သဝန္တိုတာလား ? ကိုယ့္ကိုယ္ကိုယ္ယံုၾကည္မႈမ႐ွိတာလား ?

သဝန္တိုတယ္ဆိုတာ အတိုင္းအတာတစ္ခုထိပဲ ေကာင္းပါတယ္..

သဝန္တိုတယ္ဆိုတာ င႐ုတ္သီးလုိပဲ။ အစားအေသာက္စားတဲ့အခါ င႐ုတ္သီးပူပူစပ္စပ္ေလးပါမွ စားရတာ ပိုၿပီးေကာင္းသလုိေပါ့။ ခ်စ္ျခင္းတစ္ခုမွာလည္း အျပန္အလွန္သဝန္တိုတာေလးက ပုိၿပီးအရသာ႐ွိေစ၊ ေပ်ာ္ဖို႔ေကာင္းေစတယ္ေလ။

ဒါေပမဲ့ င႐ုပ္သီးအစားမ်ားရင္ ဗိုက္နာတယ္၊ အစာအိမ္ေရာဂါရေစတယ္။ ဒီလိုပါပဲ သဝန္တိုလြန္းအားႀကီးျပန္ေတာ့ ကိုယ့္ကိုယ္ကိုယ္ေရာ အခ်စ္ေရးကိုပါ ထိခိုက္ေစႏုိင္ပါတယ္။ ဒါကိုလည္း သိေတာ့ သိပါတယ္ ဒါေပမဲ့ ကိုယ့္ကိုယ္ကိုယ္ထိန္းခ်ဳပ္လုိ႔မရဘူး ဆိုတဲ့သူေတြလည္း ႐ွိျပန္ေရာ။

ဒီေတာ့ ေယာင္းတို႔အေနနဲ႔ ကိုယ့္ကိုယ္ကိုယ္ ျပန္ဆန္းစစ္ၾကည့္ရေအာင္ေနာ္။

ေပ်ာ္ဖို႔ေကာင္းေအာင္ သဝန္တိုျခင္း

ကိုယ့္ခ်စ္သူက တျခားေကာင္မေလးကို စိုက္ၾကည့္တဲ့အခါ သဝန္တိုစိတ္ျဖစ္တာ၊ ကိုယ္မဟုတ္တဲ့ တျခားေကာင္မေလးတစ္ေယာက္နဲ႔ အေရာဝင္တဲ့အခါမ်ိဳးမွာ စိတ္မခ်တာမ်ိဳးက သဝန္တိုျခင္း ပထမအဆင့္ေပ့ါေနာ္။

ဒါကေတာ့ လံုးဝၾကည္ႏူးစရာေပါ့။ သဝန္တိုလုိ႔ ကိုယ္ကသူ႔ကိုစိတ္ေကာက္မယ္၊ ရစ္မယ္၊ ျပႆနာ႐ွာမယ္။ သူကကိုယ့္ကိုေခ်ာ့မယ္ ၿပီးရင္ ျပန္ခ်စ္သြားၾကမယ္။ ဒီအခ်ိန္ေလးေတြက ျပန္ေတြးတုိင္း ၾကည္ႏူးရတဲ့ အဖိုးတန္အခိုက္အတန္႔ေလးေတြပါ။

Related article>>>အသက္(၃၀)ေက်ာ္ ဦးတို႕ကို ခ်စ္မိေနတဲ့ ေယာင္းတို႕ သိကိုသိထားသင့္တဲ့အခ်က္(၄)ခ်က္

စိတ္ညစ္စရာေကာင္းေလာက္ေအာင္ သဝန္တိုျခင္း

ဒီအဆင့္ကေတာ့ ေတာ္ေတာ္ပူေလာင္လာပါၿပီ။ သူ႔ကို ေတြ႕သမွ်ေကာင္မေလးတိုင္းနဲ႔ စိတ္မခ်ေတာ့တာ၊ တျခားေကာင္မေလးေတြနဲ႔ သာမန္စကားေျပာတာေလာက္ကို မလိုအပ္ဘဲ ေဒါသတႀကီးျပႆနာ႐ွာတာ၊ သူ႔ရဲ႕အေပါင္းအသင္းသူငယ္ခ်င္းေတြ၊ လုပ္ေဖာ္ကိုင္ဖက္ေတြနဲ႔ စကားေျပာရင္ကို ျပႆနာ႐ွာတာမ်ိဳးျဖစ္လာပါၿပီ။

စိတ္မခ်ျဖစ္တိုင္း သူ႔ကိုျပႆနာ႐ွာတယ္၊ ရန္ျဖစ္ၾကရတယ္၊ ေဒါသထြက္ၾကရ၊ ငိုၾကတဲ့အဆင့္အထိျဖစ္လာတယ္။ ေပ်ာ္စရာေကာင္းတဲ့အခ်ိန္ထက္ စိတ္ညစ္စရာအခ်ိန္ေတြက ပိုမ်ားလာတာမ်ိဳးေပါ့။

သူ႔ကို စိတ္မခ်တာလား ကိုယ့္ကိုယ္ကိုယ္ယံုၾကည္မႈမ႐ွိတာလား

ဒီအေျခအေနမွာ ကိုယ့္ကိုယ္ကိုယ္ ျပန္ဆန္းစစ္ၾကည့္ရေအာင္ေနာ္။ ဒီလုိ လူတုိင္းနဲ႔သဝန္တုိေနတာက သူ႔ကို စိတ္မခ်ျဖစ္ေနတာလား။ ကိုယ့္လက္တြဲေဖာ္က ပတ္သက္သမွ် မိန္းမတိုင္းနဲ႔ ေဖာက္ျပန္ေနတဲ့ စာရိတၱပ်က္ယြင္းသူျဖစ္ေနၿပီလား ? ဒါဆိုရင္ သူ႔ကို သဝန္တိုေနမွာထက္ ဒီလိုလူမ်ိဳးနဲ႔ ေ႐ွ႕ဆက္လက္မတြဲသင့္ေတာ့ပါဘူးေနာ္။

ဒါမွမဟုတ္ ကိုယ္ကပဲ အစိုးရိမ္ႀကီးေနတာလား ? ဒါဆိုရင္ ကုိယ့္ရဲ႕သံသယက ကိုယ္ခ်စ္ရတဲ့သူကို ေစာ္ကားေနသလိုျဖစ္ေနတာ ျပန္သံုးသပ္သင့္ပါတယ္ေနာ္။ ဒီလုိ သံသယေတြမ်ားေနတာကလည္း ကိုယ့္ကိုယ္ကိုယ္ယံုၾကည္မႈေလ်ာ့နည္းေနတာေၾကာင့္လဲ ျဖစ္ႏိုင္ပါတယ္။

Related article>>>ခ်စ္သူနဲ႔ ထာဝရေပါင္းဖက္လိုသူတိုင္း ေက်ာ္ျဖတ္ရမယ့္ အဆင့္ (၃) ဆင့္

ကိုယ့္ရဲ႕အလွအပ ကိုယ့္ရဲ႕ စြမ္းေဆာင္ရည္အေပၚ ယံုၾကည္မႈနည္းေနတယ္ဆိုရင္ ကိုယ့္ကိုယ္ကိုယ္ယံုၾကည္မႈျပန္ရေအာင္ အားထုတ္ပါ။ ဒါဆုိ အခ်စ္ေရးမွာလည္း ပိုအဆင္ေျပလာပါလိမ့္မယ္။

ေယာင္းတို႔ေရ … ေပ်ာ္စရာေကာင္းတဲ့ ခ်စ္ျခင္းတစ္ခုတည္ေဆာက္ဖုိ႔အတြက္ သဝန္တိုျခင္းကို လုိအပ္သေလာက္ပဲထုတ္သံုးၾကပါ။ လုိတာထက္ပိုသံုးမိလို႔ စိတ္ညစ္စရာေတြျဖစ္မလာပါေစနဲ႔လို႔ ေနာက္ဆံုးအသိေပးလုိက္ပါတယ္ေနာ္။

ခ်စ္တဲ့ အက္ဒ္မင္

Sugar Cane (For Her Myanmar)

<<<Unicode>>>

သဝန်တိုတယ်ဆိုတာ အတိုင်းအတာတစ်ခုထိပဲ ကောင်းပါတယ်..

သဝန်တိုတယ်ဆိုတာ ငရုတ်သီးလိုပဲ။ အစားအသောက်စားတဲ့အခါ ငရုတ်သီးပူပူစပ်စပ်လေးပါမှ စားရတာ ပိုပြီးကောင်းသလိုပေါ့။ ချစ်ခြင်းတစ်ခုမှာလည်း အပြန်အလှန်သဝန်တိုတာလေးက ပိုပြီးအရသာရှိစေ၊ ပျော်ဖို့ကောင်းစေတယ်လေ။

ဒါပေမဲ့ ငရုပ်သီးအစားများရင် ဗိုက်နာတယ်၊ အစာအိမ်ရောဂါရစေတယ်။ ဒီလိုပါပဲ သဝန်တိုလွန်းအားကြီးပြန်တော့ ကိုယ့်ကိုယ်ကိုယ်ရော အချစ်ရေးကိုပါ ထိခိုက်စေနိုင်ပါတယ်။ ဒါကိုလည်း သိတော့ သိပါတယ် ဒါပေမဲ့ ကိုယ့်ကိုယ်ကိုယ်ထိန်းချုပ်လို့မရဘူး ဆိုတဲ့သူတွေလည်း ရှိပြန်ရော။

ဒီတော့ ယောင်းတို့အနေနဲ့ ကိုယ့်ကိုယ်ကိုယ် ပြန်ဆန်းစစ်ကြည့်ရအောင်နော်။

ပျော်ဖို့ကောင်းအောင် သဝန်တိုခြင်း့

ကိုယ့်ချစ်သူက တခြားကောင်မလေးကို စိုက်ကြည့်တဲ့အခါ သဝန်တိုစိတ်ဖြစ်တာ၊ ကိုယ်မဟုတ်တဲ့ တခြားကောင်မလေးတစ်ယောက်နဲ့ အရောဝင်တဲ့အခါမျိုးမှာ စိတ်မချတာမျိုးက သဝန်တိုခြင်း ပထမအဆင့်ပေ့ါနော်။

ဒါကတော့ လုံးဝကြည်နူးစရာပေါ့။ သဝန်တိုလို့ ကိုယ်ကသူ့ကိုစိတ်ကောက်မယ်၊ ရစ်မယ်၊ ပြဿနာရှာမယ်။ သူကကိုယ့်ကိုချော့မယ် ပြီးရင် ပြန်ချစ်သွားကြမယ်။ ဒီအချိန်လေးတွေက ပြန်တွေးတိုင်း ကြည်နူးရတဲ့ အဖိုးတန်အခိုက်အတန့်လေးတွေပါ။

Related article>>>အသက်(၃၀)ကျော် ဦးတို့ကို ချစ်မိနေတဲ့ ယောင်းတို့ သိကိုသိထားသင့်တဲ့အချက်(၄)ချက်

စိတ်ညစ်စရာကောင်းလောက်အောင် သဝန်တိုခြင်း

ဒီအဆင့်ကတော့ တော်တော်ပူလောင်လာပါပြီ။ သူ့ကို တွေ့သမျှကောင်မလေးတိုင်းနဲ့ စိတ်မချတော့တာ၊ တခြားကောင်မလေးတွေနဲ့ သာမန်စကားပြောတာလောက်ကို မလိုအပ်ဘဲ ဒေါသတကြီးပြဿနာရှာတာ၊ သူ့ရဲ့အပေါင်းအသင်းသူငယ်ချင်းတွေ၊ လုပ်ဖော်ကိုင်ဖက်တွေနဲ့ စကားပြောရင်ကို ပြဿနာရှာတာမျိုးဖြစ်လာပါပြီ။

စိတ်မချဖြစ်တိုင်း သူ့ကိုပြဿနာရှာတယ်၊ ရန်ဖြစ်ကြရတယ်၊ ဒေါသထွက်ကြရ၊ ငိုကြတဲ့အဆင့်အထိဖြစ်လာတယ်။ ပျော်စရာကောင်းတဲ့အချိန်ထက် စိတ်ညစ်စရာအချိန်တွေက ပိုများလာတာမျိုးပေါ့။

သူ့ကို စိတ်မချတာလား ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုမရှိတာလား

ဒီအခြေအနေမှာ ကိုယ့်ကိုယ်ကိုယ် ပြန်ဆန်းစစ်ကြည့်ရအောင်နော်။ ဒီလို လူတိုင်းနဲ့သဝန်တိုနေတာက သူ့ကို စိတ်မချဖြစ်နေတာလား။ ကိုယ့်လက်တွဲဖော်က ပတ်သက်သမျှ မိန်းမတိုင်းနဲ့ ဖောက်ပြန်နေတဲ့ စာရိတ္တပျက်ယွင်းသူဖြစ်နေပြီလား ? ဒါဆိုရင် သူ့ကို သဝန်တိုနေမှာထက် ဒီလိုလူမျိုးနဲ့ ရှေ့ဆက်လက်မတွဲသင့်တော့ပါဘူးနော်။

ဒါမှမဟုတ် ကိုယ်ကပဲ အစိုးရိမ်ကြီးနေတာလား ? ဒါဆိုရင် ကိုယ့်ရဲ့သံသယက ကိုယ်ချစ်ရတဲ့သူကို စော်ကားနေသလိုဖြစ်နေတာ ပြန်သုံးသပ်သင့်ပါတယ်နော်။ ဒီလို သံသယတွေများနေတာကလည်း ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုလျော့နည်းနေတာကြောင့်လဲ ဖြစ်နိုင်ပါတယ်။

Related article>>>ချစ်သူနဲ့ ထာဝရပေါင်းဖက်လိုသူတိုင်း ကျော်ဖြတ်ရမယ့် အဆင့် (၃) ဆင့်

ကိုယ့်ရဲ့အလှအပ ကိုယ့်ရဲ့ စွမ်းဆောင်ရည်အပေါ် ယုံကြည်မှုနည်းနေတယ်ဆိုရင် ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုပြန်ရအောင် အားထုတ်ပါ။ ဒါဆို အချစ်ရေးမှာလည်း ပိုအဆင်ပြေလာပါလိမ့်မယ်။

ယောင်းတို့ရေ … ပျော်စရာကောင်းတဲ့ ချစ်ခြင်းတစ်ခုတည်ဆောက်ဖို့အတွက် သဝန်တိုခြင်းကို လိုအပ်သလောက်ပဲထုတ်သုံးကြပါ။ လိုတာထက်ပိုသုံးမိလို့ စိတ်ညစ်စရာတွေဖြစ်မလာပါစေနဲ့လို့ နောက်ဆုံးအသိပေးလိုက်ပါတယ်နော်။

ချစ်တဲ့ အက်ဒ်မင်

Sugar Cane (For Her Myanmar)

No Comments Yet

Comments are closed