နားလည်မှုအပြည့်ရှိတဲ့ ချစ်သူတစ်ယောက်ဖြစ်လာဖို့ အခြေခံ အချက် (၆)ချက်

<<< Unicode >>>

ဆောင်ရန် ရှောင်ရန်တွေပေါ့ ယောင်းရေ...

ကိုယ့်ဘက်က ချစ်သူအပေါ် လိုလေသေးမရှိ ဖြည့်ဆည်းပေးနိုင်ရင် ရပြီ..ဒီလောက်ဆိုရင် သာယာပျော်ရွှင်တဲ့ အချစ်ရေးဖြစ်နေပြီလို့ သတ်မှတ်ထားလို့ မရပါဘူး။ လူတစ်ကိုယ် စိတ်တစ်မျိုး ဆိုတော့ ကိုယ့်ချစ်သူရဲ့ စိတ်ကို အမြဲတမ်းအစိုးရဖို့တော့ မလွယ်ဘူးလေနော်။ ဆိုတော့ သူ့ဘက်ကိုယ့်ဘက် အမြဲညှိဖို့ လိုအပ်နေသလို ကိုယ်ကလည်း နားလည်မှု အပြည့်ပေးနိုင်ဖို့ လိုသေးတာပေါ့… ဆိုတော့ကာ ဒီလို နားလည်မှု အပြည့်ရှိနေမယ့် ချစ်သူကောင်မလေး တစ်ယောက်ဖြစ်ဖို့အတွက် ဒါလေးတွေတော့ လိုပြီနော်…

၁။ ဖုန်းကို ဝေးဝေးထားပါ။

ဒီဘက်ခေတ်မှာ ဖုန်းကြောင့်ပဲ ချစ်သူတွေ အချင်းချင်းပြေလည်ကြသလို ဖုန်းကြောင့်ပဲ ပြဿနာတက်ကြတာ များပါတယ်။ သူနဲ့ အတူတူရှိနေရင် ဖုန်းကိုပဲ အာရုံစိုက်ပြီး စာရိုက် ပုံတင်တာတွေ ၊ အင်တာနက်ဆောင်းပါး ထိုင်ဖတ်နေတာတွေက ပြဿနာ အကြီးစားနော် ယောင်းရေ။ သူနဲ့တူတူရှိတဲ့အခါ ဖုန်းကို တတ်နိုင်သမျှ မသုံးဘဲ သူ့ကိုပဲ အလေးပေးပြီး တူတူရှိရတဲ့ အခိုက်အတန့်လေးတွေကို မြတ်နိုးတယ်ဆိုတာ ပေါ်လွင်အောင် ပြသရပါမယ်။ သူ့နားမှာ စိတ်ရောကိုယ်ပါ အမြဲရှိနေတဲ့ ချစ်သူကောင်မလေးမှန်း ထင်ရှားစေတဲ့ အချက်ပေါ့။

၂။ သူစကားပြောရင် အလေးပေး နားထောင်ပါ။

တစ်နေ့တာမှာ ဖြစ်ပျက်ခဲ့တဲ့ အကြောင်းအရာတွေကို အရင်းနှီးဆုံးလူကို ရင်ဖွင့်ချင်တာ သဘာဝပါပဲ။ ကိုယ့်ချစ်သူရဲ့ အလုပ်အခြေအနေ၊ သူကြိုက်တဲ့ ဘောလုံးအသင်း ဒါမှမဟုတ် သူစိတ်ဝင်စားတဲ့ တခြားအကြောင်းအရာလေးတွေကို ပြောပြတဲ့အခါ သေချာလေး ဂရုစိုက် နားထောင်ပါ။ စိတ်မပါသလို နားထောင်ပြီး ခဏခဏ ပြန်မေးနေမယ်ဆိုရင်တော့ ကိုယ်လည်း စိတ်မရှည်ဘူး ဟုတ်? သူ့ခေါင်းထဲက အတွေးတွေနဲ့ ထပ်တူကျတဲ့ ခံစားချက်မျိုး ကိုယ့်ဆီမှာ ရှိနေတယ်ဆိုတာက သူ့ပေါ် နားလည်မှု ဘယ်လောက်ထိ မြင့်မားတယ်ဆိုတာ ပြသရာရောက်ပါတယ်။

Related Article >>> အသန့်အရမ်းကြိုက်တဲ့ ကောင်လေးကို ချစ်သူတော်ထားရသောအခါ …

၃။ သူ့ကို စပရိုက် (surprise) လေးတွေ တိုက်ပါ။

မမျှော်လင့်ထားတဲ့ အရာလေးတွေကို အံ့အားသင့်သွားအောင် ဖြည့်ဆည်းနိုင်တာကလည်း ချစ်သူမိန်းကလေး တစ်ယောက်ရဲ့ အရည်အချင်းတစ်မျိုးလို့ ဆိုရမှာပါပဲ။ တွဲလာတဲ့ Rs သက်တမ်းကြာလာပြီး နေ့စဉ်လှုပ်ရှားမှုတွေက နည်းနည်း ပျင်းဖို့ကောင်းတယ်လို့ ထင်လာရင် ဒီလိုမျိုး စပရိုက်လေးတွေ တိုက်ရပါမယ်။ သူကြိုက်တတ်တဲ့ အရာလေးတွေကို အလိုက်တသိ ဖြည့်ဆည်းပေးတတ်တဲ့ ကောင်မလေးမျိုးရထားရင် ဒီကမ္ဘာမှာ သူက ကံအကောင်းဆုံး လူသားလို့ မှတ်ယူသွားမှာပါ ယောင်းရေ။

၄။ ကိုယ်ပိုင်လွတ်လပ်ခွင့် ပေးထားပါ။ မချုပ်ချယ်ပါနဲ့။ 

လူတိုင်းကတော့ ချစ်ရသူနဲ့ မခွဲအတူ ရှိနေချင်တာ ထုံးစံပါပဲ။ ဒါပေမဲ့ တကယ်တမ်းကျတော့ ချစ်သူကောင်လေးမှာလည်း သူ့ရဲ့ လွတ်လပ်ခွင့် ၊ သူငယ်ချင်းတွေနဲ့ ပျော်ပါးချင်တဲ့အချိန် ၊ သူ့ဘဝအတွက် အခြား အရေးပါတဲ့အရာတွေ၊ ဝါသနာတွေကို ဖန်တီးချင်မှာပါပဲ။ ဒီတော့ နှစ်ဦးကြားမှာ ဘောင်တစ်ခုထားပြီး သူဝါသနာပါရာတွေကို လေ့လာလိုက်စားနိုင်တဲ့ အချိန်လေး ပေးသင့်ပါတယ်။

၅။ ဂျေဝင်တာတွေ လျှော့ပါ။

ကိုယ့်ချစ်သူက ကိုယ့်နောက်ကွယ်မှာ စိတ်ချယုံကြည်ရတယ်ဆိုရင်တော့ မနာလို ဝန်တိုတာတွေ လျှော့ပါ ယောင်းရေ။ သူဘယ်သွားလဲ ၊ ဘယ်သူနဲ့ သွားတာလဲကအစ မယုံသင်္ကာ စစ်မေးနေမယ်ဆိုရင်တော့ သူ့ကို မယုံကြည်ကြောင်း ပြသလို ဖြစ်နေပါတယ်။ ဒီတော့ ဂျေဝင်တဲ့စိတ်ကို တစ်ဝက်လောက် လျှော့ထားပါ။ ချစ်သူ သဘာဝ သဝန်တိုတယ်၊ ချစ်လို့ သဝန်တိုတယ်ဆိုပေမဲ့လို့ အမြဲတမ်းလိုလို သဝန်တိုနေမယ်ဆိုရင်တော့ ယောင်းကိုယ်တိုင်လည်း ပူလောင်ရသလို သူလည်း စိတ်ကျဉ်းကျပ်ပြီး စိတ်ပျက်သွားနိုင်ပါတယ်။

Related Article >>> ရိုဆန်တယ် ထင်ရပေမဲ့ တကယ်တမ်း အချစ်ရေးမှာ ပြဿနာဖြစ်နေစေတဲ့ အချက် (၆)ချက်

၆။ မလိုလားအပ်တဲ့ ဒရာမာတွေ မဖန်တီးပါနဲ့။

အိမွန်တို့ စိတ်တွေကလည်း ခက်သားနော်။ တစ်ခါတလေဆို ကိုယ့်စိတ်ကိုယ်တောင် အစိုးမရဘူး ဖြစ်နေတတ်တာမျိုး။ ကိုယ်တောင် ကိုယ့်စိတ်ကို အစိုးမရရင် ကိုယ့်ချစ်သူကလည်း ကိုယ့်စိတ်ကို ဘယ်လိုဖတ်တတ်တော့မှာလဲနော်…  ဒီတော့ စိတ်ဆိုးလာရင် အကြောင်းအရင်း မည်မည်ရရ မပြောပြဘဲ စိတ်ကောက်နေတာထက်စာရင် ပွင့်ပွင့်လင်းလင်း ဖြေရှင်းတာက အကောင်းဆုံးပါပဲ။

အချစ်ရေးမှာ အဆင်ပြေနိုင်ကြပါစေ ယောင်းတို့ရေ…

With love

Ei  Mon (For Her Myanmar)

References: Live about, She Knows

<<<Zawgyi>>>

ေဆာင္ရန္ ေရွာင္ရန္ေတြေပါ့ ေယာင္းေရ…

ကိုယ့္ဘက္က ခ်စ္သူအေပၚ လိုေလေသးမရွိ ျဖည့္ဆည္းေပးႏိုင္ရင္ ရၿပီ..ဒီေလာက္ဆိုရင္ သာယာေပ်ာ္ရႊင္တဲ့ အခ်စ္ေရးျဖစ္ေနၿပီလို႔ သတ္မွတ္ထားလို႔ မရပါဘူး။ လူတစ္ကိုယ္ စိတ္တစ္မ်ိဳး ဆိုေတာ့ ကိုယ့္ခ်စ္သူရဲ႕ စိတ္ကို အၿမဲတမ္းအစိုးရဖို႕ေတာ့ မလြယ္ဘူးေလေနာ္။ ဆိုေတာ့ သူ႕ဘက္ကိုယ့္ဘက္ အၿမဲညွိဖို႔ လိုအပ္ေနသလို ကိုယ္ကလည္း နားလည္မႈ အျပည့္ေပးႏုိင္ဖုိ႔ လိုေသးတာေပါ့… ဆိုေတာ့ကာ ဒီလို နားလည္မႈ အျပည့္ရွိေနမယ့္ ခ်စ္သူေကာင္မေလး တစ္ေယာက္ျဖစ္ဖို႔အတြက္ ဒါေလးေတြေတာ့ လိုၿပီေနာ္…

၁။ ဖုန္းကို ေဝးေဝးထားပါ။

ဒီဘက္ေခတ္မွာ ဖုန္းေၾကာင့္ပဲ ခ်စ္သူေတြ အခ်င္းခ်င္းေျပလည္ၾကသလို ဖုန္းေၾကာင့္ပဲ ျပႆနာတက္ၾကတာ မ်ားပါတယ္။ သူနဲ႔ အတူတူရွိေနရင္ ဖုန္းကိုပဲ အာရံုစိုက္ၿပီး စာရိုက္ ပံုတင္တာေတြ ၊ အင္တာနက္ေဆာင္းပါး ထိုင္ဖတ္ေနတာေတြက ျပႆနာ အႀကီးစားေနာ္ ေယာင္းေရ။ သူနဲ႔တူတူရွိတဲ့အခါ ဖုန္းကို တတ္ႏိုင္သမွ် မသံုးဘဲ သူ႔ကိုပဲ အေလးေပးၿပီး တူတူရွိရတဲ့ အခိုက္အတန္႔ေလးေတြကို ျမတ္ႏိုးတယ္ဆိုတာ ေပၚလြင္ေအာင္ ျပသရပါမယ္။ သူ႕နားမွာ စိတ္ေရာကိုယ္ပါ အၿမဲရွိေနတဲ့ ခ်စ္သူေကာင္မေလးမွန္း ထင္ရွားေစတဲ့ အခ်က္ေပါ့။

၂။ သူစကားေျပာရင္ အေလးေပး နားေထာင္ပါ။

တစ္ေန႔တာမွာ ျဖစ္ပ်က္ခဲ့တဲ့ အေၾကာင္းအရာေတြကို အရင္းႏွီးဆံုးလူကို ရင္ဖြင့္ခ်င္တာ သဘာဝပါပဲ။ ကိုယ့္ခ်စ္သူရဲ႕ အလုပ္အေျခအေန၊ သူႀကိဳက္တဲ့ ေဘာလံုးအသင္း ဒါမွမဟုတ္ သူစိတ္ဝင္စားတဲ့ တျခားအေၾကာင္းအရာေလးေတြကို ေျပာျပတဲ့အခါ ေသခ်ာေလး ဂရုစိုက္ နားေထာင္ပါ။ စိတ္မပါသလို နားေထာင္ၿပီး ခဏခဏ ျပန္ေမးေနမယ္ဆိုရင္ေတာ့ ကိုယ္လည္း စိတ္မရွည္ဘူး ဟုတ္? သူ႕ေခါင္းထဲက အေတြးေတြနဲ႕ ထပ္တူက်တဲ့ ခံစားခ်က္မ်ိဳး ကိုယ့္ဆီမွာ ရွိေနတယ္ဆိုတာက သူ႕ေပၚ နားလည္မႈ ဘယ္ေလာက္ထိ ျမင့္မားတယ္ဆိုတာ ျပသရာေရာက္ပါတယ္။

Related Article >>> အသန္႔အရမ္းႀကိဳက္တဲ့ ေကာင္ေလးကို ခ်စ္သူေတာ္ထားရေသာအခါ …

၃။ သူ႕ကို စပရိုက္ (surprise) ေလးေတြ တိုက္ပါ။

မေမွ်ာ္လင့္ထားတဲ့ အရာေလးေတြကို အံ့အားသင့္သြားေအာင္ ျဖည့္ဆည္းႏိုင္တာကလည္း ခ်စ္သူမိန္းကေလး တစ္ေယာက္ရဲ႕ အရည္အခ်င္းတစ္မ်ိဳးလို႔ ဆိုရမွာပါပဲ။ တြဲလာတဲ့ Rs သက္တမ္းၾကာလာၿပီး ေန႔စဥ္လႈပ္ရွားမႈေတြက နည္းနည္း ပ်င္းဖုိ႕ေကာင္းတယ္လို႔ ထင္လာရင္ ဒီလိုမ်ိဳး စပရိုက္ေလးေတြ တိုက္ရပါမယ္။ သူႀကိဳက္တတ္တဲ့ အရာေလးေတြကို အလိုက္တသိ ျဖည့္ဆည္းေပးတတ္တဲ့ ေကာင္မေလးမ်ိဳးရထားရင္ ဒီကမၻာမွာ သူက ကံအေကာင္းဆံုး လူသားလို႔ မွတ္ယူသြားမွာပါ ေယာင္းေရ။

၄။ ကိုယ္ပိုင္လြတ္လပ္ခြင့္ ေပးထားပါ။ မခ်ဳပ္ခ်ယ္ပါနဲ႔။ 

လူတိုင္းကေတာ့ ခ်စ္ရသူနဲ႔ မခြဲအတူ ရွိေနခ်င္တာ ထံုးစံပါပဲ။ ဒါေပမဲ့ တကယ္တမ္းက်ေတာ့ ခ်စ္သူေကာင္ေလးမွာလည္း သူ႕ရဲ႕ လြတ္လပ္ခြင့္ ၊ သူငယ္ခ်င္းေတြနဲ႔ ေပ်ာ္ပါးခ်င္တဲ့အခ်ိန္ ၊ သူ႕ဘဝအတြက္ အျခား အေရးပါတဲ့အရာေတြ၊ ဝါသနာေတြကို ဖန္တီးခ်င္မွာပါပဲ။ ဒီေတာ့ ႏွစ္ဦးၾကားမွာ ေဘာင္တစ္ခုထားၿပီး သူဝါသနာပါရာေတြကို ေလ့လာလိုက္စားႏိုင္တဲ့ အခ်ိန္ေလး ေပးသင့္ပါတယ္။

၅။ ေဂ်ဝင္တာေတြ ေလွ်ာ့ပါ။

ကိုယ့္ခ်စ္သူက ကိုယ့္ေနာက္ကြယ္မွာ စိတ္ခ်ယံုၾကည္ရတယ္ဆိုရင္ေတာ့ မနာလို ဝန္တိုတာေတြ ေလွ်ာ့ပါ ေယာင္းေရ။ သူဘယ္သြားလဲ ၊ ဘယ္သူနဲ႕ သြားတာလဲကအစ မယံုသကၤာ စစ္ေမးေနမယ္ဆိုရင္ေတာ့ သူ႕ကို မယံုၾကည္ေၾကာင္း ျပသလို ျဖစ္ေနပါတယ္။ ဒီေတာ့ ေဂ်ဝင္တဲ့စိတ္ကို တစ္ဝက္ေလာက္ ေလွ်ာ့ထားပါ။ ခ်စ္သူ သဘာဝ သဝန္တိုတယ္၊ ခ်စ္လို႔ သဝန္တိုတယ္ဆိုေပမဲ့လို႔ အၿမဲတမ္းလိုလို သဝန္တိုေနမယ္ဆိုရင္ေတာ့ ေယာင္းကိုယ္တိုင္လည္း ပူေလာင္ရသလို သူလည္း စိတ္က်ဥ္းက်ပ္ၿပီး စိတ္ပ်က္သြားႏုိင္ပါတယ္။

Related Article >>> ရိုဆန္တယ္ ထင္ရေပမဲ့ တကယ္တမ္း အခ်စ္ေရးမွာ ျပႆနာျဖစ္ေနေစတဲ့ အခ်က္ (၆)ခ်က္

၆။ မလိုလားအပ္တဲ့ ဒရာမာေတြ မဖန္တီးပါနဲ႕။

အိမြန္တို႔ စိတ္ေတြကလည္း ခက္သားေနာ္။ တစ္ခါတေလဆို ကိုယ့္စိတ္ကိုယ္ေတာင္ အစိုးမရဘူး ျဖစ္ေနတတ္တာမ်ိဳး။ ကိုယ္ေတာင္ ကိုယ့္စိတ္ကို အစိုးမရရင္ ကိုယ့္ခ်စ္သူကလည္း ကိုယ့္စိတ္ကို ဘယ္လိုဖတ္တတ္ေတာ့မွာလဲေနာ္…  ဒီေတာ့ စိတ္ဆိုးလာရင္ အေၾကာင္းအရင္း မည္မည္ရရ မေျပာျပဘဲ စိတ္ေကာက္ေနတာထက္စာရင္ ပြင့္ပြင့္လင္းလင္း ေျဖရွင္းတာက အေကာင္းဆံုးပါပဲ။

အခ်စ္ေရးမွာ အဆင္ေျပႏုိင္ၾကပါေစ ေယာင္းတို႔ေရ…

With love

Ei  Mon (For Her Myanmar)

References: Live about, She Knows

No Comments Yet

Comments are closed