ခ်စ္သူဆီက ေယာက်္ားေလးေတြအလိုခ်င္ဆံုးအရာ (၅) ခု

ဘာေတြျဖစ္မလဲ သိခ်င္ၾကတယ္မလား… မညာခ်င္စမ္းပါနဲ႔ကြာ.. 😛 

ကိုယ့္ခ်စ္သူကို နားလည္ေပးႏိုင္တဲ့သူတစ္ေယာက္ျဖစ္ဖို႔အတြက္ဆို သူကိုယ့္ဆီက ဘာေတြကို ေမွ်ာ္လင့္ထားတယ္ဆိုတဲ့အေၾကာင္းကိုလည္း နားလည္ထားဖို႔ လိုအပ္ပါတယ္ ေယာင္းတို႔ေရ… တစ္ခါတေလက် ကိုယ္နားလည္ထားတာက တစ္မ်ိဳး၊ သူတို႔ တကယ္ေမွ်ာ္လင့္တာက တစ္မ်ိဳးဆိုရင္ နားလည္မႈ လြဲႏိုင္စရာေတြက အမ်ားႀကီး ရွိတယ္ေလေနာ္..

ဒါေၾကာင့္ ေယာက္်ားေလး အမ်ားစုက သူတို႔ခ်စ္သူဆီက ဘာေတြကို ေမွ်ာ္လင့္တတ္ၾကလဲဆိုတာ အက္ဒ္မင္က စပ္စုၿပီး ေဖာ္ျပေပးလိုက္ပါတယ္ေနာ္…

၁။ ေလးစားမႈ

အလကားေန အလကား ေလးစားခံခ်င္ေနတာမ်ိဳးေတာ့ ဘယ္ဟုတ္မလဲေနာ္.. သူတို႔လိုခ်င္တာက သူတို႔ကို တန္းတူေလးစားမႈ ထားတာမ်ိဳးပါ။ ေယာက်္ားေလးအမ်ားစုက သူတုိ႔ကို လႊမ္းမိုး ခ်ဳပ္ကိုင္ခ်င္တဲ့ မိန္းကေလးမ်ိဳး၊ သူတို႔ရဲ႕ အရည္အခ်င္းကို အသိအမွတ္မျပဳခ်င္တဲ့ မိန္းကေလးမ်ိဳးကို သေဘာက်ေလ့မ႐ွိပါဘူး။ ခ်စ္မိလုိ႔ အစပိုင္းမွာ ခြင့္လႊတ္ေပးရင္ေတာင္ ေနာက္ပိုင္းမွာ အဆင္မေျပျဖစ္တတ္ၾကပါတယ္။

ဒါေၾကာင့္ မိန္းကေလးအေနနဲ႔ ကိုယ့္ခ်စ္သူဟာ ကိုယ့္ထက္ အသက္ငယ္တယ္၊ ဝင္ေငြအားျဖင့္ ကိုယ့္ထက္နည္းတယ္၊ အရည္အခ်င္းက ကိုယ့္ေလာက္မထူးခၽြန္႐ွာဘူးဆုိရင္ေတာင္ သူ႕အေပၚ ေလးစားမႈေပးလိုက္ပါ။ ႐ိုက်ိဳးေနရမယ္လုိ႔ ဆိုလိုတာမဟုတ္ဘူးေနာ္… သူ႔ရဲ႕ အရည္အခ်င္းကို အသိအမွတ္ျပဳေပးဖို႔ပဲ ေျပာတာပါ။

သူတုိ႔မွာ အားနည္းခ်က္႐ွိတယ္ဆုိရင္ ဒီအားနည္းခ်က္ကို အထိုက္အေလ်ာက္ နားလည္ေပးတာ၊ သူတို႔ရဲ႕ အရည္အခ်င္းေတြကို ျမင္ေပးၾကည့္ေပးတတ္တာမ်ိဳးကို လိုခ်င္ၾကတာပါ။ ဒါေတာ့ ေယာက္်ားေလးမွရယ္ မဟုတ္ဘူးလို႔ အက္ဒ္မင္ ထင္တာပဲရယ္..လူတိုင္းက ဒီလိုပဲ ျဖစ္မယ္ထင္ပါရဲ႕ေနာ္…

Related Article >>> ခ်စ္သူရည္းစားေတြၾကားမွာ ျဖစ္တတ္တဲ့ အူေၾကာင္ေၾကာင္ျပႆနာ (၅) မ်ိဳး

၂။ အားေပးမႈ

အေပၚမွာ ေျပာခဲ့သလိုပါပဲ။ ေယာက်္ားတုိင္းက ထူးခၽြန္ထက္ျမက္ေနတာ မဟုတ္ပါဘူး။ ႀကိဳးစားေနဆဲ အမ်ိဳးသားေတြအမ်ားႀကီးပါ။ ေနာက္ၿပီး ေအာင္ျမင္ေနတယ္ဆုိတဲ့ ေယာက်္ားေတြေတာင္ သူတို႔ကို အားေပးႏွစ္သိမ့္ရမယ့္အခ်ိန္ဆိုတာ လုိအပ္ပါတယ္။

ဒါေၾကာင့္ သူတို႔ရဲ႕ အရည္အခ်င္းေတြကိုျမင္ေအာင္ၾကည့္ပါ။ သူတုိ႔ရဲ႕ ႀကိဳးစားမႈကို အသိအမွတ္ျပဳေပးၿပီး အားေပးတဲ့ စကားေလးေတြ မၾကာမၾကာ ေျပာေပးပါ။ ဒါက ေယာက်္ားေလးေတြ သူတို႔ခ်စ္သူဆီက ေမွ်ာ္လင့္ေတာင့္တေနတဲ့အရာပါ။

၃။ ခ်စ္သူ သူရဲေကာင္း

ေယာက်္ားေလးအမ်ားစုကေလ သူတို႔ခ်စ္သူရဲ႕ အျမင္မွာ သူရဲေကာင္းႀကီး ျဖစ္ခ်င္ၾကတာပါ။ ငါ့ခ်စ္သူက ဘယ္လုိ ေတာ္တာ၊ ဘယ္လုိ သတၱိရွိတာ၊ ဘယ္လုိ အရည္အခ်င္း႐ွိတာဆုိတဲ့ စကားမ်ိဳးၾကားခ်င္သလုိ သူတုိ႔ခ်စ္သူရဲ႕ မ်က္စိထဲမွာ သူရဲေကာင္းတစ္ေယာက္အျဖစ္ ျမင္တာခံခ်င္တာပါ။

ဒါေၾကာင့္ သူ႔ရဲ႕ အရည္အခ်င္းေတြကို ခ်ီးက်ဴးေပးပါ။ ခ်စ္သူရဲ႕ ဘယ္အရည္အခ်င္းေတြကို ဘယ္လုိ သေဘာက်ေၾကာင္း ထုတ္ေဖာ္ေျပာေပးတတ္တဲ့အက်င့္ကို လုပ္ပါ။ ခ်စ္သူရဲ႕ အထင္ႀကီးေလးစားမႈဆုိတာ လူတိုင္းအတြက္ အားတစ္ခုပဲေလ…

Related Article >>> ခ်စ္သူနဲ႔ ထာဝရေပါင္းဖက္လိုသူတိုင္း ေက်ာ္ျဖတ္ရမယ့္ အဆင့္ (၃) ဆင့္

၄။ လံုျခံဳရာ

ေယာက်္ားေလးေတြဟာ ႀကံ့ခိုင္ရမယ္၊ ရဲရင့္ရမယ္လို႔ အစဥ္အလာအရသတ္မွတ္ၾကေပမဲ့ သူတုိ႔လည္း လူသားေတြပဲမို႔ ခံစားခ်က္ရွိၾကတာပဲေလ… ဒါေပမဲ့ လူတကာကို သူတုိ႔ထုတ္မျပခ်င္တာေၾကာင့္ ခ်စ္ရသူရဲ႕ ရင္ခြင္မွာ ငိုတာမ်ိဳး၊ သူေၾကာက္လန္႔ရတာေတြကို ရင္ဖြင့္တာမ်ိဳးလုပ္တတ္ပါတယ္။

ဒီလုိအခါမွာ “ေယာက်္ားျဖစ္ၿပီးေတာ့” .. ဆိုတဲ့ စကားမ်ိဳးနဲ႔ သူ႔ရဲ႕ ယံုၾကည္မႈေပ်ာက္ေအာင္မလုပ္ပါနဲ႔။ သူ႔ရဲ႕ အားနည္းခ်က္ေတြကို ယံုယံုၾကည္ၾကည္ျပလို႔ရတဲ့ လံုျခံဳရာ တစ္ခုသူလုိခ်င္တဲ့အခါ အားေပးႏွစ္သိမ့္မႈေတြနဲ႔ ျဖည့္ဆည္းေပးလုိက္ပါေနာ္။

၅။ ကိုယ္ပိုင္ေနရာ

ခ်စ္တဲ့သူဆုိမွေတာ့ အၿမဲတမ္းေတြ႕ခ်င္ျမင္တာေပါ့လို႔ ေတာ္ေတာ္မ်ားမ်ား ေတြးတတ္ၾကေပမဲ့ ေယာက်္ားေလးေတြက ဒီလိုမျမင္ပါဘူး။ မွန္ပါတယ္… ခ်စ္တဲ့သူမုိ႔ မၾကာခဏေတြ႕ခ်င္တယ္ ဒါေပမဲ့ သူတို႔ဘာသာ ေယာက်္ားေလးခ်င္းျဖစ္ေစ သူတစ္ေယာက္တည္းပဲျဖစ္ေစ အခ်ိန္ျဖဳန္းခ်င္တာမ်ိဳး ႐ွိၾကပါတယ္။ (ဒီလိုအခ်ိန္မ်ိဳးက တကယ္တမ္း ကိုယ့္အတြက္လည္း လိုအပ္တယ္ေလေနာ္… ကိုယ္ပိုင္အခ်ိန္ဆိုတာက လူတိုင္းမွာ ရွိသင့္တာ မဟုတ္လား)

ဒီအခါ မယံုသကၤာစိတ္ေတြနဲ႔ သူ႔အနားက မခြာဘဲ ေနဖို႔ ဇြတ္မႀကိဳးစားပါနဲ႔။ သူလုိခ်င္တဲ့ ကိုယ္ပိုင္ အခ်ိန္ေပးလုိက္ပါ။ ဒီအခါ ႏွစ္ဦးသားရဲ႕ အခ်စ္ေရးက ပိုသာယာလာမွာပါ။

ဒါေတြကေတာ့ သူတို႔ခ်စ္သူေတြဆီက ေယာက္်ားေလးေတြ အလိုခ်င္ဆံုးအရာ (၅)ခုပါပဲ႐ွင္။ တကယ့္တကယ္က်ေတာ့ ဒီအခ်က္ေတြဟာ ခက္ခဲတဲ့ အခ်က္ေတြ မဟုတ္ဘူးေလေနာ္… အဓိကက နားလည္မႈေလး နည္းနည္းေပးလိုက္မယ္ဆို အရာအားလံုး အဆင္ေျပသြားမွာပါ။ ခိုင္မာတဲ့ အခ်စ္ေရးတစ္ခုကို ႏွစ္ဦးသား တည္ေဆာက္ႏုိင္ၾကပါေစ ေယာင္းတို႔ေရ…

Sugar Cane (For Her Myanmar)

References: jordangrayconsulting, boundless

<<< Unicode >>>

ဘာတွေဖြစ်မလဲ သိချင်ကြတယ်မလား… မညာချင်စမ်းပါနဲ့ကွာ.. 😛 

ကိုယ့်ချစ်သူကို နားလည်ပေးနိုင်တဲ့သူတစ်ယောက်ဖြစ်ဖို့အတွက်ဆို သူကိုယ့်ဆီက ဘာတွေကို မျှော်လင့်ထားတယ်ဆိုတဲ့အကြောင်းကိုလည်း နားလည်ထားဖို့ လိုအပ်ပါတယ် ယောင်းတို့ရေ… တစ်ခါတလေကျ ကိုယ်နားလည်ထားတာက တစ်မျိုး၊ သူတို့ တကယ်မျှော်လင့်တာက တစ်မျိုးဆိုရင် နားလည်မှု လွဲနိုင်စရာတွေက အများကြီး ရှိတယ်လေနော်..

ဒါကြောင့် ယောက်ျားလေး အများစုက သူတို့ချစ်သူဆီက ဘာတွေကို မျှော်လင့်တတ်ကြလဲဆိုတာ အက်ဒ်မင်က စပ်စုပြီး ဖော်ပြပေးလိုက်ပါတယ်နော်…

၁။ လေးစားမှု

အလကားနေ အလကား လေးစားခံချင်နေတာမျိုးတော့ ဘယ်ဟုတ်မလဲနော်.. သူတို့လိုချင်တာက သူတို့ကို တန်းတူလေးစားမှု ထားတာမျိုးပါ။ ယောကျ်ားလေးအများစုက သူတို့ကို လွှမ်းမိုး ချုပ်ကိုင်ချင်တဲ့ မိန်းကလေးမျိုး၊ သူတို့ရဲ့ အရည်အချင်းကို အသိအမှတ်မပြုချင်တဲ့ မိန်းကလေးမျိုးကို သဘောကျလေ့မရှိပါဘူး။ ချစ်မိလို့ အစပိုင်းမှာ ခွင့်လွှတ်ပေးရင်တောင် နောက်ပိုင်းမှာ အဆင်မပြေဖြစ်တတ်ကြပါတယ်။

ဒါကြောင့် မိန်းကလေးအနေနဲ့ ကိုယ့်ချစ်သူဟာ ကိုယ့်ထက် အသက်ငယ်တယ်၊ ဝင်ငွေအားဖြင့် ကိုယ့်ထက်နည်းတယ်၊ အရည်အချင်းက ကိုယ့်လောက်မထူးချွန်ရှာဘူးဆိုရင်တောင် သူ့အပေါ် လေးစားမှုပေးလိုက်ပါ။ ရိုကျိုးနေရမယ်လို့ ဆိုလိုတာမဟုတ်ဘူးနော်… သူ့ရဲ့ အရည်အချင်းကို အသိအမှတ်ပြုပေးဖို့ပဲ ပြောတာပါ။

သူတို့မှာ အားနည်းချက်ရှိတယ်ဆိုရင် ဒီအားနည်းချက်ကို အထိုက်အလျောက် နားလည်ပေးတာ၊ သူတို့ရဲ့ အရည်အချင်းတွေကို မြင်ပေးကြည့်ပေးတတ်တာမျိုးကို လိုချင်ကြတာပါ။ ဒါတော့ ယောက်ျားလေးမှရယ် မဟုတ်ဘူးလို့ အက်ဒ်မင် ထင်တာပဲရယ်..လူတိုင်းက ဒီလိုပဲ ဖြစ်မယ်ထင်ပါရဲ့နော်…

Related Article >>> ချစ်သူရည်းစားတွေကြားမှာ ဖြစ်တတ်တဲ့ အူကြောင်ကြောင်ပြဿနာ (၅) မျိုး

၂။ အားပေးမှု

အပေါ်မှာ ပြောခဲ့သလိုပါပဲ။ ယောကျ်ားတိုင်းက ထူးချွန်ထက်မြက်နေတာ မဟုတ်ပါဘူး။ ကြိုးစားနေဆဲ အမျိုးသားတွေအများကြီးပါ။ နောက်ပြီး အောင်မြင်နေတယ်ဆိုတဲ့ ယောကျ်ားတွေတောင် သူတို့ကို အားပေးနှစ်သိမ့်ရမယ့်အချိန်ဆိုတာ လိုအပ်ပါတယ်။

ဒါကြောင့် သူတို့ရဲ့ အရည်အချင်းတွေကိုမြင်အောင်ကြည့်ပါ။ သူတို့ရဲ့ ကြိုးစားမှုကို အသိအမှတ်ပြုပေးပြီး အားပေးတဲ့ စကားလေးတွေ မကြာမကြာ ပြောပေးပါ။ ဒါက ယောကျ်ားလေးတွေ သူတို့ချစ်သူဆီက မျှော်လင့်တောင့်တနေတဲ့အရာပါ။

၃။ ချစ်သူ သူရဲကောင်း

ယောကျ်ားလေးအများစုကလေ သူတို့ချစ်သူရဲ့ အမြင်မှာ သူရဲကောင်းကြီး ဖြစ်ချင်ကြတာပါ။ ငါ့ချစ်သူက ဘယ်လို တော်တာ၊ ဘယ်လို သတ္တိရှိတာ၊ ဘယ်လို အရည်အချင်းရှိတာဆိုတဲ့ စကားမျိုးကြားချင်သလို သူတို့ချစ်သူရဲ့ မျက်စိထဲမှာ သူရဲကောင်းတစ်ယောက်အဖြစ် မြင်တာခံချင်တာပါ။

ဒါကြောင့် သူ့ရဲ့ အရည်အချင်းတွေကို ချီးကျူးပေးပါ။ ချစ်သူရဲ့ ဘယ်အရည်အချင်းတွေကို ဘယ်လို သဘောကျကြောင်း ထုတ်ဖော်ပြောပေးတတ်တဲ့အကျင့်ကို လုပ်ပါ။ ချစ်သူရဲ့ အထင်ကြီးလေးစားမှုဆိုတာ လူတိုင်းအတွက် အားတစ်ခုပဲလေ…

Related Article >>> ချစ်သူနဲ့ ထာဝရပေါင်းဖက်လိုသူတိုင်း ကျော်ဖြတ်ရမယ့် အဆင့် (၃) ဆင့်

၄။ လုံခြုံရာ

ယောကျ်ားလေးတွေဟာ ကြံ့ခိုင်ရမယ်၊ ရဲရင့်ရမယ်လို့ အစဉ်အလာအရသတ်မှတ်ကြပေမဲ့ သူတို့လည်း လူသားတွေပဲမို့ ခံစားချက်ရှိကြတာပဲလေ… ဒါပေမဲ့ လူတကာကို သူတို့ထုတ်မပြချင်တာကြောင့် ချစ်ရသူရဲ့ ရင်ခွင်မှာ ငိုတာမျိုး၊ သူကြောက်လန့်ရတာတွေကို ရင်ဖွင့်တာမျိုးလုပ်တတ်ပါတယ်။

ဒီလိုအခါမှာ “ယောကျ်ားဖြစ်ပြီးတော့” .. ဆိုတဲ့ စကားမျိုးနဲ့ သူ့ရဲ့ ယုံကြည်မှုပျောက်အောင်မလုပ်ပါနဲ့။ သူ့ရဲ့ အားနည်းချက်တွေကို ယုံယုံကြည်ကြည်ပြလို့ရတဲ့ လုံခြုံရာ တစ်ခုသူလိုချင်တဲ့အခါ အားပေးနှစ်သိမ့်မှုတွေနဲ့ ဖြည့်ဆည်းပေးလိုက်ပါနော်။

၅။ ကိုယ်ပိုင်နေရာ

ချစ်တဲ့သူဆိုမှတော့ အမြဲတမ်းတွေ့ချင်မြင်တာပေါ့လို့ တော်တော်များများ တွေးတတ်ကြပေမဲ့ ယောကျ်ားလေးတွေက ဒီလိုမမြင်ပါဘူး။ မှန်ပါတယ်… ချစ်တဲ့သူမို့ မကြာခဏတွေ့ချင်တယ် ဒါပေမဲ့ သူတို့ဘာသာ ယောကျ်ားလေးချင်းဖြစ်စေ သူတစ်ယောက်တည်းပဲဖြစ်စေ အချိန်ဖြုန်းချင်တာမျိုး ရှိကြပါတယ်။ (ဒီလိုအချိန်မျိုးက တကယ်တမ်း ကိုယ့်အတွက်လည်း လိုအပ်တယ်လေနော်… ကိုယ်ပိုင်အချိန်ဆိုတာက လူတိုင်းမှာ ရှိသင့်တာ မဟုတ်လား)

ဒီအခါ မယုံသင်္ကာစိတ်တွေနဲ့ သူ့အနားက မခွာဘဲ နေဖို့ ဇွတ်မကြိုးစားပါနဲ့။ သူလိုချင်တဲ့ ကိုယ်ပိုင် အချိန်ပေးလိုက်ပါ။ ဒီအခါ နှစ်ဦးသားရဲ့ အချစ်ရေးက ပိုသာယာလာမှာပါ။

ဒါတွေကတော့ သူတို့ချစ်သူတွေဆီက ယောက်ျားလေးတွေ အလိုချင်ဆုံးအရာ (၅)ခုပါပဲရှင်။ တကယ့်တကယ်ကျတော့ ဒီအချက်တွေဟာ ခက်ခဲတဲ့ အချက်တွေ မဟုတ်ဘူးလေနော်… အဓိကက နားလည်မှုလေး နည်းနည်းပေးလိုက်မယ်ဆို အရာအားလုံး အဆင်ပြေသွားမှာပါ။ ခိုင်မာတဲ့ အချစ်ရေးတစ်ခုကို နှစ်ဦးသား တည်ဆောက်နိုင်ကြပါစေ ယောင်းတို့ရေ…

Sugar Cane (For Her Myanmar)

References: jordangrayconsulting, boundless

No Comments Yet

Comments are closed