ရိုဆန်တယ် ထင်ရပေမဲ့ တကယ်တမ်း အချစ်ရေးမှာ ပြဿနာဖြစ်နေစေတဲ့ အချက် (၆)ချက်

 ရိုဆန်တိုင်း မကောင်းဘူးဆိုတာ ဒါတွေကြောင့် ပြောနေရတာ..

တစ်ခါတလေ ချစ်သူတွေကြားမှာ ရိုဆန်တယ်ထင်ပြီး ပြုမူမိတာတွေက ရိုမဆန်တဲ့အပြင် အဆိပ်သင့်ဆက်ဆံရေး ဖြစ်သွားစေနိုင်ပါတယ်။ ပျော်ရွှင်တဲ့အချစ်ရေးကို ရှေ့ဆက်တည်မြဲသွားအောင် ဆောင်ရွက်နေတာပဲလို့ ယုံကြည်ထားပေမဲ့ ယောင်းရဲ့ ချစ်သူက ဒီလိုအမူအရာတွေကို ပြလာပြီဆိုရင်တော့ သတိထားဖို့ သင့်ပါပြီနော်…

သူငယ်ချင်းတွေထက် ကိုယ့်ကို ပိုဦးစားပေးခြင်း

ကိုယ့်ချစ်သူက သူ့သူငယ်ချင်းတွေထက် ကိုယ့်ကို ပိုဦးစားပေးတတ်တဲ့အခါ အစမှာတော့ ဒါကို ရိုဆန်တယ်လို့ ထင်ကောင်းထင်နေမှာပါ။ ဒါပေမဲ့ သူငယ်ချင်း အရင်းကြီးတွေကို ပစ်ထားရလောက်အောင် အချစ်ရေးနဲ့ လူမှုဆက်ဆံရေး မခွဲခြားတတ်ဘူးဆိုရင်တော့ နည်းနည်းတော့ များနေပါပြီနော်။ ရိုးရိုးလေး စဉ်းစားကြည့်ရင်တောင် ကိုယ့်အတွက်နဲ့ ကိုယ့်ချစ်သူ မှာ မိတ်ဆွေနည်းသွားပြီး ဘောင်ကျဉ်းသွားမှာမျိုး ဘယ်မိန်းကလေးမှ မဖြစ်စေချင်ဘူး ဟုတ်? သူ့ဟာသူ ကမ္ဘာကျဉ်းနေတာက အကောင်း၊ ကိုယ့်ကမ္ဘာကိုပါ ကျဉ်းအောင် လာလုပ်နေမှ ဒိုးခတွေ ရောက်နေဦးမယ် 😀

အဆက်မပြတ် စာပို့ခြင်း

အားနေ messenger ကနေ ကတောင်..ကတောင် ဆိုပြီး စာတွေရောက်လာတော့ ငါ့ရည်းစားလေး ငါ့ကို ဂရုစိုက်လိုက်တာလို့ ပျော်မိတယ်ပေါ့… အဲ Reply ကြာလို့ ပြဿနာတက်နေကျ ဆိုရင်တော့ဖြင့် ဆင်ခြင်စရာတွေ ဖြစ်လာပါပြီ ယောင်းတို့ရေ.. သူပဲ ဖြစ်ဖြစ်၊ ကိုယ်ပဲဖြစ်ဖြစ် ကိုယ့်အလုပ်နဲ့ကိုယ် ရှုပ်နေတဲ့အချိန်တွေမှာ အဆက်မပြတ် ရောက်လာတဲ့ မက်ဆေ့ခ်ျတွေက အနှောင့်အယှက် ဖြစ်စေသလို ချစ်တဲ့စိတ်နဲ့ အလုပ်ရှုပ်တယ် မမြင်ရင်တောင်မှ တကယ်ကြီး မအားလို့ reply မပြန်ဖြစ်ရင် စောင့်နေရတဲ့ သူ့ဘက်ကို အားနာစရာကြီးရယ်လေ.. Reply ကြာလို့ ပြဿနာရှာတတ်တဲ့သူမျိုးဆို ပိုဆိုးပေါ့.. တစ်ချိန်လုံး သတ်နေရမယ့်ဖြစ်ခြင်း…

ဆိုရှယ်မီဒီယာမှာ နေရာအပြည့် တောင်းထားခြင်း

ချစ်သူရှိကြောင်း တစ်ခါတည်း ဖေ့စ်ဘွတ်မှာ မှတ်ပုံတင် ကြေညာထားတာ မမှားပါဘူးလို့ ဆိုကြမပေါ့လေ။ ဒါပေမဲ့ ပိုင်ရှင်ရှိသွားပြီဆိုတာလောက် မကြေညာဘဲ ချစ်သူနဲ့ သွားသမျှ နေရာတိုင်း activities တိုင်းကို မျက်စိစပါးမွေးစူးအောင် တောက်လျှောက်တင်တာကတော့ မဖြစ်သင့်ပါဘူးနော်။ ဒီဘက်ခေတ်မှာ ကြောက်ရမယ့် ရန်တွေကလည်း များသား မဟုတ်လား… ကိုယ်ကတော့ ချစ်လို့ ဘာရယ်မဟုတ် တင်လိုက်တာဆိုပေမဲ့ မစားရဝမခန်း မနာလိုတဲ့ လူတွေနှောင့်ယှက်ရင် နှစ်ဦးသား ကတောက်ကဆ ဖြစ်နိုင်စရာတွေ အများကြီးပါနော်..

Related Article >>> ချစ်တာလား ကိုယ့်ကိုယ်ကိုယ် နှစ်ပစ်နေတာလား ကွဲပြားပါစေ

အရမ်းကို မနာလို အူတို ဖြစ်နေခြင်း

ယောက်ျားလေးဆို သူငယ်ချင်းကိုတောင် မကြည်ရလောက်အောင်ကို ကိုယ်မင်းကို ချစ်တယ် ဆိုတာက စစချင်းတော့ ကိုယ့်ကို ချစ်တယ်လို့ ထင်မှာပေါ့။ သေချာစဉ်းစားကြည့်ရင် ဒါက မနာလိုအူတို ဖြစ်နေတာ များနေပြီဆိုတာ ပေါ်လာမှာပါ… တကယ်တမ်း ကိုယ့်ကို တကယ်ခင်ကြမင်ကြတဲ့ သူငယ်ချင်းတွေနဲ့တောင် ဟိုလူနဲ့ မပေါင်းရ၊ ဒီလူနဲ့ မတွဲရ ကန့်သတ်နေရင် ကိုယ့်ကမ္ဘာကြီးလည်း ပျောက်သွားမှာပေါ့.. သတိထားကြဖို့ပါနော်..

ကိုယ့်မိဘတွေနဲ့ အမြန်ဆုံးတွေ့ချင်နေခြင်း

စစချင်း ချိန်းတွေ့ရုံပဲ ရှိသေး မိဘတွေနဲ့ အရင်တွေ့ဖူးချင်တယ် ဆိုတာကြီးကတော့ များလွန်းတယ် မထင်ဘူးလား နော်.. ဒီကိစ္စတွေက အလွယ်တကူ ခံစားချက်တစ်ခုတည်းနဲ့ ဆုံးဖြတ်လို့ရတဲ့ ကိစ္စတွေ မဟုတ်ပါဘူးနော်..  နှစ်ဦးသား တစ်ယောက်အကြောင်း တစ်ယောက် အရင်သိအောင်လုပ်ပြီး ရှေ့ဆက်တွဲလို့ရမယ်ဆိုမှ နောက်တစ်ဆင့်အနေနဲ့ မိဘတွေနဲ့ ပေးတွေ့ပေးတာလောက် ဖြစ်သင့်တယ်လို့ အိမွန်ကထင်ပါတယ်။ ယောင်းတို့ရော ဘယ်လိုမြင်ကြလဲ?

အပန်းဖြေခရီးထွက်ဖို့ ပြင်ဆင်နေခြင်း

ခရီးတူတူ ထွက်တယ်ဆိုတာကလည်း ကိုယ်နဲ့ RS သက်တမ်း ကာလတစ်ခုထိ ကြာနေပြီဖြစ်တဲ့ ချစ်သူနဲ့ဆိုရင်တော့ မထောင်းတာဘူးပေါ့လေ။ တွဲတာမှ ဘယ်နှစ်ရက်၊ ဘယ်နှစ်လမှ မရှိသေး အတင်းကြီး ခရီးသွားဖို့ ပလန်တွေချ လာဆွယ်နေတယ်ဆိုရင်တော့ သတိထားပါယောင်းရယ်။ သတိဆိုတာ ပိုတယ်လို့တော့ မရှိဘူး မဟုတ်လား..

ဒီအချက်လေးတွေက ရိုဆန်တယ်လို့ ထင်ရသလောက် တကယ်တမ်းမှာတော့ ပြဿနာ တစ်ခုမဟုတ် တစ်ခုတက်စေတဲ့ အပြုအမူလေးတွေပါနော်.. ချစ်တာက ချစ်ပါ၊ ကိုယ့်အချစ်ကြောင့် တစ်ဘက်သား နစ်မွန်းမယ့် လုပ်ရပ်မျိုးကိုတော့ဖြင့် ရှောင်ကြဉ်ကြပါလို့..

အဆင်ပြေကြပါစေ ယောင်းတို့ရေ..

With Love

Ei Mon (For Her Myanmar)

References : MSN, Cosmopolitan

No Comments Yet

Comments are closed