ခံစားချက်တွေ ရှိနေသေးတဲ့သူကို ရင်ထဲက ဘယ်လိုထုတ်ရမလဲ??

ရင်ထဲကိုရောက်ဖို့လွယ်သလောက် ရင်ထဲကထုတ်ရတာ ခက်ခဲပင်ပန်းတာကိုမှ အချစ်လို့ခေါ်တာများလားကွယ်??

အချစ်ကြီးလေ နာကျင်မှုများလေတဲ့…. လက်မခံခဲ့ပါဘူး မင်းနဲ့မတွေ့ခင်ကထိပေါ့…..

လူတစ်ယောက်ကို စချစ်ဖို့ အချိန်အများကြီး မလိုအပ်ခဲ့ပေမဲ့ ရင်ထဲကထုတ်ဖို့ကျတော့ရော…??

ဘာလို့လွယ်လွယ်လေး မထုတ်နိုင်ကြရတာလဲ?? ချစ်ပြီးသားလူတစ်ယောက်ကို လုံးဝမေ့ပစ်နိုင်တဲ့အနေအထားတော့ မရှိပေမဲ့ ရင်ထဲကနေ နည်းနည်းဖြစ်ဖြစ် ထုတ်နိုင်မယ့် အချက်လေးတွေကိုဝေမျှပေးမယ်နော်…

၁။ အချိန်ပေးပါ။

အချိန်ကပဲ အားလုံးကို ကုစားပေးသွားမှာပါတဲ့…. အမာရွတ်ဆိုတာတော့ ကျန်ခဲ့မှာ ဖြစ်ပေမဲ့ ခုချိန်မှာခံစားနေရတဲ့ နာကျင်မှုတွေက အချိန်အတိုင်းအတာတစ်ခုရောက်တဲ့အခါ ပူပူနွေးနွေးဖြစ်တုန်းကလိုတော့ မခံစားရတော့မှာ အသေအချာပါပဲ… စိတ်အေးမှ အရာအားလုံး ဆုံးဖြတ်တာ အကောင်းဆုံးပါနော်…

၂။ အမှန်ကို အမှန်အတိုင်းလက်ခံပါ။

သူကလည်း ကိုယ့်အတွက် မကောင်းဘူး၊ ကိုယ်ကလည်း သူ့အတွက်မကောင်းဘူးစတဲ့ သူနဲ့ ကိုယ်အတူရှိဖို့ ဘယ်လိုမှ မဖြစ်နိုင်တဲ့ အမှန်တရားကိုလက်ခံပါ။ မဖြစ်နိုင်တာတွေရှိလည်း နှစ်ယောက်အတူ ကျော်လွှားကြမယ်ဆိုတာ အရမ်းခက်ခဲကြမ်းတမ်းလာတဲ့ တကယ့်လက်တွေ့ Relationship မှာ အဆင်မပြေနိုင်ဘူးလို့ အက်ဒမင်တော့ ထင်မိတယ်။ အဓိက ကတော့ သူနဲ့ကိုယ် ဘာကြောင့်မဖြစ်နိုင်ရတာလဲ? ဖြေရှင်းလို့ရတယ်ဆိုရင် ပွင့်ပွင့်လင်းလင်းဖြေရှင်းပြီး မဖြစ်နိုင်တာတွေ၊ တစ်ယောက်နဲ့ တစ်ယောက် အသည်းအသန် ညှိယူနေရတာတွေ များလာပြီဆိုရင်တော့ စွန့်လွှတ်သင့်တာ စွန့်လွှတ်လိုက်ကြပါစို့နော်…

Related Article >>> ရည်းစားဘဝဖြတ်သန်းဖို့ အရေးကြီးဆုံး စည်းကမ်းချက်(၅)ချက်

၃။ ကိုယ့်ကိုယ်ကိုယ်ပဲ အာရုံစိုက်ပါ။

ကိုယ့်ကိုယ်ကိုယ်သာ အရေးအကြီးဆုံးလို့ သတ်မှတ်ထားပါ။ တစ်ချိန်တုန်းက ကိုယ့်အတွက်အရေးပါတဲ့လူဆိုတာ တစ်ယောက်တည်းပဲ ရှိတယ်လို့ ထင်ခဲ့ပေမဲ့ ဘဝမှာ နောက်တစ်ယောက်နဲ့ နောက်တစ်ခေါက်ဖြစ်ပေါ်နိုင်ပါသေးတယ်။ ဒါပေမဲ့ ကိုယ်ကိုယ်တိုင် လဲကျသွားခဲ့ရင်တော့ နာလန်ထူနိုင်ဖို့ ခက်ခဲမှာ စိုးရိမ်မိပါတယ်။ ဒါကြောင့် ကိုယ့်ကိုယ်ကိုယ်တော့ အထိခိုက်မခံမိစေဖို့ ကိုယ့်ကိုယ်ကိုယ်ပဲ ဂရုစိုက်ပါ။ ကိုယ်အဆင်ပြေနိုင်မယ့် နည်းလမ်းကိုပဲ ရွေးပါ။ ဒီလိုအချိန်တွေမှာ ကိုယ့်ကိုယ်ကိုယ်ပိုချစ်ပါ။

Related Article >> မိမိအား ရက်​စက်​ခဲ့သူကို ​မေ့​ဖျောက်​နည်း

၎။ အနာဂတ်အတွက် သင်ခန်းစာတွေလို့ ယူဆပါ။

“to live is to learn” ပါပဲ။ ရှင်သန်နေသမျှ ကာလပတ်လုံး အမှားတွေရှိရင်း၊ သင်ယူရင်း နေထိုင်သွားတာက တကယ့် လူပီပီသသနဲ့ ရှင်သန်တဲ့လူလို့ အက်ဒမင်ကတော့ ယူဆပါတယ်။ ဒီ relationship တစ်ခုနဲ့ အလုပ်မဖြစ်ခဲ့တိုင်း နောင်လာမယ့် အချစ်ရေးတွေမှာ ကံမကောင်းတော့ဘူးလို့ ယူဆလို့ လုံးဝမရပါဘူး။ တစ်ခုပါပဲ…. မှားခဲ့တဲ့ relationship တုန်းက သင်ခန်းစာတွေကို အတုယူပြီး လာမယ့် relationship တွေကို ညှိနှိုင်းဖို့တော့ လိုတာပေါ့နော်…

လူတိုင်းက ချစ်နိုင်တယ်။ လူတိုင်းက ချစ်ဖူးတယ်။ ချစ်နိုင်တိုင်း ချစ်ဖူးတိုင်းတော့ အမှန်တကယ် ချစ်တတ်တာမဟုတ်သေးပါဘူး။

ချစ်ရတဲ့ ယောင်းတို့လဲ အချစ်တတ်တဲ့လူ (ချစ်တတ်တဲ့လူ) တွေဖြစ်ပါစေလို့ အက်ဒမင်ဆုတောင်းပေးရင်း……

Thu ( For Her Myanmar)

Reference : elitedaily , WikiHow

No Comments Yet

Comments are closed