လက္တြဲေဖာ္နဲ႔ျပႆနာျဖစ္တိုင္း ၿငိမ္းခ်မ္းစြာရန္ေျပၿငိမ္းႏိုင္မယ့္ နည္းလမ္း(၅)ခု

လင္နဲ႔မယား လွ်ာနဲ႔သြားဆိုေတာ့လည္း…  

ဘဝလက္တြဲေဖာ္ရယ္လို႔ ျဖစ္လာၿပီးတဲ့ေနာက္မွာ ႏွစ္ေယာက္သား စိတ္သေဘာထားခ်င္း မတိုက္ဆိုင္တာေတြ၊ ဘုနဲ႔ေဘာက္ျဖစ္တာေတြက သဘာဝပါပဲ။ ေဆြမ်ိဳးသားခ်င္းနဲ႔ေတာင္ အဆင္မေျပတဲ့အခိုက္အတန္႔ေတြရွိေသးတာ ေသြးမေတာ္သားမစပ္တဲ့ လူႏွစ္ေယာက္ဆို ေျပာဖြယ္မရွိေပါ့။ ဒီလိုအခါမ်ိဳးေတြမွာ ညိွႏႈိင္းေျဖရွင္းတာသာ မလုပ္မိရင္ အပ်က္ပ်က္နဲ႔ ႏွာေခါင္းေသြးထြက္ရုံပဲ ရွိမယ္ေယာင္းရယ္။ ခက္တာက ေသြးပြက္ပြက္ဆူေနတဲ့အခ်ိန္ဆို ေျဖရွင္းနည္းက အလြယ္တကူေခါင္းထဲေရာက္မလာတာပဲ။ ဒီေတာ့ လက္တြဲေဖာ္နဲ႔ ျပႆနာအစပ်ိဳးလာၿပီဆိုရင္ …

(၁) ႏႈတ္ဆိတ္ေနလိုက္ပါ

ဟုတ္ပါတယ္ ေယာင္းေရ … အရင္ဆံုး ႏႈတ္ဆိတ္ေနလိုက္တာ အေကာင္းဆံုးပါပဲ။ ဝစီေဗဒထိတိုင္းရွတဲ့။ တစ္ေယာက္နဲ႔တစ္ေယာက္ အေခ်အတင္ခြန္းႀကီးခြန္းငယ္ေျပာရင္ ပိုဆိုးရုံပဲရွိတာပါ။ စိတ္ဆိုးေနတဲ့အခ်ိန္ ကုိယ္ခ်စ္ရတဲ့လက္တြဲေဖာ္ကို လွ်ာေစာင္းထက္ထက္နဲ႔ ေျပာခဲ့သမွ်ေတြက ေယာင္းတို႔အိမ္ေထာင္ေရးကို အထိခိုက္ေစဆံုးမို႔ ျပႆနာျဖစ္ရင္ စိတ္ေအးသြားတဲ့အခ်ိန္ထိ ႏႈတ္ဆိတ္ၿပီး ခဏေရွာင္ေနလိုက္ပါ။

Related article >>> Relationship တစ္ခုမွာ မလုပ္သင့္တဲ့အျပဳအမူမ်ား

(၂) နားေထာင္ေပးပါ

Stella တို႔ေတြက ေျပာဖို႔ပဲအားသန္ၾကၿပီး သူတစ္ပါးရဲ႕ခံစားခ်က္ေတြကို နားေထာင္ေပးဖို႔ ေမ့ေလ်ာ့ေနတဲ့အထိ အတၱႀကီးတတ္ၾကတယ္။ ဒါေတြကပဲ အနားက တန္ဖိုးမျဖတ္ႏိုင္တဲ့ လူတခ်ိဳ႕ကို ဆံုးရႈံးေနေစရတဲ့ အေၾကာင္းရင္းေတြပါ။ အလုအယက္ေျပာၿပီး ကိုယ္မွန္ေၾကာင္းသက္ေသျပဖို႔ ႀကိဳးစားေနမယ့္အစား သူ႕ဘက္ကေကာ ဘာေျပာစရာရွိလဲဆိုတာ နားေထာင္ေပးသင့္ပါတယ္။

(၃) သူဘာေတြၾကံဳေတြ႔ေနရတယ္ဆိုတာသိပါေစ

တစ္အိုးတစ္အိမ္တည္ေထာင္ၿပီဆိုတာနဲ႔ လူႏွစ္ေယာက္က တစ္ေသြးတည္းတစ္သားတည္းျဖစ္ေနၿပီေလ။ ဆိုးတူေကာင္းဖက္ ဘာမဆိုမွ်ေဝခံစားဖို႔ ကတိျပဳခဲ့ၿပီးၿပီပဲ။ ဒါေၾကာင့္ တစ္ဖက္သားမွာေကာ ဘယ္လိုအခက္အခဲေတြရွိေနလဲ၊ နိစၥဓူဝကိစၥအေထြေေထြ အဆင္ေျပရဲ႕လား ဆိုတာေတြကို မသိရင္ေတာင္ သိေအာင္ႀကိဳးစားပါ။

Related article >>> မသိလိုက္မသိဘာသာနဲ႔ Relationship တစ္ခုကို ပ်က္စီးေစတဲ့အက်င့္ေတြ

(၄) ဘံုရန္သူကိုသိပါ

ဘံုရန္သူဆိုတာ တျခားမဟုတ္ဘူး။ ေယာင္းတို႔ျဖစ္ေနတဲ့ ျပႆနာပါပဲ။ ျပႆနာကို အျမန္ဆံုးေျဖရွင္းဖို႔ မႀကိဳးစားဘဲ သူ႔ထက္ငါအႏိုင္ရေရး တို႔အေရးျဖစ္ေနရင္ေတာ့ အဆံုးသတ္လွမယ္ မထင္ပါဘူး။

(၅) နားလည္ဖို႔ႀကိဳးစားပါ

ေယာင္းဘက္က မွန္ရင္လည္း မွန္ေနႏိုင္တယ္။ အႏိုင္ရသူက ေယာင္းျဖစ္ခ်င္လည္းျဖစ္မယ္။ ဒါေပမဲ့ အႏိုင္ရေတာ့ေကာ ဘာထူးလဲ ? အနာဂတ္မွာလည္း ဒီလိုျပႆနာေတြ ျဖစ္လာဦးမွာပဲ။ ေခါင္းထဲမွာ အႏိုင္ရဖို႔ပဲ ရွိေနမယ္ဆိုရင္ အခ်ိန္ယူတည္ေဆာက္ထားရတဲ့ relationship တစ္ခုကို ဆံုးရႈံးလိုက္ရဖို႔ပဲ ရွိပါတယ္။ တစ္ေယာက္ကို တစ္ေယာက္နားလည္မႈအျပည့္နဲ႔ ၿငိမ္းခ်မ္းေရးယူဖို႕က သာယာတဲ့အိမ္ေထာင္ေရးအတြက္ ေသာ့ခ်က္ပါပဲ။

ကဲ … ေယာင္းေရ။ ဒီေလာက္ဆိုရင္ ေယာင္းလည္း လက္တြဲေဖာ္နဲ႔ ျပႆနာေတြ ၾကံဳလာရင္ ဘယ္လိုေျဖရွင္းသင့္တယ္ဆိုတာ စဥ္းစားလို႔ရသြားေလာက္ပါၿပီ။ ခ်စ္တဲ့သူအားလံုး လက္တြဲညီညီ ဘဝခရီးကို ေလွ်ာက္လွမ္းႏိုင္ပါေစေနာ္။

Stella (For Her Myanmar)

<<<Unicode>>>

 

လင်နဲ့မယား လျှာနဲ့သွားဆိုတော့လည်း…  

ဘဝလက်တွဲဖော်ရယ်လို့ ဖြစ်လာပြီးတဲ့နောက်မှာ နှစ်ယောက်သား စိတ်သဘောထားချင်း မတိုက်ဆိုင်တာတွေ၊ ဘုနဲ့ဘောက်ဖြစ်တာတွေက သဘာဝပါပဲ။ ဆွေမျိုးသားချင်းနဲ့တောင် အဆင်မပြေတဲ့အခိုက်အတန့်တွေရှိသေးတာ သွေးမတော်သားမစပ်တဲ့ လူနှစ်ယောက်ဆို ပြောဖွယ်မရှိပေါ့။ ဒီလိုအခါမျိုးတွေမှာ ညှိနှိုင်းဖြေရှင်းတာသာ မလုပ်မိရင် အပျက်ပျက်နဲ့ နှာခေါင်းသွေးထွက်ရုံပဲ ရှိမယ်ယောင်းရယ်။ ခက်တာက သွေးပွက်ပွက်ဆူနေတဲ့အချိန်ဆို ဖြေရှင်းနည်းက အလွယ်တကူခေါင်းထဲရောက်မလာတာပဲ။ ဒီတော့ လက်တွဲဖော်နဲ့ ပြဿနာအစပျိုးလာပြီဆိုရင် …

(၁) နှုတ်ဆိတ်နေလိုက်ပါ

ဟုတ်ပါတယ် ယောင်းရေ … အရင်ဆုံး နှုတ်ဆိတ်နေလိုက်တာ အကောင်းဆုံးပါပဲ။ ဝစီဗေဒထိတိုင်းရှတဲ့။ တစ်ယောက်နဲ့တစ်ယောက် အချေအတင်ခွန်းကြီးခွန်းငယ်ပြောရင် ပိုဆိုးရုံပဲရှိတာပါ။ စိတ်ဆိုးနေတဲ့အချိန် ကိုယ်ချစ်ရတဲ့လက်တွဲဖော်ကို လျှာစောင်းထက်ထက်နဲ့ ပြောခဲ့သမျှတွေက ယောင်းတို့အိမ်ထောင်ရေးကို အထိခိုက်စေဆုံးမို့ ပြဿနာဖြစ်ရင် စိတ်အေးသွားတဲ့အချိန်ထိ နှုတ်ဆိတ်ပြီး ခဏရှောင်နေလိုက်ပါ။

Related article >>> Relationship တစ်ခုမှာ မလုပ်သင့်တဲ့အပြုအမူများ

(၂) နားထောင်ပေးပါ

Stella တို့တွေက ပြောဖို့ပဲအားသန်ကြပြီး သူတစ်ပါးရဲ့ခံစားချက်တွေကို နားထောင်ပေးဖို့ မေ့လျော့နေတဲ့အထိ အတ္တကြီးတတ်ကြတယ်။ ဒါတွေကပဲ အနားက တန်ဖိုးမဖြတ်နိုင်တဲ့ လူတချို့ကို ဆုံးရှုံးနေစေရတဲ့ အကြောင်းရင်းတွေပါ။ အလုအယက်ပြောပြီး ကိုယ်မှန်ကြောင်းသက်သေပြဖို့ ကြိုးစားနေမယ့်အစား သူ့ဘက်ကကော ဘာပြောစရာရှိလဲဆိုတာ နားထောင်ပေးသင့်ပါတယ်။

(၃) သူဘာတွေကြုံတွေ့နေရတယ်ဆိုတာသိပါစေ

တစ်အိုးတစ်အိမ်တည်ထောင်ပြီဆိုတာနဲ့ လူနှစ်ယောက်က တစ်သွေးတည်းတစ်သားတည်းဖြစ်နေပြီလေ။ ဆိုးတူကောင်းဖက် ဘာမဆိုမျှဝေခံစားဖို့ ကတိပြုခဲ့ပြီးပြီပဲ။ ဒါကြောင့် တစ်ဖက်သားမှာကော ဘယ်လိုအခက်အခဲတွေရှိနေလဲ၊ နိစ္စဓူဝကိစ္စအထွေေထွေ အဆင်ပြေရဲ့လား ဆိုတာတွေကို မသိရင်တောင် သိအောင်ကြိုးစားပါ။

Related article >>> မသိလိုက်မသိဘာသာနဲ့ Relationship တစ်ခုကို ပျက်စီးစေတဲ့အကျင့်တွေ

(၄) ဘုံရန်သူကိုသိပါ

ဘုံရန်သူဆိုတာ တခြားမဟုတ်ဘူး။ ယောင်းတို့ဖြစ်နေတဲ့ ပြဿနာပါပဲ။ ပြဿနာကို အမြန်ဆုံးဖြေရှင်းဖို့ မကြိုးစားဘဲ သူ့ထက်ငါအနိုင်ရရေး တို့အရေးဖြစ်နေရင်တော့ အဆုံးသတ်လှမယ် မထင်ပါဘူး။

(၅) နားလည်ဖို့ကြိုးစားပါ

ယောင်းဘက်က မှန်ရင်လည်း မှန်နေနိုင်တယ်။ အနိုင်ရသူက ယောင်းဖြစ်ချင်လည်းဖြစ်မယ်။ ဒါပေမဲ့ အနိုင်ရတော့ကော ဘာထူးလဲ ? အနာဂတ်မှာလည်း ဒီလိုပြဿနာတွေ ဖြစ်လာဦးမှာပဲ။ ခေါင်းထဲမှာ အနိုင်ရဖို့ပဲ ရှိနေမယ်ဆိုရင် အချိန်ယူတည်ဆောက်ထားရတဲ့ relationship တစ်ခုကို ဆုံးရှုံးလိုက်ရဖို့ပဲ ရှိပါတယ်။ တစ်ယောက်ကို တစ်ယောက်နားလည်မှုအပြည့်နဲ့ ငြိမ်းချမ်းရေးယူဖို့က သာယာတဲ့အိမ်ထောင်ရေးအတွက် သော့ချက်ပါပဲ။

ကဲ … ယောင်းရေ။ ဒီလောက်ဆိုရင် ယောင်းလည်း လက်တွဲဖော်နဲ့ ပြဿနာတွေ ကြုံလာရင် ဘယ်လိုဖြေရှင်းသင့်တယ်ဆိုတာ စဉ်းစားလို့ရသွားလောက်ပါပြီ။ ချစ်တဲ့သူအားလုံး လက်တွဲညီညီ ဘဝခရီးကို လျှောက်လှမ်းနိုင်ပါစေနော်။

Stella (For Her Myanmar)

No Comments Yet

Comments are closed