Family Relationship

အစ္ကိုနဲ႕ ညီမၾကားက ျပႆနာ ေပါင္းခ်ဳပ္

Brother of the year ထဲကလိုေပါ့။

<<< Zawgyi >>>

အစ္ကိုေတြအေၾကာင္း ေျပာရမယ္ဆိုရင္ေတာ့ စာဖြဲ႔လို႔ေတာင္ မကုန္ႏိုင္ဘူးရယ္။ ႏွစ္ေယာက္တည့္ေနရင္ေတာ့ ကိုကိုေရ..ညီမေလးေရ..။ မတည့္ရင္ေတာ့ နင္တစ္လံုး၊ ငါတစ္လံုး ေအာ္ၾကဟစ္ၾက ရန္ျဖစ္ၾက။ သိတယ္မလား မတည့္အတူေနေလ။ ဒါဆို အစ္ကိုနဲ႔ ညီမၾကားမွာ အၿမဲႀကံဳရတဲ့ ျပႆနာေပါင္းခ်ဳပ္ေလးေတြကို ေဖာ္ျပေပးလိုက္ပါတယ္။ အိမြန္နဲ႕ တိုက္ဆိုင္မႈေတြ ရွိသြားရင္ေတာ့ shake ေပါ့ေနာ္။

အဝတ္အစား ျပႆနာ

ေယာင္းရဲ႕ အထက္မွာ အစ္ကိုေတြ ၊ အစ္မေတြ ရွိတယ္ဆိုရင္ေတာ့ သူတို႕ အဝတ္အစားကို  ေသခ်ာေပါက္ ယူဝတ္ဖူးမွာပါ။ ညီအစ္မ အခ်င္းခ်င္း ညီအစ္ကိုအခ်င္းခ်င္း ဆိုရင္ သိပ္ကိစၥမရွိေပမဲ့ အစ္ကိုနဲ႕ ညီမက်ေတာ့ ခႏၶာကိုယ္ ဆိုက္လည္း မတူ ။ ဝတ္စားပံုလည္း မတူဆိုေတာ့ တခ်ိဳ႕အစ္ကိုေတြက ဘုန္းနိမ့္မွာ ေၾကာက္လို႕ ေပးမဝတ္ခ်င္ဘူးရယ္။ အိမြန္ ငယ္ငယ္တုန္းက ဆိုရင္ အစ္ကို႕အကႌ်ေတြ ေဘာင္းဘီေတြကို ယူဝတ္တာပဲ။ ေနာက္ပိုင္း အရြယ္ေရာက္လာတဲ့ အခါမွသာ ယူမဝတ္ျဖစ္ေတာ့တာ။ ဒါေတာင္ တစ္ခါတေလ အက်ၤ ီပြပြဆိုရင္ေတာ့ သမလိုက္တာပဲ ဟီးဟီး..

ေဆာ္ပေလာ္တီးခံရတဲ့ အႀကိမ္ေရ

အႀကီးနဲ႔ အငယ္ရန္ျဖစ္လို႔ အေမက ေဆာ္ပေလာ္တီးၿပီဆိုရင္ အႀကိမ္ေရ နည္းနည္းပဲ ခံရတာက အငယ္ေတြပါ။ အငယ္ဆံုးကို အိမ္က အခ်စ္ဆံုးေလ သိတယ္မလား။ ၿပီးေတာ့ အစ္ကိုဆိုရင္ ညီမကို ညွာရမယ္လို႕ ဆံုးမၿပီး ရိုက္ေပမဲ့ အငယ္ဆံုး သမီးေလးကိုေတာ့ သိပ္ၿပီး မရိုက္ၾကဘူးရယ္။ ဒီေတာ့ကား အစ္ကိုနဲ႔ ရန္ျဖစ္တိုင္း ေအာ္ႀကီးဟစ္က်ယ္ ငိုျပလိုက္ရင္ ကိုယ္ေတြက ေအာ္တို လြတ္တာေပါ့။

ေရွ႕ေဆာင္လမ္းျပ

အစ္ကိုနဲ႕တူတူ ႀကီးျပင္းခဲ့ရတဲ့ မိန္းကေလးအမ်ားစုရဲ႕ ေျပာပံုဆိုပံု အမူအရာေတြက ခပ္ၾကမ္းၾကမ္းေလးေတြ မ်ားပါတယ္။ ငယ္ငယ္ေလးတည္းက အတုခိုးမွားတယ္လို႔ ေျပာရမယ္။ ဘယ္မွာသိသာလဲဆိုေတာ့ နာမည္ေခၚလို႔ ထူးရင္ေတာင္ “ဗ်ာ” ဆိုၿပီး ထူးမိတဲ့ အထိပါပဲ။ ဒါေပမဲ့ ေကာင္းတဲ့အခ်က္ကေတာ့ ေယာက်္ားေလး အေပါင္းအသင္းေတြနဲ႕ ေတြ႕ရင္ လူမရွိန္ေတာ့ဘူးေလေနာ္။

ရုပ္ဆိုးမလို႕ ေခၚတဲ့ အရင္းႏွီးဆုံးေသာသူ

ကိုယ္နဲ႕ မရင္းႏွီးတဲ့ သူစိမ္းကသာ ကိုယ့္အားနည္းခ်က္ကို နင္းေျပာတယ္ မထင္လိုက္ပါနဲ႕။ အရင္းႏွီးဆံုးေသာသူျဖစ္ၿပီး ကိုယ္ ဘယ္ေလာက္ရုပ္ေခ်ာေခ်ာ လွတယ္လို႔ကို မထင္တာက အရင္းႏွီးဆံုးျဖစ္တဲ့ ကိုယ့္အစ္ကိုပါပဲ။ ေယာင္းတို႕ေရာ ေထာက္ခံတယ္မလား။ အိမြန္ဆိုရင္ ငယ္ငယ္တုန္းက ရုပ္ဆိုးမဆိုၿပီး ခဏခဏ အစခံရတယ္။ ခုလို လွလာတဲ့အခ်ိန္ ေရာက္ေတာ့မွ မစေတာ့တာ။ အဲ့လယ္..

Related article>>>ေမာင္ေတြ အစ္ကိုေတြပဲရွိသူေတြက ဘာေၾကာင့္အစ္မရွိသူေတြကို အားက်ၾကတာလဲ

အတူတူလမ္းထြက္ရင္ အထင္လြဲခံရတယ္

ေမာင္ႏွမေတြ လမ္းထြက္ၿပီဆိုရင္ အစ္ကိုနဲ႕ ညီမလို႔ ထင္ၾကတာက နည္းပါတယ္။ အတြင္းသိ အစင္းသိေတြေလာက္ပဲ ေမာင္ႏွမလို႔ ျမင္ၾကတာ။ ကိုယ္နဲ႔ ဓာတ္မသိသူေတြကေတာ့ ယုန္ထင္ေၾကာင္ထင္ေပါ့။ တခ်ိဳ႕ေမာင္ႏွမေတြဆိုရင္ ရုပ္ခ်င္းမဆင္ေလေတာ့ ပိုဆိုး။ အိမြန္တို႔ ေမာင္ႏွမဆိုလည္း ရုပ္ခ်င္းမဆင္ေလေတာ့ တူတူလမ္းထြက္ရမွာေတာင္ သိပ္မႀကိဳက္ဘူး။ ေတာ္ၾကာ ကိုယ့္ကို crush တဲ့လူေတြ ေလ်ာ့သြားဦးမယ္ ငိငိ

 စူပါဟီးရိုး

အစ္ကိုနဲ႔ ညီမဆိုတာ စိတ္ဆိုးရင္သာ ပါးစပ္ထဲ ရွိသမွ် အလံုးေတြနဲ႕ ပစ္ေပါက္ေျပာဆိုၿပီး ရန္ျဖစ္ၾကတာ။ တကယ္တမ္း သူမ်ားနဲ႔သာ ျဖစ္ၾကည့္၊ ကိုယ့္ညီမေလးဘက္က ဝိုင္းၿပီး နာေပးမယ့္ အစ္ကိုေတြခ်ည္းပဲ။ ဟုတ္တယ္ဟုတ္? ငါ့ညီမကို ထိရဲထိၾကည့္..ေသတြားမယ္ ရွင္တြားမယ္ မေသမရွင္ျဖစ္သြားမယ္ ဆိုတာမ်ိဳး။ ေယာက္ဖလို႔မ်ား သူမ်ားက ေခၚရင္ သူက ဦးေအာင္ မင္းအမ ငါ့ေပးဆိုၿပီး ေျပာတတ္တဲ့ အစ္ကိုမ်ိဳး။ ဒီလို အားကိုးရတဲ့ စူပါဟီးရိုး အစ္ကိုေပါ့။

ညီမအတြက္ အၿမဲဦးစားေပးသူ

ငယ္ငယ္ေလးတည္းက အစ္ကိုဆိုတာ ညီမေလးကို ဦးစားေပးရမယ္ဆိုတဲ့ စံႏႈန္းနဲ႔ ႀကီးျပင္းလာခဲ့ေတာ့ သူတို႔ရဲ႕ မသိစိတ္ထဲမွာ အငယ္ကသာ နံပါတ္တစ္ပါ။ ဘယ္ေလာက္ပဲ ရန္ျဖစ္ရန္ျဖစ္ သူတို႕ခ်စ္တာက ဒီညီမေလးကိုပါပဲ။ မိဘေတြက အငယ္ဆံုးမို႕ အခ်စ္ပိုၿပီး ျဖည့္ဆည္းေပးတာေတြရွိရင္ သည္းခံစိတ္နဲ႕ အျပစ္မျမင္ဘဲ နားလည္ေပးတာက အစ္ကိုႀကီးေတြပါပဲ။

အစ္ကိုနဲ႕ ညီမအေၾကာင္း ေျပာရမယ္ဆိုရင္ေတာ့ ဒီစာဆံုးတဲ့ထိေအာင္ ေျပာလို႔ကုန္မွာ မဟုတ္ပါဘူး ေယာင္းေရ။ ကမာၻေပၚက ေယာက်္ားေလးေတြထဲမွာ ကိုယ့္ကို အခ်စ္ဆံုးက အေဖၿပီးရင္ အစ္ကိုပါပဲ။ ငယ္ငယ္ေလးကတည္းက ကိုယ့္ဘဝရဲ႕ အေကာင္းအဆိုး ခ်စ္ဖို႔ ေကာင္းတဲ့အခ်ိန္ ရုပ္ဆိုးတဲ့အခ်ိန္ အားလံုးကို ၾကည့္ရင္း တူတူႀကီးျပင္းလာၾကသူေတြပဲေလ။ အံမယ္ သူငယ္ခ်င္းေတြကိုသာ အစ္ကို႔အေၾကာင္း ဘယ္လိုဘယ္ဝါ ေလွ်ာက္ေျပာတာေနာ္ ေယာက္မလို႕ လာေခၚရင္ေတာ့ မႀကိဳက္ခ်င္ဘူးရယ္။ ဒါေၾကာင့္ေျပာပါတယ္ မတည့္အတူေနပါလုိ႕။

ေယာင္းတုိ႔ရဲ႕ အစ္ကိုအေၾကာင္းလည္း အတင္းတုပ္ (အဲ..မွားလို႕) ေဝမွ်သြားဦးေနာ္..

With love

Ei Mon (For Her Myanmar)

<<< Unicode >>>

Brother of the year ထဲကလိုပေါ့။

အစ်ကိုတွေအကြောင်း ပြောရမယ်ဆိုရင်တော့ စာဖွဲ့လို့တောင် မကုန်နိုင်ဘူးရယ်။ နှစ်ယောက်တည့်နေရင်တော့ ကိုကိုရေ..ညီမလေးရေ..။ မတည့်ရင်တော့ နင်တစ်လုံး၊ ငါတစ်လုံး အော်ကြဟစ်ကြ ရန်ဖြစ်ကြ။ သိတယ်မလား မတည့်အတူနေလေ။ ဒါဆို အစ်ကိုနဲ့ ညီမကြားမှာ အမြဲကြုံရတဲ့ ပြဿနာပေါင်းချုပ်လေးတွေကို ဖော်ပြပေးလိုက်ပါတယ်။ အိမွန်နဲ့ တိုက်ဆိုင်မှုတွေ ရှိသွားရင်တော့ shake ပေါ့နော်။

အဝတ်အစား ပြဿနာ

ယောင်းရဲ့ အထက်မှာ အစ်ကိုတွေ ၊ အစ်မတွေ ရှိတယ်ဆိုရင်တော့ သူတို့ အဝတ်အစားကို  သေချာပေါက် ယူဝတ်ဖူးမှာပါ။ ညီအစ်မ အချင်းချင်း ညီအစ်ကိုအချင်းချင်း ဆိုရင် သိပ်ကိစ္စမရှိပေမဲ့ အစ်ကိုနဲ့ ညီမကျတော့ ခန္ဓာကိုယ် ဆိုက်လည်း မတူ ။ ဝတ်စားပုံလည်း မတူဆိုတော့ တချို့အစ်ကိုတွေက ဘုန်းနိမ့်မှာ ကြောက်လို့ ပေးမဝတ်ချင်ဘူးရယ်။ အိမွန် ငယ်ငယ်တုန်းက ဆိုရင် အစ်ကို့အင်္ကျီတွေ ဘောင်းဘီတွေကို ယူဝတ်တာပဲ။ နောက်ပိုင်း အရွယ်ရောက်လာတဲ့ အခါမှသာ ယူမဝတ်ဖြစ်တော့တာ။ ဒါတောင် တစ်ခါတလေ အင်္ကျ ီပွပွဆိုရင်တော့ သမလိုက်တာပဲ ဟီးဟီး..

ဆော်ပလော်တီးခံရတဲ့ အကြိမ်ရေ

အကြီးနဲ့ အငယ်ရန်ဖြစ်လို့ အမေက ဆော်ပလော်တီးပြီဆိုရင် အကြိမ်ရေ နည်းနည်းပဲ ခံရတာက အငယ်တွေပါ။ အငယ်ဆုံးကို အိမ်က အချစ်ဆုံးလေ သိတယ်မလား။ ပြီးတော့ အစ်ကိုဆိုရင် ညီမကို ညှာရမယ်လို့ ဆုံးမပြီး ရိုက်ပေမဲ့ အငယ်ဆုံး သမီးလေးကိုတော့ သိပ်ပြီး မရိုက်ကြဘူးရယ်။ ဒီတော့ကား အစ်ကိုနဲ့ ရန်ဖြစ်တိုင်း အော်ကြီးဟစ်ကျယ် ငိုပြလိုက်ရင် ကိုယ်တွေက အော်တို လွတ်တာပေါ့။

ရှေ့ဆောင်လမ်းပြ

အစ်ကိုနဲ့တူတူ ကြီးပြင်းခဲ့ရတဲ့ မိန်းကလေးအများစုရဲ့ ပြောပုံဆိုပုံ အမူအရာတွေက ခပ်ကြမ်းကြမ်းလေးတွေ များပါတယ်။ ငယ်ငယ်လေးတည်းက အတုခိုးမှားတယ်လို့ ပြောရမယ်။ ဘယ်မှာသိသာလဲဆိုတော့ နာမည်ခေါ်လို့ ထူးရင်တောင် “ဗျာ” ဆိုပြီး ထူးမိတဲ့ အထိပါပဲ။ ဒါပေမဲ့ ကောင်းတဲ့အချက်ကတော့ ယောကျ်ားလေး အပေါင်းအသင်းတွေနဲ့ တွေ့ရင် လူမရှိန်တော့ဘူးလေနော်။

ရုပ်ဆိုးမလို့ ခေါ်တဲ့ အရင်းနှီးဆုံးသောသူ

ကိုယ်နဲ့ မရင်းနှီးတဲ့ သူစိမ်းကသာ ကိုယ့်အားနည်းချက်ကို နင်းပြောတယ် မထင်လိုက်ပါနဲ့။ အရင်းနှီးဆုံးသောသူဖြစ်ပြီး ကိုယ် ဘယ်လောက်ရုပ်ချောချော လှတယ်လို့ကို မထင်တာက အရင်းနှီးဆုံးဖြစ်တဲ့ ကိုယ့်အစ်ကိုပါပဲ။ ယောင်းတို့ရော ထောက်ခံတယ်မလား။ အိမွန်ဆိုရင် ငယ်ငယ်တုန်းက ရုပ်ဆိုးမဆိုပြီး ခဏခဏ အစခံရတယ်။ ခုလို လှလာတဲ့အချိန် ရောက်တော့မှ မစတော့တာ။ အဲ့လယ်..

Related article>>>မောင်တွေ အစ်ကိုတွေပဲရှိသူတွေက ဘာကြောင့်အစ်မရှိသူတွေကို အားကျကြတာလဲ

အတူတူလမ်းထွက်ရင် အထင်လွဲခံရတယ်

မောင်နှမတွေ လမ်းထွက်ပြီဆိုရင် အစ်ကိုနဲ့ ညီမလို့ ထင်ကြတာက နည်းပါတယ်။ အတွင်းသိ အစင်းသိတွေလောက်ပဲ မောင်နှမလို့ မြင်ကြတာ။ ကိုယ်နဲ့ ဓာတ်မသိသူတွေကတော့ ယုန်ထင်ကြောင်ထင်ပေါ့။ တချို့မောင်နှမတွေဆိုရင် ရုပ်ချင်းမဆင်လေတော့ ပိုဆိုး။ အိမွန်တို့ မောင်နှမဆိုလည်း ရုပ်ချင်းမဆင်လေတော့ တူတူလမ်းထွက်ရမှာတောင် သိပ်မကြိုက်ဘူး။ တော်ကြာ ကိုယ့်ကို crush တဲ့လူတွေ လျော့သွားဦးမယ် ငိငိ

 စူပါဟီးရိုး

အစ်ကိုနဲ့ ညီမဆိုတာ စိတ်ဆိုးရင်သာ ပါးစပ်ထဲ ရှိသမျှ အလုံးတွေနဲ့ ပစ်ပေါက်ပြောဆိုပြီး ရန်ဖြစ်ကြတာ။ တကယ်တမ်း သူများနဲ့သာ ဖြစ်ကြည့်၊ ကိုယ့်ညီမလေးဘက်က ဝိုင်းပြီး နာပေးမယ့် အစ်ကိုတွေချည်းပဲ။ ဟုတ်တယ်ဟုတ်? ငါ့ညီမကို ထိရဲထိကြည့်..သေတွားမယ် ရှင်တွားမယ် မသေမရှင်ဖြစ်သွားမယ် ဆိုတာမျိုး။ ယောက်ဖလို့များ သူများက ခေါ်ရင် သူက ဦးအောင် မင်းအမ ငါ့ပေးဆိုပြီး ပြောတတ်တဲ့ အစ်ကိုမျိုး။ ဒီလို အားကိုးရတဲ့ စူပါဟီးရိုး အစ်ကိုပေါ့။

ညီမအတွက် အမြဲဦးစားပေးသူ

ငယ်ငယ်လေးတည်းက အစ်ကိုဆိုတာ ညီမလေးကို ဦးစားပေးရမယ်ဆိုတဲ့ စံနှုန်းနဲ့ ကြီးပြင်းလာခဲ့တော့ သူတို့ရဲ့ မသိစိတ်ထဲမှာ အငယ်ကသာ နံပါတ်တစ်ပါ။ ဘယ်လောက်ပဲ ရန်ဖြစ်ရန်ဖြစ် သူတို့ချစ်တာက ဒီညီမလေးကိုပါပဲ။ မိဘတွေက အငယ်ဆုံးမို့ အချစ်ပိုပြီး ဖြည့်ဆည်းပေးတာတွေရှိရင် သည်းခံစိတ်နဲ့ အပြစ်မမြင်ဘဲ နားလည်ပေးတာက အစ်ကိုကြီးတွေပါပဲ။

အစ်ကိုနဲ့ ညီမအကြောင်း ပြောရမယ်ဆိုရင်တော့ ဒီစာဆုံးတဲ့ထိအောင် ပြောလို့ကုန်မှာ မဟုတ်ပါဘူး ယောင်းရေ။ ကမ္ဘာပေါ်က ယောကျ်ားလေးတွေထဲမှာ ကိုယ့်ကို အချစ်ဆုံးက အဖေပြီးရင် အစ်ကိုပါပဲ။ ငယ်ငယ်လေးကတည်းက ကိုယ့်ဘဝရဲ့ အကောင်းအဆိုး ချစ်ဖို့ ကောင်းတဲ့အချိန် ရုပ်ဆိုးတဲ့အချိန် အားလုံးကို ကြည့်ရင်း တူတူကြီးပြင်းလာကြသူတွေပဲလေ။ အံမယ် သူငယ်ချင်းတွေကိုသာ အစ်ကို့အကြောင်း ဘယ်လိုဘယ်ဝါ လျှောက်ပြောတာနော် ယောက်မလို့ လာခေါ်ရင်တော့ မကြိုက်ချင်ဘူးရယ်။ ဒါကြောင့်ပြောပါတယ် မတည့်အတူနေပါလို့။

ယောင်းတို့ရဲ့ အစ်ကိုအကြောင်းလည်း အတင်းတုပ် (အဲ..မှားလို့) ဝေမျှသွားဦးနော်..

With love

Ei Mon (For Her Myanmar)

Ei Mon
Ei Mon
For Her Myanmar ရဲ႕တက္သစ္စ ေဆာင္းပါးရွင္ အိမြန္ျဖစ္ပါတယ္။ စာေရးရတာ ဝါသနာ ပါပါတယ္။ ေဆာင္းပါးေတြကတစ္ဆင့္ စိတ္ကူးေလးေတြကို ေယာင္းတို႕ရဲ႕ ရင္ထဲအေရာက္ ပို႕ေပးခ်င္ပါတယ္။ အထူးအားသာတာကေတာ့ အႏုပညာရွင္သတင္းေတြပဲ ျဖစ္ပါတယ္။ အိမြန္ရဲ႕ လက္ရာေဆာင္းပါးေတြကို အားေပးမယ္မွတ္လား…….

Leave a Reply

Your email address will not be published. Required fields are marked *