အသက် (၂၀) တုန်းက အချစ်ရေးနဲ့ အသက် (၃၀) က အချစ်ရေးနဲ့ ကွာခြားချက် (၅) ချက်

အသက် (၃၀) အရွယ် မမတွေဆိုရင် ဖတ်ကြည့်သင့်ပြီ

အသက် ၂၀ အရွယ်နဲ့ အသက် ၃၀ အရွယ်ကို ယှဉ်ကြည့်လိုက်တဲ့အခါ ဘဝက အနည်းနဲ့အများတော့ ပြောင်းလဲသွားတာအမှန်ပါပဲ။ ဒီထဲမှာ အချစ်ရေးလည်း အပါအဝင်ပေါ့။ အသက်ကလေးရလာတာနဲ့အမျှ ငွေရေးကြေးရေးနဲ့ စိတ်ခံစားချက်တွေ တည်ငြိမ်လာတဲ့အခါ အချစ်ရေးမှာ ဘာတွေပြောင်းလဲသွားလဲဆိုတာတော့ …

(၁) ဦးစားပေးတဲ့အရာတွေ ကွာခြားသွားတယ်

အသက် (၂၀) အရွယ်တုန်းကတော့ အချစ်က အရာရာပဲ။ အချစ်ရှိရင် ပြည့်စုံတယ်လို့ တွေးခဲ့ဖူးတဲ့အရွယ်ပေါ့။

အသက် (၃၀) ရောက်လာတဲ့အခါ အချစ်ထက် ဘဝကို အေးအတူပူအမျှ ရင်ဆိုင်နိုင်မယ့် ချစ်သူကိုပဲ လိုချင်တော့တယ်။ အရင်လို နှလုံးသားကို ဦးစားမပေးတော့ဘဲ ဦးနှောက်ကို ဦးစားပေးတတ်လာတာမျိုး …

Related article >>> Relationship တစ်ခုမှာ မလုပ်သင့်တဲ့အပြုအမူများ

(၂) ကိုယ့်ကိုယ်ကိုယ် ချစ်တတ်လာတယ်

အသက် (၂၀) တုန်းက ကိုယ့် crush က သူကြိုက်တဲ့မိန်းကလေးပုံစံမျိုးကို ပြောပြရင် အဲ့အတိုင်းလိုက်နေဖို့ ကြိုးစားခဲ့ဖူးတယ်။

အသက် (၃၀) အရွယ်ကျတော့ ကိုယ့်နဂိုပုံစံကို သဘောကျတဲ့လူ မတွေ့မချင်း ရည်းစားထားဖို့ မစဉ်းစားမိတော့ဘူး။

(၃) အလုပ်အကိုင်

အသက် (၂၀) မှာ ကိုယ်နဲ့တွဲနေတဲ့လူမှာ အလုပ်အကိုင်နဲ့ ပက်သက်ပြီး ရည်မှန်းချက်ကြီးကြီးမားမား ရှိစေချင်ခဲ့တယ်။

အသက် (၃၀) မှာတော့ ကိုယ်နဲ့တွဲနေတဲ့လူဆီမှာ အလုပ်အကိုင် အခြေတကျဖြစ်နေဖို့ပဲ မျှော်လင့်တော့တယ်။

Related article >>> အသက်(၃၀)ကျော် ဦးတို့ကို ချစ်မိနေတဲ့ ယောင်းတို့ သိကိုသိထားသင့်တဲ့အချက်(၄)ချက်

(၄) ရည်းစားဟောင်းတွေ

ငယ်ငယ်ကတော့ ရည်းစားဟောင်းတွေ အချိုးပြောင်းသွားမယ်ထင်ပြီး ခဏခဏအခွင့်အရေးတွေ ပေးခဲ့ဖူးသလောက် အသက် (၃၀) ရောက်တဲ့အခါမှာတော့ ခွေးမြီးကောက် ကျည်တောက်စွပ် ဖြစ်မယ့်တူတူ အချိန်ကုန်မခံတော့ပါဘူး။ အဲဒီအစား ကိုယ့်ကိုယ်ကိုယ်ပဲ အခွင့်အရေးတွေ ပေးပြီး စိတ်ချမ်းသာအောင် နေပါတော့တယ်။

(၅) ဒရာမာ

အသက် (၂၀) လောက်က သဘောကျခဲ့တဲ့ ခပ်ဆိုးဆိုး ခပ်တေတေကောင်လေးတွေကို အသက်ကြီးလာတာနဲ့အမျှ စိတ်ပျက်လာပါတယ်။ အသက် (၃၀) နောက်ပိုင်းမှာတော့ ဒရာမာတွေ ပြည့်နေတဲ့ ကောင်ဆိုးလေးတွေအစား တည်တည်ငြိမ်ငြိမ်လူမျိုးတွေကိုပဲ သဘောကျလာပါတော့တယ်။

Related article >>> Relationshipတစ်ခုကိုတည်ဆောက်မယ်လို့ ဆုံးဖြတ်ခါနီး ကိုယ့်ကိုကိုယ်ပြန်မေးသင့်တဲ့မေးခွန်းများ

ကဲ … အပေါ်မှာ Stella ပြောတဲ့အချက်တွေ မှန်ကြရဲ့လား ?

Stella (For Her Myanmar)

<<< Unicode >>>

No Comments Yet

Comments are closed