Black Hole ရဲ႕ ပထမဆံုးဓာတ္ပံုကို ခ်ျပႏိုင္ခဲ့တဲ့အမ်ိဳးသမီး (သို႔) Katie Bouman

သိပၸံပညာရွင္ေတြေတာင္ သက္ေသျပႏုိင္ျခင္း မရွိေသးတဲ့ Black Hole ရဲ႕ ဓာတ္ပံုကို ရယူူႏုိင္ခဲ့တယ္ဆိုေတာ့…

ေယာင္းတို႔ေရ … မေန႔ကညကပဲ တစ္ကမာၻလံုးကို အုတ္ေအာ္ေသာင္းနင္းျဖစ္သြားေစတဲ့ သတင္းတစ္ပုဒ္ထြက္ေပၚလာပါတယ္။ ဘာသတင္းလဲဆိုေတာ့ သိပၸံပညာရွင္ေတြ ႏွစ္ေပါင္းမ်ားစြာ သုေတသနလုပ္ေနၿပီး အခိုင္အမာသက္ေသျပႏိုင္ျခင္းမရွိေသးတဲ့ Black Hole ကို ေနာက္ဆံုးမွာေတာ့ ဓာတ္ပံုထြက္လာခဲ့ၿပီဆိုတာပါပဲ။

Black Hole Theory အေၾကာင္း မသိေသးတဲ့ေယာင္းေတြအတြက္ သိသေလာက္ ေျပာျပေပးမယ္ေနာ္။ ဒီသီအိုရီက သိပၸံဖခင္ႀကီး အိုင္းစတိုင္းဆီက စလာၿပီး လူေတြလက္ခံလာႏိုင္တဲ့ ေလ့လာခ်က္ေတြကို ခ်ျပခဲ့တာကေတာ့ မၾကာေသးခင္က ကြယ္လြန္သြားတဲ့ စတီဖင္ေဟာ့ကင္း ျဖစ္ပါတယ္။ စတီဖင္ေဟာ့ကင္းရဲ႕ ေလ့လာခ်က္အရဆိုရင္ေတာ့ Black Hole ထဲကို ေရာက္သြားတဲ့ ဘယ္အရာမဆို အမႈန္ေသးေသးေလးေတြ၊ အလင္းတန္းေတြကအစ ျပန္ထြက္လာႏိုင္စြမ္းမရွိဘဲ ထာဝရေပ်ာက္ဆံုးသြားမွာပါတဲ့။ ေခတ္ေတြေျပာင္းလာတာနဲ႔အမွ် ဒါကိုလက္ခံလာၾကေပမဲ့ လက္ဆုပ္လက္ကိုင္ျပစရာမရွိခဲ့ပါဘူး။

Related article >>> ဆလိုဗက္ကီးယားႏိုင္ငံရဲ႕ ပထမဆံုး အမ်ိဳးသမီး သမၼတျဖစ္လာတဲ့ သူ(မ)

ဒီအခ်က္ကို ေျပာင္းလဲပစ္ႏိုင္သြားတာက အသက္ (၂၉) အရြယ္ အမ်ိဳးသမီးတစ္ေယာက္ဆိုရင္ ယံုမလားဟင္ ? သူ(မ)နာမည္ကေတာ့ Katie Bouman ပါ။ MIT (Massachusetts Institute of Technology) ရဲ႕ ေက်ာင္းသူတစ္ဦးျဖစ္တဲ့ Katie ဟာ ေနာက္ဆံုးမွာေတာ့ သီအိုရီတစ္ခုအေနနဲ႔ပဲရွိတဲ့ Black Hole ကို အျပင္မွာ တကယ္ရွိေၾကာင္း ဓာတ္ပံုနဲ႔အတူ သက္ေသျပႏိုင္ခဲ့ပါၿပီ။ ထူးဆန္းတာက သူ(မ)ဟာ အမ်ားစုေသာ အာကာသသိပၸံပညာရွင္ေတြလို ရူပေဗဒနဲ႔ေက်ာင္းၿပီးသူ မဟုတ္ဘဲ ကြန္ျပဴတာသိပၸံနဲ႔ ဘြဲ႔ရထားသူပါတဲ့။ Black Hole ရဲ႕ ဓာတ္ပံုကို ရရွိဖို႔အတြက္ ရူပေဗဒပညာရွင္ေတြ၊ သခ်ၤာပညာရွင္ေတြနဲ႔ ႏွစ္ခ်ီႀကိဳးစားခဲ့ရပါတယ္။ သူ(မ)ကိုယ္တိုင္လည္း ကုဒ္ေတြေရးခဲ့ရၿပီး သုေတသနအခ်က္အလက္ေတြအကုန္လံုးကို စုစည္းလိုက္မွ Black Hole ရဲ႕ကမာၻ႕ပထမဆံုးဓာတ္ပံုထြက္လာခဲ့တာပါ။ ဘယ္ေလာက္ေတာင္ အတုယူစရာေကာင္းလိုက္သလဲေနာ္။ သူ(မ)ေၾကာင့္ပဲ Black Hole ကို တစ္ကမာၻလံုးျမင္ခြင့္ရခဲ့ပါၿပီ။ Black Hole ကို ဘယ္လိုဓာတ္ပံုရိုက္ယူရမယ့္အေၾကာင္း သူ(မ)ရဲ႕ေျပာၾကားခ်က္ေတြကိုေတာ့ ေအာက္ကဗီဒီယိုမွာ ၾကည့္ႏိုင္ပါတယ္ေနာ္။

Related article >>> အတုယူေလးစားစရာ ကမာၻ႔အေအာင္ျမင္ဆံုး အမ်ိဳးသမီး CEO (၅) ဦး

Stella ကေတာ့ ဒီသတင္းကို ျမင္ျမင္ခ်င္း ေခါင္းထဲေပၚလာတာကေတာ့ စတီဖင္ေဟာ့ကင္းသာ သက္ရွိထင္ရွားရွိေနေသးရင္ ဘယ္ေလာက္မ်ားဂုဏ္ယူဝမ္းသာေနလိုက္မလဲဆိုတာပါပဲ … ေယာင္းတို႔ေကာ ဘယ္လိုထင္လဲ ?

References : Time magazine, TED, CNN News, NASA

Stella (For Her Myanmar)

<<<Unicode>>>

 

သိပ္ပံပညာရှင်တွေတောင် သက်သေပြနိုင်ခြင်း မရှိသေးတဲ့ Black Hole ရဲ့ ဓာတ်ပုံကို ရယူူနိုင်ခဲ့တယ်ဆိုတော့…

ယောင်းတို့ရေ … မနေ့ကညကပဲ တစ်ကမ္ဘာလုံးကို အုတ်အော်သောင်းနင်းဖြစ်သွားစေတဲ့ သတင်းတစ်ပုဒ်ထွက်ပေါ်လာပါတယ်။ ဘာသတင်းလဲဆိုတော့ သိပ္ပံပညာရှင်တွေ နှစ်ပေါင်းများစွာ သုတေသနလုပ်နေပြီး အခိုင်အမာသက်သေပြနိုင်ခြင်းမရှိသေးတဲ့ Black Hole ကို နောက်ဆုံးမှာတော့ ဓာတ်ပုံထွက်လာခဲ့ပြီဆိုတာပါပဲ။

Black Hole Theory အကြောင်း မသိသေးတဲ့ယောင်းတွေအတွက် သိသလောက် ပြောပြပေးမယ်နော်။ ဒီသီအိုရီက သိပ္ပံဖခင်ကြီး အိုင်းစတိုင်းဆီက စလာပြီး လူတွေလက်ခံလာနိုင်တဲ့ လေ့လာချက်တွေကို ချပြခဲ့တာကတော့ မကြာသေးခင်က ကွယ်လွန်သွားတဲ့ စတီဖင်ဟော့ကင်း ဖြစ်ပါတယ်။ စတီဖင်ဟော့ကင်းရဲ့ လေ့လာချက်အရဆိုရင်တော့ Black Hole ထဲကို ရောက်သွားတဲ့ ဘယ်အရာမဆို အမှုန်သေးသေးလေးတွေ၊ အလင်းတန်းတွေကအစ ပြန်ထွက်လာနိုင်စွမ်းမရှိဘဲ ထာဝရပျောက်ဆုံးသွားမှာပါတဲ့။ ခေတ်တွေပြောင်းလာတာနဲ့အမျှ ဒါကိုလက်ခံလာကြပေမဲ့ လက်ဆုပ်လက်ကိုင်ပြစရာမရှိခဲ့ပါဘူး။

Related article >>> ဆလိုဗက်ကီးယားနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတဖြစ်လာတဲ့ သူ(မ)

ဒီအချက်ကို ပြောင်းလဲပစ်နိုင်သွားတာက အသက် (၂၉) အရွယ် အမျိုးသမီးတစ်ယောက်ဆိုရင် ယုံမလားဟင် ? သူ(မ)နာမည်ကတော့ Katie Bouman ပါ။ MIT (Massachusetts Institute of Technology) ရဲ့ ကျောင်းသူတစ်ဦးဖြစ်တဲ့ Katie ဟာ နောက်ဆုံးမှာတော့ သီအိုရီတစ်ခုအနေနဲ့ပဲရှိတဲ့ Black Hole ကို အပြင်မှာ တကယ်ရှိကြောင်း ဓာတ်ပုံနဲ့အတူ သက်သေပြနိုင်ခဲ့ပါပြီ။ ထူးဆန်းတာက သူ(မ)ဟာ အများစုသော အာကာသသိပ္ပံပညာရှင်တွေလို ရူပဗေဒနဲ့ကျောင်းပြီးသူ မဟုတ်ဘဲ ကွန်ပြူတာသိပ္ပံနဲ့ ဘွဲ့ရထားသူပါတဲ့။ Black Hole ရဲ့ ဓာတ်ပုံကို ရရှိဖို့အတွက် ရူပဗေဒပညာရှင်တွေ၊ သင်္ချာပညာရှင်တွေနဲ့ နှစ်ချီကြိုးစားခဲ့ရပါတယ်။ သူ(မ)ကိုယ်တိုင်လည်း ကုဒ်တွေရေးခဲ့ရပြီး သုတေသနအချက်အလက်တွေအကုန်လုံးကို စုစည်းလိုက်မှ Black Hole ရဲ့ကမ္ဘာ့ပထမဆုံးဓာတ်ပုံထွက်လာခဲ့တာပါ။ ဘယ်လောက်တောင် အတုယူစရာကောင်းလိုက်သလဲနော်။ သူ(မ)ကြောင့်ပဲ Black Hole ကို တစ်ကမ္ဘာလုံးမြင်ခွင့်ရခဲ့ပါပြီ။Black Hole ကို ဘယ်လိုဓာတ်ပုံရိုက်ယူရမယ့်အကြောင်း သူ(မ)ရဲ့ပြောကြားချက်တွေကိုတော့ အောက်ကဗီဒီယိုမှာ ကြည့်နိုင်ပါတယ်နော်။

Related article >>> အတုယူလေးစားစရာ ကမ္ဘာ့အအောင်မြင်ဆုံး အမျိုးသမီး CEO (၅) ဦး

Stella ကတော့ ဒီသတင်းကို မြင်မြင်ချင်း ခေါင်းထဲပေါ်လာတာကတော့ စတီဖင်ဟော့ကင်းသာ သက်ရှိထင်ရှားရှိနေသေးရင် ဘယ်လောက်များဂုဏ်ယူဝမ်းသာနေလိုက်မလဲဆိုတာပါပဲ … ယောင်းတို့ကော ဘယ်လိုထင်လဲ ?

References : Time magazine, TED, CNN News, NASA

Stella (For Her Myanmar)

No Comments Yet

Comments are closed