ႏွစ္လံုးပင္ပန္းခဲ့တဲ့ ကိုယ့္ကိုယ္ကိုယ္ ဒီေလာက္ေလးေတာ့ ဆုခ်ေပးသင့္ပါတယ္။

ကိုယ့္ရဲ႕စည္းမ်ဥ္းေတြကို ေျပာင္းလဲလိုက္ပါ။

အရင္ႏွစ္တုန္းက ကိုယ့္ ex နဲ႔အတူ ေကာ္ကပ္သလို ကပ္ခဲ့ေပမဲ့ ဒီႏွစ္ကိုယ့္ေဘးနားမွာ ဘယ္သူမွမရွိေတာ့ဘူးဆိုတဲ့အခ်က္ကို ေကာင္းေကာင္းလက္ခံၿပီး သူနဲ႔အတူလုပ္မွ ဆိုတဲ့စိတ္ကိုေဖ်ာက္ရင္း ကိုယ့္ရဲ႕စည္းမ်ဥ္းေတြကို ေျပာင္းလဲပစ္လိုက္ပါ။ သူ႔ေနရာမွာ သူငယ္ခ်င္းအပါအဝင္ တျခားမိသားစုဝင္ေတြကို အစားထိုးၿပီး ကိုယ့္ဘဝနဲ႔လည္းကိုယ္ ေပ်ာ္ေနႏိုင္တယ္ဆိုတဲ့စိတ္မ်ိဳးကို ထည့္လိုက္ပါ။

ကိုယ့္ကိုယ္ကိုယ္ထိပ္ဆံုးမွာထားပါ။

ဒီအခ်ိန္မွာ ဘယ္သူဘယ္ဝါကို လက္ေဆာင္ေပးရမယ္၊ ဘာေတြဝယ္ျခမ္းရဦးမယ္၊ အိမ္ကိုဘယ္သို႔ဘယ္ပံု ျပင္ဆင္ရဦးမယ္ဆိုတာထက္ ကိုယ့္ကိုယ္ကိုယ္ဘာဝယ္ေပးရမလဲ ဘာလိုခ်င္တာရွိလဲ စသည္ျဖင့္ျပန္ေမးၿပီး လိုအပ္တာကိုဝယ္လိုက္ပါ။ ကိုယ့္ဝါသနာပါၿပီး အရင္တုန္းကမစမ္းခဲ့ဖူးတဲ့ အရာေတြ၊ ကိုယ္ဝယ္ခ်င္ေပမဲ့ ႏွေျမာလို႔မဝယ္ခဲ့တဲ့ပစၥည္းေတြ၊ စားခ်င္ေပမဲ့ အေၾကာင္းမတိုက္ဆိုင္လို႔ မစားျဖစ္ခဲ့တာေတြ အားလံုးကို အခုခ်ိန္မွာ စိတ္ႀကိဳက္လုပ္ပစ္လိုက္ပါ။ အေရးႀကီးတယ္ေလေနာ္႔။

Related Article >>> အသည္းကြဲျခင္းက ေပးႏုိင္တဲ့ သင္ခန္းစာ (၄)ခု

ကိုယ့္အခ်စ္ေတြကို တျခားကိုယ့္ပတ္ဝန္းက်င္ကလူေတြနဲ႔ ေဝမွ်ပါ။

တစ္ေယာက္တည္းကိုပဲ ေတာက္ေလွ်ာက္ပံုေအာၿပီး ခ်စ္ခဲ့ေတာ့ လူအမ်ားကိုကိုယ့္အခ်စ္ ျပန္ေဝတဲ့အခါမွာ အခက္အခဲအမ်ားႀကီးၾကံဳေတြ႔ရပါလိမ့္မယ္။ ဒါေပမဲ့ အခုကႏွစ္သစ္ေလ။ က်က္သေရမဂၤလာ အျဖာျဖာနဲ႔ျပည့္စံုေအာင္ ျဖတ္သန္းေနရမယ့္အခ်ိန္မွာေတာ့ မဂၤလာရွိေအာင္ပဲေနပါ။ ကိုယ့္ရဲ႕တန္ဖိုးရွိတဲ့ အခ်စ္ေတြကို လူအမ်ားဆီမွာ ျဖန္႔က်က္တတ္ေအာင္ ႀကိဳးစားပါ။

အသည္းကကြဲေနပါတယ္ဆိုမွ ပိတ္ရက္လို အားေနရမယ့္ရက္နဲ႔ သြားတိုက္ေတာ့ လခြမ္းေတြျဖစ္ကုန္တာေပါ့။ ဒါေပမဲ့လည္း အရမ္းႀကီးစိတ္မညစ္လိုက္ပါနဲ႔။ ကိုယ့္စိတ္ကိုယ္ အျပည့္အဝအနားေပးရတယ္လုိ႔ပဲ အေကာင္းဘက္ကေတြးရင္း ဘဝအသစ္ကို အျမန္ဆံုးျပန္တည္ေဆာက္ႏိုင္ပါေစလို႔ ဆုမြန္ေကာင္းေတာင္းလိုက္ပါတယ္ေနာ္။

Hnin Ei Oo (For Her Myanmar)

>> Unicode >>>

နှစ်ကုန်ခါနီးမှာ အသဲကွဲနေတဲ့သူတွေအတွက် ဆေးပါ

အသည်းကွဲတယ်ဆိုတာ ကုသမရတဲ့ ရောဂါတွေထဲက တစ်ခုအပါအဝင်ပါပဲ (အယ်လဲ့) အထူးသဖြင့် ရိုမှုအပေါင်းသရဖူဆောင်းနေပြီး ချစ်သူရဲ့ရင်ငွေ့လေးမှ မလှုံရရင် ခိုက်ခိုက်တုန်အောင် ချမ်းစိမ့်နေတဲ့ ဆောင်းတွင်းကာလလေးမှာ (အလကား အတွဲတွေ ဖက်ချင်လို့သက်သက် အကြောင်းရှာတာ။:P) ချစ်သူကကိုယ့်နံပါးကနေ ရုတ်တရက်ထွက်ခွာသွားတော့ ကိုယ့်မှာရင်တွေဟက်တက်ကွဲ အသည်းတွေ တစ်စစီကြွေတဲ့အပြင် အားနေတော့ မျက်ရည်တွေက တဖြိုင်ဖြိုင်နဲ့ အကျမပြတ်ဖြစ်နေရောပေါ့။

အသည်းကွဲတာကို နားလည်ပေမဲ့ တစ်ယောက်တည်းအနေများပြီး ကျိတ်ခံစားနေရင် ဒဏ်ရာတွေကနေ အမာရွတ်ဖြစ်လာပြီး စိတ်ဓာတ်အရမ်းကျသွားတတ်ပါတယ်။ နှစ်သစ်ကူးမှာ စိတ်ဓာတ်တွေ အရမ်းပျက်စီးနေရင် တစ်နှစ်လုံး မိုတီဗေးရှင်းတွေ ပျောက်ရှသွားတတ်တာဆိုတော့ ကိုယ့်စိတ်ကိုယ်ဒီလိုလေးတွေ ပြန်တည်ဆောက်ပြီး ထိန်းသိမ်းသင့်ပါတယ်။

အလယ်အလတ်လမ်းစဉ်ကိုလိုက်ပါ။

အသည်းကွဲနေတဲ့အချိန်မှာတော့ ဘယ်သူမဆို အိပ်ရာထဲမှာပဲ တစ်နေ့လုံးဝင်ခွေပြီး တအီအီနဲ့ငိုရင်း ဘာမှမလုပ်ချင်မကိုင်ချင် ဖြစ်နေပါလိမ့်မယ်။ ဒါမျိုးကလူတိုင်းဖြစ်တတ်တာမို့ အပြစ်တစ်ခုရယ်လို့မဆိုချင်ပေမဲ့ အခုကာလက ပိတ်ရက်ဖြစ်နေတဲ့အပြင် ပါတီပွဲ၊ တွေ့ဆုံပွဲတွေလည်း အများကြီးရှိနေတာမို့ စိတ်ပြေလက်ပျောက် တက်ပေးပါ။ ခံစားတဲ့အချိန်မှာ လုံးဝအပြည့်အဝခံစားပြီး သွားစရာလာစရာ ရှိနေတဲ့အခါဆိုရင်လည်း ပြင်ပြင်ဆင်ဆင်လေးနေရင်း သွားလိုက်ပါ။

Related Article >>> မမျှော်လင့်နဲ့ ဆုံးဖြတ်ပါ

ကောင်းကောင်းအနားယူပါ။

သူ့နဲ့ပတ်သက်တဲ့ အမှတ်တရတွေကို သတိရပြီး အရမ်းလွမ်းမယ်၊ သူနဲ့အတူတူရှိခဲ့တဲ့အချိန်တွေကိုလည်း သတိရနေမယ်ဆိုတာ နှင်းနားလည်ပါတယ်။ ဒါပေမဲ့ ကိုယ့်ကိုယ်ကိုယ်လည်း ချစ်ဖို့လိုသေးတာမို့ ကောင်းကောင်းအနားယူကိုယူရပါမယ်။ ကောင်းကောင်းစား၊ ကောင်းကောင်းအိပ်ပြီး တစ်နှစ်လုံးပင်ပန်းခဲ့တဲ့ ကိုယ့်ကိုယ်ကိုယ် ဒီလောက်လေးတော့ ဆုချပေးသင့်ပါတယ်။

ကိုယ့်ရဲ့စည်းမျဉ်းတွေကို ပြောင်းလဲလိုက်ပါ။

အရင်နှစ်တုန်းက ကိုယ့် ex နဲ့အတူ ကော်ကပ်သလို ကပ်ခဲ့ပေမဲ့ ဒီနှစ်ကိုယ့်ဘေးနားမှာ ဘယ်သူမှမရှိတော့ဘူးဆိုတဲ့အချက်ကို ကောင်းကောင်းလက်ခံပြီး သူနဲ့အတူလုပ်မှ ဆိုတဲ့စိတ်ကိုဖျောက်ရင်း ကိုယ့်ရဲ့စည်းမျဉ်းတွေကို ပြောင်းလဲပစ်လိုက်ပါ။ သူ့နေရာမှာ သူငယ်ချင်းအပါအဝင် တခြားမိသားစုဝင်တွေကို အစားထိုးပြီး ကိုယ့်ဘဝနဲ့လည်းကိုယ် ပျော်နေနိုင်တယ်ဆိုတဲ့စိတ်မျိုးကို ထည့်လိုက်ပါ။

ကိုယ့်ကိုယ်ကိုယ်ထိပ်ဆုံးမှာထားပါ။

ဒီအချိန်မှာ ဘယ်သူဘယ်ဝါကို လက်ဆောင်ပေးရမယ်၊ ဘာတွေဝယ်ခြမ်းရဦးမယ်၊ အိမ်ကိုဘယ်သို့ဘယ်ပုံ ပြင်ဆင်ရဦးမယ်ဆိုတာထက် ကိုယ့်ကိုယ်ကိုယ်ဘာဝယ်ပေးရမလဲ ဘာလိုချင်တာရှိလဲ စသည်ဖြင့်ပြန်မေးပြီး လိုအပ်တာကိုဝယ်လိုက်ပါ။ ကိုယ့်ဝါသနာပါပြီး အရင်တုန်းကမစမ်းခဲ့ဖူးတဲ့ အရာတွေ၊ ကိုယ်ဝယ်ချင်ပေမဲ့ နှမြောလို့မဝယ်ခဲ့တဲ့ပစ္စည်းတွေ၊ စားချင်ပေမဲ့ အကြောင်းမတိုက်ဆိုင်လို့ မစားဖြစ်ခဲ့တာတွေ အားလုံးကို အခုချိန်မှာ စိတ်ကြိုက်လုပ်ပစ်လိုက်ပါ။ အရေးကြီးတယ်လေနော့်။

Related Article >>> အသည်းကွဲခြင်းက ပေးနိုင်တဲ့ သင်ခန်းစာ (၄)ခု

ကိုယ့်အချစ်တွေကို တခြားကိုယ့်ပတ်ဝန်းကျင်ကလူတွေနဲ့ ဝေမျှပါ။

တစ်ယောက်တည်းကိုပဲ တောက်လျှောက်ပုံအောပြီး ချစ်ခဲ့တော့ လူအများကိုကိုယ့်အချစ် ပြန်ဝေတဲ့အခါမှာ အခက်အခဲအများကြီးကြုံတွေ့ရပါလိမ့်မယ်။ ဒါပေမဲ့ အခုကနှစ်သစ်လေ။ ကျက်သရေမင်္ဂလာ အဖြာဖြာနဲ့ပြည့်စုံအောင် ဖြတ်သန်းနေရမယ့်အချိန်မှာတော့ မင်္ဂလာရှိအောင်ပဲနေပါ။ ကိုယ့်ရဲ့တန်ဖိုးရှိတဲ့ အချစ်တွေကို လူအများဆီမှာ ဖြန့်ကျက်တတ်အောင် ကြိုးစားပါ။

အသည်းကကွဲနေပါတယ်ဆိုမှ ပိတ်ရက်လို အားနေရမယ့်ရက်နဲ့ သွားတိုက်တော့ လခွမ်းတွေဖြစ်ကုန်တာပေါ့။ ဒါပေမဲ့လည်း အရမ်းကြီးစိတ်မညစ်လိုက်ပါနဲ့။ ကိုယ့်စိတ်ကိုယ် အပြည့်အဝအနားပေးရတယ်လို့ပဲ အကောင်းဘက်ကတွေးရင်း ဘဝအသစ်ကို အမြန်ဆုံးပြန်တည်ဆောက်နိုင်ပါစေလို့ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်နော်။

Hnin Ei Oo (For Her Myanmar)

No Comments Yet

Comments are closed