အသက္(၂၅)ႏွစ္ေက်ာ္မွ စတြဲတဲ့စုံတြဲေတြ ပိုတည္ၿမဲရတဲ့ အခ်က္(၅)ခ်က္

မသိဘူး (၂၅)ႏွစ္ေက်ာ္မွ ရည္းစားထားေတာ့မယ္

အသက္ကျဖင့္ (၂၅)ႏွစ္ေက်ာ္ေနၿပီ အခုမွ ခ်စ္မလို႔ႀကိဳက္မလို႔ ၾကံစည္တုန္းလားဆိုၿပီး ေဝဖန္မေစာလိုက္ပါနဲ႔ဦး။  ႏုႏုနယ္နယ္အရြယ္ရဲ႕အခ်စ္ထက္ တည္ၿငိမ္ရင့္က်က္လာတဲ့အရြယ္ရဲ႕ အခ်စ္က ပိုတည္ၿမဲဖို႔ရာႏႈန္းမ်ားပါတယ္။ ဘယ္လိုအေၾကာင္းေတြေၾကာင့္ ပိုတည္ၿမဲရလဲဆိုေတာ့-

နားလည္မႈပိုရွိလာတယ္

အသက္(၂၅)ႏွစ္ေက်ာ္လာၿပီဆိုတာနဲ႔ ငယ္ရြယ္တုန္းကလို ဇြတ္တရြတ္လုပ္တတ္တာေလးေတြ မရွိေတာ့ဘဲ အက်ိဳးအေၾကာင္းကို ဆင္ျခင္သုံးသပ္တတ္တဲ့စိတ္ ပိုမ်ားလာတာမို႔ ေယာင္းတို႔အခ်င္းခ်င္း နားလည္မႈပိုရွိလာပါတယ္။ နားလည္မႈရွိေနသမွ်ေတာ့ ရန္ျဖစ္တာ ၊ အထင္လြဲတာေတြမရွိေတာ့ဘဲ ၿငိမ္းခ်မ္းတဲ့အခ်စ္ေရးဆီ ဦးတည္ႏိုင္မွာပါ။

Related article>>>အသက္ (၂၀) တုန္းက အခ်စ္ေရးနဲ႔ အသက္ (၃၀) က အခ်စ္ေရးနဲ႔ ကြာျခားခ်က္ (၅) ခ်က္

ကိုယ္ပိုင္ဝင္ေငြရွိလို႔ အျပန္အလွန္ေပ်ာ္ရႊင္မႈေတြ ဖန္တီးေပးႏိုင္တယ္

ဘယ္သူမဆို ကိုယ္ႀကိဳက္တဲ့အရာေလးေတြ လက္ေဆာင္ေပးတာမ်ိဳး ၊ ကိုယ္ႀကိဳက္တဲ့စားစရာေလးေတြ သတိတရဝယ္ေကၽြးတာမ်ိဳးဆို သေဘာက်ၾကတာပဲေလ။ အလုပ္လုပ္ၿပီး ဝင္ေငြရွိေနတဲ့ ေယာင္းတို႕လို (၂၅)ေက်ာ္အရြယ္ေတြမွသာ ဒီလိုေပ်ာ္ရႊင္မႈေတြကို အျပည့္အဝဖန္တီးႏိုင္တာမို႔ ေယာင္းတို႔အခ်စ္ေရးက  ေပ်ာ္ရႊင္မႈေတြနဲ႔  လက္တြဲၿမဲေနမွာပါ။

တတိယလူဝင္လာဖို႔ အခြင့္အေရးနည္းသြားမယ္

အသက္(၂၅)ေက်ာ္လာတဲ့အခါ စိတ္ကစားတတ္တဲ့စိတ္က အေတာ္ႀကီးနည္းသြားပါၿပီ။ ဘယ္သူကေတာ့ ကိုယ့္အတြက္ပိုအေရးႀကီးဆိုတာကို ေဝဖန္တတ္ေနၿပီမို႕ အခ်စ္ေရးကိုအေႏွာင့္အယွက္ျဖစ္ေစမယ့္ တတိယလူကို ေယာင္းတို႔ဘဝထဲ ဝင္ေရာက္ခံမွာမဟုတ္ပါဘူး။

လက္ထပ္ျဖစ္တဲ့စုံတြဲေတြ ပိုမ်ားတယ္

အသက္(၂၅)ေက်ာ္မွ ခ်စ္သူရည္းစားထားၿပီဆုိရင္ (၂)ေယာက္စလုံးကတည္ၿငိမ္လာၿပီျဖစ္သလို စတြဲဖို႕ကိုေတာင္ ေလးေလးနက္နက္စဥ္းစားလာပါၿပီ။  တစ္သက္လုံးလက္တြဲသြားဖို႔ အဆင္ေျပႏိုင္တာမ်ိဳး ၊ ကိုယ္နဲ႔ကိုက္ညီမယ့္ပုံမ်ိဳးကို ေသခ်ာဆုံးျဖတ္ၿပီးမွ လက္တြဲၾကတာမို႔ လက္ထပ္ျဖစ္ၾကတာမ်ားပါတယ္။

Related article>>>Relationship တစ္ခုမွာ မလုပ္သင့္တဲ့အျပဳအမူမ်ား

ေဖးမၿပီး ရည္ရြယ္ခ်က္ဆီတူတူတက္လွမ္းႏိုင္မယ္

ကေလးဆန္တဲ့အျပဳအမူေတြ ကုန္လြန္ေနၿပီမို႕ ဘဝအတြက္တိုးတက္ရာတိုးတက္ေၾကာင္းေတြကို တည့္တည့္မတ္္မတ္ သြားတတ္ေနပါၿပီ။ ဒီလိုလမ္းမွန္သြားေနတဲ့ လူ(၂)ေယာက္လက္တြဲလိုက္ၿပီဆိုရင္ ပိုၿပီးေကာင္းမြန္တဲ့လမ္းေၾကာင္းကို အျပန္အလွန္ေဖးမၿပီး ေလွ်ာက္လွမ္းႏိုင္မွာျဖစ္ပါတယ္။

ကဲ…ဒီေလာက္ဆိုရင္ေတာ့ အသက္(၂၅)ေက်ာ္မွစတြဲရင္ ဘယ္လိုအားသာခ်က္ေတြရႏိုင္မလဲဆိုတာကို သိျမင္သြားေလာက္ပါၿပီ။ မင္မင္ေျပာတဲ့ အားသာခ်က္ေတြကိုဖတ္ၿပီး ၂၅ေက်ာ္မွ ရည္းစားထားခ်င္သြားၿပီမွတ္လား? 😛

ခ်စ္ရတဲ့ မင္မင္

DiDi( For Her Myanmar )

>> Unicode >>>

မသိဘူး (၂၅)နှစ်ကျော်မှ ရည်းစားထားတော့မယ်

အသက်ကဖြင့် (၂၅)နှစ်ကျော်နေပြီ အခုမှ ချစ်မလို့ကြိုက်မလို့ ကြံစည်တုန်းလားဆိုပြီး ဝေဖန်မစောလိုက်ပါနဲ့ဦး။  နုနုနယ်နယ်အရွယ်ရဲ့အချစ်ထက် တည်ငြိမ်ရင့်ကျက်လာတဲ့အရွယ်ရဲ့ အချစ်က ပိုတည်မြဲဖို့ရာနှုန်းများပါတယ်။ ဘယ်လိုအကြောင်းတွေကြောင့် ပိုတည်မြဲရလဲဆိုတော့

-နားလည်မှုပိုရှိလာတယ်

အသက်(၂၅)နှစ်ကျော်လာပြီဆိုတာနဲ့ ငယ်ရွယ်တုန်းကလို ဇွတ်တရွတ်လုပ်တတ်တာလေးတွေ မရှိတော့ဘဲ အကျိုးအကြောင်းကို ဆင်ခြင်သုံးသပ်တတ်တဲ့စိတ် ပိုများလာတာမို့ ယောင်းတို့အချင်းချင်း နားလည်မှုပိုရှိလာပါတယ်။ နားလည်မှုရှိနေသမျှတော့ ရန်ဖြစ်တာ ၊ အထင်လွဲတာတွေမရှိတော့ဘဲ ငြိမ်းချမ်းတဲ့အချစ်ရေးဆီ ဦးတည်နိုင်မှာပါ။

Related article >>> အသက် (၂၀) တုန်းက အချစ်ရေးနဲ့ အသက် (၃၀) က အချစ်ရေးနဲ့ ကွာခြားချက် (၅) ချက်

-ကိုယ်ပိုင်ဝင်ငွေရှိလို့ အပြန်အလှန်ပျော်ရွှင်မှုတွေ ဖန်တီးပေးနိုင်တယ်

ဘယ်သူမဆို ကိုယ်ကြိုက်တဲ့အရာလေးတွေ လက်ဆောင်ပေးတာမျိုး ၊ ကိုယ်ကြိုက်တဲ့စားစရာလေးတွေ သတိတရဝယ်ကျွေးတာမျိုးဆို သဘောကျကြတာပဲလေ။ အလုပ်လုပ်ပြီး ဝင်ငွေရှိနေတဲ့ ယောင်းတို့လို (၂၅)ကျော်အရွယ်တွေမှသာ ဒီလိုပျော်ရွှင်မှုတွေကို အပြည့်အဝဖန်တီးနိုင်တာမို့ ယောင်းတို့အချစ်ရေးက  ပျော်ရွှင်မှုတွေနဲ့  လက်တွဲမြဲနေမှာပါ။

-တတိယလူဝင်လာဖို့ အခွင့်အရေးနည်းသွားမယ်

အသက်(၂၅)ကျော်လာတဲ့အခါ စိတ်ကစားတတ်တဲ့စိတ်က အတော်ကြီးနည်းသွားပါပြီ။ ဘယ်သူကတော့ ကိုယ့်အတွက်ပိုအရေးကြီးဆိုတာကို ဝေဖန်တတ်နေပြီမို့ အချစ်ရေးကိုအနှောင့်အယှက်ဖြစ်စေမယ့် တတိယလူကို ယောင်းတို့ဘဝထဲ ဝင်ရောက်ခံမှာမဟုတ်ပါဘူး။ လက်ထပ်ဖြစ်တဲ့စုံတွဲတွေ ပိုများတယ်အသက်(၂၅)ကျော်မှ ချစ်သူရည်းစားထားပြီဆိုရင် (၂)ယောက်စလုံးကတည်ငြိမ်လာပြီဖြစ်သလို စတွဲဖို့ကိုတောင် လေးလေးနက်နက်စဉ်းစားလာပါပြီ။  တစ်သက်လုံးလက်တွဲသွားဖို့ အဆင်ပြေနိုင်တာမျိုး ၊ ကိုယ်နဲ့ကိုက်ညီမယ့်ပုံမျိုးကို သေချာဆုံးဖြတ်ပြီးမှ လက်တွဲကြတာမို့ လက်ထပ်ဖြစ်ကြတာများပါတယ်။

Related article >>> Relationship တစ်ခုမှာ မလုပ်သင့်တဲ့အပြုအမူများ

ဖေးမပြီး ရည်ရွယ်ချက်ဆီတူတူတက်လှမ်းနိုင်မယ်

ကလေးဆန်တဲ့အပြုအမူတွေ ကုန်လွန်နေပြီမို့ ဘဝအတွက်တိုးတက်ရာတိုးတက်ကြောင်းတွေကို တည့်တည့်မတ်မတ် သွားတတ်နေပါပြီ။ ဒီလိုလမ်းမှန်သွားနေတဲ့ လူ(၂)ယောက်လက်တွဲလိုက်ပြီဆိုရင် ပိုပြီးကောင်းမွန်တဲ့လမ်းကြောင်းကို အပြန်အလှန်ဖေးမပြီး လျှောက်လှမ်းနိုင်မှာဖြစ်ပါတယ်။

ကဲ…ဒီလောက်ဆိုရင်တော့ အသက်(၂၅)ကျော်မှစတွဲရင် ဘယ်လိုအားသာချက်တွေရနိုင်မလဲဆိုတာကို သိမြင်သွားလောက်ပါပြီ။ မင်မင်ပြောတဲ့ အားသာချက်တွေကိုဖတ်ပြီး ၂၅ကျော်မှ ရည်းစားထားချင်သွားပြီမှတ်လား? 😛

ချစ်ရတဲ့ မင်မင်
DiDi( For Her Myanmar )

No Comments Yet

Comments are closed