သူကလမ္းမခြဲခ်င္ေပမဲ့ ကိုယ့္ဘက္က ျပတ္သားေနရင္ ဘယ္လိုလုပ္ရမလဲ

ထားခဲ့တဲ့လူနဲ႔ ထားခဲ့ခံရတဲ့ လူႏွစ္ေယာက္မွာ ထားခဲ့ခံရတဲ့လူကပိုၿပီး ခံစားရတယ္မလား…

လမ္းခြဲျခင္းဆိုတဲ့အလုပ္က ဘယ္တုန္းကမွ အဆင္ေျပေျပ ေပ်ာ္ေပ်ာ္ရႊင္ရႊင္ မၿပီးဆံုးခဲ့ဖူးသလို ဘယ္ေတာ့မွလည္း ျဖစ္လာမွာ မဟုတ္ပါဘူး။ ဒါေပမဲ့ အဲဒီလုိ ျပတ္စဲဖို႔ထက္ ပိုခက္ခဲတာက တစ္ဘက္သားက မျပတ္စဲေသးခ်င္တဲ့အခ်ိန္မွာ ကိုယ့္ဘက္က စိတ္ေတြကုန္ၿပီး အေဝးကို ထြက္သြားခ်င္ေနတဲ့ အေျခအေနပါပဲ။ ဒီအေျခအေနမွာ ျဖတ္ခ်လိုက္ဖို႔အတြက္ ေသခ်ာေတြးရတယ္ အခ်ိန္ေတြယူ ေသခ်ာစဥ္းစားၿပီး ကိုယ့္ကိုခ်စ္ေနတဲ့လူရဲ႕ ရင္ကိုခြဲဖို႔ သတၱိေတြလည္း အမ်ားႀကီးေမြးရပါတယ္။ ဒီလိုေဘးက်ပ္နံက်ပ္ အေျခအေနကို ရင္ဆိုင္ရတဲ့အခါမွာ ဘယ္လိုေျဖရွင္းရမလဲ၊ ဘယ္လိုေတြ အစစအရာရာ ျပင္ဆင္ရမလဲဆိုေတာ့…

ကိုယ့္အေျခအေနကိုယ္ အရင္ဆံုးစဥ္းစားပါ။

‘သူမရွိေတာ့တဲ့ ဘဝတစ္ခုမွာ ေနလို႔အဆင္ေျပၿပီလား။ အခုလမ္းခြဲခ်င္ပါတယ္ဆိုတဲ့ ခံစားခ်က္က လတ္တေလာအေျခအေနေၾကာင့္ ေသြးပူၿပီးျဖစ္လာတဲ့ ခံစားခ်က္မ်ိဳးလား၊ တကယ္သူ႔ကို ကိုယ့္ဘဝထဲမွာ ထပ္ထည့္ၿပီး မခ်စ္ႏိုင္ေတာ့ဘူးလား’ စတဲ့ေမးခြန္းေတြကို ကိုယ့္ကိုယ္ကုိယ္ အရင္ေမးပါ။ ကိုယ့္ဘက္က ေသခ်ာၿပီး ခိုင္လံုတဲ့အေၾကာင္းျပခ်က္နဲ႔ လမ္းခြဲခ်င္ၿပီဆိုရင္ေတာ့ ရဲရဲသာခြဲလိုက္ပါေတာ့။ ဒီလိုမဟုတ္ဘဲ ကိုယ္တိုင္ေတာင္ မေရမရာ မေသမခ်ာေတြျဖစ္ေနရင္ ျပန္စဥ္းစားပါဦး။

သူ႔ဘက္ကိုျပန္စဥ္းစားပါ။

ေယာင္းသူ႔အေၾကာင္းကို ေကာင္းေကာင္းသိပါတယ္။ (သူကဘယ္လိုလူစားမ်ိဳးလဲ၊ ျပႆနာေတြကို ဘယ္လိုေျဖရွင္းတတ္တဲ့လူလဲ စသည္ျဖင့္ေပါ့။) အဲဒီေတာ့ သူ႔ဘက္က ကိုယ့္ကို ဘယ္လိုတုံ႔ျပန္လာႏိုင္လဲ၊ လူၾကားထဲငိုၿပီး အတင္းေတာင္းပန္မလား၊ ေအာ္ႀကီးဟစ္က်ယ္ေတြ ေျပာဆိုမလားဆိုတာကို အရင္စဥ္းစားထားဖို႔လိုပါမယ္။ ဒါမွ ကိုယ့္ဆံုးျဖတ္ခ်က္ကို ျပန္မေျပာင္းႏိုင္ေတာ့သလို အေျခအေနေတြကိုလည္း ထိန္းႏိုင္သြားမယ္ေလ။

Related Article >>> ေယာက္်ားေလးတစ္ေယာက္ အသည္းကြဲေနၿပီဆိုရင္ ျဖစ္တတ္တဲ့ အမူအရာေတြ

ရိုးရိုးသားသားေျပာပါ။

ကိုယ္ကလည္း လမ္းခြဲေသးတယ္၊ အဲဒါကို မေျပာပေလာက္တဲ့ အျပစ္ေတြကို ျပန္လွန္ရင္း စကားကို ပလီေျပာေနမယ့္အစား ကိုယ့္ဘက္က မသာယာေတာ့သည့္တိုင္ေအာင္ စကားကို တိုက္ရိုက္ပဲေျပာပါ။ တစ္ဘက္သားကို စာနာေသာအားျဖင့္ ရိုးသားေပးပါ။ ရိုးသားေပးပါေျပာလို႔ ရုပ္ရွင္ေတြထဲကလို (နင့္ေၾကာင့္မဟုတ္ဘူး။ ငါ့ေၾကာင့္ပါ ဆိုၿပီး ဒရမ္မာေတြလည္း ခ်ိဳးမလာနဲ႔ဦး။) ကိုယ့္ရဲ႕ တကယ့္စိတ္ထဲမွာ ျဖစ္ေနတဲ့အေျခအေနနဲ႔ အေၾကာင္းျပခ်က္ကို ေသခ်ာနားလည္ေအာင္ပဲေျပာပါ။

ဆံုးျဖတ္ခ်က္က ခိုင္မာေနပါေစ။

ကေလးကစားေနတာ မဟုတ္ပါဘူး။ စမ္းသပ္ေနတာဆိုရင္လည္း တျခားနည္းလမ္းေတြ အမ်ားႀကီး ရွိပါတယ္။ ဒီလိုေနရာမွာေတာ့ တစ္ဘက္သားရဲ႕ ခံစားခ်က္ကို ကစားလို႔မရတာမို႔ ဆံုးျဖတ္ၿပီးၿပီဆိုရင္လည္း တစ္ဘက္က ဘယ္လိုေတြ ဘာေတြပဲျဖစ္ေနပါေစ၊ ဒီဆံုးျဖတ္ခ်က္က အတည္ပဲလို႔ သႏၷိ႒ာန္ခ်ၿပီး ျပင္ဆင္ထားပါ။ သူ႔ဘက္ကလည္း ခဏေတာ့ နာက်င္ရသည့္တိုင္ေအာင္ မျဖစ္ႏိုင္ေတာ့တဲ့ အခ်စ္ခရီးကို ေပါ့ပ်က္ပ်က္ တည္ေဆာက္ေနမယ့္အစား ဒီလိုျပတ္သားလိုက္တာက အနာသက္သာပါလိမ့္မယ္။

ေဒါသကိုထိန္းပါ။

ကိုယ္ကျပတ္မယ့္လူေနာ္၊ ဘယ္ေလာက္ပဲအဆင္မေျပ ျဖစ္ေနလို႔လို႔ ေျပာေျပာ ကိုယ္ကအရင္ဦးေအာင္ ခရီးဆံုးဖို႔ ကမ္းလွမ္းတဲ့လူပါ။ ဒါေၾကာင့္ တစ္ဘက္လူက ဘယ္လိုပဲေျပာေနပါေစ ကိုယ့္ဘက္က အတတ္ႏိုင္ဆံုးစိတ္ကိုထိန္းၿပီး ေဒါသမပါဘဲ တံု႔ျပန္ပါ။ ကိုယ္ေျပာခ်င္သမွ် အရာအားလံုး သူ႔နားထဲေရာက္သြားပါေစ။

Related Article >>> အသည္းကြဲတဲ့အခ်ိန္ကို ဘယ္လိုျဖတ္ေက်ာ္ၾကမလဲ

စကားကို လိုတုိရွင္းေျပာပါ။

တစ္ဘက္က မလႊတ္ခ်ခ်င္ေသးတဲ့ ႀကိဳးထံုးကို ျဖတ္ေတာက္ရမယ္ဆိုရင္ ကိုယ္ဘာလို႔ ဒီလိုဆံုးျဖတ္ခဲ့တယ္ဆိုတာရယ္ ကိုယ့္ဆံုးျဖတ္ခ်က္ကို လံုးဝျပန္မျပင္ႏိုင္ေတာ့ဘူး ဆိုတာကို သူသိသြားရင္ရပါၿပီ။ နင့္ကို ငါေပ်ာ္ရႊင္ေစခ်င္ပါတယ္၊ ခ်စ္ပါတယ္ ဘာညာဆိုၿပီး အပိုေတြ ေျပာမေနပါနဲ႔။ သူနားဝင္မွာမဟုတ္လို႔ ကိုယ္အေမာဆို႔ရံုပဲ အဖတ္တင္ပါလိမ့္မယ္။

ဒီလိုလမ္းခြဲတဲ့အခါ အေရးႀကီးဆံုးက သူ႔ကို ေမွ်ာ္လင့္ခ်က္အမွားေတြ လံုးဝမေပးခဲ့ပါနဲ႔။ ကိုယ့္ဘဝကိုယ္ ေသခ်ာထိန္းေက်ာင္းၿပီး ေရွ႕ဆက္ေတာ့မယ္ဆိုတဲ့အေၾကာင္း ေျပာခဲ့ပါ။ ေနာက္ၿပီး အတင္းကပ္ေနလို႔ ပက္ပက္စက္စက္ ေျပာပစ္တာမ်ိဳးေတြလည္း ေရွာင္ပါ။ ကိုယ္ကစြန္႔ခြာသည့္တိုင္ သိကၡာရွိရွိ လမ္းခြဲပါလို႔။

Hnin Ei Oo (For Her Myanmar)

Unicode ျဖင့္လည္း ေအာက္တြင္ ဖတ္ရႈႏိုင္ပါသည္။

ထားခဲ့တဲ့လူနဲ့ ထားခဲ့ခံရတဲ့ လူနှစ်ယောက်မှာ ထားခဲ့ခံရတဲ့လူကပိုပြီး ခံစားရတယ်မလား…

လမ်းခွဲခြင်းဆိုတဲ့အလုပ်က ဘယ်တုန်းကမှ အဆင်ပြေပြေ ပျော်ပျော်ရွှင်ရွှင် မပြီးဆုံးခဲ့ဖူးသလို ဘယ်တော့မှလည်း ဖြစ်လာမှာ မဟုတ်ပါဘူး။ ဒါပေမဲ့ အဲဒီလို ပြတ်စဲဖို့ထက် ပိုခက်ခဲတာက တစ်ဘက်သားက မပြတ်စဲသေးချင်တဲ့အချိန်မှာ ကိုယ့်ဘက်က စိတ်တွေကုန်ပြီး အဝေးကို ထွက်သွားချင်နေတဲ့ အခြေအနေပါပဲ။ ဒီအခြေအနေမှာ ဖြတ်ချလိုက်ဖို့အတွက် သေချာတွေးရတယ် အချိန်တွေယူ သေချာစဉ်းစားပြီး ကိုယ့်ကိုချစ်နေတဲ့လူရဲ့ ရင်ကိုခွဲဖို့ သတ္တိတွေလည်း အများကြီးမွေးရပါတယ်။ ဒီလိုဘေးကျပ်နံကျပ် အခြေအနေကို ရင်ဆိုင်ရတဲ့အခါမှာ ဘယ်လိုဖြေရှင်းရမလဲ၊ ဘယ်လိုတွေ အစစအရာရာ ပြင်ဆင်ရမလဲဆိုတော့…

ကိုယ့်အခြေအနေကိုယ် အရင်ဆုံးစဉ်းစားပါ။

‘သူမရှိတော့တဲ့ ဘဝတစ်ခုမှာ နေလို့အဆင်ပြေပြီလား။ အခုလမ်းခွဲချင်ပါတယ်ဆိုတဲ့ ခံစားချက်က လတ်တလောအခြေအနေကြောင့် သွေးပူပြီးဖြစ်လာတဲ့ ခံစားချက်မျိုးလား၊ တကယ်သူ့ကို ကိုယ့်ဘဝထဲမှာ ထပ်ထည့်ပြီး မချစ်နိုင်တော့ဘူးလား’ စတဲ့မေးခွန်းတွေကို ကိုယ့်ကိုယ်ကိုယ် အရင်မေးပါ။ ကိုယ့်ဘက်က သေချာပြီး ခိုင်လုံတဲ့အကြောင်းပြချက်နဲ့ လမ်းခွဲချင်ပြီဆိုရင်တော့ ရဲရဲသာခွဲလိုက်ပါတော့။ ဒီလိုမဟုတ်ဘဲ ကိုယ်တိုင်တောင် မရေမရာ မသေမချာတွေဖြစ်နေရင် ပြန်စဉ်းစားပါဦး။

သူ့ဘက်ကိုပြန်စဉ်းစားပါ။

ယောင်းသူ့အကြောင်းကို ကောင်းကောင်းသိပါတယ်။ (သူကဘယ်လိုလူစားမျိုးလဲ၊ ပြဿနာတွေကို ဘယ်လိုဖြေရှင်းတတ်တဲ့လူလဲ စသည်ဖြင့်ပေါ့။) အဲဒီတော့ သူ့ဘက်က ကိုယ့်ကို ဘယ်လိုတုံ့ပြန်လာနိုင်လဲ၊ လူကြားထဲငိုပြီး အတင်းတောင်းပန်မလား၊ အော်ကြီးဟစ်ကျယ်တွေ ပြောဆိုမလားဆိုတာကို အရင်စဉ်းစားထားဖို့လိုပါမယ်။ ဒါမှ ကိုယ့်ဆုံးဖြတ်ချက်ကို ပြန်မပြောင်းနိုင်တော့သလို အခြေအနေတွေကိုလည်း ထိန်းနိုင်သွားမယ်လေ။

Related Article >>> ယောက်ျားလေးတစ်ယောက် အသည်းကွဲနေပြီဆိုရင် ဖြစ်တတ်တဲ့ အမူအရာတွေ

ရိုးရိုးသားသားပြောပါ။

ကိုယ်ကလည်း လမ်းခွဲသေးတယ်၊ အဲဒါကို မပြောပလောက်တဲ့ အပြစ်တွေကို ပြန်လှန်ရင်း စကားကို ပလီပြောနေမယ့်အစား ကိုယ့်ဘက်က မသာယာတော့သည့်တိုင်အောင် စကားကို တိုက်ရိုက်ပဲပြောပါ။ တစ်ဘက်သားကို စာနာသောအားဖြင့် ရိုးသားပေးပါ။ ရိုးသားပေးပါပြောလို့ ရုပ်ရှင်တွေထဲကလို (နင့်ကြောင့်မဟုတ်ဘူး။ ငါ့ကြောင့်ပါ ဆိုပြီး ဒရမ်မာတွေလည်း ချိုးမလာနဲ့ဦး။) ကိုယ့်ရဲ့ တကယ့်စိတ်ထဲမှာ ဖြစ်နေတဲ့အခြေအနေနဲ့ အကြောင်းပြချက်ကို သေချာနားလည်အောင်ပဲပြောပါ။

ဆုံးဖြတ်ချက်က ခိုင်မာနေပါစေ။

ကလေးကစားနေတာ မဟုတ်ပါဘူး။ စမ်းသပ်နေတာဆိုရင်လည်း တခြားနည်းလမ်းတွေ အများကြီး ရှိပါတယ်။ ဒီလိုနေရာမှာတော့ တစ်ဘက်သားရဲ့ ခံစားချက်ကို ကစားလို့မရတာမို့ ဆုံးဖြတ်ပြီးပြီဆိုရင်လည်း တစ်ဘက်က ဘယ်လိုတွေ ဘာတွေပဲဖြစ်နေပါစေ၊ ဒီဆုံးဖြတ်ချက်က အတည်ပဲလို့ သန္နိဋ္ဌာန်ချပြီး ပြင်ဆင်ထားပါ။ သူ့ဘက်ကလည်း ခဏတော့ နာကျင်ရသည့်တိုင်အောင် မဖြစ်နိုင်တော့တဲ့ အချစ်ခရီးကို ပေါ့ပျက်ပျက် တည်ဆောက်နေမယ့်အစား ဒီလိုပြတ်သားလိုက်တာက အနာသက်သာပါလိမ့်မယ်။

ဒေါသကိုထိန်းပါ။

ကိုယ်ကပြတ်မယ့်လူနော်၊ ဘယ်လောက်ပဲအဆင်မပြေ ဖြစ်နေလို့လို့ ပြောပြော ကိုယ်ကအရင်ဦးအောင် ခရီးဆုံးဖို့ ကမ်းလှမ်းတဲ့လူပါ။ ဒါကြောင့် တစ်ဘက်လူက ဘယ်လိုပဲပြောနေပါစေ ကိုယ့်ဘက်က အတတ်နိုင်ဆုံးစိတ်ကိုထိန်းပြီး ဒေါသမပါဘဲ တုံ့ပြန်ပါ။ ကိုယ်ပြောချင်သမျှ အရာအားလုံး သူ့နားထဲရောက်သွားပါစေ။

Related Article >>> အသည်းကွဲတဲ့အချိန်ကို ဘယ်လိုဖြတ်ကျော်ကြမလဲ

စကားကို လိုတိုရှင်းပြောပါ။

တစ်ဘက်က မလွှတ်ချချင်သေးတဲ့ ကြိုးထုံးကို ဖြတ်တောက်ရမယ်ဆိုရင် ကိုယ်ဘာလို့ ဒီလိုဆုံးဖြတ်ခဲ့တယ်ဆိုတာရယ် ကိုယ့်ဆုံးဖြတ်ချက်ကို လုံးဝပြန်မပြင်နိုင်တော့ဘူး ဆိုတာကို သူသိသွားရင်ရပါပြီ။ နင့်ကို ငါပျော်ရွှင်စေချင်ပါတယ်၊ ချစ်ပါတယ် ဘာညာဆိုပြီး အပိုတွေ ပြောမနေပါနဲ့။ သူနားဝင်မှာမဟုတ်လို့ ကိုယ်အမောဆို့ရုံပဲ အဖတ်တင်ပါလိမ့်မယ်။

ဒီလိုလမ်းခွဲတဲ့အခါ အရေးကြီးဆုံးက သူ့ကို မျှော်လင့်ချက်အမှားတွေ လုံးဝမပေးခဲ့ပါနဲ့။ ကိုယ့်ဘဝကိုယ် သေချာထိန်းကျောင်းပြီး ရှေ့ဆက်တော့မယ်ဆိုတဲ့အကြောင်း ပြောခဲ့ပါ။ နောက်ပြီး အတင်းကပ်နေလို့ ပက်ပက်စက်စက် ပြောပစ်တာမျိုးတွေလည်း ရှောင်ပါ။ ကိုယ်ကစွန့်ခွာသည့်တိုင် သိက္ခာရှိရှိ လမ်းခွဲပါလို့။

Hnin Ei Oo (For Her Myanmar)

No Comments Yet

Comments are closed