ရိုးရိုးခင္တတ္တဲ့လူနဲ႔ အီစီကလီလုပ္တတ္တဲ့လူၾကားက ကြာျခားခ်က္

လူမႈအသိုင္းအဝိုင္းထဲဝင္ေတာ့မယ္ဆိုရင္ ဒါေလးေတာ့သိထားဖို႔ လိုမယ္ေနာ္…

ခင္တတ္မင္တတ္တာနဲ႔ အီစီကလီလုပ္တာနဲ႔ တကယ္အကြာႀကီးေနာ္။ တခ်ိဳ႕မ်ားက်ေတာ့ ခင္တတ္လို႔ပါ ဆိုတဲ့စကားကို အခြင့္ေကာင္းယူၿပီး ေဖာေရွာရိုက္တာ ရိုက္တာဆိုတာေလ။ (ကိုယ္လည္းသိမွမသိတာ) အထူးသျဖင့္ ကိုယ့္ဘက္ကေတာ့ရိုးရိုးသားသား သူ႔ဘက္ကမရိုးမသားေျပာဆိုေနတာကို နားမလည္ဘဲ ကိုယ္ကစကားေတြျပန္ေျပာ၊ သူ႔ဘက္ကေတာ့ ေရလာေျမာင္းေပးလုပ္တယ္လို႔ထင္ၿပီး ေရွ႕ဆက္တိုးေတာ့မွ ကိုယ္ကျငင္းခ်လိုက္တဲ့အခါ ဝူးဝူးဝါးဝါးေတြ ထျဖစ္ၿပီး မ်က္ႏွာပ်က္ရတာမ်ိဳးေတြ ရွိတတ္တာမို႔ ဒီအခ်က္ေလးေတြကိုေတာ့ သိကိုသိထားသင့္ပါတယ္။

(၁) မ်က္လံုးအၾကည့္

ၾကာၾကည့္ၾကည့္တယ္ဆိုတာ ၾကားဖူးလားေယာင္းတို႔? ရိုးရိုးသာမန္ ခင္တတ္တဲ့လူေတြကေတာ့ မ်က္လံုးအၾကည့္ကိုက ရိုးသားပါတယ္။ တျခားဘာဘာညာညာ အရိပ္အေယာင္ေတြ မပါတဲ့အျပင္ ကိုယ့္မ်က္လံုးကိုကလြဲၿပီး တျခားဘယ္ေနရာကိုမွ ေတာင္ေတာင္အီအီ ေဝ့ၾကည့္ေနမွာမဟုတ္ပါဘူး။ ဒါေပမဲ့ အီစီကလီရိုက္ခ်င္တဲ့လူေတြကေတာ့ ကိုယ့္ကိုစေတြ႔တာနဲ႔ တစ္ကိုယ္လံုး ျခံဳၾကည့္တဲ့အျပင္ အၾကည့္ထဲမွာ ၾကာအၾကည့္ေတြလည္း ပါေနပါလိမ့္မယ္။ အဲ့ေတာ့ ပထမဆံုးမ်က္လံုးခ်င္းဆံုတဲ့အခ်ိန္မွာ ကိုယ့္ကိုဘာညာအထာေတြ လုပ္ေနရင္ေတာ့ ေဝါင္ေဝါင္သာေရွးပါလို႔။

(၂) ေျပာတဲ့စကား

ရိုးရိုးခင္တတ္မင္တတ္တဲ့ လူေတြေျပာတဲ့စကားမွာ နင္ဘယ္လိုမ်ိဳးစားေသာက္ဆိုင္မွာ စားရတာႀကိဳက္လဲ၊ နင္ကဘယ္လိုလူမ်ိဳးဆိုသေဘာက်တတ္တာလဲ စသည္ျဖင့္အရမ္းပုဂၢိဳလ္ေရးရာဆန္တဲ့ ေမးခြန္းေတြကို ေမးမွာမဟုတ္သလို သူကလူလြတ္ျဖစ္တဲ့အေၾကာင္းကိုလည္း အတင္းကာေရာထုတ္ေျပာေနမွာမဟုတ္ပါဘူး။ ဒီအတိုင္း ေဟး နင့္နာမည္ကဘာလဲ၊ ဘာအလုပ္လုပ္လဲ စသည္ျဖင့္ ရိုးရိုးသာမန္ေမးခြန္းေလာက္နဲ႔ပဲ မိတ္ျဖစ္ေဆြျဖစ္ စကားေျပာပါလိမ့္မယ္။

Related Article >>> ရည္းစားနဲ႔ သူငယ္ခ်င္းေတြကို တန္းတူအခ်ိန္ေပးႏိုင္ေအာင္…

(၃) အထိအေတြ႔

ဒီတစ္ခ်က္ကေတာ့ သိသာမယ္ထင္တယ္။ ပြင့္လင္းတဲ့ေနရာကေနလာတဲ့ ႏိုင္ငံျခားသားေတြေတာင္ လက္ဆြဲႏႈတ္ဆက္တာေလာက္ လုပ္ေနတဲ့အခ်ိန္ ဒင္းကခါးဖက္၊ ပခံုးေပြ႔စတာေတြကို ပိုင္ဇိုးပိုင္နင္းလုပ္လာၿပီဆိုရင္ သေဘာေပါက္လိုက္ပါေတာ့။ မေတာ္တဆထိမိတာနဲ႔ တကယ္ကိုင္တာေတာင္ အကြာႀကီး။ ဥပမာ ကိုယ္ကေခ်ာ္လဲေတာ့မလို ျဖစ္ေနတဲ့အေနအထားမွာဆိုရင္ ရိုးရိုးသာမန္လူက ထိန္းေပးရံုေလာက္ ကိုင္တာဆိုေပမဲ့ ဘာညာအထာသမားကေတာ့ သူ႔ရင္ခြင္ထဲ ဆြဲေပြ႕သြားပါလိမ့္မယ္။

(၄) အကြာအေဝးအေနအထား

လူတစ္ေယာက္နဲ႔တစ္ေယာက္ၾကားမွာ အကြာအေဝးတစ္ခုေတာ့ အၿမဲတမ္းထားရပါတယ္။ ရိုးရိုးသာမန္ခင္တတ္သူေတြကေတာ့ ကိုယ္နဲ႔ခပ္လွမ္းလွမ္းအေနအထားမွာပဲ စကားေျပာတတ္ေပမဲ့ ကိုယ့္ကို အီခ်င္ေနတဲ့လူကေတာ့ ကိုယ္နဲ႔အသားခ်င္းထိဖို႔အတြက္ အတင္းကာေရာအားထုတ္ေနမွာမို႔ ကိုယ္နဲ႔နီးႏိုင္သမွ်နီးေအာင္ လာေနပါလိမ့္မယ္။

Related Article >>> ခ်စ္သူေတြၾကားမွာ ဝင္႐ႈပ္တတ္တဲ့ သူငယ္ခ်ငး္မ်ား

(၅) စကားေျပာပံုဆိုပံုနဲ႔ အျပဳအမူ

သူတို႔ရဲ႕စကားေျပာပံုဆိုပံုနဲ႔ အျပဳအမူကလည္း သူဘယ္လိုလူမ်ိဳးလဲဆိုတာ သိဖို႔အတြက္အေရးပါပါတယ္။ မပြင့္တပြင့္ျပံဳးတာ၊ စကားေျပာေနရင္း ဟိုထိဒီကိုင္လုပ္တာ၊ ေျပာဆိုေနရင္းတန္းလန္း ကိုယ့္ကိုအၾကာႀကီးစိုက္ၾကည့္ေနတာမ်ိဳးေတြ စကားေျပာတဲ့အခါမွာလည္း အေၾကာင္းအရာတစ္ခုကို ေျပာဆိုေနတုန္းတန္းလန္း သူ႔အေၾကာင္းေတြကို မသိမသာ၊ သိသိသာသာျဖစ္ေအာင္ ေျပာဆိုေနတာမ်ိဳးေတြ လုပ္ေနၿပီဆိုရင္ေတာ့ ဒီလူနဲ႔ေရရွည္မွာဆက္လက္တြဲၿပီး အလုပ္လုပ္ဖို႔အတြက္ ျပန္စဥ္းစားရပါလိမ့္မယ္။ ရိုးရိုးသာမန္လူကေတာ့ ပံုမွန္အတိုင္း အပိုအလိုမရွိဘဲ ေျပာဆိုသြားပါလိမ့္မယ္။

ဒီအခ်က္ေလးေတြကေတာ့ ရိုးရိုးခင္တတ္တဲ့လူနဲ႔ အီစီကလီလုပ္တတ္တဲ့လူၾကားက ကြာျခားခ်က္ေတြေပါ့ေနာ္။ ေနာက္ၿပီး လူေတြမွာက ဆဠမအာရံုဆိုတာမ်ိဳးရွိေတာ့ ဒီအဆင့္ေတြမေရာက္ခင္မွာဘဲ အာရံုထဲမွာခပ္ေနာက္ေနာက္ျဖစ္သြားရင္ အဲ့စကားဝိုင္းထဲကေန အလိမၼာသုံုးၿပီးသာ ထြက္လာလိုက္ပါ။ ႏွင္းရဲ႕ေယာင္းေယာင္းေလးေတြ ကိုယ့္ကိုယ္ကိုယ္ ကာကြယ္တတ္ၾကပါေစ။  

Hnin Ei Oo (For Her Myanmar)

References : bustlewikihowyourtango

လူမှုအသိုင်းအဝိုင်းထဲဝင်တော့မယ်ဆိုရင် ဒါလေးတော့သိထားဖို့ လိုမယ်နော်…

ခင်တတ်မင်တတ်တာနဲ့ အီစီကလီလုပ်တာနဲ့ တကယ်အကွာကြီးနော်။ တချို့များကျတော့ ခင်တတ်လို့ပါ ဆိုတဲ့စကားကို အခွင့်ကောင်းယူပြီး ဖောရှောရိုက်တာ ရိုက်တာဆိုတာလေ။ (ကိုယ်လည်းသိမှမသိတာ) အထူးသဖြင့် ကိုယ့်ဘက်ကတော့ရိုးရိုးသားသား သူ့ဘက်ကမရိုးမသားပြောဆိုနေတာကို နားမလည်ဘဲ ကိုယ်ကစကားတွေပြန်ပြော၊ သူ့ဘက်ကတော့ ရေလာမြောင်းပေးလုပ်တယ်လို့ထင်ပြီး ရှေ့ဆက်တိုးတော့မှ ကိုယ်ကငြင်းချလိုက်တဲ့အခါ ဝူးဝူးဝါးဝါးတွေ ထဖြစ်ပြီး မျက်နှာပျက်ရတာမျိုးတွေ ရှိတတ်တာမို့ ဒီအချက်လေးတွေကိုတော့ သိကိုသိထားသင့်ပါတယ်။

(၁) မျက်လုံးအကြည့်

ကြာကြည့်ကြည့်တယ်ဆိုတာ ကြားဖူးလားယောင်းတို့? ရိုးရိုးသာမန် ခင်တတ်တဲ့လူတွေကတော့ မျက်လုံးအကြည့်ကိုက ရိုးသားပါတယ်။ တခြားဘာဘာညာညာ အရိပ်အယောင်တွေ မပါတဲ့အပြင် ကိုယ့်မျက်လုံးကိုကလွဲပြီး တခြားဘယ်နေရာကိုမှ တောင်တောင်အီအီ ဝေ့ကြည့်နေမှာမဟုတ်ပါဘူး။ ဒါပေမဲ့ အီစီကလီရိုက်ချင်တဲ့လူတွေကတော့ ကိုယ့်ကိုစတွေ့တာနဲ့ တစ်ကိုယ်လုံး ခြုံကြည့်တဲ့အပြင် အကြည့်ထဲမှာ ကြာအကြည့်တွေလည်း ပါနေပါလိမ့်မယ်။ အဲ့တော့ ပထမဆုံးမျက်လုံးချင်းဆုံတဲ့အချိန်မှာ ကိုယ့်ကိုဘာညာအထာတွေ လုပ်နေရင်တော့ ဝေါင်ဝေါင်သာရှေးပါလို့။

(၂) ပြောတဲ့စကား

ရိုးရိုးခင်တတ်မင်တတ်တဲ့ လူတွေပြောတဲ့စကားမှာ နင်ဘယ်လိုမျိုးစားသောက်ဆိုင်မှာ စားရတာကြိုက်လဲ၊ နင်ကဘယ်လိုလူမျိုးဆိုသဘောကျတတ်တာလဲ စသည်ဖြင့်အရမ်းပုဂ္ဂိုလ်ရေးရာဆန်တဲ့ မေးခွန်းတွေကို မေးမှာမဟုတ်သလို သူကလူလွတ်ဖြစ်တဲ့အကြောင်းကိုလည်း အတင်းကာရောထုတ်ပြောနေမှာမဟုတ်ပါဘူး။ ဒီအတိုင်း ဟေး နင့်နာမည်ကဘာလဲ၊ ဘာအလုပ်လုပ်လဲ စသည်ဖြင့် ရိုးရိုးသာမန်မေးခွန်းလောက်နဲ့ပဲ မိတ်ဖြစ်ဆွေဖြစ် စကားပြောပါလိမ့်မယ်။

Related Article >>> ရည်းစားနဲ့ သူငယ်ချင်းတွေကို တန်းတူအချိန်ပေးနိုင်အောင်…

(၃) အထိအတွေ့

ဒီတစ်ချက်ကတော့ သိသာမယ်ထင်တယ်။ ပွင့်လင်းတဲ့နေရာကနေလာတဲ့ နိုင်ငံခြားသားတွေတောင် လက်ဆွဲနှုတ်ဆက်တာလောက် လုပ်နေတဲ့အချိန် ဒင်းကခါးဖက်၊ ပခုံးပွေ့စတာတွေကို ပိုင်ဇိုးပိုင်နင်းလုပ်လာပြီဆိုရင် သဘောပေါက်လိုက်ပါတော့။ မတော်တဆထိမိတာနဲ့ တကယ်ကိုင်တာတောင် အကွာကြီး။ ဥပမာ ကိုယ်ကချော်လဲတော့မလို ဖြစ်နေတဲ့အနေအထားမှာဆိုရင် ရိုးရိုးသာမန်လူက ထိန်းပေးရုံလောက် ကိုင်တာဆိုပေမဲ့ ဘာညာအထာသမားကတော့ သူ့ရင်ခွင်ထဲ ဆွဲပွေ့သွားပါလိမ့်မယ်။

(၄) အကွာအဝေးအနေအထား

လူတစ်ယောက်နဲ့တစ်ယောက်ကြားမှာ အကွာအဝေးတစ်ခုတော့ အမြဲတမ်းထားရပါတယ်။ ရိုးရိုးသာမန်ခင်တတ်သူတွေကတော့ ကိုယ်နဲ့ခပ်လှမ်းလှမ်းအနေအထားမှာပဲ စကားပြောတတ်ပေမဲ့ ကိုယ့်ကို အီချင်နေတဲ့လူကတော့ ကိုယ်နဲ့အသားချင်းထိဖို့အတွက် အတင်းကာရောအားထုတ်နေမှာမို့ ကိုယ်နဲ့နီးနိုင်သမျှနီးအောင် လာနေပါလိမ့်မယ်။

Related Article >>> ချစ်သူတွေကြားမှာ ဝင်ရှုပ်တတ်တဲ့ သူငယ်ချင်းများ

(၅) စကားပြောပုံဆိုပုံနဲ့ အပြုအမူ

သူတို့ရဲ့စကားပြောပုံဆိုပုံနဲ့ အပြုအမူကလည်း သူဘယ်လိုလူမျိုးလဲဆိုတာ သိဖို့အတွက်အရေးပါပါတယ်။ မပွင့်တပွင့်ပြုံးတာ၊ စကားပြောနေရင်း ဟိုထိဒီကိုင်လုပ်တာ၊ ပြောဆိုနေရင်းတန်းလန်း ကိုယ့်ကိုအကြာကြီးစိုက်ကြည့်နေတာမျိုးတွေ စကားပြောတဲ့အခါမှာလည်း အကြောင်းအရာတစ်ခုကို ပြောဆိုနေတုန်းတန်းလန်း သူ့အကြောင်းတွေကို မသိမသာ၊ သိသိသာသာဖြစ်အောင် ပြောဆိုနေတာမျိုးတွေ လုပ်နေပြီဆိုရင်တော့ ဒီလူနဲ့ရေရှည်မှာဆက်လက်တွဲပြီး အလုပ်လုပ်ဖို့အတွက် ပြန်စဉ်းစားရပါလိမ့်မယ်။ ရိုးရိုးသာမန်လူကတော့ ပုံမှန်အတိုင်း အပိုအလိုမရှိဘဲ ပြောဆိုသွားပါလိမ့်မယ်။

ဒီအချက်လေးတွေကတော့ ရိုးရိုးခင်တတ်တဲ့လူနဲ့ အီစီကလီလုပ်တတ်တဲ့လူကြားက ကွာခြားချက်တွေပေါ့နော်။ နောက်ပြီး လူတွေမှာက ဆဠမအာရုံဆိုတာမျိုးရှိတော့ ဒီအဆင့်တွေမရောက်ခင်မှာဘဲ အာရုံထဲမှာခပ်နောက်နောက်ဖြစ်သွားရင် အဲ့စကားဝိုင်းထဲကနေ အလိမ္မာသုံးပြီးသာ ထွက်လာလိုက်ပါ။ နှင်းရဲ့ယောင်းယောင်းလေးတွေ ကိုယ့်ကိုယ်ကိုယ် ကာကွယ်တတ်ကြပါစေ။

Hnin Ei Oo (For Her Myanmar)

References : bustlewikihowyourtango

No Comments Yet

Comments are closed