FUN Relationship
ပုရိသတို့ FA ဘဝမှ လွတ်မြောက်အောင် လုပ်နည်း..
FAတွေ အမျိုးမျိုးရှိတယ်ဆိုတာ ယူတို့ သိပါသလား?? FA ထဲမှာ ဖွင့်မပြောရဲလို့ FA ဖြစ်နေတဲ့သူတွေရှိသလို   ဖွင့်ပြောလိုက်လို့အငြင်းခံရမှာကြောက်တဲ့ FAတွေလည်း ရှိပါတယ်။ ပြီးတော့ FA ဘဝကို ကြိုက်လွန်းလို့ ခံယူထားတဲ့သူတွေလည်း ရှိပါသေးတယ်နော်… FA ဘွကို ကြိုက်လွန်းလို့ဆိုရင်တော့ အေးဆေးပေါ့နော်.. ဒါမျိုးကျတော့ မင်မင်တို့ဘက်က ပြောပေးနိုင်တာ တစ်ခုပဲ ရှိတယ်.. အဲဒါကတော့ “မင်းရဲ့ ရွေးချယ်မှု” ဆိုတာပါပဲ..
(၆) ဂရုစိုက်ပါ။
<<< Unicode >>>
RS တွေများလွန်းတဲ့ ခေတ်ကြီးထဲမှာ စကားသွားမပြောရဲလို့ FA ဖြစ်နေရတယ်ဆိုတာက သင့်ကို စမတ်မဖြစ်စေပါဘူးနော်..
FAတွေအမျိုးမျိုးရှိတယ်ဆိုတာရောသိပါသလား?? FA ထဲမှာ ဖွင့်မပြောရဲလို့ FA ဖြစ်နေတဲ့သူတွေရှိသလို ဖွင့်ပြောလိုက်လို့အငြင်းခံရမှာကြောက်တဲ့ FAတွေလည်း ရှိပါတယ်။ ပြီးတော့ FA ဘဝကို ကြိုက်လွန်းလို့ ခံယူထားတဲ့သူတွေလည်း ရှိပါသေးတယ်နော်… FA ဘွကို ကြိုက်လွန်းလို့ဆိုရင်တော့ အေးဆေးပေါ့နော်.. ဒါမျိုးကျတော့ မင်မင်တို့ဘက်က ပြောပေးနိုင်တာ တစ်ခုပဲ ရှိတယ်.. အဲဒါကတော့ ဝိုင်းစုခိုင်သိန်းလို “မင်းရဲ့ရွေးချယ်မှု”ပါပဲ… အဲ.. အဲလိုမှ မဟုတ်ဘူး.. ကိုယ်က ကြိုက်နေတဲ့ ကောင်မလေးရှိပြီး မပြောရဲတာဆိုရင်တော့ဖြင့်.. ဒီနည်းလမ်းလေးတွေနဲ့သာ ကြိုးစားကြည့်လိုက်ပါတော့လို့..
(၁) ခွက်ကို စကားပြောရမှာ မကြောက်သင့်ပါ။
ယူတို့ ကြောက်နေရအောင် ယူတို့ ခွက်က သရဲလား 😛 ကြောက်စရာ မလိုပါဘူးနော်.. ပြောမရဘူးလေ.. သူလည်း ကိုယ့်ကို ကြိတ်ကြွေရင် ကြွေနေမှာပေါ့လို့… ဒီတော့ ရဲရဲသာ ပြောပါ.. အဲ… မြန်မာကားတွေ ဆန်ပြီး လက်ဆွဲ ရည်းစားစကား ပြောရင်တော့ ဘရိုတို့ရဲ့ ပါးမှာ ဟိုက လက်ဝါးတံဆိပ်လေး နှိပ်ပေးပါလိမ့်မယ်လို့
(၂) အကောင့်မီးစိမ်းတာလေးကို ထိုင်ကြည့်နေခြင်းက အလိုလို အဖြေပြန်မရစေနိုင်ပါဘူး။ မီးစိမ်းတာ ထိုင်ကြည့်နေလို့ကတော့ မျက်လုံးပဲ ပျက်သွားမယ်… ယူတို့တွေ FAဘဝက တက်လာမှာ မဟုတ်ဘူးရယ် မီးပွိုင့်မှာတောင် မီးစိမ်းရင် သွားရသေးတာပဲ… အကောင့်မီးစိမ်းရင်လည်း စကားသွားပြောပေါ့.. အဲဒီမှာ ဖြစ်နိုင်ခြေ ၂ ခုထွက်လာနိုင်တယ်။ တစ်ခုက ကောင်းကောင်းမွန်မွန် စကားပြန်ပြောတာ..အဲ့လို ပြန်ပြောတိုင်းလည်း ကိုယ့်ပြန်ကြိုက်နေပြီလားဆိုပြီး မတွေးသင့်ပါနော်… မကောင်းတတ်လို့ လူမှုရေးအရ ပြန်ပြောတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ နောက်ထပ် ဖြစ်နိုင်ခြေ တစ်ခုကတော့ ကီးဘုတ်ပျောက်သွားတာပါပဲ :3 အာ့ဆွင်တော့ ကိုယ့်အခြေအနေ ကိုယ်သိပါ ဘဒိုတို့.. 😛
Related Article >>> စင်ဂယ်လ်တိုင်း ရည်းစားလိုချင်တယ်လို့ ဘယ်သူပြောလဲ
(၃) ထမင်းစားပြီးပြီလား၊ နေကောင်းလား? အဲဒီနောက် ဘာမှ ဆက်ဖြစ်မလာတော့ဘူး။
ထပ်ခါထပ်ခါဒီစကားပဲပြောမနေနဲ့လေ.. ဒါက ဟိုး လောင်းလောင်းအဂိုးတည်းက ခင်းလာတဲ့ အကွက်တွေ.. အဲဒါတွေ မေးပြီးတော့ ဘာဖြစ်လဲ.. ဘာမှ ဆက်ဖြစ်မလာတော့ဘူး ဆိုတာမျိုးကလည်း ရိုးဟိုးဟိုးနေပါပြီနော်.. အဲ့တော့ သူစိတ်ဝင်စားတဲ့ အကြောင်းလေးတွေ ရှာပြီး သွားသွားပြောပါ။ သူ စိတ်ဝင်စားတဲ့ အကြောင်းက သူ့wall ပေါ် ကြည့်ရင် သိနိုင်ပါတယ်။ အစားစိတ်ဝင်စားတဲ့သူဆို မုန့်တွေအကြောင်းပြော၊ အမယ်.. အခါအခွင့်သင့်ရင် အပြင်မှာ မုန့်စားရအောင်ဆိုပြီး ဒိတ်လို့တောင် ရနိုင်သေး.. အဟေး… ရုပ်ရှင်ကြိုက်တဲ့သူဆိုလည်း ရုပ်ရှင် အကြောင်းလေးပြောပေါ့…
(၄) သူရဲ့ အကြိုက်တွေကို သိအောင် ကြိုးစားပါ။
စောစောက ပြောသလိုပေါ့… Wall ပေါ်မှာ သွားကြည့်ပြီး ခန့်မှန်းလို့ ရသလို စကားပြောကြည့်ရင်းနဲ့လည်း ခန့်မှန်းလို့ ရပါတယ်။ သူက ခွေးကြောက်တာကို ခွေးလေးတွေက အရမ်းချစ်စရာကောင်းတာ၊ ကျွန်တော်ဆို အိမ်မှာ ၄ကောင်တောင် မွေးထားတာဆိုရင်တော့ ဂွမ်းပါပြီ ဘရိုတို့ရေ…ဆိုတော့ သေချာလေးတော့ လေ့လာဖို့ လိုတာပေါ့နော်…
(၅) သူ တစ်ယောက်တည်း မဟုတ်ဘဲ သူငယ်ချင်းတွေနဲ့ပါ ရင်းနှီးအောင်နေပါ။
သူ့ သူငယ်ချင်းတွေနဲ့ ရင်းနှီးအောင်နေပါ။ လိုအပ်ရင် ကိုယ့်ကောင်တွေ ထိုးကျွေးပါ 😛 စတာဘာ.. နောက်တာဘာ.. အတည်ဘာ… သူ့သူငယ်ချင်းတွေက ကိုယ့်ဘက်သားတွေ ဖြစ်သွားပြီဆိုရင် ဘရိုတို့ FA ဘဝက ကျွတ်ဖို့ ရာနှုန်းနည်းနည်း များသွားပါပြီနော်…
Related Article >>> RS တွေ အားကျသွားမယ့် စင်ဂယ်လ်တို့ရဲ့ တနင်္ဂနွေ
(၆) ဂရုစိုက်ပါ။
အားအားရှိတိုင်း အိုဗာတွေ တင်းပြီး ဂရုစိုက်ခိုင်းနေတာမျိုး မဟုတ်ပါဘူးနော်… ဥပမာ မုန့်သွားစားတဲ့ခါကျရင် ဆိုင်ထိုင်လိုက်တာနဲ့ သူကြိုက်တတ်တဲ့ စားစရာလေးတွေ အလိုက်တသိ မှာပေးတာမျိုး၊ နံနံပင်မကြိုက်တဲ့ ကောင်မလေးနဲ့ မုန့်ဟင်းခါး စားတဲ့အခါ နံနံပင်ဖယ်ပေးဖို့ ကိုယ်က ဦးအောင် မှာလိုက်တာမျိုးပေါ့နော်.. ဘာရယ်တော့ မဟုတ်ပေမဲ့ ကိုယ့်ရဲ့ အပြုအမူတွေထဲမှာ သူ့ကို ချစ်ကြောင်း ပေါ်လွင်နေတော့ ဒါမျိုး မကြိုက်တဲ့သူ ဘယ်သူရှိလဲ ပြောကြည့်.. 😛
ကဲ..ကဲ… ဒီနည်းလမ်းလေးတွေကို လိုက်လုပ်ပြီး ကိုယ့်ခွက်တွေနဲ့ အဆင်ပြေနိုင်ကြပါစေလို့…
Phyu Thant (For Her Myanmar)
Phyu Thant
Phyu Thant
Foodနဲ့ beauty နဲ့ပတ်သက်တာလေးတွေအဓိက စိတ်ဝင်စားအောင်ရေးပေးပါ့မယ်နော်။For Her Myanmar မှာ ယောင်းလေးတို့ မပျင်းရအောင်ရေးပေးပါ့မယ်။ 💕
Leave a Reply
Your email address will not be published. Required fields are marked *